စကားမပြော၊ ညစ်ညမ်းကားမကြည့်ဘဲ ရက် ၃၀ နေမည့် ကင်ညေးဝက်စ်က ဇနီးဟောင်း ကင်မ်ကာဒါရှီယန်အိမ်အနီး ဝယ်ထားသောအိမ်ကို ဖြိုချ

စကားမပြော၊ ညစ်ညမ်းကားမကြည့်ဘဲ ရက် ၃၀ နေမည့် ကင်ညေးဝက်စ်က ဇနီးဟောင်း ကင်မ်ကာဒါရှီယန်အိမ်အနီး ဝယ်ထားသောအိမ်ကို ဖြိုချ - Property News in Myanmar from iMyanmarHouse.com
8 Nov 2022 10:21 am တွင် တင်ခဲ့သည်
822 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် ရက်ပ်အဆိုတော် ကင်ညေးဝက်စ်က ဝစီပိတ်ကျင့်ကြံတော့မည့်အကြောင်း သူ၏ တွစ်တာအကောင့်မှတဆင့် ထုတ်ပြန်ကြေညာလိုက်သည်။

Ye ဟူသောအမည်ဖြင့် တွစ်တာတွင် အကောင့်ဖွင့်ထားသူကင်ညေးဝက်စ်သည် မည်သူ့ကိုမျှ စကားမပြောဘဲ ရက်ပေါင်း ၃၀ နေထိုင်တော့မည် ဖြစ်သည်။

ထို့အပြင် ညစ်ညမ်းဇာတ်ကားများလည်း မကြည့်တော့မည့်အပြင် လိင်ဆက်ဆံမှုများလည်း ပြုလုပ်တော့မည်မဟုတ်ကြောင်း သူ၏တွစ်တာပို့စ်တွင် ဖော်ပြသည်။

“ကျွန်တော်တစ်လတိတိ ဘယ်သူ့ကိုမှ စကားမပြောတော့ပါဘူး”ဟု ကင်ညေးဝက်စ်က တွစ်တာတွင် ရေးသားခဲ့သည်။

ထို့အပြင် အောက်ပါအတိုင်း စာရေးသားထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း တွစ်တာပို့စ်တွင် တင်ထားခဲ့သည်။

“ကျွန်တော် ရက် ၃၀ သန့်ရှင်းစင်ကြယ်စွာ နေထိုင်သွားပါမယ်။ ဝစီပိတ်ဥပုသ်စောင့်မယ်။ အရက်မသောက်ဘူး။ ညစ်ညမ်းဇာတ်ကားတွေ မကြည့်ဘူး။ လိင်မဆက်ဆံဘူး။ ဘုရားရှိခိုးမယ်။ အာမင်” ကင်ညေးဝက်စ်က လူအများဝေဖန်စေမည့် ပြောကြားမှုတစ်ခုပြောလုပ်ခဲ့သောကြောင့် သူတာဝန်ယူထားသော ကုန်စည်အမှတ်တံဆိပ်များနှင့် လမ်းခွဲခဲ့ရသည်။

Adidas ကုမ္ပဏီသည် ကင်ညေးဝက်စ်နှင့် လုပ်ကိုင်ဆောင်ရွက်နေမှုများ ရပ်ဆိုင်းခဲ့ရာ ကင်ညေးဝက်စ်၏ ဘီလျံနာအဆင့်အတန်းမှာ နေ့ချင်းညချင်း လျှောကျသွားခဲ့ရသည်။

ထို့အပြင် လူမှုကွန်ရက်တွင်လည်း သူ့အပေါ် ထောက်ခံမှုများ ကျဆင်းသွားသည်။

အမေရိကန်ပြည်တွင် ရဲအရာရှိတစ်ဦးက George Floyd အမည်ရှိ လူမည်းအမျိုးသားတစ်ဦးကို လည်ပင်းအား ဒူးဖြင့်ဖိထားရာမှာ သေဆုံးမှုဖြစ်ပွားခဲ့သောကြောင့် တစ်နိုင်ငံလုံး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရသည့်ဖြစ်ရပ်ကို အားလုံး မှတ်မိကြဦးမည် ဖြစ်သည်။

