အိန္ဒိယနိုင်ငံ၊ ရာဂျတ်စ်သန်ပြည်နယ်က လူအများကိုးကွယ်ကြသည့် ဂမ္ဘီရဆိုင်ကယ် နတ်ကွန်း၏ ကျောချမ်းဖွယ် ဇာတ်လမ်း

အိန္ဒိယနိုင်ငံ၊ ရာဂျတ်စ်သန်ပြည်နယ်က လူအများကိုးကွယ်ကြသည့် ဂမ္ဘီရဆိုင်ကယ် နတ်ကွန်း၏ ကျောချမ်းဖွယ် ဇာတ်လမ်း - Property News in Myanmar from iMyanmarHouse.com
9 Nov 2022 11:32 am တွင် တင်ခဲ့သည်
8727 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(ဆုတောင်းပြည့်သည်ဆိုသော ၃၅၀ စီစီ၊ Royal Enfield ဆိုင်ကယ်)

သင့်အနေဖြင့် နတ်ဘုရားအမျိုးမျိုးကို ကိုးကွယ်ကြသူများ အမြဲတွေ့ဖူးမည်ဖြစ်သော်လည်း မော်တော်ဆိုင်ကယ်တစ်စီးအား ကိုးကွယ်ကြသည်ကို တွေ့ဖူးပါသလား။

ထိုမျှမက ဆိုင်ကယ်အမည်ဖြင့် နတ်ကွန်းတစ်ခုပင် ဆောက်လုပ်ထားသည်ကို ကြားဖူးပါသလား။

ဤသည်ကား Royal Enfield Bullet 350 ဆိုင်ကယ်တစ်စီး၏ ဇာတ်ကြောင်းပင်။

အိန္ဒိယနိုင်ငံ၊ ရာဂျတ်စ်သန်ပြည်နယ်တွင် နာမည်ကြီးနတ်ကွန်းတစ်ခုရှိနေပြီး အိန္ဒိယနိုင်ငံတစ်ဝန်းမှ ဆိုင်ကယ်သမားများနှင့် ပြည်သူများသည် အဆိုပါနတ်ကွန်းသို့ လာရောက်ဂါရဝပြုကြကာ ဘေးဘယာ ကင်းဝေးစေရန်နှင့် ပျော်ရွှင်စွာနေထိုင်ကြရပါစေကြောင်း ဆုတောင်းကြသည်။

အဆိုပါနတ်ကွန်းကို အုမ်ဘန်နဒမ် Om Banna Dham (သို့မဟုတ်) ဘူးလက် ဘာဘာနတ်ကွန်းဟု ခေါ်ကြသည်။

တည်ရှိသည့်နေရာမှာ NH-62 Jodhpur-Pali အဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိပြီး Jodhpur မှ ၅၀ ကီလိုမီတာ၊ Pali မှ ၂၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

 

(အုမ်ဘန်န နတ်ကွန်း၊ သို့မဟုတ် ကမ္ဘာ့တစ်ခုတည်းသော ဆိုင်ကယ်နတ်ကွန်း ပေါ်ပေါက်လာပုံဇာတ်လမ်း)

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်၏ တစ်ခုသော ညတစ်ည။

အုမ်ဆင်းရာထော် (Om Singh Rathore) အမည်ရှိ လူငယ်တစ်ဦးသည် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ရာဂျတ်စ်သန်ပြည်နယ်၊ bundi မြို့မှ သူ၏ရွာဖြစ်သော ချိုတိလာ (Chotila) ကျေးရွာသို့ ဆိုင်ကယ်စီးလာခဲ့သည်။

လမ်း၏ တစ်နေရာသို့ အရောက်တွင်ကား ဆိုင်ကယ်ကို မထိန်းနိုင်တော့ဘဲ သစ်ပင်တစ်ပင်ကို ဝင်တိုက်ကာ အုမ်ဆင်းရာထော်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ကို ရဲစခန်းသို့ ယူဆောင်သွားကြကာ သိမ်းဆည်းထားရှိခဲ့ကြသည်။

သို့သော် နောက်တစ်ရက်တွင် အဆိုပါဆိုင်ကယ်သည် ရဲစခန်းရှိ သိမ်းဆည်းထားသောနေရာမှ ဆန်းကြယ်စွာ ပျောက်ကွယ်သွားကာ အခင်းဖြစ်ပွားရာနေရာသို့ ပြန်ရောက်နေသည်ကို တွေ့ခဲ့ကြရသည်။

