လဖက်မြည်းပွဲတော်နှင့် မက်မွန်ဝိုင်တို့ဌာနေ (သို့မဟုတ်) ထိုင်းနိုင်ငံက ဘန့်ရတ်ထိုင်း ရွာလေး

လဖက်မြည်းပွဲတော်နှင့် မက်မွန်ဝိုင်တို့ဌာနေ (သို့မဟုတ်) ထိုင်းနိုင်ငံက ဘန့်ရတ်ထိုင်း ရွာလေး - Property News in Myanmar from iMyanmarHouse.com
8 Nov 2022 11:43 am တွင် တင်ခဲ့သည်
755 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ တောင်ပေါ်ဒေသဖြစ်သော မဲ့ဟောင်းဆွန်ပြည်နယ်၏ မြို့တော် မဲ့ဟောင်းဆွန်မှ ၃၅ ကီလိုမီတာခန့် ဝေးကွာသောနေရာတွင် မဲ့အော်ဟုခေါ်သော အလွန်သာယာလှပသည့် ရွာလေးတစ်ခုရှိပြီး ဘန့်ရတ်ထိုင်း (ချစ်သောထိုင်းရွာဟု အဓိပ္ပာယ်ရ) ဟု လူသိများသည်။

မြန်မာနိုင်ငံနယ်စပ်နှင့် နီးကပ်စွာတည်ရှိသောရွာလေးဖြစ်သည်။ ရွာလေးမှာ တောင်ကုန်းများနှင့် ရေလှောင်ကန်တစ်ခုဘေးမှ လဖက်စိုက်ခင်းများ ဝန်းရံထားသော တောင်ကြား တစ်ခုတွင် တည်ရှိခြင်းဖြစ်သည်။

ဤရွာလေးမှာ အသက်ရှူမှားလောက်ဖွယ် မြင်ကွင်းများနှင့် လဖက်စိုက်ပျိုးရေးတို့ဖြင့် နာမည်ကြီးခြင်း ဖြစ်သည်။

ရွာတည်နေရာမှာ ဝေးလံခေါင်သီသောကြောင့် ကမ္ဘာလှည့်ခရီးသည်များအကြား လူသိမများ။ သို့အတွက် ဤရွာလေးသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် အလုံးအရင်းမရှိချေ။

အကွာအဝေးအနေဖြင့် မဲ့ဟောင်းဆွန်မြို့မှ ၄၀ ကီလိုမီတာခန့်၊ ချင်းမိုင်မှ ၂၅၀ ကီလိုမီတာခန့် ဝေးကွာသည်။

သို့သော် မြန်မာနိုင်ငံနယ်စပ်နှင့်မူ အလွန်နီးကပ်ပြီး ၁ ကီလိုမီတာပင် မဝေး။

(တောင်ကုန်းများဝန်းပတ်ထားသည့် တောင်ကြားတစ်ခုတွင် တည်ရှိသော လှပသည့်ရေကန်ကြီးတစ်ခုဘေး ကမ်းခြေတွင် တည်ရှိသော ဘန့်ရတ်ထိုင်းသည် စိတ်ကူးယဉ်ထက်ပင်ဆန်းကြယ်သော မြင်ကွင်းများဖြင့် မျက်စိပသာဒရှိလှသော ရွာလေးဖြစ်သည်)

 

(နံနက်ခင်းကာလများတွင် ရေကန်ကြီးကို ရစ်ဆိုင်းလွှမ်းခြုံထားသော ထူထဲသည့် မြူထုကြားမှ ပဉ္စလက်ဆန်သော နေထွက်မြင်ကွင်းကို ကြည့်ရသည်မှာ ကြီးမားလေးလံသည့် သိုးမွှေးစောင်ကြီးတစ်ထည် နံနက်ခင်းလေထုဖြင့် အထက်ဆီသို့ တဖြည်းဖြည်းချင်း လွင့်တက်သွားသည်နှင့် တူလှသည်)

(ဘန့်ရတ်ထိုင်း တောင်ပေါ်ရွာလေးသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၈၀၀ အမြင့်တွင် တည်ရှိသောကြောင့် တစ်နှစ်ပတ်လုံး အေးမြသည့်ရာသီဥတုရှိကာ လတ်ဆတ်သည့်လေညှင်းကို ရရှိသည်)

