ထပ်ဆင့် အော်စကာဆုရှင် ရောဘတ်ဒီနီရို၏ နယူးယောက်ကျေးလက်မှ ၉၈ ဧက စံအိမ်

ထပ်ဆင့် အော်စကာဆုရှင် ရောဘတ်ဒီနီရို၏ နယူးယောက်ကျေးလက်မှ ၉၈ ဧက စံအိမ် - Property News in Myanmar from iMyanmarHouse.com
9 Nov 2022 10:38 am တွင် တင်ခဲ့သည်
1205 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ရောဘတ်ဒီနီရိုသည် The Godfather Part II နှင့် Goodfellas တို့ကဲ့သို့ ဇာတ်ကြမ်းကားများဖြင့် ကမ္ဘာကျော်ခဲ့သူဖြစ်ကာ အခြားသောနာမည်ကြီးဇာတ်ကားများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

ထပ်ဆင့်အော်စကာဆုရှင် ရောဘတ်ဒီနီရို၏ အခြားနာမည်ကြီးဇာတ်ကားများမှာ Raging Bull, Taxi Driver, Cape Fear Silver Linings Playbook နှင့် the Meet The Parents ဇာတ်လမ်းတွဲများဖြစ်၏။ ယင်းမှာ သူ၏ နာမည်ကြီးဇာတ်ကားများမှ အချို့ကိုသာ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ရောဘတ်ဒီနီရိုသည် ရုပ်ရှင်နယ်ပယ်ဖြတ်သန်းမှုသာမက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့်အပြင် အိမ်ခြံမြေကဏ္ဍကို စိတ်ပါဝင်စားသူလည်း ဖြစ်သည်။

သူ၏စီးပွားရေးလုပ်ငန်းများအနက်အချို့မှာ ကမ္ဘာတစ်ဝန်းတွင် ဖြန့်ကျက်တည်ရှိသော်လည်း သူအနှစ်သက်ဆုံး အိမ်ခြံမြေ အများစုမှာမူ နယူးယောက်တွင် တည်ရှိသည်။

ရောဘတ်ဒီနီရို ဝယ်ယူပိုင်ဆိုင်ထားသော အိမ်ခြံမြေများမှာ အံ့အားသင့်ဖွယ်ခမ်းနားလှပြီး နယူးယောက်၏ အခမ်းနားဆုံးစံအိမ်များတွင် အပါအဝင် ဖြစ်သည်။

 

(ရောဘတ်ဒီနီရို ဘယ်မှာနေလဲ)

နယူးယောက်ပြည်နယ်မှ လူဦးရေ ၅၀၀၀ ဝန်းကျင်သာရှိသော Gardiner မြို့ကလေးတွင် ရောဘတ်ဒီနီရို၏ ပင်မ အခြေချနေထိုင်သည့် စံအိမ်တည်ရှိသည်။

ရောဘတ်ဒီနီရိုသည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ West Village နှင့် Central Park West အရပ်များတွင် စံအိမ်များ အငှားချထားသည်။

ရောဘတ်ဒီနီရိုသည် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်ထားပြီး ကျွန်ုပ်တို့မသိသည့် အိမ်ခြံမြေ ပိုင်ဆိုင်မှုများလည်း ရှိနိုင်သည်။

 

 

(နယူးယောက်မြို့၊ Gardiner မြို့ကလေးရှိ စံအိမ်)

နယူးယောက်ပြည်နယ်၊ Gardiner မြို့ကလေးရှိ ရောဘတ်ဒီနီရို၏ စံအိမ်မှာ စတုရန်းပေ ၂၂၂၂ ကျယ်ဝန်းပြီး ခြံဝန်းအကျယ်မှာ ၉၈ ဧက ရှိသည်။

ရောဘတ်ဒီနီရိုက အဆိုပါစံအိမ်ကို ၁၉၉၇ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းမျှဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ရောဘတ်ဒီနီရိုအတွက်မူ မပြောပလောက်သော ပမာဏသာ ဖြစ်သည်။

မူလစံအိမ်မှာ ၁၈ ရာစုနှစ်ကတည်းက ဆောက်လုပ်ခဲ့သော သစ်သားဖြင့်ဆောက်လုပ်ထားသည့် ယာတောအိမ်ဖြစ်ပြီး ၁၈၂၀ ပြည့်လွန်ကာလများနှင့် ၁၉၈၀ ပြည့်လွန်ကာလများတွင် မွမ်းမံဆောက်လုပ်မှုများ ပြုလုပ်ခဲ့သည်။

အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၇ ခန်းကို မွမ်းမံပြုပြင်မှုများ ပြုလုပ်ခဲ့ပြီး ဟတ်ဆန်မြစ်နှင့် ပေ ၂၇၀၀ မျက်နှာစာ ထိတွေ့မှု ရှိသည်။

