ငရဲပြည်ရဲ့ တံခါးဝ အပြီးပိတ်သွားတော့မှာလား (သို့မဟုတ်) တာ့ခ်မန်နစ္စတန်နိုင်ငံမှ နှစ်ပေါင်း ၅၀ ကျော် မီးလောင်နေသော ဓာတ်ငွေ့ချောက်ကြီး

ငရဲပြည်ရဲ့ တံခါးဝ အပြီးပိတ်သွားတော့မှာလား (သို့မဟုတ်) တာ့ခ်မန်နစ္စတန်နိုင်ငံမှ နှစ်ပေါင်း ၅၀ ကျော် မီးလောင်နေသော ဓာတ်ငွေ့ချောက်ကြီး - Property News in Myanmar from iMyanmarHouse.com
3 Nov 2022 11:04 am တွင် တင်ခဲ့သည်
2631 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

တာ့ခ်မန်နစ္စတန်နိုင်ငံမှ ငရဲပြည်၏ တံခါးပေါက် (Gate of Hell) ဟု နာမည်ကျော်သော ဓာတ်ငွေ့တွင်းကြီးသည် ညအချိန် သွားရောက်ကြည့်ရှုလျှင် အကောင်းဆုံးမြင်ကွင်းများကို တွေ့ရှိရမည်ဖြစ်သည်။

တာ့ခ်မန်နစ္စတန်နိုင်ငံ၏ အံ့အားသင့်ဖွယ် တိတ်ဆိတ်လှသောမြို့တော် အက်ရှ်ဂါဘက် (Ashgabat) မှ မြောက်ဘက်သို့ ၃ နာရီခွဲခန့် ကားမောင်းသွားလျှင် တစထက်တစ မြေပြန့်လွင်ပြင်သို့ ရောက်ရှိလာကာ မည်သည့်အရာမျှ မရှိသော သဲကန္တာရသဖွယ် နေရာသို့ ရောက်ရှိလာမည် ဖြစ်သည်။

 

သဲများမှလွဲပြီး မည်သည့်အရာမှ မရှိသောနေရာတစ်ခုတွင် ဖုန်လမ်းကလေးတစ်ခုဆီသို့ ချိုးကွေ့လိုက်ပါ။

ထိုလမ်းကလေးအတိုင်းမောင်းသွားလျှင် ငရဲပြည်သို့ ရောက်လုမတတ် နက်ရှိုင်းသော ချောက်နက်ကြီးထဲမှ လိမ္မော်ရောင် မီးတောက်ကြီးများမှာ ကောင်းကင်ဆီသို့ တဟဲဟဲ တောက်လောင်နေသည်ကို တွေ့ရမည် ဖြစ်သည်။

တာ့ခ်မန်သတင်းမီဒီယာတို့တွင် ဤချောက်ကြီးကို ခါရာကွန်း၏ တောက်ပမှုဟု တင်စားကြသည်။ ထို့အပြင် ငရဲပြည်၏ တံခါး (သို့မဟုတ်) ငရဲဘုံသို့ ဂိတ်တံခါးများဟုလည်း လူသိများသည်။

ချောက်နက်တွင်းကြီး၏ အစပ်မှ လေထုမှာ အလွန်ပူလှပြီး ပေါက်ကွဲနေသည့် မီးတောင်အနီး နီးကပ်စွာ ရပ်နေရသည်နှင့် တူလှသည်။

ပရိုပိန်းဓာတ်ငွေ့နံ့များ ပျံ့နှံ့နေပြီး တဟဲဟဲ၊ တဝုန်းဝုန်းနှင့် မီးတောက်နေသော အသံကြီးများမှာ အလွန်ကျယ်လောင်လှကာ ဂျက်လေယာဉ်တစ်စင်းမှ အင်ဂျင်သံအလား မှတ်ထင်ရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါလ ၈ ရက်တွင် တာ့ခ်မန်နစ္စတန်သမ္မတ ဂါဘန်ဂူလီ ဘာဒီမူကာမက်ဒေါ့ (Gurbanguly Berdymukhamedov) က ဒါဗားဇာ (Darvaza) ဓာတ်ငွေ့တွင်းဟု အမည်ပေးထားသော အဆိုပါတွင်းကြီး ဆယ်စုနှစ်များစွာ လောင်ကျွမ်းနေသောမီးကို ငြိမ်းသတ်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။