(ဘန့်ရတ်ထိုင်းတွင် လူဦးရေ ၁၀၀၀ အောက်သာရှိသည်)

 

(ရေကန်ကြီးဆီမှ မြူထုလွင့်ပါးသွားပုံကို ကြည့်ရသည့်မနက်ခင်းကာလများမှာ ဤရွာကလေး၏ အပြီးပြည့်စုံဆုံး အချိန်ဖြစ်သည်)

သမိုင်းအရဆိုလျှင် ဘန့်ရတ်ထိုင်းရွာလေးသည် ထိုင်း-တရုတ်ရွာလေးတစ်ခုဖြစ်ပြီး တရုတ်ပြည်တွင် ကွန်မြူနစ်တို့ အာဏာရလာပြီးနောက်ပိုင်း ယူနန်ပြည်နယ်မှ ပြောင်းရွှေ့လာကြသည့် ကူမင်တန် စစ်သည်ဟောင်းတို့က တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ကာလအထိပင် ရွာကလေးမှာ တရုတ်လူမျိုးတို့၏ အရိပ်အငွေ့များ လွှမ်းမိုးထားဆဲပင်။

ရွာထဲတွင် တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်များစွာတွေ့ရမည့်အပြင် အဆောက်အအုံများမှာလည်း တရုတ်ဗိသုကာဟန်များဖြစ်ကာ နေထိုင်သူအများစုမှာ မန်ဒရင်းတရုတ်ဘာသာ ပြောကြသည်။

ဘန့်ရတ်ထိုင်းသည် လဖက်စိုက်ပျိုးရေးဖြင့်လည်း နာမည်ကျော်သည်။

ရွာကလေးကို စိမ်းလန်းကာ မွှေးပျံ့သော လဖက်စိုက်ခင်းများက ဝန်းပတ်ထားသည်။ တောင်ပေါ်ဒေသဖြစ်ကာ အေးမြသည့်ရာသီဥတုရှိသောကြောင့် လဖက်စိုက်ပျိုးနိုင်ခြင်းလည်း ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလသို့ ရောက်လျှင် ဘန့်ရတ်ထိုင်းတွင် လဖက်မြည်းပွဲတော်ကို ကျင်းပလေ့ရှိသည်။

(တရုတ်ဟန်ပန်လွှမ်းသော ရွှံ့ဖြင့်ပြုလုပ်ထားသည့် တစ်ထပ်ဧည့်ဂေဟာအိမ်လေးများသည် တောင်ကုန်းစောင်း လဖက်စိုက်ခင်းများအလယ်တွင် တည်ရှိသည်)

 

 

 

(တောင်ကုန်းစောင်းများမှ စိမ်းလန်းသော လဖက်စိုက်ခင်းများ၏ အလှ)

 

(ရွာလေးကို ဝန်းပတ်ထားသော တောင်ကုန်းများမှ လဖက်စိုက်ခင်းများထဲ လမ်းလျှောက်ကြည့်ကာ လဖက်စိုက်ပျိုးမှုနှင့် ထုတ်လုပ်ပုံတို့ကို လေ့လာကြည့်ပါ)

ဝေးလံခေါင်သီသည့်နေရာတွင် တည်ရှိသောကြောင့် ဘန့်ရတ်ထိုင်းရွာလေးမှာ အေးချမ်းဆိတ်ငြိမ် သာယာငြိမ်းချမ်းလှပြီး ကမ္ဘာလှည့်ခရီးသည်များလည်း များစွာမတွေ့ရချေ။

ဤနေရာသို့ လာရောက်လည်ပတ်သူအများစုမှာ မဲ့ဟောင်းဆွန်နှင့် ချင်းမိုင်တို့သို့ လာရောက်လည်ပတ်ရင်း လမ်းကြုံဝင်ကြသူများ ဖြစ်ကြသည်။

အကယ်၍ သင်သည် မည်သည့်အရာမှ မလုပ်လိုဘဲ အပန်းဖြေရုံသက်သက်အတွက် တစ်နေရာသို့ သွားလိုသည်ဆိုပါက လဖက်ခင်းများအကြား ငိုက်မြည်းနေသောရွာကလေးမှာ သင်လည်ပတ်ရမည့်နေရာတစ်ခုပင်။

ရေကန်ကြီး၏ ကမ်းခြေတလျှောက်ဆီတွင်ကား အိပ်မက်ဆန်ဆန် ကန်ရေပြင်ရှုမျှော်ခင်းများကို တွေ့မြင်နိုင်မည့် ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များ ရှိသည်။