ထိုအဖြစ်အပျက်နှင့်ပတ်သက်ပြီး ကင်ညေးဝက်စ်က ပြောသည်မှာ George Floyd သည် fentanyl မူးယစ်ဆေးသုံးခြင်းကြောင့် သေဆုံးရခြင်းသာဖြစ်ကြောင်း၊ ရဲအရာရှိကြောင်းမဟုတ်ကြောင်း ပြောဆိုမှုအပေါ် ဝိုင်းဝန်းရှုတ်ချခံနေရခြင်းလည်း ဖြစ်သည်။

ထိုသို့ ပြောကြားမှုနှင့် ပတ်သက်ပြီး Floyd ၏ သမီးက ကင်ညေးဝက်စ်အား နစ်နာကြေး ဒေါ်လာ သန်း ၂၅၀ ရလိုမှုဖြင့် တရားစွဲထားသည်။

 

(ဇနီးဟောင်း ကင်မ်ကာဒါရှီယန်၏ နေအိမ်အနီးဝယ်ထားသည့်အိမ်ကို ကင်ညေးဝက်စ်ဖြိုချ)

ကင်ညေးဝက်စ်သည် ဇနီးဟောင်းကင်မ်ကာဒါရှီယန်၏ နေအိမ်မှ လမ်းတစ်ဖက်တစ်ချက်တွင် တည်ရှိသော အိမ်တစ်လုံးကို ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းကျော်ဖြင့် ဝယ်ယူခဲ့သည်။

ယင်းနောက် ငွေကြေးအမြောက်အများသုံးစွဲကာ ထိုအိမ်ကို ဖြိုချခဲ့ပြီး သူ၏စိတ်ကြိုက်နေအိမ်တစ်လုံး ဆောက်လုပ်ရန် စီစဉ်နေကြောင်း People မဂ္ဂဇင်းက ဖော်ပြသည်။

“ကင်ညေးဝက်စ် ဝယ်လိုက်တဲ့အိမ်က ဖြိုချလိုက်ပါပြီ။ သူက မြေနေရာအတွက်ပဲ ဒီအိမ်ကို ဝယ်ခဲ့တာ ဖြစ်ပါတယ်”ဟု သတင်းရင်းမြစ်တစ်ခုက People သို့ ပြောသည်။

“ဒီအိမ်က ကင်မ်ကာဒါရှီယန်နဲ့ သူ့ကလေးတွေနဲ့ နီးနီးနားနားရှိပါတယ်။ နေအိမ်အသစ်ဆောက်လုပ်တာကို ဖြစ်နိုင်သမျှ မြန်မြန်ဆောက်နိုင်ဖို့ စီစဉ်နေပါတယ်”

မာလီဘူးကမ်းခြေမြို့ရှိ ခေတ်မီတန်ဖိုးကြီး စံအိမ်ကြီးတစ်လုံးကို ကင်ညေးဝက်စ်က ကန်ဒေါ်လာ ၅၇ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက်ပိုင်း ယခုနေအိမ်ကို ဖြိုချမှု ပြုလုပ်လာခြင်းလည်းဖြစ်သည်။

မာလီဘူးမှ စံအိမ်မှာ ကင်မ်ကာဒါရှီယန်၏အိမ်နှင့် မော်တော်ကားဖြင့် မိနစ် ၃၀ ခန့်သာ သွားရမည်ဖြစ်သော်လည်း ကင်ညေးဝက်စ်အတွက်မူ ဝေးနေသေးသည်ဟု ယူဆသောကြောင့် ဖြစ်နိုင်သည်။

ကင်ညေးဝက်စ်အနေဖြင့် ကလေးများထံ ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မည့် နေရာလိုအပ်ကြောင်း အခြား သတင်းရင်းမြစ်တစ်ခုက New York Post သတင်းဌာနသို့ ပြောသည်။