ဓာတ်ငွေ့တွင်းကြီးဘေးတွင် နေထိုင်သူများအတွက် စိုးရိမ်မကင်းဖြစ်ရသည့်နည်းတူ တန်ဖိုးရှိသော မီသိန်းဓာတ်ငွေ့များ လေထုထဲသို့ အလဟဿ လောင်ကျွမ်းနေမှုအတွက် စီးပွားရေးအရ ဆုံးရှုံးမှုလည်း ဖြစ်ရကြောင်း သမ္မတ ဂါဘန်ဂူလီက ပြောသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

နှစ်ပေါင်းများစွာ လောင်ကျွမ်းနေခဲ့သော ဒါဗားဇာ ဓာတ်ငွေ့မီးကို မည်သို့သောနည်းလမ်းဖြင့် ငြိမ်းသတ်မည်ကိုမူ သမ္မတက အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

ဒါဗားဇာဓာတ်ငွေ့ချောက်ကြီးကို ဖို့ပစ်ခြင်း (သို့မဟုတ်) ဓာတ်ငွေ့များကို လမ်းလွှဲပစ်ခြင်းမျိုး ဖြစ်နိုင်သည်။

နှစ်ပေါင်းများစွာ ကြာမြင့်လာသည့် ကာလတိုင်အောင် အဆိုပါမီးကို ငြိမ်းသတ်ရန် လူပေါင်းများစွာက ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ ဤမီးလောင်ဓာတ်ငွေ့ချောက်ကြီး မည်သို့မည်ပုံပေါ်ပေါက်လာသည်ကို မည်သူမျှ အတိအကျ မသိကြ။

ပေါ်ပေါက်လာပုံ ဆန်းကြယ်နေသည်မှာလည်း ဒါဗားဇာဓာတ်ငွေ့ချောက်ကြီး၏ စိတ်ဝင်စားဖွယ်အချက်များတွင် ပါဝင်ကြောင်း မီးလောင်ချောက်ကြီးအောက်ခြေသို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပထမဆုံး ဆင်းသက်ဖူးသူ စူးစမ်းလေ့လာရေးသမား George Kourounis က ပြောသည်။

 

ဒါဗားဇာချောက်ကြီး၏ တည်နေရာမှာ မြောက်လတ္တီကျု ၄၀ ဒီဂရီ၊ ၁၅ မိနစ်၊ ၀၉ စက္ကန့်နှင့် အရှေ့လောင်ဂျီကျု ၅၈ ဒီဂရီ၊ ၂၆ မိနစ်၊ ၂၃ စက္ကန့်တွင် တည်ရှိသည်။

မီးလောင် ဓာတ်ငွေ့ချောက်ကြီး ပေါ်ပေါက်လာပုံနှင့် စပ်လျဉ်းပြီး လူပြောအများဆုံးမှာ ၁၉၇၁ ခုနှစ်အတွင်း မတော်တဆမှုတစ်ရပ်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဆိုဗီယက်တို့သည် ခါရာကွန်း (Karakum) သဲကန္တာရအတွင်း သဘာဝဓာတ်ငွေ့တွင်းတစ်ခု နက်ရှိုင်းစွာ တူးဖော်ခဲ့ကြသည်ဟု ဆို၏။

သဘာဝဓာတ်ငွေ့သည် တာ့ခ်မန်နစ္စတန်နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်နေသည်မှာ ယနေ့ကာလအထိပင်။

တူးဖော်မှုကြောင့် ပေါ်ပေါက်လာသော ချောက်ကြီးမှ ထွက်ပေါ်လာသည့် မီသိန်းဓာတ်ငွေ့များ ကုန်သွားရန် ဆိုဗီယက်တို့က မီးရှို့လိုက်ကြသည်ဟု ဆိုသည်။