ဘန့်ရတ်ထိုင်းသည် လဖက်ထုတ်ကုန်များဖြင့် နာမည်ကျော်သည့်နေရာဖြစ်ရာ ဒေသထွက် လဖက်များကို အသုံးပြုရောင်းချသော လဖက်ရည်ဆိုင်များတွင်ထိုင်ကာ လဖက်ရည်တစ်ခွက်လောက် သောက်ကြည့်ပါ။

ဘန့်ရတ်ထိုင်းမှ စားသောက်ဆိုင်တို့တွင် ယူနန်စတိုင် တရုတ်အစားအစာများ ရရှိနိုင်သည့်နည်းတူ ဒေသထွက် သစ်သီးဝိုင်များလည်း ရသည်။

(ရေကန်စပ်တစ်လျှောက်ရှိ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များမှတဆင့် ရေကန်၏ အံ့အားသင့်ဖွယ် ရှုမျှော်ခင်းများကို အပြောကျယ်ကျယ် ခံစားနိုင်သည်)

 

(ဘန့်ရတ်ထိုင်းတွင် အူလောင်း Oolong အကောင်းစားလက်ဖက်များ ထွက်ရှိသည်)

 

(နံနက်ခင်းတွင် လဖက်ရည်ပူပူတစ်ခွက်သောက်ရင်း ရေကန်ကြီးဆီမှ မြူထုများလွင့်ပါးနေပုံကို ကြည့်ရသည်မှာ ဘန့်ရတ်ထိုင်း၏ အကောင်းဆုံးအရသာပင်)

 

(တရုတ်ရိုးရာ မြေအိုးများကို အသုံးပြုထုတ်လုပ်ထားသည့် ဒေသထွက် ဝိုင်။ ဘန့်ရတ်ထိုင်းတွင် နာနတ်၊ မက်မန်း၊ မက်မွန်အစရှိသော အသီးအမျိုးမျိုးမှ ထုတ်လုပ်သည့် ဝိုင်အမျိုးမျိုး ရသည်။)

 

(ငြိမ်သက်အေးချမ်းသော ခေတ္တလွတ်မြောက်ရာနေရာ- တနေ့တာ မည်သည့်လုပ်ဆောင်မှုမှ မလုပ်ဘဲ ကုန်လွန်ဖြတ်သန်းရန်အတွက် အကောင်းဆုံးနေရာ)

 

 

(ဘန့်ရတ်ထိုင်းရွာလေးကို ဘယ်လိုသွားမလဲ)

ဘန့်ရတ်ထိုင်းသို့ လာရောက်လည်ပတ်သူအများစုမှာ မဲ့ဟောင်းဆွန် (သို့မဟုတ်) ချင်းမိုင်တို့မှ ခရီးသွားအုပ်စုတစ်ခုခုဖြင့် လိုက်ပါလာရောက်လေ့ရှိကြပြီး မီနီဗန်ဖြင့် လာလေ့ရှိသည်။

ဘန့်ရတ်ထိုင်းနှင့် အနီးဆုံးလေဆိပ်မှာ မဲ့ဟောင်းဆွန်လေဆိပ်ဖြစ်ပြီး ဘန်ကောက်နှင့် ချင်းမိုင်တို့မှ နေ့စဉ်လေကြောင်းခရီးစဉ်များ ရှိသည်။

အကယ်၍ မိမိအစီအစဉ်ဖြင့် လာရောက်လ်ိုပါက မဲ့ဟောင်းဆွန်မြို့မှ Yellow Songthaew (ပစ်ကပ် ထရပ်ကား) စီးလာနိုင်သည်။ အဆိုပါကားသည် နေ့စဉ် မနက် ၈ နာရီ၊ မွန်းလွဲ ၁၂ နာရီတို့တွင် ခရီးစဉ် ၂ ကြိမ်ထွက်သည်။

(ရွာထဲတွင် လမ်းလျှောက်နေရင်း တခါတရံတွင် သင့်အနေဖြင့် ထိုင်းမဟုတ်ဘဲ အခြားနိုင်ငံတစ်ခုခုသို့ ရောက်နေသကဲ့သို့ ခံစားရမည် ဖြစ်သည်)

 

 

