BTS အဖွဲ့သားများ အတူနေထိုင်သည့် ဒေါ်လာ ၆ သန်းကျော်တန် လူနေခန်းနှင့် တစ်ဦးချင်း၏ နေအိမ်များ

BTS အဖွဲ့သားများ အတူနေထိုင်သည့် ဒေါ်လာ ၆ သန်းကျော်တန် လူနေခန်းနှင့် တစ်ဦးချင်း၏ နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
9 Nov 2022 12:07 pm တွင် တင်ခဲ့သည်
798 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

BTS (Bangtan Boys ဟုလည်းလူသိများ) ((Korean: 방탄소년단) သည် တောင်ကိုရီးယား လူငယ်ပေါ့ပ်ဂီတအဖွဲ့ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ၂၀၁၃ ခုနှစ်တွင် Big Hit Entertainment မှတဆင့် ပွဲဦးထွက်တေးအယ်လ်ဘမ် ထုတ်လုပ်ခဲ့သည်။

BTS တွင် ပါဝင်သည့်အဖွဲ့သားများမှာ Jin, Suga, J-Hope, RM, Jimin, V, နှင့် Jungkook တို့ဖြစ်ပြီး သီချင်း များကို ပူးပေါင်းရေးသားကာ ထုတ်လုပ်ကြသည်။

မူလက Hip Hop အဖွဲ့အဖြစ် စတင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် K-pop၊ ပေါ့ပ်၊ ဟစ်ပ်ဟော့၊ R&B နှင့် EDM ဂီတအမျိုးအစားပါ ပါဝင်လာခဲ့သည်။

၎င်းတို့၏ သီချင်းစာသားများမှာ စိတ်ကျန်းမာရေး၊ ကျောင်းနေအရွယ်လူငယ်တို့၏ ပြဿနာများ၊ လူကြီးဖြစ်လာ သည့်အချိန်၊ ဆုံးရှုံးမှု၊ မိမိကိုယ်ကို ချစ်မြတ်န်ိုးခြင်းခရီး၊ ပုဂ္ဂလိကကဏ္ဍ အစရှိသည်တို့အကြောင်းများ ဖြစ်သည်။

၎င်းတို့၏ အနုပညာလက်ရာများတွင် စာပေ၊ ဒဿနိကနှင့် စိတ်ပညာဆိုင်ရာ သဘောတရားများ အမြဲပါဝင် နေလေ့ရှိသည်။

 

(BTS အဖွဲ့။ နောက်တန်း- V, J-Hope နှင့် Jongkook ။ ရှေ့တန်း- RM, Jin, Suga နှင့် Jimin)

BTS အဖွဲ့သည် တိုက်ခန်းကျဉ်းလေးတစ်ခုတွင် အတူစုပေါင်းနေထိုင်ကြကာ ဂီတဘဝ အစပျိုးခဲ့သည်ကို ၎င်းတို့ ၏ ပရိသတ်များအားလုံး သိကြသည်။

၂၀၁၃ ခုနှစ်အတွင်း RM, Jin, Suga, J-Hope, Jimin, V နှင့် Jungkook တို့သည် အလွန်တရာ ကျဉ်းမြောင်း လှသော အခန်းလေးတစ်ခုတွင် နှစ်ထပ်ကုတင်များ၊ ဗီရိုများ၊ ဖိနပ်စင်များအားလုံးကို တစ်ခန်းတည်းတွင် စုပေါင်းထားရှိကာ အခန်းထောင့်ကျဉ်းတစ်နေရာကို မီးဖိုဆောင်အဖြစ် အသုံးပြုခဲ့ကြရသည်။

၂၀၁၇ ခုနှစ်တွင် ဂီတနယ်၌ စံချိန်တင် အောင်မြင်မှုများ ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းအထိ နာမည်ကျော်ခဲ့ရာ ၎င်းတို့ ၇ ဦးအဖွဲ့အတွက် လူနေခန်းသစ်တစ်ခု ဝယ်ယူနိုင်ခဲ့ကြသည်။

အဆိုပါအခန်းသည် ဒေါ်လာ ၆ သန်းကျော် တန်ကြေးရှိပြီး တောင်ကိုရီးယား၏ ဈေးအကြီးဆုံး လူနေအိမ်ရာ တစ်ခုဖြစ်သော The Hill တွင် တည်ရှိသည်။

ထိုအခန်းတွင် အတူတကွနေထိုင်ကြရင်း အဖွဲ့ဝင်အားလုံး ကိုယ်စီနေအိမ်များ ဝယ်ယူနိုင်လာကြသည်။

(The Hill အိမ်ရာ၏ ပြင်ပမြင်ကွင်း။ ဓာတ်ပုံ - from Mooyoung)