မီသိန်းဓာတ်ငွေ့များသည် တစ်ရက် (သို့မဟုတ်) ၂ ရက်အတွင်း လောင်ကျွမ်းကုန်ဆုံးသွားမည်ဟု ဆိုဗီယက်တို့က ယူဆခဲ့ကြသည်။

သို့သော် နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ယနေ့ကာလအထိ လောင်ကျွမ်းနေဆဲ ဖြစ်သည်။

 

(၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် စူးစမ်းလေ့လာသူ George Kourounis က ချောက်ကြီး၏ အောက်ခြေသို့ ပထမဆုံး ဆင်းသက်ခဲ့သည်။ ဓာတ်ပုံ- Robin Brooks)

ဒေသတွင်း ဘူမိဗေဒပညာရှင်များက Kourounis အား ပြောပြသည်မှာမူ တမူကွဲပြားနေသည်။

“သူတို့ ကျွန်တော့်ကို ပြောတာကျတော့ ဒီချောက်ကြီးပေါ်ပေါက်လာတာက ၁၉၆၀ ပြည့်လွန် နှောင်းပိုင်းကာလက ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်ကာလတွေအထိ မီးမလောင်သေးဘူးလို့ ပြောကြပါတယ်”

ဆိုဗီယက်တို့သည် အဆိုပါမီးကို ငြိမ်းသတ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကြသည်ဟူသော သတင်းများလည်း ရှိသည်။

သမ္မတ ဂါဘန်ဂူလီသည် ၂၀၁၀ ပြည့်နှစ်ကလည်း မီးငြှိမ်းမည့်အစီအစဉ်တစ်ခု ကြေညာခဲ့ဖူးသည်။

သို့သော် ကြောက်မက်ဖွယ် မီးတောက်များ ဆက်လက်လောင်ကျွမ်းလျက်သာရှိရာ ကမ္ဘာလှည့်ခရီးသည်များ လည်း နှစ်စဉ်နှင့်အမျှ တိုး၍သာ ရောက်ရှိလာကြသည်။

အင်တာနက်တွင် ပျံ့နှံ့လာသော ဓာတ်ပုံများကြောင့်လည်း ဒါဗားဇာချောက်ကြီး၏ ကျော်ကြားမှုမှာ ပိုမိုကြီးထွားလာလျက် ရှိသည်။

သမ္မတ ဂါဘန်ဂူလီသည် သူသေဆုံးသွားပြီဟူသော ကောလာဟလသတင်းများကို ချေဖျက်ရန် ဤဓာတ်ငွေ့မီးလောင်ချောက်ကြီးမှ မီးတောက်များကိုပင် အသုံးပြုခဲ့သေးသည်။

 

သူ သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြရန်အတွက် သမ္မတ ဂါဘန်ဂူလီက ဓာတ်ငွေ့မီးတောက်များရှေ့တွင် ဒိုးနတ်ပြုလုပ်နေပုံ ဗွီဒီယို ရိုက်ကူးခဲ့သည်။

တာ့ခ်မန်နစ္စတန်သည် မြောက်ကိုရီးယားပြီးလျှင် ဒုတိယမြောက် အထီးကျန်ဆုံးနိုင်ငံအဖြစ်လည်း နာမည်ကျော်သည့်နိုင်ငံ ဖြစ်သည်။

ဓာတ်ငွေ့ချောက်ကြီးနှင့် အနီးဆုံးမြို့ကို ဖျက်သိမ်းရန်လည်း သမ္မတ ဂါဘန်ဂူလီက အမိန့်ပေးခဲ့သည်။

အဆိုပါမြို့၏ ဆင်းဆင်းရဲရဲ မြင်ကွင်းများကို သမ္မတက မနှစ်သက်ဟု ဆိုသည်။

 

(ငရဲဘုံတံခါးဝ ဓာတ်ငွေ့တွင်းအနီးတွင် အခြားသော ချောက်တွင်းကြီးများ များစွာလည်း ရှိပြီး အချို့မှာ ရွှံ့ညွန်များဖြင့် ပြည့်နှက်နေကာ အချို့မှာ ရေများဖြင့် ပြည့်နေပြီး အချို့မှာမူ မီးလောင်နေကြသည်။ သို့သော် မီးတောက် နည်းပါးသည်။ ဓာတ်ပုံ- George Kourounis)