(ဘန့်ရတ်ထိုင်းတွင် တရုတ်ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ဆိုင်းဘုတ်အများစုမှာ တရုတ်ဘာသာဖြင့် ဖြစ်သည်။)

 

 

(ဘန့်ရတ်ထိုင်းရောက်ရင် ဘယ်မှာတည်းမလဲ)

 

ဘန့်ရတ်ထိုင်းမှာ တည်းခိုရန်အတွက် ရွေးချယ်စရာ နေရာများများစားစားမရှိသော ရွာငယ်လေးသာ ဖြစ်သည်။

နာမည်အကြီးဆုံးဟိုတယ်မှာ Lee Wine Ruk Thai ဟိုတယ်ဖြစ်ပြီး တောင်စောင်းရှိ လဖက်စိုက်ခင်းများ အလယ်တွင် တည်ရှိသည်။

ဤဟိုတယ်တွင် တည်းခိုမည်ဆိုပါက ရေကန်ကြီး၏ ခမ်းနားသောရှုခင်းများအပြင် ရွာကလေးကိုလည်း အပေါ်စီးမှ တွေ့မြင်နိုင်မည် ဖြစ်သည်။

 

ထို့အပြင် သင့်နေရာမှ ပေအနည်းငယ်မျှသာ ဝေးကွာသောနေရာတွင် လဖက်စိုက်ပျိုးနေကြပုံကို အနီးကပ် ကြည့်ရှုနိုင်မည်လည်း ဖြစ်သည်။

 

(အိမ်ရှေ့တွင်ထိုင်ကာ အေးမြသော လေပြေညှင်းအောက် နေထွက်၊ နေဝင်ဆည်းဆာတို့၏ ခမ်းနားသော ရှုမျှော်ခင်းများကို ခံစားကြည့်ပါ)

 

 

(ဘန့်ရတ်ထိုင်းသို့ လည်ပတ်ရန် အကောင်းဆုံးအချိန်)

 

အေးမြသော ရာသီဥတုကာလများဖြစ်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလလယ်အထိ ကာလများသည် ဘန့်ရတ်ထိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်ပတ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။

နေ့ကာလများတွင် နွေးထွေးသော်လည်း ညနေနှင့် ညအချိန်များတွင်မူ အေးသည်။

နေ့ဘက်တွင် ဘောင်းဘီတို၊ ရှပ်အင်္ကျီတစ်ထည်မျှဖြင့် လျှောက်သွားနိုင်သော်လည်း နေဝင်ပြီးချိန်အတွက်မူ ဆွယ်တာ (သို့မဟုတ်) ဂျာကင်အနွေးထည်လိုအပ်မည် ဖြစ်သည်။

 

(နေထွက်စတွင် ရေကန်အတွင်း လှေကလေးစီးကာ ကန်ရေပြင်ကို ရစ်သိုင်းလွှမ်းခြုံထားသည့် မြူခိုးမြူထုများအကြား တရိပ်ရိပ် တိုးဝင်ကြည့်ပါ။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ban Rak Thai (Mae Aw) – Beautiful Tranquil Village in Mae Hong Son, Northern Thailand (chiangmaitraveller)

 

 

[Zawgyi]

လဖက္ျမည္းပြဲေတာ္ႏွင့္ မက္မြန္ဝိုင္တို႔ဌာေန (သို႔မဟုတ္) ထိုင္းႏိုင္ငံက ဘန္႔ရတ္ထိုင္း ရြာေလး

ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ ေတာင္ေပၚေဒသျဖစ္ေသာ မဲ့ေဟာင္းဆြန္ျပည္နယ္၏ ျမိဳ႕ေတာ္ မဲ့ေဟာင္းဆြန္မွ ၃၅ ကီလိုမီတာခန္႔ ေဝးကြာေသာေနရာတြင္ မဲ့ေအာ္ဟုေခၚေသာ အလြန္သာယာလွပသည့္ ရြာေလးတစ္ခုရွိျပီး ဘန္႔ရတ္ထိုင္း (ခ်စ္ေသာထိုင္းရြာဟု အဓိပၸာယ္ရ) ဟု လူသိမ်ားသည္။

