သိပ်ကိုလှတဲ့ စိတ်ထားတွေ....

သိပ်ကိုလှတဲ့ စိတ်ထားတွေ.... - Property Knowledge in Myanmar from iMyanmarHouse.com
8 Nov 2022 1:28 pm တွင် တင်ခဲ့သည်
383 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

One At A Time (တစ်ကြိမ်မှာတစ်ခု)ဆိုတဲ့ ဝတ္ထုလေးမှာပါတဲ့ ဒေသခံလူတစ်ဦးရဲ့ စိတ်ထားလေးဟာ ထိရှပေါ်လွင်လှပါတယ်။ လူတစ်ဦးချင်းဟာ လူတွေအများကြီးအတွက်စွမ်းဆောင်နိုင်မှ စွမ်းဆောင်နိုင်ပါ လိမ့်မယ်။ဒါပေမဲ့ မစွမ်းဆောင်နိုင် လို့ ဘာမှမလုပ်တော့ဘူးဆိုရင်တော့ လူစွမ်းလူစသိပ်ကို ညံ့လွန်းသွားမှာပေါ့။

အဲဒီဝတ္ထုထဲက ဒေသခံလူဟာ ပင်လယ်သောင်စပ်မှာ လမ်းလျှောက်ရင်း ရေကျလို့ သောင်မှာတင်ကျန်ခဲ့တဲ့ ကြယ်ငါးလေး တွေကို ကောက်ပြီး ပင်လယ်ထဲကိုပြန်ပစ်ပေးနေတာပေါ့။သူဒီလိုလုပ်နေတာကို ခရီးသွား တစ်ယောက်က တွေ့တော ဒီလောက်ရှည်လျားလှတဲ့ ကမ်းစပ်မှာ ဒီလိုတင်ကျန်ခဲ့တဲ့ ကြယ်ငါးတွေဟာ နဲမှာမဟုတ်ပါဘူးတဲ့။ ထောင်ချီပြီးရှိနေမှာပါ။ဒီကောင်တွေအားလုံးကို ဘယ်လိုလိုက်ကောက်မလဲ။ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ။ သူ့သဘာဝနဲ့သူဖြစ်နေတာလေ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေထူးခြားပြောင်းလဲသွားနိုင်မလဲ ဆိုပြီး ခရီးသွားကပြောတော့ ဒေသခံပုဂ္ဂိုလ်ကိုက ကြယ်ငါးတိုင်းအတွက် မထူးခြားပေမဲ့ ဒီအကောင်အတွက်တော့ ထူးခြားသွားတာပေါ့ ဆိုပြီး လက်ထဲကကြယ်ငါးလေးကို ပင်လယ်ထဲ ပြန်ပစ်လိုက်ပါတယ်တဲ့။သူ့ရဲ့ သိပ်ကိုလှတဲ့ စိတ်ထားကြောင့် သူပစ်လိုက်တဲ့ ကြယ်ငါးလေးတွေဟာ ဆက်ရှင်သန်ဖို့ အခွင့်အရေးတွေရသွားခဲ့ပါတယ်။

လက်ရှိလူ့ အသိုင်းအဝိုင်းမှာ ရှင်သန်ရုန်းကန်ဖို့ ခက်ခဲနေတဲ့ လူတွေ အတော်ကိုများလာတာတွေ့ရပါတယ်။ ဒီလိုခက်ခဲနေတဲ့လူတိုင်းအတွက် ကူညီမှုတွေ လုပ်ပေးနိုင်ကောင်းမှ လုပ်ပေးနိုင်ကြပါလိမ့်မယ်။ ကြယ်ငါးလေးတွေကို ရှင်သန်ခွင့်ရနိုင်ဖို့ ပင်လယ်ထဲ ပြန်ပစ်ပေးတဲ့ ဒေသခံပုဂ္ဂိုလ်လိုပေါ့။ကျွန်တော်တို့လည်း ကိုယ်နဲ့ လက်တစ်ကမ်းမှာ ရှိတဲ့ ခဲခက်နေတဲ့သူတွေအတွက်တော့ ကိုယ်နိုင်တဲ့ ဝန်လေးနဲ့ ဆက်လက်ရှင်သန်ဖို့ အခွင့် အရေးကောင်းတွေ ပေးနိုင်ရမှာပေါ့။

နောက်ဝတ္ထုလေးက On Courage(သတ္တိဆိုတာ)တဲ့ ဝတ္ထုလေးပါ။လူတစ်ယောက်က အမျိုးသမီးတစ်ဦးကို ခင်ဗျားသိပ်သတ္တိရှိတယ်လို့ ချီးကျူးတာကို အချီးကျူးခံရတဲ့ အမျိုးသမီးက ကျွန်မသတ္တိရှိတယ်ဆိုရင်လည်း ဒီလိုရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ချို့ကြောင့်လို့ အစချီပြီး သူက အဖြစ်အပျက်လေးတစ်ခုကို ပြောပြခဲ့တယ်။

သူဆေးရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့စဉ်က ဖြစ်ရပ်လေးတစ်ခုက သတ္တိရှိစေဖို့အတွက် အကြောင်းတစ်ခုပါပဲတဲ့။ အဲဒီဖြစ်ရပ်လေးကတော့ ဆေးရုံတက်နေရတဲ့ မိန်းကလေးတစ်ယောက်ဟာ ဖြစ်ခဲတဲ့ ရောဂါတစ်ခု ခံစားနေရ ပါတယ်တဲ့။အဲဒီရောဂါကနေ ပြန်ပြီး နလန်ထဖို့ဆိုရင် ငါးနှစ်သာရှိသေးတဲ့ သူ့မောင်လေးရဲ့ သွေးကိုသွင်းပြီး ကုရမယ့် နည်းလမ်းတစ်ခုပဲရှိပါတော့တယ်တဲ့။

အဲဒီကလေးဟာလည်း သူ့အစ်မလို ရောဂါမျိုးဖြစ်ခဲ့ပြီးမှ ပြန်ကျန်းမာရှင်သန်လာခဲ့တဲ့သူပါတဲ့။သူ့သွေးမှာ ရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေဟာလည်း သူ့သွေးထဲမှာဖြစ်ပေါ်ခဲ့တာကြောင့်သူ့သွေးနဲ့ သူ့အစ်မကို ကုသပေးရင်ပျောက်နိုင်တော့ ဆရာဝန်ကြီးတွေက ဒီကလေးကို သူ့အစ်မရဲ့ရောဂါ အခြေအနေကို ရှင်းပြပြီး အစ်မအတွက် သူ့သွေးကိုပေးလိုတဲ့ ဆန္ဒရှိလားလို့မေးကြပါတယ်တဲ့။

ကလေးဟာ ခဏတော့ တွေသွားပါတယ်တဲ့။အဲဒီနောက် သက်ပြင်းတစ်ချက်ရှိုက်ပြီး “မမအသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော့သွေးကို ပေးပါမယ်”တဲ့။

သှူ့ဆီကသွေးကို သွင်းတဲ့အခါ အစ်မကုတင်ဘေးမှာ သူလည်းကုတင်တစ်လုံးနဲ့ လှဲရင်းကြည့်နေပါတယ်တဲ့။ သူ့အစ်မရဲ့ မျက်နှာသွေးရောင်လွှမ်းလာတော့ ကြည့်နေတဲ့သူ အားလုံးနည်းတူ သူလဲပြုံးနေတာပေါ့။ အဲဒီနောက် သူမျက်နှာလေးဟာ ဖြူရော်ရော်ဖြစ်လာပြီး အပြုံးလေးလဲပြယ်သွားတယ်။ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့မေးရှာပါတယ်တဲ့။

“ကျွန်တော် အခုတစ်ခါတည်း သေသွားတော့မှာလား”တဲ့

“ကလေးကငယ်တော့ ဆရာဝန်ရှင်းပြတာကို ကောင်းကောင်းသဘောမပေါက်ဘဲ။သူ့အစ်မတွက် သူ့သွေးအားလုံးကို အကုန်ဖောက်ပေးလိုက်ရမယ်လို့ထင်ထားကိုး”။ဝတ္ထုလေးက ဒီမှာအဆုံးသတ်ထားပြီး ဇာတ်ကြောင်းပြောသူ အမျိုးသမီးက သူဟာဒီလိုဖြစ်ရပ်လေးတွေကြောင့် သတ္တိတို့ ရှိလာတဲ့အကြောင်း ပြောထားပါတယ်။

ဒီထဲမှာ ကလေးလေးရဲ့စိတ်ဓာတ်လေးဟာ သိပ်ကိုလှပါတယ်။သူ့အတွေးနဲ့ဆိုရင် အဆုံးစွန်အထိ အသက်ပေးပြီး သူ့အစ်မကို ကယ်ဖို့လုပ်ခဲ့တဲ့စိတ်ဓာတ်ကို မလှဘူးလို့များ ဘယ်သူတွေပြောဝံ့ကြမလဲ။လက်တွေ့ ဘဝတွေမှာလည်း ဒီလိုသတ္တိရှိရှိ စိတ်ဓာတ်ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်များလည်း ရှိကောင်းနိုင်ပါကြောင်း။

ဆရာဖေမြင့်ပြန်ဆိုထားသည့် နှလုံးသားအာဟာရ ရသစာများ စာအုပ်မှခံစားမိသမျှတင်ပြလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 


















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
Innwa Pyae Sone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service