ဤ ချောက်ကြီး၏ ဓာတ်ငွေ့မီးလောင်မှုမှာ တန်ဖိုးရှိသော မီသိန်းဓာတ်ငွေ့များ ဆုံးရှုံးရခြင်းသာမက သဘာဝပတ်ဝန်းကျင်အတွက်လည်း အန္တရာယ်ရှိသည်မှာ မငြင်းနိုင်ချေ။

“ဒီချောက်တွင်းကြီးဟာ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်”ဟု ချီကာဂိုမြို့၊ Rush တက္ကသိုလ်မှ Genomics and Microbiome Core Facility ၏ ညွှန်ကြားရေးမှူး Stefan Green က ပြောသည်။

(မီသိန်းအောက်ဆီဂျင်ဓာတ်ပြုပစ္စည်းများ၊ အလွန်မြင့်မားသည့်အပူချိန်တွင် ပေါက်ဖွားသည့် ဘက်တီးရီးယားနှင့် အနုဇီဝများ၊ မျိုးမှုန်ဖွဲ့စည်းသည့် ဘက်တီးရီးယားတို့မှာ မီးတောက်များအကြား အသက်ရှင်နေထိုင်လျက်ရှိ ကြောင်း တွေ့ရှိခဲ့ကြသည်။)

 

(ငရဲပြည်၏ တံခါးဝမှာ ညနေခင်းအချိန်တွင် ရှုခင်းအကောင်းဆုံးဖြစ်သည်။ ဓာတ်ပုံ- George Kourounis)

ဤမီးလောင်ချောက်ကြီးတွင် စီးပွားရေး အလားအလာများလည်း ရှိနေသည်။

တာ့ခ်မန်နစ္စတန်အနေဖြင့် ချောက်ကြီးအောက်ခြေကို တူးဖော်နိုင်မည်ဆိုပါက မီသိန်းဓာတ်ငွေ့အပြင် သဘာဝဓာတ်ငွေ့များပါ တူးဖော်ရရှိလာနိုင်သည်။

မီသိန်းဓာတ်ငွေ့ မည်မျှ တူးဖော်ရရှိနိုင်မည်ကိုမူ မည်သူမျှ မသိကြချေ။ သို့သော် ဤချောက်ကြီးမှာ ဆယ်စုနှစ်များစွာ မီးလောင်ကျွမ်းနေခဲ့ခြင်းကြောင့် ဓာတ်ငွေ့ပမာဏ ကြီးမားစွာ ရှိနေနိုင်သည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရှုထောင့်မှကြည့်လျှင်မူ ငရဲပြည်သို့ တံခါးဝအား ပိတ်လိုက်ခြင်းမှာ ခရီးသွားလုပ်ငန်းအတွက် သတင်းဆိုးဖြစ်လာနိုင်သည်။

ဤနေရာသည် တာ့ခ်မန်နစ္စတန်အတွက် အကြီးမားဆုံး ကမ္ဘာလှည့်ခရီးသည်ဆွဲဆောင်နိုင်သည့်နေရာတစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

သို့သော်ငြားလည်း အလွန်အထီးကျန်သော တာ့ခ်မန်နစ္စတန်သို့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု နည်းပါးသည်။

နှစ်စဉ် တာ့ခ်မန်နစ္စတန်သို့ လာရောက်လည်ပတ်သူ ၁၀၀၀၀ အောက်သာ ရှိသည်။

သင်ကော ငရဲပြည်၏ တံခါးဝသို့ သွားလိုပါသလား။ တည်နေရာ ကိုသြဒိနိတ်- 40°15′09″N 58°26′23″E

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Will the Gates of Hell be closed forever? (atlasobscura)

 

 

 

[Zawgyi]