ျမန္မာႏိုင္ငံနယ္စပ္ႏွင့္ နီးကပ္စြာတည္ရွိေသာရြာေလးျဖစ္သည္။ ရြာေလးမွာ ေတာင္ကုန္းမ်ားႏွင့္ ေရေလွာင္ကန္တစ္ခုေဘးမွ လဖက္စိုက္ခင္းမ်ား ဝန္းရံထားေသာ ေတာင္ၾကား တစ္ခုတြင္ တည္ရွိျခင္းျဖစ္သည္။

ဤရြာေလးမွာ အသက္ရွဴမွားေလာက္ဖြယ္ ျမင္ကြင္းမ်ားႏွင့္ လဖက္စိုက္ပ်ဳိးေရးတို႔ျဖင့္ နာမည္ၾကီးျခင္း ျဖစ္သည္။

ရြာတည္ေနရာမွာ ေဝးလံေခါင္သီေသာေၾကာင့္ ကမၻာလွည့္ခရီးသည္မ်ားအၾကား လူသိမမ်ား။ သို႔အတြက္ ဤရြာေလးသို႔ လာေရာက္လည္ပတ္သည့္ ကမၻာလွည့္ခရီးသည္ အလံုးအရင္းမရွိေခ်။

အကြာအေဝးအေနျဖင့္ မဲ့ေဟာင္းဆြန္ျမဳိ႕မွ ၄၀ ကီလိုမီတာခန္႔၊ ခ်င္းမိုင္မွ ၂၅၀ ကီလိုမီတာခန္႔ ေဝးကြာသည္။

သို႔ေသာ္ ျမန္မာႏိုင္ငံနယ္စပ္ႏွင့္မူ အလြန္နီးကပ္ျပီး ၁ ကီလိုမီတာပင္ မေဝး။

(ေတာင္ကုန္းမ်ားဝန္းပတ္ထားသည့္ ေတာင္ၾကားတစ္ခုတြင္ တည္ရွိေသာ လွပသည့္ေရကန္ၾကီးတစ္ခုေဘး ကမ္းေျခတြင္ တည္ရွိေသာ ဘန္႔ရတ္ထိုင္းသည္ စိတ္ကူးယဥ္ထက္ပင္ဆန္းၾကယ္ေသာ ျမင္ကြင္းမ်ားျဖင့္ မ်က္စိပသာဒရွိလွေသာ ရြာေလးျဖစ္သည္)

(နံနက္ခင္းကာလမ်ားတြင္ ေရကန္ၾကီးကို ရစ္ဆိုင္းလႊမ္းျခံဳထားေသာ ထူထဲသည့္ ျမဴထုၾကားမွ ပဥၥလက္ဆန္ေသာ ေနထြက္ျမင္ကြင္းကို ၾကည့္ရသည္မွာ ၾကီးမားေလးလံသည့္ သိုးေမႊးေစာင္ၾကီးတစ္ထည္ နံနက္ခင္းေလထုျဖင့္ အထက္ဆီသို႔ တျဖည္းျဖည္းခ်င္း လြင့္တက္သြားသည္ႏွင့္ တူလွသည္)

(ဘန္႔ရတ္ထိုင္း ေတာင္ေပၚရြာေလးသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ မီတာ ၁၈၀၀ အျမင့္တြင္ တည္ရွိေသာေၾကာင့္ တစ္ႏွစ္ပတ္လံုး ေအးျမသည့္ရာသီဥတုရွိကာ လတ္ဆတ္သည့္ေလညွင္းကို ရရွိသည္)

(ဘန္႔ရတ္ထိုင္းတြင္ လူဦးေရ ၁၀၀၀ ေအာက္သာရွိသည္)

(ေရကန္ၾကီးဆီမွ ျမဴထုလြင့္ပါးသြားပံုကို ၾကည့္ရသည့္မနက္ခင္းကာလမ်ားမွာ ဤရြာကေလး၏ အျပီးျပည့္စံုဆံုး အခ်ိန္ျဖစ္သည္)

သမိုင္းအရဆိုလွ်င္ ဘန္႔ရတ္ထိုင္းရြာေလးသည္ ထိုင္း-တရုတ္ရြာေလးတစ္ခုျဖစ္ျပီး တရုတ္ျပည္တြင္ ကြန္ျမဴနစ္တို႔ အာဏာရလာျပီးေနာက္ပိုင္း ယူနန္ျပည္နယ္မွ ေျပာင္းေရႊ႕လာၾကသည့္ ကူမင္တန္ စစ္သည္ေဟာင္းတို႔က တည္ေထာင္ခဲ့ၾကျခင္း ျဖစ္သည္။