ရောဘတ်ဒီနီရိုက စံအိမ်ပိုင်ဆိုင်ပြီးနောက်ပိုင်းတွင် အလုံးစုံပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

မူလက စပါးကျီအဖြစ်ရှိခဲ့သော အဆောက်အအုံကို ရောဘတ်ဒီနီရိုက စတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းသည့် အပန်းဖြေအဆောက်အအုံအဖြစ် ပြောင်းလဲခဲ့ပြီး လက်ဝှေ့ခန်းမ၊ ရုပ်ရှင်စတူဒီယိုငယ်၊ ဂိမ်းကစားခန်း၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ဘတ်စ်ကက်ဘောကွင်း၊ ရေကူးကန်၊ ရေနွေးငွေ့ခန်းနှင့် sauna တို့ ပါဝင်သည်။

ခြံဝန်းကြီးအတွင်းရှိ အခြားစပါးကျီများကို အလုပ်ရုံနှင့် ရုံးခန်းအဖြစ် ပြောင်းလဲခဲ့သည်။

ထို့အပြင် ဧည့်ဂေဟာအိမ် ၂ လုံး၊ တင်းနစ်ကွင်းတစ်ခုအပြင် စကိတ်စီးကုန်းလျှောတစ်ခုလည်း တွေ့နိုင်သည်။

ရောဘတ်ဒီနီရိုသည် သူ၏ ကြီးမားကျယ်ဝန်းလှသော ခြံဝန်းကြီး၏ အိမ်ခြံမြေအခွန်နှင့် ပတ်သက်ပြီး Gardiner မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် ၃ နှစ်ကြာ အခြေအတင်ရင်ဆိုင်ခဲ့ကြရမှု ဖြစ်ပွားခဲ့ဖူးသည်။

နောက်ဆုံးတွင်ကား ရောဘတ်ဒီနီရိုက အိမ်ခြံမြေခွန်နှင့် တရားစရိတ်များ ပေးဆောင်ရန် သဘောတူခဲ့သည်။

(နယူးယောက်ပြည်နယ်၊ Montauk ကျေးရွာမှ စံအိမ်)

ရောဘတ်ဒီနီရို၏ ဖခင် ရောဘတ် ဒီနီရို စီနီယာသည် နယူးယောက်ပြည်နယ်တွင် နာမည်ကြီး အနုပညာရှင်တစ်ဦး ဖြစ်သည်။

ဒီနီရို စီနီယာသည် နယူးယောက်ပြည်နယ်၊ Long Island မှ Montauk ကျေးရွာလေးသို့ အပန်းဖြေနားနေရန် မကြာခဏသွားလေ့ရှိပြီး နောက်ပိုင်းတွင် ထိုရွာ၌ နေအိမ်တစ်လုံး ဆောက်လုပ်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ရောဘတ်ဒီနီရို ကွယ်လွန်ချိန်တွင် သားဖြစ်သူက အမွေဆက်ခံခဲ့သည်။

အဆိုပါ နေအိမ်သည် စတုရန်းပေ ၂၂၇၈ ကျယ်ဝန်းပြီး အသေးစိတ်အချက်အလက်များကိုမူ မသိရချေ။

ခြံဝန်းအကျယ်မှာ ၁ ဒသမ ၂၄ ဧကရှိပြီး ခန့်မှန်းတန်ကြေးမှာ ကန်ဒေါ်လာ ၈ သန်းနီးပါး ဖြစ်သည်။

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရောဘတ်ဒီနီရိုသည် အဆိုပါခြံဝန်းတွင် နေအိမ်သစ် ဆောက်လုပ်ခွင့် ပါမစ် ရရှိခဲ့သည်။

ဖခင်ဖြစ်သူက ၁၉၅၀ ပြည့်လွန်ကာလများကတည်းက ဆောက်လုပ်ထားခဲ့သော စံအိမ်မှာ ပြန်လည်ပြုပြင် နေထိုင်ရန် မဖြစ်နိုင်အောင် ယိုယွင်းနေကြောင်း ရောဘတ်ဒီနီရိုက တင်ပြခဲ့ပြီးနောက်ပိုင်း နေအိမ်သစ် ဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Robert De Niro House: Inside His Manhattan Penthouses & Sprawling New York Estate (Velvetropes)

 

 

[Zawgyi]

ထပ္ဆင့္ ေအာ္စကာဆုရွင္ ေရာဘတ္ဒီနီရို၏ နယူးေယာက္ေက်းလက္မွ ၉၈ ဧက စံအိမ္

 