ငရဲျပည္ရဲ႕ တံခါးဝ အျပီးပိတ္သြားေတာ့မွာလား (သို႔မဟုတ္) တာ့ခ္မန္နစၥတန္ႏိုင္ငံမွ ႏွစ္ေပါင္း ၅၀ ေက်ာ္ မီးေလာင္ေနေသာ ဓာတ္ေငြ႔ေခ်ာက္ၾကီး

 

တာ့ခ္မန္နစၥတန္ႏိုင္ငံမွ ငရဲျပည္၏ တံခါးေပါက္ (Gate of Hell) ဟု နာမည္ေက်ာ္ေသာ ဓာတ္ေငြ႔တြင္းၾကီးသည္ ညအခ်ိန္ သြားေရာက္ၾကည့္ရႈလွ်င္ အေကာင္းဆံုးျမင္ကြင္းမ်ားကို ေတြ႔ရွိရမည္ျဖစ္သည္။

တာ့ခ္မန္နစၥတန္ႏိုင္ငံ၏ အံ့အားသင့္ဖြယ္ တိတ္ဆိတ္လွေသာျမိဳ႕ေတာ္ အက္ရွ္ဂါဘက္ (Ashgabat) မွ ေျမာက္ဘက္သို႔ ၃ နာရီခြဲခန္႔ ကားေမာင္းသြားလွ်င္ တစထက္တစ ေျမျပန္႔လြင္ျပင္သို႔ ေရာက္ရွိလာကာ မည္သည့္အရာမွ် မရွိေသာ သဲကႏၱာရသဖြယ္ ေနရာသို႔ ေရာက္ရွိလာမည္ ျဖစ္သည္။

သဲမ်ားမွလြဲျပီး မည္သည့္အရာမွ မရွိေသာေနရာတစ္ခုတြင္ ဖုန္လမ္းကေလးတစ္ခုဆီသို႔ ခ်ဳိးေကြ႔လိုက္ပါ။

ထိုလမ္းကေလးအတိုင္းေမာင္းသြားလွ်င္ ငရဲျပည္သို႔ ေရာက္လုမတတ္ နက္ရႈိင္းေသာ ေခ်ာက္နက္ၾကီးထဲမွ လိေမၼာ္ေရာင္ မီးေတာက္ၾကီးမ်ားမွာ ေကာင္းကင္ဆီသို႔ တဟဲဟဲ ေတာက္ေလာင္ေနသည္ကို ေတြ႔ရမည္ ျဖစ္သည္။

တာ့ခ္မန္သတင္းမီဒီယာတို႔တြင္ ဤေခ်ာက္ၾကီးကို ခါရာကြန္း၏ ေတာက္ပမႈဟု တင္စားၾကသည္။ ထို႔အျပင္ ငရဲျပည္၏ တံခါး (သို႔မဟုတ္) ငရဲဘံုသို႔ ဂိတ္တံခါးမ်ားဟုလည္း လူသိမ်ားသည္။ ေခ်ာက္နက္တြင္းၾကီး၏ အစပ္မွ ေလထုမွာ အလြန္ပူလွျပီး ေပါက္ကြဲေနသည့္ မီးေတာင္အနီး နီးကပ္စြာ ရပ္ေနရသည္ႏွင့္ တူလွသည္။

ပရိုပိန္းဓာတ္ေငြ႔နံ႔မ်ား ပ်ံ႕ႏွံ႔ေနျပီး တဟဲဟဲ၊ တဝုန္းဝုန္းႏွင့္ မီးေတာက္ေနေသာ အသံၾကီးမ်ားမွာ အလြန္က်ယ္ေလာင္လွကာ ဂ်က္ေလယာဥ္တစ္စင္းမွ အင္ဂ်င္သံအလား မွတ္ထင္ရသည္။

၂၀၂၂ ခုႏွစ္၊ ဇန္နဝါလ ၈ ရက္တြင္ တာ့ခ္မန္နစၥတန္သမၼတ ဂါဘန္ဂူလီ ဘာဒီမူကာမက္ေဒါ့ (Gurbanguly Berdymukhamedov) က ဒါဗားဇာ (Darvaza) ဓာတ္ေငြ႔တြင္းဟု အမည္ေပးထားေသာ အဆိုပါတြင္းၾကီး ဆယ္စုႏွစ္မ်ားစြာ ေလာင္ကၽြမ္းေနေသာမီးကို ျငိမ္းသတ္ရန္ စီစဥ္ထားေၾကာင္း ေၾကညာခဲ့သည္။