ယေန႔ကာလအထိပင္ ရြာကေလးမွာ တရုတ္လူမ်ဳိးတို႔၏ အရိပ္အေငြ႔မ်ား လႊမ္းမိုးထားဆဲပင္။

ရြာထဲတြင္ တရုတ္ဘာသာျဖင့္ ဆိုင္းဘုတ္မ်ားစြာေတြ႔ရမည့္အျပင္ အေဆာက္အအံုမ်ားမွာလည္း တရုတ္ဗိသုကာဟန္မ်ားျဖစ္ကာ ေနထိုင္သူအမ်ားစုမွာ မန္ဒရင္းတရုတ္ဘာသာ ေျပာၾကသည္။

ဘန္႔ရတ္ထုိင္းသည္ လဖက္စိုက္ပ်ဳိးေရးျဖင့္လည္း နာမည္ေက်ာ္သည္။

ရြာကေလးကို စိမ္းလန္းကာ ေမႊးပ်ံ႕ေသာ လဖက္စိုက္ခင္းမ်ားက ဝန္းပတ္ထားသည္။ ေတာင္ေပၚေဒသျဖစ္ကာ ေအးျမသည့္ရာသီဥတုရွိေသာေၾကာင့္ လဖက္စိုက္ပ်ဳိးႏိုင္ျခင္းလည္း ျဖစ္သည္။

ႏွစ္စဥ္ႏွစ္တိုင္း ေဖေဖာ္ဝါရီလသို႔ ေရာက္လွ်င္ ဘန္႔ရတ္ထိုင္းတြင္ လဖက္ျမည္းပြဲေတာ္ကို က်င္းပေလ့ရွိသည္။

(တရုတ္ဟန္ပန္လႊမ္းေသာ ရႊံ႕ျဖင့္ျပဳလုပ္ထားသည့္ တစ္ထပ္ဧည့္ေဂဟာအိမ္ေလးမ်ားသည္ ေတာင္ကုန္းေစာင္း လဖက္စိုက္ခင္းမ်ားအလယ္တြင္ တည္ရွိသည္)

(ေတာင္ကုန္းေစာင္းမ်ားမွ စိမ္းလန္းေသာ လဖက္စိုက္ခင္းမ်ား၏ အလွ)

(ရြာေလးကို ဝန္းပတ္ထားေသာ ေတာင္ကုန္းမ်ားမွ လဖက္စိုက္ခင္းမ်ားထဲ လမ္းေလွ်ာက္ၾကည့္ကာ လဖက္စိုက္ပ်ဳိးမႈႏွင့္ ထုတ္လုပ္ပံုတို႔ကို ေလ့လာၾကည့္ပါ)

ေဝးလံေခါင္သီသည့္ေနရာတြင္ တည္ရွိေသာေၾကာင့္ ဘန္႔ရတ္ထုိင္းရြာေလးမွာ ေအးခ်မ္းဆိတ္ျငိမ္ သာယာျငိမ္းခ်မ္းလွျပီး ကမၻာလွည့္ခရီးသည္မ်ားလည္း မ်ားစြာမေတြ႔ရေခ်။

ဤေနရာသို႔ လာေရာက္လည္ပတ္သူအမ်ားစုမွာ မဲ့ေဟာင္းဆြန္ႏွင့္ ခ်င္းမိုင္တို႔သို႔ လာေရာက္လည္ပတ္ရင္း လမ္းၾကံဳဝင္ၾကသူမ်ား ျဖစ္ၾကသည္။

အကယ္၍ သင္သည္ မည္သည့္အရာမွ မလုပ္လိုဘဲ အပန္းေျဖရံုသက္သက္အတြက္ တစ္ေနရာသို႔ သြားလုိသည္ဆိုပါက လဖက္ခင္းမ်ားအၾကား ငိုက္ျမည္းေနေသာရြာကေလးမွာ သင္လည္ပတ္ရမည့္ေနရာတစ္ခုပင္။

ေရကန္ၾကီး၏ ကမ္းေျခတေလွ်ာက္ဆီတြင္ကား အိပ္မက္ဆန္ဆန္ ကန္ေရျပင္ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ႏိုင္မည့္ ေကာ္ဖီဆိုင္မ်ားႏွင့္ စားေသာက္ဆိုင္မ်ား ရွိသည္။

