အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှ ၁၀ လုံးတန်း နေအိမ်တစ်တန်းလုံးကို ပေါင် ၁ သန်းကျော်မျှဖြင့် ရောင်းမည်

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှ ၁၀ လုံးတန်း နေအိမ်တစ်တန်းလုံးကို ပေါင် ၁ သန်းကျော်မျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
8 Nov 2022 9:42 am တွင် တင်ခဲ့သည်
542 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ နေအိမ်တန်းတစ်ခုလုံးကို လန်ဒန်ရှိ အိမ်တစ်လုံးစာ ဈေးနှုန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာသည်။

ဘာမင်ဂမ်မြို့၊ Erdington အရပ်၊ Church လမ်းရှိ အိမ်အမှတ် ၁ မှ ၁၀ အထိ ၁၀ လုံးကို အိမ်ခြံမြေ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Zoopla မှတဆင့် အရောင်းဈေးကွက်တင်လာသည်။

(နေအိမ် ၁၀ လုံးကို စုစုပေါင်းတန်ဖိုး ပေါင် ၁ ဒသမ ၆ သန်းမျှဖြင့် ရောင်းချမည်။ ဓာတ်ပုံ Credit: Knight Frank /Zoopla)

(နေအိမ်များ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၃၁၅ ရှိသည်။ ဓာတ်ပုံ Credit: Knight Frank /Zoopla)

အဆိုပါအိမ်များသည် ရှေးယခင်က ချို့တဲ့သူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ အခမဲ့နေထိုင်နိုင်ရန် အလှူငွေဖြင့် ဆောက်လုပ်ထားသော နေအိမ်များ ဖြစ်သည်။

၃၁၅ စတုရန်းပေကျယ်ဝန်းသော နေအိမ် ၁၀ လုံးကို ပေါင် ၁,၆၀၀,၀၀၀ ဈေးခေါ်ထားသည်။

နေအိမ်တိုင်းတွင် ပေါင်းမိုးပါဆင်ဝင်၊ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုဆောင်နှင့် ရေချိုးခန်းတို့ ပါဝင်သည်။

ဘာမင်ဂမ်မြို့လယ်မှ အရှေ့မြောက်ဘက် ၄ မိုင်အကွာ၊ လန်ဒန်မှ ၁၁၇ မိုင်အကွာတွင် တည်ရှိသည်။

အရောင်းကြော်ငြာတွင်ဖော်ပြချက်အရ “နေအိမ် ၁၀ လုံးပါဝင်ပြီး အများပြည်သူသုံး ပန်းဥယျာဉ်များအတွင်းတည်ရှိကာ ၁၉၃၀ ပြည့်နှစ် ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်”ဟု ဖော်ပြထားသည်။

အမျိုးသားစာရင်းအင်းရုံးနှင့် gov.uk တို့မှ ဖော်ပြထားသောအချက်အလက်များကို သုံးသပ်ချက်အရ ဝေလပြည်နယ်နှင့် စကော့တလန်တို့တွင် ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်း ၁၆ ရာခိုင်နှုန်း မြင့်တက်နေပြီး အင်္ဂလန်တွင် ၁၂ ရာခိုင်နှုန်းနီးပါး ဈေးတက်နေသည်ကို တွေ့ရှိရသည်။

၂၀၂၂ ခုနှစ်၊ မတ်လ အချက်အလက်များအရ လန်ဒန်တွင် လုံးချင်းအိမ်တစ်လုံး၏ ပျှမ်းမျှခေါ်ဈေးမှာ ပေါင် ၁၀၆၉၉၈၁ ဖြစ်သည်။

အိပ်ခန်းအပိုများနှင့် ကလေးများအတွက် နေရာပိုများရှိလျှင် ပျှမ်းမျှပေါက်ဈေးထက် များစွာဈေးကြီးနိုင်သည်။

ဒေါ်လာ ၁ သန်းဖြင့် လန်ဒန်မြို့တွင် ဝယ်ယူရရှိမည့်အိမ်နှင့် အခြားနေရာများတွင် ဝယ်ယူနိုင်သည့်အိမ်တို့မှာ အလွန်ကွာခြားလှသည်။

ဥပမာအားဖြင့် စကော့တလန်နိုင်ငံ၊ Rothes တွင် အိပ်ခန်း ၁၁ ခန်းပါနေအိမ်ကို ပေါင် ၁ ဒသမ ၁ သန်းဖြင့် ဝယ်ယူနိုင်သော်လည်း ထိုငွေပမာဏဖြင့် လန်ဒန်မြို့၊ Kensington အရပ်တွင် အိပ်ခန်း ၁ ခန်းပါ တိုက်ခန်းသာ ရရှိမည် ဖြစ်သည်။