အဆိုပါဖြစ်ရပ်သည် သမားရိုးကျဖြစ်ရိုးဖြစ်စဉ်နှင့်သွေဖီနေကာ လူအများခြောက်ခြားဖွယ်ဖြစ်စေမည်ဟု ယူဆကာ ဆိုင်ကယ်ကို ရဲစခန်းသို့ တဖန်ပြန်လည်သယ်ဆောင်သွားခဲ့ကြပြန်သည်။

ဆိုင်ကယ်မှာ Royal Enfield Bullet 350 အမျိုးအစားဖြစ်ပြီး မှတ်ပုံတင် ဆိုင်ကယ်နံပါတ်မှာ RNJ-7773 ဖြစ်သည်။

ယခုတစ်ကြိမ်တွင်ကား ရဲအရာရှိတို့က ဆိုင်ကယ်ကို သံကြိုးများဖြင့် ချည်နှောင်ကာ သော့ခတ်ထားပြီး ဆီတိုင်ကီမှ ဆီများကိုလည်း ထုတ်ထားခဲ့သည်။

အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုသို့ထားရှိသော်လည်း အဆိုပါဆိုင်ကယ်မှာ နောက်တစ်ရက်တွင် အခင်းဖြစ်ပွားရာနေရာသို့ ပြန်လည်ရောက်ရှိနေပြန်သည်။

ရဲတပ်ဖွဲ့ဝင်တို့က ဆိုင်ကယ်ကို ရဲစခန်းသို့ အကြိမ်ကြိမ်ပြန်လည်သယ်ဆောင်သွားသော်လည်း ဆိုင်ကယ်မှာ အရုဏ်မတက်မီတွင်ပင် အခင်းဖြစ်ရာနေရာသို့ အလိုလို ပြန်လည်ရောက်ရှိသွားလေ့ရှိသည်။

အဆိုပါသတင်းသည် အနီးဝန်းကျင်ကျေးရွာများသို့ တောမီးသဖွယ်ပျံ့နှံ့သွားပြီး ထိုအချိန်မှစတင်ကာ ရွာသူရွာသားတို့သည် ထိုဆိုင်ကယ်ကို ကိုးကွယ်ခဲ့ကြပြီး နတ်ကွန်းတစ်ခုလည်း ဆောက်လုပ်ခဲ့ကြကာ Bullet Baba (သို့မဟုတ်) Om Banna Dham ဟု အမည်ပေးခဲ့ကြသည်။

ယနေ့တိုင် အုမ်ဆင်းရာထော်၏ ဝိဉာဉ်သည် NH-62 အဝေးပြေးလမ်းမကြီး၏ အခင်းဖြစ်ပွားရာ ဂျို့ဒ်ပူရ်-ပါလိ လမ်းပိုင်းတွင် သူ၏ မော်တော်ဆိုင်ကယ်ကို စီးနင်းကာ အခက်အခဲကြုံနေသော ခရီးသွားများကို ကူညီမှုများ ပြုလုပ်ပေးနေဆဲဖြစ်သည်ဟု ယုံကြည်ကြသည်။

ထို့အပြင် အခြားယုံကြည်မှုတစ်ခုရှိသေးသည်။

အုမ်ဆင်း၏ ဝိဉာဉ်သည် ခရီးသွားများ ဘေးအန္တရာယ်ကင်းအောင် ပြုလုပ်ပေးနေသည်ဟူသော ယုံကြည်ချက် ဖြစ်၏။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ချိုတိလာကျေးရွာဝန်းကျင် အဝေးပြေးလမ်းပိုင်းတွင် ယာဉ်မတော်တဆမှု များ ကြီးမားစွာကျဆင်းသွားခဲ့သည်။ အထူးသဖြင့် အုမ်ဆင်းရာထော် သေဆုံးပြီးနောက်ပိုင်းတွင်ဖြစ်၏။

နတ်ကွန်းတွင်ထားရှိသော အုမ်ဆင်း၏ ဆိုင်ကယ်သည် လာရောက်ဂါရဝပြု ဆုတောင်းကြသူတို့၏ ဆန္ဒများ ပြည့်ဝစေသည့် ဆုတောင်းပြည့်စေအောင် ကူညီပေးနိုင်ပြီး သဘာဝလွန်စွမ်းအားများရှိနေသည်ဟု ယုံကြည်ကြသည်။