ဘန္႔ရတ္ထုိင္းသည္ လဖက္ထုတ္ကုန္မ်ားျဖင့္ နာမည္ေက်ာ္သည့္ေနရာျဖစ္ရာ ေဒသထြက္ လဖက္မ်ားကို အသံုးျပဳေရာင္းခ်ေသာ လဖက္ရည္ဆိုင္မ်ားတြင္ထိုင္ကာ လဖက္ရည္တစ္ခြက္ေလာက္ ေသာက္ၾကည့္ပါ။

ဘန္႔ရတ္ထိုင္းမွ စားေသာက္ဆိုင္တို႔တြင္ ယူနန္စတိုင္ တရုတ္အစားအစာမ်ား ရရွိႏိုင္သည့္နည္းတူ ေဒသထြက္ သစ္သီးဝိုင္မ်ားလည္း ရသည္။

(ေရကန္စပ္တစ္ေလွ်ာက္ရွိ ေကာ္ဖီဆိုင္မ်ားႏွင့္ စားေသာက္ဆိုင္မ်ားမွတဆင့္ ေရကန္၏ အံ့အားသင့္ဖြယ္ ရႈေမွ်ာ္ခင္းမ်ားကို အေျပာက်ယ္က်ယ္ ခံစားႏိုင္သည္)

(ဘန္႔ရတ္ထုိင္းတြင္ အူေလာင္း Oolong အေကာင္းစားလက္ဖက္မ်ား ထြက္ရွိသည္)

(နံနက္ခင္းတြင္ လဖက္ရည္ပူပူတစ္ခြက္ေသာက္ရင္း ေရကန္ၾကီးဆီမွ ျမဴထုမ်ားလြင့္ပါးေနပံုကို ၾကည့္ရသည္မွာ ဘန္႔ရတ္ထုိင္း၏ အေကာင္းဆံုးအရသာပင္)

(တရုတ္ရိုးရာ ေျမအိုးမ်ားကို အသံုးျပဳထုတ္လုပ္ထားသည့္ ေဒသထြက္ ဝိုင္။ ဘန္႔ရတ္ထုိင္းတြင္ နာနတ္၊ မက္မန္း၊ မက္မြန္အစရွိေသာ အသီးအမ်ဳိးမ်ဳိးမွ ထုတ္လုပ္သည့္ ဝိုင္အမ်ဳိးမ်ဳိး ရသည္။)

(ျငိမ္သက္ေအးခ်မ္းေသာ ေခတၱလြတ္ေျမာက္ရာေနရာ- တေန႔တာ မည္သည့္လုပ္ေဆာင္မႈမွ မလုပ္ဘဲ ကုန္လြန္ျဖတ္သန္းရန္အတြက္ အေကာင္းဆံုးေနရာ)

(ဘန္႔ရတ္ထုိင္းရြာေလးကို ဘယ္လိုသြားမလဲ)

ဘန္႔ရတ္ထိုင္းသို႔ လာေရာက္လည္ပတ္သူအမ်ားစုမွာ မဲ့ေဟာင္းဆြန္ (သို႔မဟုတ္) ခ်င္းမိုင္တို႔မွ ခရီးသြားအုပ္စုတစ္ခုခုျဖင့္ လိုက္ပါလာေရာက္ေလ့ရွိၾကျပီး မီနီဗန္ျဖင့္ လာေလ့ရွိသည္။

ဘန္႔ရတ္ထုိင္းႏွင့္ အနီးဆံုးေလဆိပ္မွာ မဲ့ေဟာင္းဆြန္ေလဆိပ္ျဖစ္ျပီး ဘန္ေကာက္ႏွင့္ ခ်င္းမိုင္တို႔မွ ေန႔စဥ္ေလေၾကာင္းခရီးစဥ္မ်ား ရွိသည္။

အကယ္၍ မိမိအစီအစဥ္ျဖင့္ လာေရာက္လို္ပါက မဲ့ေဟာင္းဆြန္ျမိဳ႕မွ Yellow Songthaew (ပစ္ကပ္ ထရပ္ကား) စီးလာႏိုင္သည္။ အဆိုပါကားသည္ ေန႔စဥ္ မနက္ ၈ နာရီ၊ မြန္းလြဲ ၁၂ နာရီတို႔တြင္ ခရီးစဥ္ ၂ ၾကိမ္ထြက္သည္။