ဓာတ္ေငြ႔တြင္းၾကီးေဘးတြင္ ေနထုိင္သူမ်ားအတြက္ စိုးရိမ္မကင္းျဖစ္ရသည့္နည္းတူ တန္ဖိုးရွိေသာ မီသိန္းဓာတ္ေငြ႔မ်ား ေလထုထဲသို႔ အလဟႆ ေလာင္ကၽြမ္းေနမႈအတြက္ စီးပြားေရးအရ ဆံုးရံႈးမႈလည္း ျဖစ္ရေၾကာင္း သမၼတ ဂါဘန္ဂူလီက ေျပာသည္ဟု AFP သတင္းဌာနက ေဖာ္ျပခဲ့သည္။

ႏွစ္ေပါင္းမ်ားစြာ ေလာင္ကၽြမ္းေနခဲ့ေသာ ဒါဗားဇာ ဓာတ္ေငြ႔မီးကို မည္သို႔ေသာနည္းလမ္းျဖင့္ ျငိမ္းသတ္မည္ကိုမူ သမၼတက အတိအက် ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေခ်။

ဒါဗားဇာဓာတ္ေငြ႔ေခ်ာက္ၾကီးကို ဖုိ႔ပစ္ျခင္း (သို႔မဟုတ္) ဓာတ္ေငြ႔မ်ားကို လမ္းလႊဲပစ္ျခင္းမ်ဳိး ျဖစ္ႏိုင္သည္။

ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္လာသည့္ ကာလတိုင္ေအာင္ အဆိုပါမီးကို ျငိမ္းသတ္ရန္ လူေပါင္းမ်ားစြာက ၾကိဳးပမ္းေနၾကဆဲ ျဖစ္သည္။ ဤမီးေလာင္ဓာတ္ေငြ႔ေခ်ာက္ၾကီး မည္သုိ႔မည္ပံုေပၚေပါက္လာသည္ကို မည္သူမွ် အတိအက် မသိၾက။

ေပၚေပါက္လာပံု ဆန္းၾကယ္ေနသည္မွာလည္း ဒါဗားဇာဓာတ္ေငြ႔ေခ်ာက္ၾကီး၏ စိတ္ဝင္စားဖြယ္အခ်က္မ်ားတြင္ ပါဝင္ေၾကာင္း မီးေလာင္ေခ်ာက္ၾကီးေအာက္ေျခသို႔ ၂၀၁၃ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း ပထမဆံုး ဆင္းသက္ဖူးသူ စူးစမ္းေလ့လာေရးသမား George Kourounis က ေျပာသည္။

ဒါဗားဇာေခ်ာက္ၾကီး၏ တည္ေနရာမွာ ေျမာက္လတၱီက်ဳ ၄၀ ဒီဂရီ၊ ၁၅ မိနစ္၊ ၀၉ စကၠန္႔ႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ ၅၈ ဒီဂရီ၊ ၂၆ မိနစ္၊ ၂၃ စကၠန္႔တြင္ တည္ရွိသည္။

မီးေလာင္ ဓာတ္ေငြ႔ေခ်ာက္ၾကီး ေပၚေပါက္လာပံုႏွင့္ စပ္လ်ဥ္းျပီး လူေျပာအမ်ားဆံုးမွာ ၁၉၇၁ ခုႏွစ္အတြင္း မေတာ္တဆမႈတစ္ရပ္မွ ေပၚေပါက္လာျခင္းျဖစ္သည္ဟု ဆိုသည္။

ဆိုဗီယက္တို႔သည္ ခါရာကြန္း (Karakum) သဲကႏၱာရအတြင္း သဘာဝဓာတ္ေငြ႔တြင္းတစ္ခု နက္ရႈိင္းစြာ တူးေဖာ္ခဲ့ၾကသည္ဟု ဆို၏။

