“မိုးသားတို့ကုန် ငွေနှင်းမှုန်ဖွဲ ပန်းခဝဲ”
“မိုးသားတို့ကုန် ငွေနှင်းမှုန်ဖွဲ ပန်းခဝဲ” - Property Knowledge in Myanmar from iMyanmarHouse.com
6 Nov 2022 3:56 pm တွင် တင်ခဲ့သည်
1517 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
-မြောက်လေငယ်သွင်းပါလို့၊မြူနှင်းငယ်စို။
မြင်တိုင်းငယ်ပျိုသည်၊ရွှေကျီးညိုတာရာနှင့်၊
ကြတ္တိကာထွန်းတဲ့ လကိုလေး။
တန်ဆောင်ငယ်မာသ၊ဆယ့်နှစ်လတွင်၊
ချမ်းမြအေးရင်၊ဗြိစ္ဆာခွင်သို့၊
ရက်ငင်ပြောင်းခွာ ခဝဲညှာလည်း၊
ခိုင်လွှာဝတ်မှုန်၊ရနံ့သာထုံတော့တယ်
ဘုန်းဂုဏ်ကြော့ သမ္ဘိန်မှာ၊
လှူကထိန် သဘင်ခင်းလို့၊ကျင်းကြတယ်လေး။ ။
-လှူကထိန် သင်္ကန်းနှင့်၊မဂ်လမ်းတည့်(တဲ့)ဆုပန်ရွယ်။
သည်ချိန်ကို ဝတ်မှုန်ကြဲလို့၊ခဝဲ ရွှေညှာရင်းမှာ၊
သင်းရနံ့ကြွယ်။
ကောင်းကင်လယ်၊ထက်ဝယ်ဘုံဦး။
ရွှေလစန္ဒာနှင့်၊ကြတ္တိကာ ကြယ်ရောင်စွန်းတယ်၊
ထွန်းထိန်လို့မြူး။ ။
မိုဃ်းဝသန် ချိန်ဆုံးလို့၊ တန်ဆောင်မုန်း ဗြိစာ္ဆ
ဘဝါးနှစ် စွန်းကာဝယ်၊ ကြတ္တိကာ ကြယ်မင်း။
ခဝဲပွင့် မာလာငယ်၊ သည်ချိန်ခါ မွှေးထုံပျံသင်း။
ဗာတ္တိံသ ညဉ့်နာရီ၊ အဋ္ဌ်စမ္မီ နေ့သွင်း။
မြောက်လေပြေ ဆော်ညှင်းလို့၊ အမင်းမင်း ရာဇာ။
ဉာတ်ကထိန် ခါသမယပေပို့၊ မဟာဒါန ပြုကြပေရှာ။
ဆယ်ရှစ်လုံး ပါဒ်သုညမှာ၊ သံသရာ နောင်အရေးကိုလ
ထောက်ထွေးကြံဆင်ခြင်၊ ကင်းလွတ်ကြောင်းအင်။
မြတ်ပုည အပေါင်းဆင်သည်၊ ကောင်းစွာပင် ပျော်ပွဲပလေး။ ။
-ငွေစန်းရယ်တဲ့ ပုဏ္ဏမီ၊ ရွှေကျီးညို တာရာနှင့်
ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ်၊ ချမ်းစရာသီ။
လှူကထိန် ခါတော်ပွဲငယ်နှင့်၊ခဝဲပွင့် ဝါစီစီ
သာကြည်လဲ့ မြူးရှင်း။
လတန်ဆောင်မှာ၊ ကြွပြောင်ပြောင် အသရေတင့်ပါဘိ
ရွှေမြင်းမိုရ် ဝါထိန်ထိန်နှင့်၊ ခါအချိန် မြောက်လေသွေးတယ်
အေးတဲ့ငွေနှင်း။
မြန်မာပညာရှိများသည် သူ့ရာသီနှင့်သူ ကဗျာများ ဖွဲ့စပ်ထားခဲ့ကြသည်။ထိုရာသီမှာပွင့်ကြသည့် ပန်း၊ထိုရာသီမှာ ထွန်းလင်းသည့်တာရာ၊နက္ခတ်တို့ကို ကဗျာများနှင့်ဖွဲ့စပ်ခဲ့ကြပါသည်။
တန်ဆောင်မုန်းတွင် ဗြိစ္ဆာရာသီ၊ကျီးတာရာ၊ကြတ္တိကာနက္ခတ်တို့ဖြစ်ပြီး ရာသီပန်းအနေနှင့် ခဝဲပွင့်ကို သင်္ကေတပြုခဲ့သည်။
တန်ဆောင်မုန်း၊တန်ဆောင်တိုင်တွင် ဆင်းရဲချမ်းသာမရွေး စုပေါင်းပြုလုပ်ကြသည့် ကုသိုလ်ကောင်းမှုသည်ကား စုပေါင်းဘုံကထိန်ပင်ဖြစ်သည်။