(The Hill ရှိ စတုရန်း ၂၈၄ မီတာကျယ်ဝန်းသောအခန်းရှိ ရေချိုးခန်း။ ဓာတ်ပုံ- The Korea Times)

 

 

((BTS အဖွဲ့ စုပေါင်းနေထိုင်ကြသော The Hill အိမ်ရာမှ လူနေခန်း))

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၊ Hannam-dong အရပ်ရှိ The Hill အိမ်ရာတွင် BTS အဖွဲ့ စုပေါင်း နေထိုင်သည့် လူနေခန်းတည်ရှိပြီး တန်ကြေးမှာ ကန်ဒေါ်လာ ၆ ဒသမ ၅၃ သန်း ဖြစ်သည်။ ဟန်မြစ်အနီးရှိ The Hill အိမ်ရာတွင် ကျယ်ဝန်းသော ပန်းဥယျာဉ်များလည်း ပါဝင်ပြီး လုံခြုံရေး တင်းကြပ်စွာ ထားရှိကာ အထပ်မြင့်အခန်းများတွင် နေထိုင်သူများအနေဖြင့် ဆိုးလ်မြို့တော်၏ ရှုမျှော်ခင်းများကို တမျှော်တခေါ် တွေ့မြင်နိုင်သည်။

တောင်ကိုရီးယားအခြေစိုက် သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးနယ်မှ ပုဂ္ဂိုလ်များနှင့် နာမည်ကြီး အကျော်အမော်များစွာ ထိုအိမ်ရာတွင် အခြေချနေထိုင်ကြသည်။

BTS အဖွဲ့၏ အခန်းမှာ စတုရန်းမီတာ ၃၀၀ ကျယ်ဝန်းပြီး သားနားသော ခေတ်ပြိုင်ဗိသုကာဟန်ဖြစ်သည်။

လူနေခန်းအတွင်း အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်း၊ မီးဖိုဆောင်နှင့် ကြီးမားသော ဧည့်ခန်းတစ်ခုတို့ ရှိသည်။

The Hill တွင် ဇိမ်ခံဟိုတယ်တစ်ခုကဲ့သို့သော facilities များပါဝင်ရာ ရေကူးကန်၊ sauna၊ အားကစား လေ့ကျင့်ရေးခန်းမ၊ ဂေါက်ကွင်းတု၊ ၂၄ နာရီ ဆေးခန်းအစရှိသည်တို့ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးမတိုင်မီက သွားလာလည်ပတ်မှုများ၊ ဂီတဖျော်ဖြေရေးခရီးစဉ်များဖြင့် တစ်နှစ်ပတ်လုံး ကမ္ဘာပတ်နေရရာ ယခုအခန်းတွင် များစွာမနေဖြစ်။

သို့သော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားလာချိန်တွင် ခရီးသွားလာမှုများ ပိတ်ပင်ထားခဲ့ရာ BTS အဖွဲ့သားများမှာ ၎င်းတို့ဝယ်ယူထားသော အိမ်များတွင် နေထိုင်ဖြစ်လာကြသည်။

(ဝဲဘက်- BTS မှ RM။ ယာဘက်- BTS မှ Jin)

 

(The Hill အိမ်ရာမှ လူနေခန်းတစ်ခန်း၏ အတွင်းပိုင်း။ ဓာတ်ပုံ- YouTube)

 

 

(Jin)

 

BTS ၏ အဖွဲ့သားအများစုသည် တစ်ဦးချင်းကိုယ်စီနေအိမ်များဝယ်ယူကြရာတွင် စုပေါင်းနေထိုင်ကြသည့် The Hill တွင်မဟုတ်ဘဲ အခြားနေရာများတွင်သာ ဝယ်ယူကြသည်။

သို့သော် Kim Seokjin (သို့မဟုတ်) Jin ကမူ သူ၏ကိုယ်ပိုင်အခန်းကိုလည်း The Hill တွင်သာ ဝယ်ယူခဲ့သည်။

ထိုအခန်းကို Jin က ကန်ဒေါ်လာ ၃ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မိဘများကို အခန်းပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း လက်ဆောင်ပေးခဲ့သည်။

ထိုအခန်းမဝယ်မီကလည်း ၂၀၁၈ ခုနှစ်အတွင်း စတုရန်းပေ ၆၁၄ ကျယ်ဝန်းသော အခန်းတစ်ခန်းကို Jin က ကန်ဒေါ်လာ ၁ ဒသမ ၅၂ သန်းဖြင့် ဝယ်ယူခဲ့သည်။