လန်ဒန်မြို့၊ St Johns Wood ရှိ အိပ်ခန်း ၁ ခန်းသာပါသော လူနေခန်းဆိုလျှင်လည်း အကျယ်အဝန်း ၇၁ မီတာကျော်သာရှိသော်လည်း ဈေးနှုန်းမှာ ပေါင် ၁ ဒသမ ၀၉၅ သန်းအထိ ပေါက်ဈေးရှိသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက စကော့တလန်နိုင်ငံ၊ အဘာဒင်းမြို့မှ ၄၃၂ စတုရန်းမီတာ ကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်း၊ အခြားအခန်း ၇ ခန်း၊ ရေချိုးခန်း ၃ ခန်းပါသော လုံးချင်းအိမ်ကို အဆိုပါဈေးနှုန်းမျှဖြင့် ဝယ်ယူရရှိနိုင်သည်။

(နေအိမ်တိုင်းတွင် အမိုးပါဆင်ဝင်၊ ဧည့်ခန်း၊ အိပ်ခန်း နားနေခန်းနှင့် မီးဖိုဆောင်ပေါင်းစပ်ထားသော အခန်း၊ မီးဖိုဆောင်နှင့် ရေချိုးခန်းများ ပါဝင်သည်။ ဓာတ်ပုံ- Credit: Knight Frank /Zoopla)

(နေအိမ် ၁၀ လုံးတန်းတစ်ခုလုံးကို ပေါင် ၁ သန်းကျော်မျှဖြင့် ရောင်းချမည်ဖြစ်သည်။ ဓာတ်ပုံ Credit: Knight Frank /Zoopla)

(ဘာမင်ဂမ်မြို့၊ A38 အဝေးပြေးလမ်းမကြီးနှင့် နီးကပ်စွာ တည်ရှိသည်။ ဓာတ်ပုံ Credit: Knight Frank /Zoopla)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You could buy an entire row of houses in UK city for price of a London family home (thesun)

[Zawgyi]

အဂၤလန္ႏိုင္ငံ၊ ဘာမင္ဂမ္ျမိဳ႕မွ ၁၀ လံုးတန္း ေနအိမ္တစ္တန္းလံုးကို ေပါင္ ၁ သန္းေက်ာ္မွ်ျဖင့္ ေရာင္းမည္

အဂၤလန္ႏိုင္ငံ၊ ဘာမင္ဂမ္ျမိဳ႕ရွိ ေနအိမ္တန္းတစ္ခုလံုးကို လန္ဒန္ရွိ အိမ္တစ္လံုးစာ ေစ်းႏႈန္းမွ်ျဖင့္ ဝယ္ယူႏိုင္မည့္ အခြင့္အလမ္းတစ္ခု ေပၚေပါက္လာသည္။

ဘာမင္ဂမ္ျမိဳ႕၊ Erdington အရပ္၊ Church လမ္းရွိ အိမ္အမွတ္ ၁ မွ ၁၀ အထိ ၁၀ လံုးကို အိမ္ျခံေျမ ဝက္ဘ္ဆိုက္တစ္ခုျဖစ္ေသာ Zoopla မွတဆင့္ အေရာင္းေစ်းကြက္တင္လာသည္။

(ေနအိမ္ ၁၀ လံုးကို စုစုေပါင္းတန္ဖိုး ေပါင္ ၁ ဒသမ ၆ သန္းမွ်ျဖင့္ ေရာင္းခ်မည္။ ဓာတ္ပံု Credit: Knight Frank /Zoopla)

(ေနအိမ္မ်ား၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၃၁၅ ရွိသည္။ ဓာတ္ပံု Credit: Knight Frank /Zoopla)

အဆိုပါအိမ္မ်ားသည္ ေရွးယခင္က ခ်ဳိ႕တဲ့သူမ်ား၊ အထူးသျဖင့္ သက္ၾကီးရြယ္အိုမ်ား အခမဲ့ေနထုိင္ႏိုင္ရန္ အလွဴေငြျဖင့္ ေဆာက္လုပ္ထားေသာ ေနအိမ္မ်ား ျဖစ္သည္။

၃၁၅ စတုရန္းေပက်ယ္ဝန္းေသာ ေနအိမ္ ၁၀ လံုးကို ေပါင္ ၁,၆၀၀,၀၀၀ ေစ်းေခၚထားသည္။

ေနအိမ္တိုင္းတြင္ ေပါင္းမိုးပါဆင္ဝင္၊ ဧည့္ခန္း၊ အိပ္ခန္း၊ မီးဖိုေဆာင္ႏွင့္ ေရခ်ဳိးခန္းတို႔ ပါဝင္သည္။

ဘာမင္ဂမ္ျမိဳ႕လယ္မွ အေရွ႕ေျမာက္ဘက္ ၄ မိုင္အကြာ၊ လန္ဒန္မွ ၁၁၇ မိုင္အကြာတြင္ တည္ရွိသည္။