“ကလေးတွေနဲ့ နီးသွားပြီး ခဲတစ်ပစ်စာ အကွာလောက်နဲ့ ကလေးတွေဆီရောက်နိုင်မှာပါ”ဟု အတွင်းလူတစ်ဦး က ပြောသည်။

အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်းပါသော စံအိမ်၏ မူလပိုင်ရှင်များက ၁၉၅၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၆၇ နှစ်တာ ကာလအတွင်း ပထမဆုံး အရောင်းဈေးကွက်သို့ ဝင်ရောက်ခဲ့သည့်စံအိမ်ဖြစ်သည်။

 

(ကင်မ်ကာဒါရှီယန်၏ နေအိမ်နှင့် ကင်ညေးဝက်စ်ဝယ်လိုက်သောအိမ်မှာ ခဲတစ်ပစ်စာ အကွာအဝေးသာ ဝေးကွာသည်။ ဓာတ်ပုံ- Google Maps)

 

(နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၆၀၀ ကျော်ရှိသည်။ ဓာတ်ပုံ- Realtor.com)

 

(နေအိမ်ရှေ့တွင် သစ်ပင်ကြီးများ စီတန်းစိုက်ပျိုးထားသည်။ ဓာတ်ပုံ- Realtor.com)

 

(ရေကန်။ ဓာတ်ပုံ- Realtor.com)

 

(ဝင်ပေါက်နေရာ။ ဓာတ်ပုံ- Realtor.com)

နေအိမ် သေချာပေါက်ဝယ်ယူရရှိနိုင်ရေးအတွက် ကင်ညေးဝက်စ်က ခေါ်ဈေးထက် ဒေါ်လာ ၄၂၁၀၀၀ ဈေးပိုပေးခဲ့သည်။

ခြံဝန်းတွင် ပါဝင်ခဲ့သောနေအိမ်မှာ စတုရန်းပေ ၃၆၀၀ အကျယ်အဝန်းရှိပြီး ကင်ညေးဝက်စ် အသစ်ဆောက်မည့် နေအိမ်မှာ မည်မျှ ကျယ်ဝန်းမည်ကိုမူ မသိရချေ။

ခြံအကျယ်မှာ တစ်ဧကကျော်ရှိပြီး မြင်းဇောင်းတစ်ခုလည်း ပါဝင်သည်။

မူလနေအိမ်ဟောင်း၏ အတွင်းပိုင်းအပြင်အဆင်တို့မှာ with shaggy beige carpets, vintage wood paneling and wooden cabinets. တို့ဖြင့် ခေတ်နောက်ကျနေပြီ ဖြစ်သည်။

(ရေကူးကန်သို့ပေါက်သည့် မိသားစုနားနေခန်း။ ဓာတ်ပုံ- Realtor.com)

(ညစာစားခန်းသို့ ရောက်သည့် မီးဖိုဆောင်။ ဓာတ်ပုံ- Realtor.com)

(ဧည့်ခန်း။ ဓာတ်ပုံ- Realtor.com)

(ကင်ညေးဝက်စ်က ဤစံအိမ်ကို ဖြိုချပြီးနောက် နေအိမ်သစ်တစ်လုံး ဆောက်လုပ်သွားမည်ဖြစ်သည်။ ဓာတ်ပုံ-Getty Images for Vanity Fair)

(ဧည့်သည်များတည်းခိုရန်နေရာ။ ဓာတ်ပုံ- Realtor.com)

(အိပ်ခန်း ၅ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ- Realtor.com)

(နေအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ- Realtor.com)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kanye West will not talk for 30 days straight as he goes on a 'verbal fast' (wionews, nypost)

 

 

[Zawgyi]

စကားမေျပာ၊ ညစ္ညမ္းကားမၾကည့္ဘဲ ရက္ ၃၀ ေနမည့္ ကင္ေညးဝက္စ္က ဇနီးေဟာင္း ကင္မ္ကာဒါရွီယန္အိမ္အနီး ဝယ္ထားေသာအိမ္ကို ျဖိဳခ်

 