(ရြာထဲတြင္ လမ္းေလွ်ာက္ေနရင္း တခါတရံတြင္ သင့္အေနျဖင့္ ထုိင္းမဟုတ္ဘဲ အျခားႏိုင္ငံတစ္ခုခုသို႔ ေရာက္ေနသကဲ့သို႔ ခံစားရမည္ ျဖစ္သည္)

(ဘန္႔ရတ္ထုိင္းတြင္ တရုတ္ရိုးရာယဥ္ေက်းမႈမ်ား ထိန္းသိမ္းထားဆဲ ျဖစ္သည္။ ဆိုင္းဘုတ္အမ်ားစုမွာ တရုတ္ဘာသာျဖင့္ ျဖစ္သည္။)

(ဘန္႔ရတ္ထုိင္းေရာက္ရင္ ဘယ္မွာတည္းမလဲ)

ဘန္႔ရတ္ထုိင္းမွာ တည္းခိုရန္အတြက္ ေရြးခ်ယ္စရာ ေနရာမ်ားမ်ားစားစားမရွိေသာ ရြာငယ္ေလးသာ ျဖစ္သည္။

နာမည္အၾကီးဆံုးဟုိတယ္မွာ Lee Wine Ruk Thai ဟိုတယ္ျဖစ္ျပီး ေတာင္ေစာင္းရွိ လဖက္စိုက္ခင္းမ်ား အလယ္တြင္ တည္ရွိသည္။

ဤဟိုတယ္တြင္ တည္းခိုမည္ဆိုပါက ေရကန္ၾကီး၏ ခမ္းနားေသာရႈခင္းမ်ားအျပင္ ရြာကေလးကိုလည္း အေပၚစီးမွ ေတြ႔ျမင္ႏိုင္မည္ ျဖစ္သည္။

ထို႔အျပင္ သင့္ေနရာမွ ေပအနည္းငယ္မွ်သာ ေဝးကြာေသာေနရာတြင္ လဖက္စိုက္ပ်ဳိးေနၾကပံုကို အနီးကပ္ ၾကည့္ရႈႏိုင္မည္လည္း ျဖစ္သည္။

(အိမ္ေရွ႕တြင္ထုိင္ကာ ေအးျမေသာ ေလေျပညွင္းေအာက္ ေနထြက္၊ ေနဝင္ဆည္းဆာတို႔၏ ခမ္းနားေသာ ရႈေမွ်ာ္ခင္းမ်ားကို ခံစားၾကည့္ပါ)

(ဘန္႔ရတ္ထိုင္းသို႔ လည္ပတ္ရန္ အေကာင္းဆံုးအခ်ိန္)

ေအးျမေသာ ရာသီဥတုကာလမ်ားျဖစ္သည့္ ႏိုဝင္ဘာလမွ ေဖေဖာ္ဝါရီလလယ္အထိ ကာလမ်ားသည္ ဘန္႔ရတ္ထုိင္းႏွင့္ ထိုင္းႏိုင္ငံေျမာက္ပိုင္းေဒသမ်ားသို႔ လည္ပတ္ရန္ အေကာင္းဆံုးအခ်ိန္ ျဖစ္သည္။

ေန႔ကာလမ်ားတြင္ ေႏြးေထြးေသာ္လည္း ညေနႏွင့္ ညအခ်ိန္မ်ားတြင္မူ ေအးသည္။

ေန႔ဘက္တြင္ ေဘာင္းဘီတို၊ ရွပ္အကၤ်ီတစ္ထည္မွ်ျဖင့္ ေလွ်ာက္သြားႏိုင္ေသာ္လည္း ေနဝင္ျပီးခ်ိန္အတြက္မူ ဆြယ္တာ (သို႔မဟုတ္) ဂ်ာကင္အေႏြးထည္လိုအပ္မည္ ျဖစ္သည္။

(ေနထြက္စတြင္ ေရကန္အတြင္း ေလွကေလးစီးကာ ကန္ေရျပင္ကို ရစ္သိုင္းလႊမ္းျခံဳထားသည့္ ျမဴခိုးျမဴထုမ်ားအၾကား တရိပ္ရိပ္ တိုးဝင္ၾကည့္ပါ။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ban Rak Thai (Mae Aw) – Beautiful Tranquil Village in Mae Hong Son, Northern Thailand (chiangmaitraveller)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service