ေဟာလိဝုဒ္ဂႏၳဝင္ၾကယ္ပြင့္ ေရာဘတ္ဒီနီရိုသည္ The Godfather Part II ႏွင့္ Goodfellas တို႔ကဲ့သုိ႔ ဇာတ္ၾကမ္းကားမ်ားျဖင့္ ကမၻာေက်ာ္ခဲ့သူျဖစ္ကာ အျခားေသာနာမည္ၾကီးဇာတ္ကားမ်ားစြာတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ထပ္ဆင့္ေအာ္စကာဆုရွင္ ေရာဘတ္ဒီနီရို၏ အျခားနာမည္ၾကီးဇာတ္ကားမ်ားမွာ Raging Bull, Taxi Driver, Cape Fear Silver Linings Playbook ႏွင့္ the Meet The Parents ဇာတ္လမ္းတြဲမ်ားျဖစ္၏။ ယင္းမွာ သူ၏ နာမည္ၾကီးဇာတ္ကားမ်ားမွ အခ်ဳိ႕ကိုသာ ထုတ္ႏႈတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

ေရာဘတ္ဒီနီရိုသည္ ရုပ္ရွင္နယ္ပယ္ျဖတ္သန္းမႈသာမက စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သည့္အျပင္ အိမ္ျခံေျမက႑ကို စိတ္ပါဝင္စားသူလည္း ျဖစ္သည္။

သူ၏စီးပြားေရးလုပ္ငန္းမ်ားအနက္အခ်ဳိ႕မွာ ကမၻာတစ္ဝန္းတြင္ ျဖန္႔က်က္တည္ရွိေသာ္လည္း သူအႏွစ္သက္ဆံုး အိမ္ျခံေျမ အမ်ားစုမွာမူ နယူးေယာက္တြင္ တည္ရွိသည္။

ေရာဘတ္ဒီနီရို ဝယ္ယူပိုင္ဆိုင္ထားေသာ အိမ္ျခံေျမမ်ားမွာ အံ့အားသင့္ဖြယ္ခမ္းနားလွျပီး နယူးေယာက္၏ အခမ္းနားဆံုးစံအိမ္မ်ားတြင္ အပါအဝင္ ျဖစ္သည္။

 

(ေရာဘတ္ဒီနီရို ဘယ္မွာေနလဲ)

နယူးေယာက္ျပည္နယ္မွ လူဦးေရ ၅၀၀၀ ဝန္းက်င္သာရွိေသာ Gardiner ျမိဳ႕ကေလးတြင္ ေရာဘတ္ဒီနီရို၏ ပင္မ အေျခခ်ေနထိုင္သည့္ စံအိမ္တည္ရွိသည္။

ေရာဘတ္ဒီနီရိုသည္ နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္၊ West Village ႏွင့္ Central Park West အရပ္မ်ားတြင္ စံအိမ္မ်ား အငွားခ်ထားသည္။

ေရာဘတ္ဒီနီရိုသည္ ကမၻာတစ္ဝန္းတြင္ စီးပြားေရးလုပ္ငန္းမ်ားစြာ ပိုင္ဆိုင္ထားျပီး ကၽြႏု္ပ္တို႔မသိသည့္ အိမ္ျခံေျမ ပိုင္ဆိုင္မႈမ်ားလည္း ရွိႏိုင္သည္။

 

(နယူးေယာက္ျမိဳ႕၊ Gardiner ျမိဳ႕ကေလးရွိ စံအိမ္)

နယူးေယာက္ျပည္နယ္၊ Gardiner ျမိဳ႕ကေလးရွိ ေရာဘတ္ဒီနီရို၏ စံအိမ္မွာ စတုရန္းေပ ၂၂၂၂ က်ယ္ဝန္းျပီး ျခံဝန္းအက်ယ္မွာ ၉၈ ဧက ရွိသည္။

ေရာဘတ္ဒီနီရိုက အဆိုပါစံအိမ္ကို ၁၉၉၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၅ သန္းမွ်ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေရာဘတ္ဒီနီရိုအတြက္မူ မေျပာပေလာက္ေသာ ပမာဏသာ ျဖစ္သည္။

မူလစံအိမ္မွာ ၁၈ ရာစုႏွစ္ကတည္းက ေဆာက္လုပ္ခဲ့ေသာ သစ္သားျဖင့္ေဆာက္လုပ္ထားသည့္ ယာေတာအိမ္ျဖစ္ျပီး ၁၈၂၀ ျပည့္လြန္ကာလမ်ားႏွင့္ ၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ မြမ္းမံေဆာက္လုပ္မႈမ်ား ျပဳလုပ္ခဲ့သည္။

အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၇ ခန္းကို မြမ္းမံျပဳျပင္မႈမ်ား ျပဳလုပ္ခဲ့ျပီး ဟတ္ဆန္ျမစ္ႏွင့္ ေပ ၂၇၀၀ မ်က္ႏွာစာ ထိေတြ႔မႈ ရွိသည္။ ေရာဘတ္ဒီနီရိုက စံအိမ္ပိုင္ဆိုင္ျပီးေနာက္ပိုင္းတြင္ အလံုးစံုျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