သို့သော် ၂၀၁၉ ခုနှစ်တွင် ယင်းအခန်းကို ပြန်လည်ရောင်းချခဲ့ပြီး စတုရန်းပေ ၂၅၀၈ ရှိသည့် ပိုမိုကျယ်ဝန်းသော အခန်းတစ်ခန်းကို ဝယ်ယူခဲ့သည်။

 

(RM)

 

The Hill ရှိ တန်ဖိုးကြီးလူနေခန်းကို ဝယ်ယူသည့် အခြားအဖွဲ့ဝင်တစ်ဦးမှာ Kim Namjoon (သို့မဟုတ်) RM ဖြစ်ပြီး ငွေသားဖြင့် ပေးချေဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

RM သည် BTS ၏ ခေါင်းဆောင်ဖြစ်ပြီး ရက်ပ်အဆိုတော်လည်းဖြစ်သည်။ RM က စတုရန်းပေ ၃၀၆၀ ကျယ်ဝန်းသောအခန်းကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အခြားအဖွဲ့သားများနှင့်အတူ တစ်ခန်းတည်း အတူတကွနေထိုင်ကြသော်လည်း RM နှင့် Jin တို့သည် အဆိုပါအိမ်ရာဝန်းအတွင်း သီးခြားလူနေခန်းများ ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။

တစ်ဦးတည်း သီးခြားငြိမ်းချမ်းစွာနေထိုင်လိုချိန်များတွင် ၎င်းတို့၏ ကိုယ်ပိုင်အခန်းများသို့သွားကာ နေထိုင်နိုင်ကြမည် ဖြစ်သည်။

 

(Suga)

 

(ဝဲပုံ- UN Village မှ လူနေခန်းတစ်ခန်း၏ အတွင်းပိုင်းမြင်ကွင်း။ ယာပုံ- BTS အဖွဲ့မှ Suga/ ဓာတ်ပုံ- Alicerealty)

 

ရက်ပ်အဆိုတော် Min Yoongi (သို့မဟုတ်) Suga ကမူ အဖွဲ့သားများ စုပေါင်းနေထိုင်ကြသည့် The Hill အိမ်ရာမှ အနည်းငယ်အလှမ်းဝေးသော UN Village မှ လူနေခန်းတစ်ခန်းကို ဝယ်ယူခဲ့သည်။

ထိုအခန်းတည်ရှိရာနေရာသည် ဟန်မြစ်အနီး ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်လေ့ရှိသည့်နေရာနှင့် နီးကပ်စွာတည်ရှိသောကြောင့် ယင်းဒေသ၏ အိမ်ခြံမြေဈေးနှုန်းများမှာ မြင့်မားသည်။

Suga က ထိုအခန်းကို ဝယ်ယူရာတွင် ကန်ဒေါ်လာ ၃ သန်းဝန်းကျင်ပေးခဲ့ရသည်။

(ဝဲပုံ- Apelbaum လူနေအိမ်ရာ- ဓာတ်ပုံ- Korea Herald ။ ယာပုံ- BTS အဖွဲ့မှ V )

 

 

 

(ဝဲပုံ- BTS အဖွဲ့မှ Jimin ။ ယာပုံ- Banpo Jung မှ လူနေအိမ်ရာ။ ဓာတ်ပုံ-Tekdeeps)

 

(V)

 

BTS မှ အဆိုတော် Kim Taehyung (V ဟု လူသိများ) ကမူ ဆိုးလ်၏ လူကုံထံရပ်ကွက်ဖြစ်သော Gangnam တွင် လူနေခန်းဝယ်ယူခဲ့သည်။

Apelbaum အိမ်ရာရှိ သူ၏အခန်းမျာ စတုရန်းမီတာ ၂၈၂ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး တန်ကြေးမှာ ကန်ဒေါ်လာ ၄ ဒသမ ၅၅ သန်းဖြစ်သည်။

Apelbaum အိမ်ရာသည် လုံခြုံရေးတင်းကြပ်ပြီး ဟန်မြစ်၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့်အတွက် အနုပညာရှင်များနှင့် အကျော်အမော်များ နေထိုင်ကြသည့်နေရာလည်း ဖြစ်သည်။

 

(Jimin)

 

BTS မှ အဆိုတော်၊ အကသမား Park Jimin (သို့မဟုတ်) Jimin ကမူ လူနေအိမ်ရာဟောင်းတစ်ခုရှိ အခန်းတစ်ခန်းကို အံ့အားသင့်ဖွယ် ဝယ်ယူခဲ့သည်။