ထို့အပြင် ပါလိ-ဂျို့ဒ်ပူရ်လမ်းပိုင်းကို ဖြတ်သန်းမောင်းနှင်ကြသူများသည် ဤနတ်ကွန်းတွင် ရပ်တန့်ကာ ဂါရဝပြုပါက ခရီးစဉ်အတွင်း ဘေးအန္တရာယ်ကင်းသည်ဟုလည်း ယုံကြည်ကြသည်။

အကယ်၍ နတ်ကွန်းတွင် မရပ်တန့်ဘဲ ခရီးဆက်သွားမည်ဆိုပါက လမ်းတွင် ယာဉ်မတော်တဆမှုနှင့် ကြုံတွေ့ရလိမ့်မည်ဟု ရွာသားတို့က ပြောလေ့ရှိသည်။

သင်သည် မော်တော်ဆိုင်ကယ်ကို နှစ်သက်မြတ်နိုးသူဖြစ်စေ၊ မနှစ်သက်သူဖြစ်စေ သင့်ဘဝတစ်သက်တာတွင် ဤဆိုင်ကယ်နတ်ကွန်းသို့ အနည်းဆုံး တစ်ကြိမ်မျှ သွားရောက်လည်ပတ်သင့်၏။

လိပ်စာ- Chotila village, Pali district, Bandai, India တည်နေရာ ကိုသြဒိနိတ်- 25.8730,73.1814

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Visit to Bullet Baba temple in Rajasthan: Spine-chilling story of a 350cc Royal Enfield that fulfills wishes (financialexpress)

 

 

 

[Zawgyi]

အိႏိၵယႏိုင္ငံ၊ ရာဂ်တ္စ္သန္ျပည္နယ္က လူအမ်ားကိုးကြယ္ၾကသည့္ ဂမၻီရဆိုင္ကယ္ နတ္ကြန္း၏ ေက်ာခ်မ္းဖြယ္ ဇာတ္လမ္း

(ဆုေတာင္းျပည့္သည္ဆိုေသာ ၃၅၀ စီစီ၊ Royal Enfield ဆိုင္ကယ္)

သင့္အေနျဖင့္ နတ္ဘုရားအမ်ဳိးမ်ဳိးကို ကိုးကြယ္ၾကသူမ်ား အျမဲေတြ႔ဖူးမည္ျဖစ္ေသာ္လည္း ေမာ္ေတာ္ဆိုင္ကယ္တစ္စီးအား ကိုးကြယ္ၾကသည္ကို ေတြ႔ဖူးပါသလား။

ထိုမွ်မက ဆိုင္ကယ္အမည္ျဖင့္ နတ္ကြန္းတစ္ခုပင္ ေဆာက္လုပ္ထားသည္ကို ၾကားဖူးပါသလား။

ဤသည္ကား Royal Enfield Bullet 350 ဆိုင္ကယ္တစ္စီး၏ ဇာတ္ေၾကာင္းပင္။

အိႏိၵယႏိုင္ငံ၊ ရာဂ်တ္စ္သန္ျပည္နယ္တြင္ နာမည္ၾကီးနတ္ကြန္းတစ္ခုရွိေနျပီး အိႏိၵယႏိုင္ငံတစ္ဝန္းမွ ဆိုင္ကယ္သမားမ်ားႏွင့္ ျပည္သူမ်ားသည္ အဆိုပါနတ္ကြန္းသို႔ လာေရာက္ဂါရဝျပဳၾကကာ ေဘးဘယာ ကင္းေဝးေစရန္ႏွင့္ ေပ်ာ္ရႊင္စြာေနထုိင္ၾကရပါေစေၾကာင္း ဆုေတာင္းၾကသည္။

အဆိုပါနတ္ကြန္းကို အုမ္ဘန္နဒမ္ Om Banna Dham (သို႔မဟုတ္) ဘူးလက္ ဘာဘာနတ္ကြန္းဟု ေခၚၾကသည္။

တည္ရွိသည့္ေနရာမွာ NH-62 Jodhpur-Pali အေဝးေျပးလမ္းမၾကီးေပၚတြင္ တည္ရွိျပီး Jodhpur မွ ၅၀ ကီလိုမီတာ၊ Pali မွ ၂၀ ကီလိုမီတာ အကြာတြင္ တည္ရွိသည္။