အေရာင္းေၾကာ္ျငာတြင္ေဖာ္ျပခ်က္အရ “ေနအိမ္ ၁၀ လံုးပါဝင္ျပီး အမ်ားျပည္သူသံုး ပန္းဥယ်ာဥ္မ်ားအတြင္းတည္ရွိကာ ၁၉၃၀ ျပည့္ႏွစ္ ဝန္းက်င္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္”ဟု ေဖာ္ျပထားသည္။

အမ်ဳိးသားစာရင္းအင္းရံုးႏွင့္ gov.uk တို႔မွ ေဖာ္ျပထားေသာအခ်က္အလက္မ်ားကို သံုးသပ္ခ်က္အရ ေဝလျပည္နယ္ႏွင့္ စေကာ့တလန္တို႔တြင္ ပွ်မ္းမွ်အိမ္ျခံေျမေစ်းႏႈန္း ၁၆ ရာခိုင္ႏႈန္း ျမင့္တက္ေနျပီး အဂၤလန္တြင္ ၁၂ ရာခိုင္ႏႈန္းနီးပါး ေစ်းတက္ေနသည္ကို ေတြ႔ရွိရသည္။

၂၀၂၂ ခုႏွစ္၊ မတ္လ အခ်က္အလက္မ်ားအရ လန္ဒန္တြင္ လံုးခ်င္းအိမ္တစ္လံုး၏ ပွ်မ္းမွ်ေခၚေစ်းမွာ ေပါင္ ၁၀၆၉၉၈၁ ျဖစ္သည္။ အိပ္ခန္းအပိုမ်ားႏွင့္ ကေလးမ်ားအတြက္ ေနရာပိုမ်ားရွိလွ်င္ ပွ်မ္းမွ်ေပါက္ေစ်းထက္ မ်ားစြာေစ်းၾကီးႏိုင္သည္။

ေဒၚလာ ၁ သန္းျဖင့္ လန္ဒန္ျမိဳ႕တြင္ ဝယ္ယူရရွိမည့္အိမ္ႏွင့္ အျခားေနရာမ်ားတြင္ ဝယ္ယူႏိုင္သည့္အိမ္တို႔မွာ အလြန္ကြာျခားလွသည္။

ဥပမာအားျဖင့္ စေကာ့တလန္ႏိုင္ငံ၊ Rothes တြင္ အိပ္ခန္း ၁၁ ခန္းပါေနအိမ္ကို ေပါင္ ၁ ဒသမ ၁ သန္းျဖင့္ ဝယ္ယူႏိုင္ေသာ္လည္း ထိုေငြပမာဏျဖင့္ လန္ဒန္ျမိဳ႕၊ Kensington အရပ္တြင္ အိပ္ခန္း ၁ ခန္းပါ တိုက္ခန္းသာ ရရွိမည္ ျဖစ္သည္။

လန္ဒန္ျမိဳ႕၊ St Johns Wood ရွိ အိပ္ခန္း ၁ ခန္းသာပါေသာ လူေနခန္းဆိုလွ်င္လည္း အက်ယ္အဝန္း ၇၁ မီတာေက်ာ္သာရွိေသာ္လည္း ေစ်းႏႈန္းမွာ ေပါင္ ၁ ဒသမ ၀၉၅ သန္းအထိ ေပါက္ေစ်းရွိသည္။

ႏႈိင္းယွဥ္ၾကည့္မည္ဆိုပါက စေကာ့တလန္ႏိုင္ငံ၊ အဘာဒင္းျမိဳ႕မွ ၄၃၂ စတုရန္းမီတာ က်ယ္ဝန္းျပီး အိပ္ခန္း ၈ ခန္း၊ အျခားအခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္းပါေသာ လံုးခ်င္းအိမ္ကို အဆိုပါေစ်းႏႈန္းမွ်ျဖင့္ ဝယ္ယူရရွိႏိုင္သည္။

(ေနအိမ္တိုင္းတြင္ အမိုးပါဆင္ဝင္၊ ဧည့္ခန္း၊ အိပ္ခန္း နားေနခန္းႏွင့္ မီးဖိုေဆာင္ေပါင္းစပ္ထားေသာ အခန္း၊ မီးဖိုေဆာင္ႏွင့္ ေရခ်ဳိးခန္းမ်ား ပါဝင္သည္။ ဓာတ္ပံု- Credit: Knight Frank /Zoopla)

(ေနအိမ္ ၁၀ လံုးတန္းတစ္ခုလံုးကို ေပါင္ ၁ သန္းေက်ာ္မွ်ျဖင့္ ေရာင္းခ်မည္ျဖစ္သည္။ ဓာတ္ပံု Credit: Knight Frank /Zoopla)

(ဘာမင္ဂမ္ျမိဳ႕၊ A38 အေဝးေျပးလမ္းမၾကီးႏွင့္ နီးကပ္စြာ တည္ရွိသည္။ ဓာတ္ပံု Credit: Knight Frank /Zoopla)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: You could buy an entire row of houses in UK city for price of a London family home (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service