ဟန်မြစ်အနီး Banpo Jugong အရပ်ရှိ လူနေခန်းကို ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နေအိမ်ခန်းရှိရာ အဆောက်အအုံမှာ ဟောင်းနွမ်းယိုယွင်းနေသော်လည်း လက်ရှိတွင် အလုံးစုံပြန်လည်မွမ်းမံ မှုများ ပြုလုပ်လျက်ရှိသည်။

လူနေအိမ်ရာကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်ပြီးပါက အခန်းဈေးနှုန်း မြင့်တက်လာမည်ဖြစ်ပြီး မွမ်းမံပြီးချိန်တွင် Jimin က ထိုအခန်းကို ပြန်လည်ရောင်းထုတ်ရန် စီစဉ်ထားသည်။

 

(ဝဲပုံ- BTS အဖွဲ့မှ J-Hope။ ယာပုံ- BTS အဖွဲ့မှ Jungkook)

 

(ဝဲပုံ- Seoul Forest Trimage မှ လူနေခန်းတစ်ခန်း။ ယာပုံ- Seoul Forest Trimage)

 

 

(J-Hope)

BTS အဖွဲ့မှ ရက်ပ်အဆိုတော်၊ အကသမား Jung Hoseok (သို့မဟုတ်) J-Hope သည် BTS အဖွဲ့တွင် ပထမဆုံး ကိုယ်ပိုင်အခန်းဝယ်ယူခဲ့သူ ဖြစ်သည်။

J-Hope သည် ၎င်းတို့အဖွဲ့ ဥရောပတွင် မကျော်ကြားသေးမီ ၂၀၁၆ ခုနှစ်ခန့်ကတည်းက Seongsu-dong အရပ်ရှိ Seoul Forest Trimage တွင် လူနေခန်းတစ်ခန်း ဝယ်ယူခဲ့သည်။

ဝယ်ယူခဲ့သည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြစ်သော်လည်း ယခုအခါ ကန်ဒေါ်လာ ၁ ဒသမ ၆ သန်း ဈေးပေါက်နေပြီ ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်လေ့ရှိသည့် Seoul Forest သို့ လမ်းလျှောက်သွားရုံဖြင့် ရောက်သည်။

 

(Seoul Forest Trimage မှ လူနေခန်းတစ်ခန်း၏ အတွင်းပိုင်း။ ဓာတ်ပုံ- Kpop Map)

 

 

(Jungkook)

 

 

BTS ၏ အဓိက အဆိုရှင်၊ အသက်အငယ်ဆုံးဖြစ်သူ Jeon Jungkook (သို့မဟုတ်) Jungkook သည် Seoul Forest Trimage တွင် အခန်းတစ်ခန်း ဝယ်ယူခဲ့သည်။

သို့သော် ထိုအခန်းတွင် နေထိုင်ခဲ့ဖူးခြင်းမရှိချေ။ Jungkook က ထိုအခန်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

၂၀၂၁ ခုနှစ် အစောပိုင်းတွင် Itaewon အရပ်ရှိ နှစ်ထပ်အိမ်တစ်လုံးကို ဝယ်ယူခဲ့၏။

ထိုနေအိမ်၏ အကျယ်အဝန်းမှာ ၂၄၈၃ စတုရန်းပေရှိပြီး တန်ကြေးမှာ ကန်ဒေါ်လာ ၇ သန်း ဖြစ်သည်။

BTS အဖွဲ့သားများ၏ ဓာတ်ပုံအားလုံးမှာ BTS အဖွဲ့၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှ ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Superstar Address: The $6.53M Suite Of BTS And Each Member’s Upscale Property (lifestyleasia.onemega, wikipedia)

 

 

 

 

[Zawgyi]

BTS အဖြဲ႔သားမ်ား အတူေနထုိင္သည့္ ေဒၚလာ ၆ သန္းေက်ာ္တန္ လူေနခန္းႏွင့္ တစ္ဦးခ်င္း၏ ေနအိမ္မ်ား

 

BTS (Bangtan Boys ဟုလည္းလူသိမ်ား) ((Korean: 방탄소년단) သည္ ေတာင္ကိုရီးယား လူငယ္ေပါ့ပ္ဂီတအဖြဲ႔ျဖစ္ျပီး ၂၀၁၀ ျပည့္ႏွစ္တြင္ စတင္ဖြဲ႔စည္းခဲ့ကာ ၂၀၁၃ ခုႏွစ္တြင္ Big Hit Entertainment မွတဆင့္ ပြဲဦးထြက္ေတးအယ္လ္ဘမ္ ထုတ္လုပ္ခဲ့သည္။