သဘာဝဓာတ္ေငြ႔သည္ တာ့ခ္မန္နစၥတန္ႏိုင္ငံ၏ အဓိကပို႔ကုန္ျဖစ္ေနသည္မွာ ယေန႔ကာလအထိပင္။

တူးေဖာ္မႈေၾကာင့္ ေပၚေပါက္လာေသာ ေခ်ာက္ၾကီးမွ ထြက္ေပၚလာသည့္ မီသိန္းဓာတ္ေငြ႔မ်ား ကုန္သြားရန္ ဆိုဗီယက္တို႔က မီးရိႈ႕လိုက္ၾကသည္ဟု ဆိုသည္။

မီသိန္းဓာတ္ေငြ႔မ်ားသည္ တစ္ရက္ (သို႔မဟုတ္) ၂ ရက္အတြင္း ေလာင္ကၽြမ္းကုန္ဆံုးသြားမည္ဟု ဆိုဗီယက္တို႔က ယူဆခဲ့ၾကသည္။ သို႔ေသာ္ ႏွစ္ေပါင္း ၅၀ ေက်ာ္ၾကာေအာင္ ယေန႔ကာလအထိ ေလာင္ကၽြမ္းေနဆဲ ျဖစ္သည္။

(၂၀၁၃ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ စူးစမ္းေလ့လာသူ George Kourounis က ေခ်ာက္ၾကီး၏ ေအာက္ေျခသို႔ ပထမဆံုး ဆင္းသက္ခဲ့သည္။ ဓာတ္ပံု- Robin Brooks)

ေဒသတြင္း ဘူမိေဗဒပညာရွင္မ်ားက Kourounis အား ေျပာျပသည္မွာမူ တမူကြဲျပားေနသည္။

“သူတို႔ ကၽြန္ေတာ့္ကို ေျပာတာက်ေတာ့ ဒီေခ်ာက္ၾကီးေပၚေပါက္လာတာက ၁၉၆၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလက ျဖစ္ျပီး ၁၉၈၀ ျပည့္လြန္ကာလေတြအထိ မီးမေလာင္ေသးဘူးလို႔ ေျပာၾကပါတယ္” ဆိုဗီယက္တို႔သည္ အဆိုပါမီးကို ျငိမ္းသတ္ရန္ အၾကိမ္ေပါင္းမ်ားစြာ ၾကိဳးစားခဲ့ၾကသည္ဟူေသာ သတင္းမ်ားလည္း ရွိသည္။

သမၼတ ဂါဘန္ဂူလီသည္ ၂၀၁၀ ျပည့္ႏွစ္ကလည္း မီးျငိွမ္းမည့္အစီအစဥ္တစ္ခု ေၾကညာခဲ့ဖူးသည္။

သို႔ေသာ္ ေၾကာက္မက္ဖြယ္ မီးေတာက္မ်ား ဆက္လက္ေလာင္ကၽြမ္းလ်က္သာရွိရာ ကမၻာလွည့္ခရီးသည္မ်ား လည္း ႏွစ္စဥ္ႏွင့္အမွ် တုိး၍သာ ေရာက္ရွိလာၾကသည္။

အင္တာနက္တြင္ ပ်ံ႕ႏွံ႔လာေသာ ဓာတ္ပံုမ်ားေၾကာင့္လည္း ဒါဗားဇာေခ်ာက္ၾကီး၏ ေက်ာ္ၾကားမႈမွာ ပိုမိုၾကီးထြားလာလ်က္ ရွိသည္။ သမၼတ ဂါဘန္ဂူလီသည္ သူေသဆံုးသြားျပီဟူေသာ ေကာလာဟလသတင္းမ်ားကို ေခ်ဖ်က္ရန္ ဤဓာတ္ေငြ႔မီးေလာင္ေခ်ာက္ၾကီးမွ မီးေတာက္မ်ားကိုပင္ အသံုးျပဳခဲ့ေသးသည္။

သူ သက္ရွိထင္ရွားရွိေနေသးေၾကာင္း သက္ေသျပရန္အတြက္ သမၼတ ဂါဘန္ဂူလီက ဓာတ္ေငြ႔မီးေတာက္မ်ားေရွ႕တြင္ ဒိုးနတ္ျပဳလုပ္ေနပံု ဗြီဒီယို ရိုက္ကူးခဲ့သည္။