ကထိန်သင်္ကန်းသည် အထူးသတ်မှတ်ထားသော စည်းကမ်းချက်တို့နှင့်ဆက်ကပ်ရသော သင်္ကန်းဖြစ်ကြောင်း၊ထိုကထိန်သင်္ကန်းကပ်လှူရသောကာလမှာ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်တိုင် တစ်လအချိန်ရှိကြောင်းသိရသည်။
တန်ဆောင်တိုင်ပွဲတော် သည် ဗုဒ္ဓမပွင့်မီမှ ပွင့်ပြီးသည်အထိ ကြတ္တိကာနက္ခတ် မီးထွန်းပွဲတော်၊မဟာပိန္နဲ မီးထွန်းပွဲတော် စသည်တို့မှ ဗုဒ္ဓမီးပူဇော်ပွဲသို့တသွင် ပြောင်းလာခဲ့ကြောင်း၊မြန်မာနိုင်ငံ တန်ဆောင်တိုင်မီးထွန်း ပွဲတော်သည် ရဟန်းသံဃာတော်များအား ကထိန်သင်္ကန်းကပ်လှူပြီး လူ့ပြည်နတ်ပြည်ဗြဟ္မာပြည်ရှိ ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များအား တန်ဆောင်မီးဖြင့် ကပ်လှူပူဇော်သောတန်ဆောင်တိုင်ဖြစ်ကြောင်း ရှေးဆရာတို့ ဆိုထားသည်။
တန်ဆောင်မုန်းလတွင်ထွန်းလင်းသောကြတ္တိကာနက္ခတ်ကို ဖျောက်ဆိတ်ဟုခေါ်ကြောင်း၊၎င်းမှာ သူခိုးနက္ခက်ဖြစ်၍ ယင်းကို အစွဲပြု၍ တန်ဆောင်တိုင်ပွဲအပြီးတွင် ကာလသားများက ပျော်ရွှင်ပွဲအဖြစ် သူခိုးကြီးညကျင်းပကြသည်။သူတပါးအိမ်မှပစ္စည်းများကို အပြောင်းအရွှေ့ပြုလုပ်ကြသည်။ကာသားဟင်း ချက်စားခြင်းများပြုလုပ်ကြသည်။
တန်ဆောင်မုန်းတွင် ပွင့်သည့်ပန်းတို့ အများအပြားရှိပါသည်။သို့သော်လည်း စာဆိုတို့က တောချုံတို့တွင် သဘာဝ အလျောက်ပွင့်သည့် ခဝဲပန်းဝါဝါလေးကို ရာသီပန်းအဖြစ် အမှတ်ပြုထားခဲ့ကြပါသည်။
ရှင်မဟာရဋ္ဌသာရက တန်ဖိုးထားပေါများလှသည့်ပန်းတွေကြားမှ တန်ဆောင်မုန်းလ၏ အမှတ်အသားဖြစ်သော ခဝဲပန်းလေးကို ဘူရိဒတ်လင်္ကာကြီးတွင် ယခုလိုထည့်သွင်းဖွဲစပ်ခဲ့ပါတော့သည်။
ဝန်းကျင်နီးဝေး၊ပျံ့ပျံ့မွှေးသည်၊မုလေးကြက်ရုန်း၊ဂမုန်းနံ့ကြွယ်၊စံပယ်ပွင့်ဖြူ၊ရွှေတူစကား၊ချရားပွင့်ပန်း၊နွယ်ပန်းနံ့ကျော်၊ကံ့ကော်နံ့ကြူ၊ဇမ္ဗူနရီ၊သရဖီနှင့်၊လှိုင်ညီပုန်းညက်၊ရွက်လည်းဖားဖား၊ဖြူထွားထွားသည်၊ဆပ်သွားဇလပ်၊ ရွှေချပ်ခဝဲ၊ပွင့်မြဲဖက်ဆွတ်၊ရင်ခတ်ယင်းမာ၊ပရဝါနှင့်၊ခတ္တာ ကတ္တရီ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
သင်းရနံ့ကြွယ်။
ထွန်းထိန်လို့မြူး။ ။
မိုဃ်းဝသန် ချိန်ဆုံးလို့၊ တန်ဆောင်မုန်း ဗြိစ္ဆာ
သာကြည်လဲ့ မြူးရှင်း။
အေးတဲ့ငွေနှင်း။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service