BTS တြင္ ပါဝင္သည့္အဖြဲ႔သားမ်ားမွာ Jin, Suga, J-Hope, RM, Jimin, V, ႏွင့္ Jungkook တို႔ျဖစ္ျပီး သီခ်င္း မ်ားကို ပူးေပါင္းေရးသားကာ ထုတ္လုပ္ၾကသည္။

မူလက Hip Hop အဖြဲ႔အျဖစ္ စတင္ခဲ့ျခင္းျဖစ္ေသာ္လည္း ေနာက္ပိုင္းတြင္ K-pop၊ ေပါ့ပ္၊ ဟစ္ပ္ေဟာ့၊ R&B ႏွင့္ EDM ဂီတအမ်ဳိးအစားပါ ပါဝင္လာခဲ့သည္။

၎တို႔၏ သီခ်င္းစာသားမ်ားမွာ စိတ္က်န္းမာေရး၊ ေက်ာင္းေနအရြယ္လူငယ္တို႔၏ ျပႆနာမ်ား၊ လူၾကီးျဖစ္လာ သည့္အခ်ိန္၊ ဆံုးရံႈးမႈ၊ မိမိကိုယ္ကို ခ်စ္ျမတ္ႏို္းျခင္းခရီး၊ ပုဂၢလိကက႑ အစရွိသည္တို႔အေၾကာင္းမ်ား ျဖစ္သည္။

၎တို႔၏ အႏုပညာလက္ရာမ်ားတြင္ စာေပ၊ ဒႆနိကႏွင့္ စိတ္ပညာဆိုင္ရာ သေဘာတရားမ်ား အျမဲပါဝင္ ေနေလ့ရွိသည္။

(BTS အဖြဲ႔။ ေနာက္တန္း- V, J-Hope ႏွင့္ Jongkook ။ ေရွ႕တန္း- RM, Jin, Suga ႏွင့္ Jimin)

BTS အဖြဲ႔သည္ တိုက္ခန္းက်ဥ္းေလးတစ္ခုတြင္ အတူစုေပါင္းေနထိုင္ၾကကာ ဂီတဘဝ အစပ်ဳိးခဲ့သည္ကို ၎တို႔ ၏ ပရိသတ္မ်ားအားလံုး သိၾကသည္။

၂၀၁၃ ခုႏွစ္အတြင္း RM, Jin, Suga, J-Hope, Jimin, V ႏွင့္ Jungkook တို႔သည္ အလြန္တရာ က်ဥ္းေျမာင္း လွေသာ အခန္းေလးတစ္ခုတြင္ ႏွစ္ထပ္ကုတင္မ်ား၊ ဗီရိုမ်ား၊ ဖိနပ္စင္မ်ားအားလံုးကို တစ္ခန္းတည္းတြင္ စုေပါင္းထားရွိကာ အခန္းေထာင့္က်ဥ္းတစ္ေနရာကို မီးဖုိေဆာင္အျဖစ္ အသံုးျပဳခဲ့ၾကရသည္။

၂၀၁၇ ခုႏွစ္တြင္ ဂီတနယ္၌ စံခ်ိန္တင္ ေအာင္ျမင္မႈမ်ား ရရွိခဲ့ျပီး ကမၻာတစ္ဝန္းအထိ နာမည္ေက်ာ္ခဲ့ရာ ၎တို႔ ၇ ဦးအဖြဲ႔အတြက္ လူေနခန္းသစ္တစ္ခု ဝယ္ယူႏိုင္ခဲ့ၾကသည္။

အဆိုပါအခန္းသည္ ေဒၚလာ ၆ သန္းေက်ာ္ တန္ေၾကးရွိျပီး ေတာင္ကိုရီးယား၏ ေစ်းအၾကီးဆံုး လူေနအိမ္ရာ တစ္ခုျဖစ္ေသာ The Hill တြင္ တည္ရွိသည္။

ထိုအခန္းတြင္ အတူတကြေနထုိင္ၾကရင္း အဖြဲ႔ဝင္အားလံုး ကိုယ္စီေနအိမ္မ်ား ဝယ္ယူႏိုင္လာၾကသည္။

(The Hill အိမ္ရာ၏ ျပင္ပျမင္ကြင္း။ ဓာတ္ပံု - from Mooyoung)

(The Hill ရွိ စတုရန္း ၂၈၄ မီတာက်ယ္ဝန္းေသာအခန္းရွိ ေရခ်ဳိးခန္း။ ဓာတ္ပံု- The Korea Times)

((BTS အဖြဲ႔ စုေပါင္းေနထိုင္ၾကေသာ The Hill အိမ္ရာမွ လူေနခန္း))

ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ျမိဳ႕ေတာ္၊ Hannam-dong အရပ္ရွိ The Hill အိမ္ရာတြင္ BTS အဖြဲ႔ စုေပါင္း ေနထုိင္သည့္ လူေနခန္းတည္ရွိျပီး တန္ေၾကးမွာ ကန္ေဒၚလာ ၆ ဒသမ ၅၃ သန္း ျဖစ္သည္။ ဟန္ျမစ္အနီးရွိ The Hill အိမ္ရာတြင္ က်ယ္ဝန္းေသာ ပန္းဥယ်ာဥ္မ်ားလည္း ပါဝင္ျပီး လံုျခံဳေရး တင္းၾကပ္စြာ ထားရွိကာ အထပ္ျမင့္အခန္းမ်ားတြင္ ေနထုိင္သူမ်ားအေနျဖင့္ ဆိုးလ္ျမိဳ႕ေတာ္၏ ရႈေမွ်ာ္ခင္းမ်ားကို တေမွ်ာ္တေခၚ ေတြ႔ျမင္ႏိုင္သည္။

ေတာင္ကိုရီးယားအေျခစိုက္ သံတမန္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ႏိုင္ငံေရးနယ္မွ ပုဂၢိဳလ္မ်ားႏွင့္ နာမည္ၾကီး အေက်ာ္အေမာ္မ်ားစြာ ထိုအိမ္ရာတြင္ အေျခခ်ေနထိုင္ၾကသည္။

BTS အဖြဲ႔၏ အခန္းမွာ စတုရန္းမီတာ ၃၀၀ က်ယ္ဝန္းျပီး သားနားေသာ ေခတ္ျပိဳင္ဗိသုကာဟန္ျဖစ္သည္။

လူေနခန္းအတြင္း အိပ္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္း၊ မီးဖိုေဆာင္ႏွင့္ ၾကီးမားေသာ ဧည့္ခန္းတစ္ခုတို႔ ရွိသည္။

The Hill တြင္ ဇိမ္ခံဟိုတယ္တစ္ခုကဲ့သို႔ေသာ facilities မ်ားပါဝင္ရာ ေရကူးကန္၊ sauna၊ အားကစား ေလ့က်င့္ေရးခန္းမ၊ ေဂါက္ကြင္းတု၊ ၂၄ နာရီ ေဆးခန္းအစရွိသည္တို႔ ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးမတိုင္မီက သြားလာလည္ပတ္မႈမ်ား၊ ဂီတေဖ်ာ္ေျဖေရးခရီးစဥ္မ်ားျဖင့္ တစ္ႏွစ္ပတ္လံုး ကမၻာပတ္ေနရရာ ယခုအခန္းတြင္ မ်ားစြာမေနျဖစ္။

သို႔ေသာ္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ပြားလာခ်ိန္တြင္ ခရီးသြားလာမႈမ်ား ပိတ္ပင္ထားခဲ့ရာ BTS အဖြဲ႔သားမ်ားမွာ ၎တို႔ဝယ္ယူထားေသာ အိမ္မ်ားတြင္ ေနထုိင္ျဖစ္လာၾကသည္။

(ဝဲဘက္- BTS မွ RM။ ယာဘက္- BTS မွ Jin)

(The Hill အိမ္ရာမွ လူေနခန္းတစ္ခန္း၏ အတြင္းပိုင္း။ ဓာတ္ပံု- YouTube)

(Jin)

BTS ၏ အဖြဲ႔သားအမ်ားစုသည္ တစ္ဦးခ်င္းကိုယ္စီေနအိမ္မ်ားဝယ္ယူၾကရာတြင္ စုေပါင္းေနထိုင္ၾကသည့္ The Hill တြင္မဟုတ္ဘဲ အျခားေနရာမ်ားတြင္သာ ဝယ္ယူၾကသည္။

သို႔ေသာ္ Kim Seokjin (သို႔မဟုတ္) Jin ကမူ သူ၏ကိုယ္ပိုင္အခန္းကိုလည္း The Hill တြင္သာ ဝယ္ယူခဲ့သည္။

ထိုအခန္းကို Jin က ကန္ေဒၚလာ ၃ ဒသမ ၄ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး မိဘမ်ားကို အခန္းပိုင္ဆိုင္မႈ ၃၅ ရာခိုင္ႏႈန္း လက္ေဆာင္ေပးခဲ့သည္။

ထိုအခန္းမဝယ္မီကလည္း ၂၀၁၈ ခုႏွစ္အတြင္း စတုရန္းေပ ၆၁၄ က်ယ္ဝန္းေသာ အခန္းတစ္ခန္းကို Jin က ကန္ေဒၚလာ ၁ ဒသမ ၅၂ သန္းျဖင့္ ဝယ္ယူခဲ့သည္။