ကမၻာေက်ာ္ ရက္ပ္အဆိုေတာ္ ကင္ေညးဝက္စ္က ဝစီပိတ္က်င့္ၾကံေတာ့မည့္အေၾကာင္း သူ၏ တြစ္တာအေကာင့္မွတဆင့္ ထုတ္ျပန္ေၾကညာလိုက္သည္။

Ye ဟူေသာအမည္ျဖင့္ တြစ္တာတြင္ အေကာင့္ဖြင့္ထားသူကင္ေညးဝက္စ္သည္ မည္သူ႔ကိုမွ် စကားမေျပာဘဲ ရက္ေပါင္း ၃၀ ေနထိုင္ေတာ့မည္ ျဖစ္သည္။

ထို႔အျပင္ ညစ္ညမ္းဇာတ္ကားမ်ားလည္း မၾကည့္ေတာ့မည့္အျပင္ လိင္ဆက္ဆံမႈမ်ားလည္း ျပဳလုပ္ေတာ့မည္မဟုတ္ေၾကာင္း သူ၏တြစ္တာပို႔စ္တြင္ ေဖာ္ျပသည္။

“ကၽြန္ေတာ္တစ္လတိတိ ဘယ္သူ႔ကိုမွ စကားမေျပာေတာ့ပါဘူး”ဟု ကင္ေညးဝက္စ္က တြစ္တာတြင္ ေရးသားခဲ့သည္။

ထို႔အျပင္ ေအာက္ပါအတိုင္း စာေရးသားထားသည့္ ဓာတ္ပံုတစ္ပံုကိုလည္း တြစ္တာပို႔စ္တြင္ တင္ထားခဲ့သည္။

“ကၽြန္ေတာ္ ရက္ ၃၀ သန္႔ရွင္းစင္ၾကယ္စြာ ေနထိုင္သြားပါမယ္။ ဝစီပိတ္ဥပုသ္ေစာင့္မယ္။ အရက္မေသာက္ဘူး။ ညစ္ညမ္းဇာတ္ကားေတြ မၾကည့္ဘူး။ လိင္မဆက္ဆံဘူး။ ဘုရားရွိခိုးမယ္။ အာမင္” ကင္ေညးဝက္စ္က လူအမ်ားေဝဖန္ေစမည့္ ေျပာၾကားမႈတစ္ခုေျပာလုပ္ခဲ့ေသာေၾကာင့္ သူတာဝန္ယူထားေသာ ကုန္စည္အမွတ္တံဆိပ္မ်ားႏွင့္ လမ္းခြဲခဲ့ရသည္။

Adidas ကုမၸဏီသည္ ကင္ေညးဝက္စ္ႏွင့္ လုပ္ကိုင္ေဆာင္ရြက္ေနမႈမ်ား ရပ္ဆိုင္းခဲ့ရာ ကင္ေညးဝက္စ္၏ ဘီလ်ံနာအဆင့္အတန္းမွာ ေန႔ခ်င္းညခ်င္း ေလွ်ာက်သြားခဲ့ရသည္။

ထို႔အျပင္ လူမႈကြန္ရက္တြင္လည္း သူ႔အေပၚ ေထာက္ခံမႈမ်ား က်ဆင္းသြားသည္။

အေမရိကန္ျပည္တြင္ ရဲအရာရွိတစ္ဦးက George Floyd အမည္ရွိ လူမည္းအမ်ဳိးသားတစ္ဦးကို လည္ပင္းအား ဒူးျဖင့္ဖိထားရာမွာ ေသဆံုးမႈျဖစ္ပြားခဲ့ေသာေၾကာင့္ တစ္ႏိုင္ငံလံုး ဆႏၵျပမႈမ်ား ေပၚေပါက္ခဲ့ရသည့္ျဖစ္ရပ္ကို အားလံုး မွတ္မိၾကဦးမည္ ျဖစ္သည္။