(အုမ္ဘန္န နတ္ကြန္း၊ သို႔မဟုတ္ ကမၻာ့တစ္ခုတည္းေသာ ဆိုင္ကယ္နတ္ကြန္း ေပၚေပါက္လာပံုဇာတ္လမ္း)

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ခန္႔၏ တစ္ခုေသာ ညတစ္ည။

အုမ္ဆင္းရာေထာ္ (Om Singh Rathore) အမည္ရွိ လူငယ္တစ္ဦးသည္ အိႏိၵယႏိုင္ငံ အေနာက္ေျမာက္ပိုင္း ရာဂ်တ္စ္သန္ျပည္နယ္၊ bundi ျမိဳ႕မွ သူ၏ရြာျဖစ္ေသာ ခ်ဳိတိလာ (Chotila) ေက်းရြာသို႔ ဆိုင္ကယ္စီးလာခဲ့သည္။

လမ္း၏ တစ္ေနရာသို႔ အေရာက္တြင္ကား ဆိုင္ကယ္ကို မထိန္းႏိုင္ေတာ့ဘဲ သစ္ပင္တစ္ပင္ကို ဝင္တိုက္ကာ အုမ္ဆင္းရာေထာ္မွာ ေနရာတြင္ပင္ ပြဲခ်င္းျပီး ေသဆံုးသြားခဲ့သည္။

ရဲတပ္ဖြဲ႔ဝင္မ်ားက ဆိုင္ကယ္ကို ရဲစခန္းသို႔ ယူေဆာင္သြားၾကကာ သိမ္းဆည္းထားရွိခဲ့ၾကသည္။

သို႔ေသာ္ ေနာက္တစ္ရက္တြင္ အဆိုပါဆိုင္ကယ္သည္ ရဲစခန္းရွိ သိမ္းဆည္းထားေသာေနရာမွ ဆန္းၾကယ္စြာ ေပ်ာက္ကြယ္သြားကာ အခင္းျဖစ္ပြားရာေနရာသို႔ ျပန္ေရာက္ေနသည္ကို ေတြ႔ခဲ့ၾကရသည္။

အဆိုပါျဖစ္ရပ္သည္ သမားရိုးက်ျဖစ္ရိုးျဖစ္စဥ္ႏွင့္ေသြဖီေနကာ လူအမ်ားေျခာက္ျခားဖြယ္ျဖစ္ေစမည္ဟု ယူဆကာ ဆိုင္ကယ္ကို ရဲစခန္းသို႔ တဖန္ျပန္လည္သယ္ေဆာင္သြားခဲ့ၾကျပန္သည္။

ဆိုင္ကယ္မွာ Royal Enfield Bullet 350 အမ်ဳိးအစားျဖစ္ျပီး မွတ္ပံုတင္ ဆိုင္ကယ္နံပါတ္မွာ RNJ-7773 ျဖစ္သည္။

ယခုတစ္ၾကိမ္တြင္ကား ရဲအရာရွိတို႔က ဆုိင္ကယ္ကို သံၾကိဳးမ်ားျဖင့္ ခ်ည္ေႏွာင္ကာ ေသာ့ခတ္ထားျပီး ဆီတိုင္ကီမွ ဆီမ်ားကိုလည္း ထုတ္ထားခဲ့သည္။

အံ့အားသင့္ဖြယ္ေကာင္းသည္မွာ ထိုသို႔ထားရွိေသာ္လည္း အဆိုပါဆိုင္ကယ္မွာ ေနာက္တစ္ရက္တြင္ အခင္းျဖစ္ပြားရာေနရာသို႔ ျပန္လည္ေရာက္ရွိေနျပန္သည္။

ရဲတပ္ဖြဲ႔ဝင္တို႔က ဆိုင္ကယ္ကို ရဲစခန္းသို႔ အၾကိမ္ၾကိမ္ျပန္လည္သယ္ေဆာင္သြားေသာ္လည္း ဆိုင္ကယ္မွာ အရုဏ္မတက္မီတြင္ပင္ အခင္းျဖစ္ရာေနရာသို႔ အလိုလို ျပန္လည္ေရာက္ရွိသြားေလ့ရွိသည္။

