အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး

အင်္ဂလန်က ပေါင် ၄၀၀,၀၀၀ တန် စံအိမ်ကြီးကို ၃ ပေါင် (မြန်မာငွေ ၇၁၀၀ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး - Property News in Myanmar from iMyanmarHouse.com
4 Nov 2022 11:12 am တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်္ဂလန်နိုင်ငံမှ ပေါင် ၄၀၀,၀၀၀ တန် ခမ်းနားထည်ဝါလှသော အိပ်ခန်း ၄ ခန်းပါ စံအိမ်ကြီးကို ၃ ပေါင် (မြန်မာကျပ်ငွေ ၇၁၈၄ ကျပ်) မျှဖြင့် ပိုင်ဆိုင်နိုင်မည့်အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။

စံအိမ်တည်နေရာမှာ အင်္ဂလန်နိုင်ငံတောင်ပိုင်းတွင် တည်ရှိပြီး အင်္ဂလန်မှ Daniel, Jason နှင့် Will Twenefour တို့ ညီအစ်ကို ၃ ဦးက လက်မှတ်ပေါင်း ၁၅၅၀၀၀ ကို တစ်စောင်လျှင် ၃ ပေါင်မျှ (ယခုအခါ ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးထား) ဖြင့် ရောင်းချကာ မဲဖောက်ပေးသွားမည်ဟု ဆိုသည်။

 

(အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း Kent ကောင်တီတွင် တည်ရှိသည်။ ဓာတ်ပုံ- Credit: Jam Press/TramwayPath)

 

 

(အိပ်ခန်း ၄ ခန်းပါနေအိမ်အတွင်း ရင်သပ်ရှုမောဖွယ် ရွှေရောင်မီးလင်းဖိုတစ်ခု ရှိသည်။ ဓာတ်ပုံ- Credit: Jam Press/TramwayPath)

(ခေတ်မီပစ္စည်းများ ထည့်သွင်းထားသော မီးဖိုဆောင်။ ဓာတ်ပုံ - Credit: Jam Press/TramwayPath)

 

ကံထူးရှင်ရရှိမည့် နေအိမ်မှာ ၃ ထပ်အဆောက်အအုံဖြစ်ပြီး ကျယ်ဝန်းသောအိပ်ခန်းများ၊ မီးဖိုဆောင် ညစာစားခန်း၊ ဧည့်ခန်းနှင့် ပန်းဥယျာဉ်တို့ ရှိသည်။

နေအိမ်အတွင်း ပရိဘောဂမပါသော်လည်း ရင်သပ်ရှုမောဖွယ် ရွှေရောင်မီးလင်းဖိုနှင့်အတူ အလားအလာကောင်းများ များစွာရှိသည်။

အင်္ဂလန်နိုင်ငံ၊ Kent ကောင်တီ၊ Medway ခရိုင်တွင် တည်ရှိပြီး လန်ဒန်မြို့သို့ ရထားဖြင့် ၁ နာရီခရီးသာ ကွာဝေးသောအရပ်တွင် တည်ရှိသည့် ထည်ဝါလှသော စံအိမ်ကြီးတွင် ခေတ်မီပစ္စည်းများ အပြည့်အစုံ ထည့်သွင်းပေးထားသော မီးဖိုဆောင်တစ်ခု ပါဝင်သည်။

ငှားရမ်းလျှင်ပင် တစ်လလျှင် ပျှမ်းမျှ ပေါင် ၂၀၀၀ ဝန်းကျင်ပေးရမည့် စံအိမ်ကြီးကို ၃ ပေါင်မျှဖြင့် ပိုင်ဆိုင်ခွင့်ရမည့် အခွင့်အလမ်းလည်း ဖြစ်သည်။