ထိုအျဖစ္အပ်က္ႏွင့္ပတ္သက္ျပီး ကင္ေညးဝက္စ္က ေျပာသည္မွာ George Floyd သည္ fentanyl မူးယစ္ေဆးသံုးျခင္းေၾကာင့္ ေသဆံုးရျခင္းသာျဖစ္ေၾကာင္း၊ ရဲအရာရွိေၾကာင္းမဟုတ္ေၾကာင္း ေျပာဆိုမႈအေပၚ ဝိုင္းဝန္းရႈတ္ခ်ခံေနရျခင္းလည္း ျဖစ္သည္။

ထိုသို႔ ေျပာၾကားမႈႏွင့္ ပတ္သက္ျပီး Floyd ၏ သမီးက ကင္ေညးဝက္စ္အား နစ္နာေၾကး ေဒၚလာ သန္း ၂၅၀ ရလိုမႈျဖင့္ တရားစြဲထားသည္။

(ဇနီးေဟာင္း ကင္မ္ကာဒါရွီယန္၏ ေနအိမ္အနီးဝယ္ထားသည့္အိမ္ကို ကင္ေညးဝက္စ္ျဖိဳခ်)

ကင္ေညးဝက္စ္သည္ ဇနီးေဟာင္းကင္မ္ကာဒါရွီယန္၏ ေနအိမ္မွ လမ္းတစ္ဖက္တစ္ခ်က္တြင္ တည္ရွိေသာ အိမ္တစ္လံုးကို ကန္ေဒၚလာ ၄ ဒသမ ၅ သန္းေက်ာ္ျဖင့္ ဝယ္ယူခဲ့သည္။

ယင္းေနာက္ ေငြေၾကးအေျမာက္အမ်ားသံုးစြဲကာ ထိုအိမ္ကို ျဖိဳခ်ခဲ့ျပီး သူ၏စိတ္ၾကိဳက္ေနအိမ္တစ္လံုး ေဆာက္လုပ္ရန္ စီစဥ္ေနေၾကာင္း People မဂၢဇင္းက ေဖာ္ျပသည္။

“ကင္ေညးဝက္စ္ ဝယ္လိုက္တဲ့အိမ္က ျဖိဳခ်လိုက္ပါျပီ။ သူက ေျမေနရာအတြက္ပဲ ဒီအိမ္ကို ဝယ္ခဲ့တာ ျဖစ္ပါတယ္”ဟု သတင္းရင္းျမစ္တစ္ခုက People သို႔ ေျပာသည္။

“ဒီအိမ္က ကင္မ္ကာဒါရွီယန္နဲ႔ သူ႔ကေလးေတြနဲ႔ နီးနီးနားနားရွိပါတယ္။ ေနအိမ္အသစ္ေဆာက္လုပ္တာကို ျဖစ္ႏိုင္သမွ် ျမန္ျမန္ေဆာက္ႏိုင္ဖုိ႔ စီစဥ္ေနပါတယ္”

မာလီဘူးကမ္းေျချမိဳ႕ရွိ ေခတ္မီတန္ဖိုးၾကီး စံအိမ္ၾကီးတစ္လံုးကို ကင္ေညးဝက္စ္က ကန္ေဒၚလာ ၅၇ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ျပီးေနာက္ပိုင္း ယခုေနအိမ္ကို ျဖိဳခ်မႈ ျပဳလုပ္လာျခင္းလည္းျဖစ္သည္။

မာလီဘူးမွ စံအိမ္မွာ ကင္မ္ကာဒါရွီယန္၏အိမ္ႏွင့္ ေမာ္ေတာ္ကားျဖင့္ မိနစ္ ၃၀ ခန္႔သာ သြားရမည္ျဖစ္ေသာ္လည္း ကင္ေညးဝက္စ္အတြက္မူ ေဝးေနေသးသည္ဟု ယူဆေသာေၾကာင့္ ျဖစ္ႏိုင္သည္။

ကင္ေညးဝက္စ္အေနျဖင့္ ကေလးမ်ားထံ ပိုမိုလ်င္ျမန္စြာ ေရာက္ရွိႏိုင္မည့္ ေနရာလိုအပ္ေၾကာင္း အျခား သတင္းရင္းျမစ္တစ္ခုက New York Post သတင္းဌာနသို႔ ေျပာသည္။