အဆိုပါသတင္းသည္ အနီးဝန္းက်င္ေက်းရြာမ်ားသို႔ ေတာမီးသဖြယ္ပ်ံ႕ႏွံ႔သြားျပီး ထိုအခ်ိန္မွစတင္ကာ ရြာသူရြာသားတို႔သည္ ထုိဆိုင္ကယ္ကို ကိုးကြယ္ခဲ့ၾကျပီး နတ္ကြန္းတစ္ခုလည္း ေဆာက္လုပ္ခဲ့ၾကကာ Bullet Baba (သို႔မဟုတ္) Om Banna Dham ဟု အမည္ေပးခဲ့ၾကသည္။

ယေန႔တိုင္ အုမ္ဆင္းရာေထာ္၏ ဝိဥာဥ္သည္ NH-62 အေဝးေျပးလမ္းမၾကီး၏ အခင္းျဖစ္ပြားရာ ဂ်ဳိ႕ဒ္ပူရ္-ပါလိ လမ္းပိုင္းတြင္ သူ၏ ေမာ္ေတာ္ဆိုင္ကယ္ကို စီးနင္းကာ အခက္အခဲၾကံဳေနေသာ ခရီးသြားမ်ားကို ကူညီမႈမ်ား ျပဳလုပ္ေပးေနဆဲျဖစ္သည္ဟု ယံုၾကည္ၾကသည္။

ထို႔အျပင္ အျခားယံုၾကည္မႈတစ္ခုရွိေသးသည္။

အုမ္ဆင္း၏ ဝိဥာဥ္သည္ ခရီးသြားမ်ား ေဘးအႏၱရာယ္ကင္းေအာင္ ျပဳလုပ္ေပးေနသည္ဟူေသာ ယံုၾကည္ခ်က္ ျဖစ္၏။

လြန္ခဲ့ေသာ ႏွစ္အနည္းငယ္အတြင္း ခ်ဳိတိလာေက်းရြာဝန္းက်င္ အေဝးေျပးလမ္းပိုင္းတြင္ ယာဥ္မေတာ္တဆမႈ မ်ား ၾကီးမားစြာက်ဆင္းသြားခဲ့သည္။ အထူးသျဖင့္ အုမ္ဆင္းရာေထာ္ ေသဆံုးျပီးေနာက္ပိုင္းတြင္ျဖစ္၏။

နတ္ကြန္းတြင္ထားရွိေသာ အုမ္ဆင္း၏ ဆိုင္ကယ္သည္ လာေရာက္ဂါရဝျပဳ ဆုေတာင္းၾကသူတို႔၏ ဆႏၵမ်ား ျပည့္ဝေစသည့္ ဆုေတာင္းျပည့္ေစေအာင္ ကူညီေပးႏိုင္ျပီး သဘာဝလြန္စြမ္းအားမ်ားရွိေနသည္ဟု ယံုၾကည္ၾကသည္။

ထို႔အျပင္ ပါလိ-ဂ်ဳိ႕ဒ္ပူရ္လမ္းပိုင္းကို ျဖတ္သန္းေမာင္းႏွင္ၾကသူမ်ားသည္ ဤနတ္ကြန္းတြင္ ရပ္တန္႔ကာ ဂါရဝျပဳပါက ခရီးစဥ္အတြင္း ေဘးအႏၱရာယ္ကင္းသည္ဟုလည္း ယံုၾကည္ၾကသည္။

အကယ္၍ နတ္ကြန္းတြင္ မရပ္တန္႔ဘဲ ခရီးဆက္သြားမည္ဆိုပါက လမ္းတြင္ ယာဥ္မေတာ္တဆမႈႏွင့္ ၾကံဳေတြ႔ရလိမ့္မည္ဟု ရြာသားတို႔က ေျပာေလ့ရွိသည္။

သင္သည္ ေမာ္ေတာ္ဆိုင္ကယ္ကို ႏွစ္သက္ျမတ္ႏိုးသူျဖစ္ေစ၊ မႏွစ္သက္သူျဖစ္ေစ သင့္ဘဝတစ္သက္တာတြင္ ဤဆိုင္ကယ္နတ္ကြန္းသို႔ အနည္းဆံုး တစ္ၾကိမ္မွ် သြားေရာက္လည္ပတ္သင့္၏။

လိပ္စာ- Chotila village, Pali district, Bandai, India တည္ေနရာ ကိုၾသဒိနိတ္- 25.8730,73.1814

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Visit to Bullet Baba temple in Rajasthan: Spine-chilling story of a 350cc Royal Enfield that fulfills wishes (financialexpress)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service