Daniel တို့ ညီအစ်ကို ၃ ဦးက လူတို့၏ ဘဝများကို ပြောင်းလဲပေးရန် ရည်ရွယ်ချက်ဖြင့် Tramway Path အမည်ဖြင့် လုပ်ငန်းတည်ထောင်ခဲ့ကာ နေအိမ် ၈ လုံးကို မဲလက်မှတ်များရောင်းချပြီး ကံထူးရှင်များထံ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ယခင် ကံထူးရှင်ရွေးချယ်ပေးခဲ့သည့် တိုက်ခန်း ၃ ခန်းမှာ ဘရစ္စတိုးလ်မြို့တွင် ဖြစ်ပြီး ပေါင် ၅၀၀၀၀၀ ခန့် တန်ကြေးရှိသည်။

ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းကာလအတွင်း Daniel က သူ၏နေအိမ်ကို ကံစမ်းမဲလက်မှတ်များမှတဆင့် ရောင်းချခဲ့ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းအသွင် လုပ်ဆောင်ရန် စိတ်ကူးရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပထမအကြိမ် ကံထူးရှင်ရွေးအပြီးမှာ ကျွန်တော့်ဆီကို လူတွေအများကြီးဆီက မက်ဆေ့တွေ၊ အီးမေးလ်တွေရောက်လာတယ်။ လူတွေ အိမ်ခြံမြေ ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီနည်းလမ်းက အထောက်အကူ ပြုနိုင်မှာ ဖြစ်တဲ့အတွက် ဒါမျိုးထပ်လုပ်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုကြပါတယ်။”

“လူတွေရဲ့ ဘဝကို ပြောင်းလဲပေးရတာဟာ ဝမ်းမြောက်စရာတစ်ခုပါ။ နောက်ထပ်လည်း လူအများကြီးရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်မယ့် အလားအလာတွေ ရှိပါတယ်” ဟု Daniel က ပြောသည်။

ယခုစံအိမ် ကံထူးရှင်ရွေးမည်မှာ စနေနေ့တွင်ဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ်အထိ လက်မှတ်ဝယ်ယူနိုင်မည် ဖြစ်သည်။

လက်မှတ်ဝယ်ယူလိုသူများအနေဖြင့် tramwaypath.co.uk ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာကာ ဝယ်ယူနိုင်သည်ဟု သိရသည်။

ယခုအခါ နောက်ဆုံးရက်သတ္တပတ်အနေဖြင့် လက်မှတ်ဈေးများ လျှော့ချပေးထားပြီး လက်မှတ် ၂၅ စောင်လျှင် ၁၂ ဒသမ ၅၀ ပေါင်ဖြင့် ဝယ်ယူနိုင်သည်ဟု ဆိုသည်။

(နေအိမ်များ မဲဖောက်ရောင်းချပေးလျက်ရှိသည့် Jason, Daniel နှင့် Will Twenefour တို့ ညီအစ်ကို ၃ ဦး။ ဓာတ်ပုံ-Credit: Jam Press/TramwayPath)

 

(နေအိမ်အတွင်း ကျယ်ဝန်းသော အိပ်ခန်း ၄ ခန်းရှိသည်။ ဓာတ်ပုံ- Credit: Jam Press/TramwayPath)

 

(ဤနေအိမ်၏ ငှားရမ်းခမှာ တစ်လလျှင် ပျှမ်းမျှအားဖြင့် ပေါင် ၂၀၀၀ ခန့်ရှိနိုင်သည်။ ဓာတ်ပုံ -Credit: Jam Press/TramwayPath)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Luxury £400,000 four-bedroom home could be yours for £3… it comes with a golden fireplace & you won’t have a mortgage (thesun)

 

 

[Zawgyi]

အဂၤလန္က ေပါင္ ၄၀၀,၀၀၀ တန္ စံအိမ္ၾကီးကို ၃ ေပါင္ (ျမန္မာေငြ ၇၁၀၀ က်ပ္) မွ်ျဖင့္ ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး

 

အဂၤလန္ႏိုင္ငံမွ ေပါင္ ၄၀၀,၀၀၀ တန္ ခမ္းနားထည္ဝါလွေသာ အိပ္ခန္း ၄ ခန္းပါ စံအိမ္ၾကီးကို ၃ ေပါင္ (ျမန္မာက်ပ္ေငြ ၇၁၈၄ က်ပ္) မွ်ျဖင့္ ပိုင္ဆိုင္ႏိုင္မည့္အခြင့္အလမ္းတစ္ခု ေပၚေပါက္လာျပီျဖစ္သည္။