မူလက စပါးက်ီအျဖစ္ရွိခဲ့ေသာ အေဆာက္အအံုကို ေရာဘတ္ဒီနီရိုက စတုရန္းေပ ၁၄၀၀၀ က်ယ္ဝန္းသည့္ အပန္းေျဖအေဆာက္အအံုအျဖစ္ ေျပာင္းလဲခဲ့ျပီး လက္ေဝွ႔ခန္းမ၊ ရုပ္ရွင္စတူဒီယိုငယ္၊ ဂိမ္းကစားခန္း၊ အားကစားေလ့က်င့္ေရးခန္းမ၊ ဘတ္စ္ကက္ေဘာကြင္း၊ ေရကူးကန္၊ ေရေႏြးေငြ႔ခန္းႏွင့္ sauna တို႔ ပါဝင္သည္။

ျခံဝန္းၾကီးအတြင္းရွိ အျခားစပါးက်ီမ်ားကို အလုပ္ရံုႏွင့္ ရံုးခန္းအျဖစ္ ေျပာင္းလဲခဲ့သည္။

ထုိ႔အျပင္ ဧည့္ေဂဟာအိမ္ ၂ လံုး၊ တင္းနစ္ကြင္းတစ္ခုအျပင္ စကိတ္စီးကုန္းေလွ်ာတစ္ခုလည္း ေတြ႔ႏိုင္သည္။

ေရာဘတ္ဒီနီရိုသည္ သူ၏ ၾကီးမားက်ယ္ဝန္းလွေသာ ျခံဝန္းၾကီး၏ အိမ္ျခံေျမအခြန္ႏွင့္ ပတ္သက္ျပီး Gardiner ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ႏွင့္ ၃ ႏွစ္ၾကာ အေျခအတင္ရင္ဆိုင္ခဲ့ၾကရမႈ ျဖစ္ပြားခဲ့ဖူးသည္။

ေနာက္ဆံုးတြင္ကား ေရာဘတ္ဒီနီရိုက အိမ္ျခံေျမခြန္ႏွင့္ တရားစရိတ္မ်ား ေပးေဆာင္ရန္ သေဘာတူခဲ့သည္။

(နယူးေယာက္ျပည္နယ္၊ Montauk ေက်းရြာမွ စံအိမ္)

ေရာဘတ္ဒီနီရို၏ ဖခင္ ေရာဘတ္ ဒီနီရို စီနီယာသည္ နယူးေယာက္ျပည္နယ္တြင္ နာမည္ၾကီး အႏုပညာရွင္တစ္ဦး ျဖစ္သည္။

ဒီနီရို စီနီယာသည္ နယူးေယာက္ျပည္နယ္၊ Long Island မွ Montauk ေက်းရြာေလးသို႔ အပန္းေျဖနားေနရန္ မၾကာခဏသြားေလ့ရွိျပီး ေနာက္ပိုင္းတြင္ ထုိရြာ၌ ေနအိမ္တစ္လံုး ေဆာက္လုပ္ခဲ့သည္။

၁၉၉၂ ခုႏွစ္တြင္ ေရာဘတ္ဒီနီရို ကြယ္လြန္ခ်ိန္တြင္ သားျဖစ္သူက အေမြဆက္ခံခဲ့သည္။

အဆိုပါ ေနအိမ္သည္ စတုရန္းေပ ၂၂၇၈ က်ယ္ဝန္းျပီး အေသးစိတ္အခ်က္အလက္မ်ားကိုမူ မသိရေခ်။

ျခံဝန္းအက်ယ္မွာ ၁ ဒသမ ၂၄ ဧကရွိျပီး ခန္႔မွန္းတန္ေၾကးမွာ ကန္ေဒၚလာ ၈ သန္းနီးပါး ျဖစ္သည္။

၂၀၁၇ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ေရာဘတ္ဒီနီရိုသည္ အဆိုပါျခံဝန္းတြင္ ေနအိမ္သစ္ ေဆာက္လုပ္ခြင့္ ပါမစ္ ရရွိခဲ့သည္။

ဖခင္ျဖစ္သူက ၁၉၅၀ ျပည့္လြန္ကာလမ်ားကတည္းက ေဆာက္လုပ္ထားခဲ့ေသာ စံအိမ္မွာ ျပန္လည္ျပဳျပင္ ေနထုိင္ရန္ မျဖစ္ႏိုင္ေအာင္ ယိုယြင္းေနေၾကာင္း ေရာဘတ္ဒီနီရိုက တင္ျပခဲ့ျပီးေနာက္ပိုင္း ေနအိမ္သစ္ ေဆာက္လုပ္ခြင့္ ရရွိခဲ့ျခင္းလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Robert De Niro House: Inside His Manhattan Penthouses & Sprawling New York Estate (Velvetropes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service