သို႔ေသာ္ ၂၀၁၉ ခုႏွစ္တြင္ ယင္းအခန္းကို ျပန္လည္ေရာင္းခ်ခဲ့ျပီး စတုရန္းေပ ၂၅၀၈ ရွိသည့္ ပိုမိုက်ယ္ဝန္းေသာ အခန္းတစ္ခန္းကို ဝယ္ယူခဲ့သည္။

(RM)

The Hill ရွိ တန္ဖုိးၾကီးလူေနခန္းကို ဝယ္ယူသည့္ အျခားအဖြဲ႔ဝင္တစ္ဦးမွာ Kim Namjoon (သို႔မဟုတ္) RM ျဖစ္ျပီး ေငြသားျဖင့္ ေပးေခ်ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

RM သည္ BTS ၏ ေခါင္းေဆာင္ျဖစ္ျပီး ရက္ပ္အဆိုေတာ္လည္းျဖစ္သည္။ RM က စတုရန္းေပ ၃၀၆၀ က်ယ္ဝန္းေသာအခန္းကို ကန္ေဒၚလာ ၄ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အျခားအဖြဲ႔သားမ်ားႏွင့္အတူ တစ္ခန္းတည္း အတူတကြေနထုိင္ၾကေသာ္လည္း RM ႏွင့္ Jin တို႔သည္ အဆိုပါအိမ္ရာဝန္းအတြင္း သီးျခားလူေနခန္းမ်ား ပိုင္ဆိုင္ထားၾကျခင္း ျဖစ္သည္။

တစ္ဦးတည္း သီးျခားျငိမ္းခ်မ္းစြာေနထုိင္လိုခ်ိန္မ်ားတြင္ ၎တုိ႔၏ ကိုယ္ပိုင္အခန္းမ်ားသို႔သြားကာ ေနထုိင္ႏိုင္ၾကမည္ ျဖစ္သည္။

(Suga)

(ဝဲပံု- UN Village မွ လူေနခန္းတစ္ခန္း၏ အတြင္းပိုင္းျမင္ကြင္း။ ယာပံု- BTS အဖြဲ႔မွ Suga/ ဓာတ္ပံု- Alicerealty)

ရက္ပ္အဆိုေတာ္ Min Yoongi (သုိ႔မဟုတ္) Suga ကမူ အဖြဲ႔သားမ်ား စုေပါင္းေနထုိင္ၾကသည့္ The Hill အိမ္ရာမွ အနည္းငယ္အလွမ္းေဝးေသာ UN Village မွ လူေနခန္းတစ္ခန္းကို ဝယ္ယူခဲ့သည္။ ထိုအခန္းတည္ရွိရာေနရာသည္ ဟန္ျမစ္အနီး ကမၻာလွည့္ခရီးသြားမ်ား လည္ပတ္ေလ့ရွိသည့္ေနရာႏွင့္ နီးကပ္စြာတည္ရွိေသာေၾကာင့္ ယင္းေဒသ၏ အိမ္ျခံေျမေစ်းႏႈန္းမ်ားမွာ ျမင့္မားသည္။

Suga က ထိုအခန္းကို ဝယ္ယူရာတြင္ ကန္ေဒၚလာ ၃ သန္းဝန္းက်င္ေပးခဲ့ရသည္။

(ဝဲပံု- Apelbaum လူေနအိမ္ရာ- ဓာတ္ပံု- Korea Herald ။ ယာပံု- BTS အဖြဲ႔မွ V )

(ဝဲပံု- BTS အဖြဲ႔မွ Jimin ။ ယာပံု- Banpo Jung မွ လူေနအိမ္ရာ။ ဓာတ္ပံု-Tekdeeps)

(V)

BTS မွ အဆိုေတာ္ Kim Taehyung (V ဟု လူသိမ်ား) ကမူ ဆိုးလ္၏ လူကံုထံရပ္ကြက္ျဖစ္ေသာ Gangnam တြင္ လူေနခန္းဝယ္ယူခဲ့သည္။

Apelbaum အိမ္ရာရွိ သူ၏အခန္းမ်ာ စတုရန္းမီတာ ၂၈၂ ခန္႔ရွိသည္ဟု ခန္႔မွန္းရျပီး တန္ေၾကးမွာ ကန္ေဒၚလာ ၄ ဒသမ ၅၅ သန္းျဖစ္သည္။

Apelbaum အိမ္ရာသည္ လံုျခံဳေရးတင္းၾကပ္ျပီး ဟန္ျမစ္၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္အတြက္ အႏုပညာရွင္မ်ားႏွင့္ အေက်ာ္အေမာ္မ်ား ေနထုိင္ၾကသည့္ေနရာလည္း ျဖစ္သည္။