စံအိမ္တည္ေနရာမွာ အဂၤလန္ႏိုင္ငံေတာင္ပိုင္းတြင္ တည္ရွိျပီး အဂၤလန္မွ Daniel, Jason ႏွင့္ Will Twenefour တို႔ ညီအစ္ကို ၃ ဦးက လက္မွတ္ေပါင္း ၁၅၅၀၀၀ ကို တစ္ေစာင္လွ်င္ ၃ ေပါင္မွ် (ယခုအခါ ၅၀ ရာခိုင္ႏႈန္း ေစ်းေလွ်ာ့ေပးထား) ျဖင့္ ေရာင္းခ်ကာ မဲေဖာက္ေပးသြားမည္ဟု ဆိုသည္။

(အဂၤလန္ႏိုင္ငံ၊ အေရွ႕ေတာင္ပိုင္း Kent ေကာင္တီတြင္ တည္ရွိသည္။ ဓာတ္ပံု- Credit: Jam Press/TramwayPath)

(အိပ္ခန္း ၄ ခန္းပါေနအိမ္အတြင္း ရင္သပ္ရႈေမာဖြယ္ ေရႊေရာင္မီးလင္းဖိုတစ္ခု ရွိသည္။ ဓာတ္ပံု- Credit: Jam Press/TramwayPath)

(ေခတ္မီပစၥည္းမ်ား ထည့္သြင္းထားေသာ မီးဖိုေဆာင္။ ဓာတ္ပံု - Credit: Jam Press/TramwayPath)

ကံထူးရွင္ရရွိမည့္ ေနအိမ္မွာ ၃ ထပ္အေဆာက္အအံုျဖစ္ျပီး က်ယ္ဝန္းေသာအိပ္ခန္းမ်ား၊ မီးဖိုေဆာင္ ညစာစားခန္း၊ ဧည့္ခန္းႏွင့္ ပန္းဥယ်ာဥ္တို႔ ရွိသည္။ ေနအိမ္အတြင္း ပရိေဘာဂမပါေသာ္လည္း ရင္သပ္ရႈေမာဖြယ္ ေရႊေရာင္မီးလင္းဖိုႏွင့္အတူ အလားအလာေကာင္းမ်ား မ်ားစြာရွိသည္။

အဂၤလန္ႏိုင္ငံ၊ Kent ေကာင္တီ၊ Medway ခရိုင္တြင္ တည္ရွိျပီး လန္ဒန္ျမိဳ႕သို႔ ရထားျဖင့္ ၁ နာရီခရီးသာ ကြာေဝးေသာအရပ္တြင္ တည္ရွိသည့္ ထည္ဝါလွေသာ စံအိမ္ၾကီးတြင္ ေခတ္မီပစၥည္းမ်ား အျပည့္အစံု ထည့္သြင္းေပးထားေသာ မီးဖိုေဆာင္တစ္ခု ပါဝင္သည္။

ငွားရမ္းလွ်င္ပင္ တစ္လလွ်င္ ပွ်မ္းမွ် ေပါင္ ၂၀၀၀ ဝန္းက်င္ေပးရမည့္ စံအိမ္ၾကီးကို ၃ ေပါင္မွ်ျဖင့္ ပိုင္ဆိုင္ခြင့္ရမည့္ အခြင့္အလမ္းလည္း ျဖစ္သည္။

Daniel တို႔ ညီအစ္ကို ၃ ဦးက လူတို႔၏ ဘဝမ်ားကို ေျပာင္းလဲေပးရန္ ရည္ရြယ္ခ်က္ျဖင့္ Tramway Path အမည္ျဖင့္ လုပ္ငန္းတည္ေထာင္ခဲ့ကာ ေနအိမ္ ၈ လံုးကို မဲလက္မွတ္မ်ားေရာင္းခ်ျပီး ကံထူးရွင္မ်ားထံ ေပးအပ္ခဲ့ျပီး ျဖစ္သည္။