“ကေလးေတြနဲ႔ နီးသြားျပီး ခဲတစ္ပစ္စာ အကြာေလာက္နဲ႔ ကေလးေတြဆီေရာက္ႏိုင္မွာပါ”ဟု အတြင္းလူတစ္ဦး က ေျပာသည္။

အိပ္ခန္း ၅ ခန္း၊ ေရခ်ိဳးခန္းပါေသာ စံအိမ္၏ မူလပိုင္ရွင္မ်ားက ၁၉၅၅ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ၆၇ ႏွစ္တာ ကာလအတြင္း ပထမဆံုး အေရာင္းေစ်းကြက္သို႔ ဝင္ေရာက္ခဲ့သည့္စံအိမ္ျဖစ္သည္။

(ကင္မ္ကာဒါရွီယန္၏ ေနအိမ္ႏွင့္ ကင္ေညးဝက္စ္ဝယ္လိုက္ေသာအိမ္မွာ ခဲတစ္ပစ္စာ အကြာအေဝးသာ ေဝးကြာသည္။ ဓာတ္ပံု- Google Maps)

(ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၃၆၀၀ ေက်ာ္ရွိသည္။ ဓာတ္ပံု- Realtor.com)

(ေနအိမ္ေရွ႕တြင္ သစ္ပင္ၾကီးမ်ား စီတန္းစိုက္ပ်ဳိးထားသည္။ ဓာတ္ပံု- Realtor.com)

(ေရကန္။ ဓာတ္ပံု- Realtor.com)

(ဝင္ေပါက္ေနရာ။ ဓာတ္ပံု- Realtor.com)

ေနအိမ္ ေသခ်ာေပါက္ဝယ္ယူရရွိႏိုင္ေရးအတြက္ ကင္ေညးဝက္စ္က ေခၚေစ်းထက္ ေဒၚလာ ၄၂၁၀၀၀ ေစ်းပိုေပးခဲ့သည္။

ျခံဝန္းတြင္ ပါဝင္ခဲ့ေသာေနအိမ္မွာ စတုရန္းေပ ၃၆၀၀ အက်ယ္အဝန္းရွိျပီး ကင္ေညးဝက္စ္ အသစ္ေဆာက္မည့္ ေနအိမ္မွာ မည္မွ် က်ယ္ဝန္းမည္ကိုမူ မသိရေခ်။

ျခံအက်ယ္မွာ တစ္ဧကေက်ာ္ရွိျပီး ျမင္းေဇာင္းတစ္ခုလည္း ပါဝင္သည္။

မူလေနအိမ္ေဟာင္း၏ အတြင္းပိုင္းအျပင္အဆင္တို႔မွာ with shaggy beige carpets, vintage wood paneling and wooden cabinets. တုိ႔ျဖင့္ ေခတ္ေနာက္က်ေနျပီ ျဖစ္သည္။

(ေရကူးကန္သို႔ေပါက္သည့္ မိသားစုနားေနခန္း။ ဓာတ္ပံု- Realtor.com)

(ညစာစားခန္းသို႔ ေရာက္သည့္ မီးဖိုေဆာင္။ ဓာတ္ပံု- Realtor.com)

(ဧည့္ခန္း။ ဓာတ္ပံု- Realtor.com)

(ကင္ေညးဝက္စ္က ဤစံအိမ္ကို ျဖိဳခ်ျပီးေနာက္ ေနအိမ္သစ္တစ္လံုး ေဆာက္လုပ္သြားမည္ျဖစ္သည္။ ဓာတ္ပံု-Getty Images for Vanity Fair)

(ဧည့္သည္မ်ားတည္းခိုရန္ေနရာ။ ဓာတ္ပံု- Realtor.com)

(အိပ္ခန္း ၅ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု- Realtor.com)

(ေနအိမ္၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု- Realtor.com)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kanye West will not talk for 30 days straight as he goes on a 'verbal fast' (wionews, nypost)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service