(Jimin)

BTS မွ အဆိုေတာ္၊ အကသမား Park Jimin (သို႔မဟုတ္) Jimin ကမူ လူေနအိမ္ရာေဟာင္းတစ္ခုရွိ အခန္းတစ္ခန္းကို အံ့အားသင့္ဖြယ္ ဝယ္ယူခဲ့သည္။

ဟန္ျမစ္အနီး Banpo Jugong အရပ္ရွိ လူေနခန္းကို ကန္ေဒၚလာ ၃ ဒသမ ၉ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ေနအိမ္ခန္းရွိရာ အေဆာက္အအံုမွာ ေဟာင္းႏြမ္းယိုယြင္းေနေသာ္လည္း လက္ရွိတြင္ အလံုးစံုျပန္လည္မြမ္းမံ မႈမ်ား ျပဳလုပ္လ်က္ရွိသည္။

လူေနအိမ္ရာကို ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ျပီးပါက အခန္းေစ်းႏႈန္း ျမင့္တက္လာမည္ျဖစ္ျပီး မြမ္းမံျပီးခ်ိန္တြင္ Jimin က ထိုအခန္းကို ျပန္လည္ေရာင္းထုတ္ရန္ စီစဥ္ထားသည္။

(ဝဲပံု- BTS အဖြဲ႔မွ J-Hope။ ယာပံု- BTS အဖြဲ႔မွ Jungkook)

(ဝဲပံု- Seoul Forest Trimage မွ လူေနခန္းတစ္ခန္း။ ယာပံု- Seoul Forest Trimage)

(J-Hope)

BTS အဖြဲ႔မွ ရက္ပ္အဆိုေတာ္၊ အကသမား Jung Hoseok (သုိ႔မဟုတ္) J-Hope သည္ BTS အဖြဲ႔တြင္ ပထမဆံုး ကိုယ္ပိုင္အခန္းဝယ္ယူခဲ့သူ ျဖစ္သည္။

J-Hope သည္ ၎တို႔အဖြဲ႔ ဥေရာပတြင္ မေက်ာ္ၾကားေသးမီ ၂၀၁၆ ခုႏွစ္ခန္႔ကတည္းက Seongsu-dong အရပ္ရွိ Seoul Forest Trimage တြင္ လူေနခန္းတစ္ခန္း ဝယ္ယူခဲ့သည္။

ဝယ္ယူခဲ့သည့္ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၁ ဒသမ ၂ သန္းျဖစ္ေသာ္လည္း ယခုအခါ ကန္ေဒၚလာ ၁ ဒသမ ၆ သန္း ေစ်းေပါက္ေနျပီ ျဖစ္သည္။

ကမၻာလွည့္ခရီးသည္မ်ား လည္ပတ္ေလ့ရွိသည့္ Seoul Forest သို႔ လမ္းေလွ်ာက္သြားရံုျဖင့္ ေရာက္သည္။

(Seoul Forest Trimage မွ လူေနခန္းတစ္ခန္း၏ အတြင္းပိုင္း။ ဓာတ္ပံု- Kpop Map)

(Jungkook)

BTS ၏ အဓိက အဆိုရွင္၊ အသက္အငယ္ဆံုးျဖစ္သူ Jeon Jungkook (သုိ႔မဟုတ္) Jungkook သည္ Seoul Forest Trimage တြင္ အခန္းတစ္ခန္း ဝယ္ယူခဲ့သည္။

သို႔ေသာ္ ထိုအခန္းတြင္ ေနထုိင္ခဲ့ဖူးျခင္းမရွိေခ်။ Jungkook က ထိုအခန္းကို ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလအတြင္း ကန္ေဒၚလာ ၂ ဒသမ ၃ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့သည္။

၂၀၂၁ ခုႏွစ္ အေစာပုိင္းတြင္ Itaewon အရပ္ရွိ ႏွစ္ထပ္အိမ္တစ္လံုးကို ဝယ္ယူခဲ့၏။

ထိုေနအိမ္၏ အက်ယ္အဝန္းမွာ ၂၄၈၃ စတုရန္းေပရွိျပီး တန္ေၾကးမွာ ကန္ေဒၚလာ ၇ သန္း ျဖစ္သည္။

BTS အဖြဲ႔သားမ်ား၏ ဓာတ္ပံုအားလံုးမွာ BTS အဖြဲ႔၏ တရားဝင္ ေဖ့စ္ဘုတ္စာမ်က္ႏွာမွ ျဖစ္ပါသည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Superstar Address: The $6.53M Suite Of BTS And Each Member’s Upscale Property (lifestyleasia.onemega, wikipedia)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service