ယခင္ ကံထူးရွင္ေရြးခ်ယ္ေပးခဲ့သည့္ တိုက္ခန္း ၃ ခန္းမွာ ဘရစၥတိုးလ္ျမိဳ႕တြင္ ျဖစ္ျပီး ေပါင္ ၅၀၀၀၀၀ ခန္႔ တန္ေၾကးရွိသည္။

ကိုရိုနာဗိုင္းရပ္စ္ ေလာ့ေဒါင္းကာလအတြင္း Daniel က သူ၏ေနအိမ္ကို ကံစမ္းမဲလက္မွတ္မ်ားမွတဆင့္ ေရာင္းခ်ခဲ့ျပီးေနာက္ပိုင္း စီးပြားေရးလုပ္ငန္းအသြင္ လုပ္ေဆာင္ရန္ စိတ္ကူးရခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

“ပထမအၾကိမ္ ကံထူးရွင္ေရြးအျပီးမွာ ကၽြန္ေတာ့္ဆီကို လူေတြအမ်ားၾကီးဆီက မက္ေဆ့ေတြ၊ အီးေမးလ္ေတြေရာက္လာတယ္။ လူေတြ အိမ္ျခံေျမ ပိုင္ဆိုင္ႏိုင္ဖုိ႔အတြက္ ဒီနည္းလမ္းက အေထာက္အကူ ျပဳႏိုင္မွာ ျဖစ္တဲ့အတြက္ ဒါမ်ဳိးထပ္လုပ္ေပးဖုိ႔ ကၽြန္ေတာ့္ကို ေတာင္းဆိုၾကပါတယ္။”

“လူေတြရဲ႕ ဘဝကို ေျပာင္းလဲေပးရတာဟာ ဝမ္းေျမာက္စရာတစ္ခုပါ။ ေနာက္ထပ္လည္း လူအမ်ားၾကီးရဲ႕ ဘဝေတြကို ေျပာင္းလဲေပးႏိုင္မယ့္ အလားအလာေတြ ရွိပါတယ္” ဟု Daniel က ေျပာသည္။

ယခုစံအိမ္ ကံထူးရွင္ေရြးမည္မွာ စေနေန႔တြင္ျဖစ္ျပီး ႏိုဝင္ဘာလ ၄ ရက္၊ ည ၁၁ နာရီ ၅၉ မိနစ္အထိ လက္မွတ္ဝယ္ယူႏိုင္မည္ ျဖစ္သည္။

လက္မွတ္ဝယ္ယူလိုသူမ်ားအေနျဖင့္ tramwaypath.co.uk ဝက္ဘ္ဆိုက္တြင္ ဝင္ေရာက္ေလ့လာကာ ဝယ္ယူႏိုင္သည္ဟု သိရသည္။

ယခုအခါ ေနာက္ဆံုးရက္သတၱပတ္အေနျဖင့္ လက္မွတ္ေစ်းမ်ား ေလွ်ာ့ခ်ေပးထားျပီး လက္မွတ္ ၂၅ ေစာင္လွ်င္ ၁၂ ဒသမ ၅၀ ေပါင္ျဖင့္ ဝယ္ယူႏိုင္သည္ဟု ဆိုသည္။

(ေနအိမ္မ်ား မဲေဖာက္ေရာင္းခ်ေပးလ်က္ရွိသည့္ Jason, Daniel ႏွင့္ Will Twenefour တို႔ ညီအစ္ကို ၃ ဦး။ ဓာတ္ပံု-Credit: Jam Press/TramwayPath)

(ေနအိမ္အတြင္း က်ယ္ဝန္းေသာ အိပ္ခန္း ၄ ခန္းရွိသည္။ ဓာတ္ပံု- Credit: Jam Press/TramwayPath)

(ဤေနအိမ္၏ ငွားရမ္းခမွာ တစ္လလွ်င္ ပွ်မ္းမွ်အားျဖင့္ ေပါင္ ၂၀၀၀ ခန္႔ရွိႏိုင္သည္။ ဓာတ္ပံု -Credit: Jam Press/TramwayPath)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Luxury £400,000 four-bedroom home could be yours for £3… it comes with a golden fireplace & you won’t have a mortgage (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service