တာ့ခ္မန္နစၥတန္သည္ ေျမာက္ကိုရီးယားျပီးလွ်င္ ဒုတိယေျမာက္ အထီးက်န္ဆံုးႏိုင္ငံအျဖစ္လည္း နာမည္ေက်ာ္သည့္ႏိုင္ငံ ျဖစ္သည္။

ဓာတ္ေငြ႔ေခ်ာက္ၾကီးႏွင့္ အနီးဆံုးျမိဳ႕ကို ဖ်က္သိမ္းရန္လည္း သမၼတ ဂါဘန္ဂူလီက အမိန္႔ေပးခဲ့သည္။

အဆိုပါျမိဳ႕၏ ဆင္းဆင္းရဲရဲ ျမင္ကြင္းမ်ားကို သမၼတက မႏွစ္သက္ဟု ဆိုသည္။

(ငရဲဘံုတံခါးဝ ဓာတ္ေငြ႔တြင္းအနီးတြင္ အျခားေသာ ေခ်ာက္တြင္းၾကီးမ်ား မ်ားစြာလည္း ရွိျပီး အခ်ဳိ႕မွာ ရႊံ႕ညြန္မ်ားျဖင့္ ျပည့္ႏွက္ေနကာ အခ်ဳိ႕မွာ ေရမ်ားျဖင့္ ျပည့္ေနျပီး အခ်ဳိ႕မွာမူ မီးေလာင္ေနၾကသည္။ သို႔ေသာ္ မီးေတာက္ နည္းပါးသည္။ ဓာတ္ပံု- George Kourounis)

ဤ ေခ်ာက္ၾကီး၏ ဓာတ္ေငြ႔မီးေလာင္မႈမွာ တန္ဖုိးရွိေသာ မီသိန္းဓာတ္ေငြ႔မ်ား ဆံုးရံႈးရျခင္းသာမက သဘာဝပတ္ဝန္းက်င္အတြက္လည္း အႏၱရာယ္ရွိသည္မွာ မျငင္းႏိုင္ေခ်။

“ဒီေခ်ာက္တြင္းၾကီးဟာ သဘာဝပတ္ဝန္းက်င္ကို ညစ္ညမ္းေစပါတယ္”ဟု ခ်ီကာဂိုျမိဳ႕၊ Rush တကၠသိုလ္မွ Genomics and Microbiome Core Facility ၏ ညႊန္ၾကားေရးမွဴး Stefan Green က ေျပာသည္။

(မီသိန္းေအာက္ဆီဂ်င္ဓာတ္ျပဳပစၥည္းမ်ား၊ အလြန္ျမင့္မားသည့္အပူခ်ိန္တြင္ ေပါက္ဖြားသည့္ ဘက္တီးရီးယားႏွင့္ အႏုဇီဝမ်ား၊ မ်ဳိးမႈန္ဖြဲ႔စည္းသည့္ ဘက္တီးရီးယားတို႔မွာ မီးေတာက္မ်ားအၾကား အသက္ရွင္ေနထုိင္လ်က္ရွိ ေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။)

(ငရဲျပည္၏ တံခါးဝမွာ ညေနခင္းအခ်ိန္တြင္ ရႈခင္းအေကာင္းဆံုးျဖစ္သည္။ ဓာတ္ပံု- George Kourounis)

ဤမီးေလာင္ေခ်ာက္ၾကီးတြင္ စီးပြားေရး အလားအလာမ်ားလည္း ရွိေနသည္။

တာ့ခ္မန္နစၥတန္အေနျဖင့္ ေခ်ာက္ၾကီးေအာက္ေျခကို တူးေဖာ္ႏိုင္မည္ဆိုပါက မီသိန္းဓာတ္ေငြ႔အျပင္ သဘာဝဓာတ္ေငြ႔မ်ားပါ တူးေဖာ္ရရွိလာႏိုင္သည္။

မီသိန္းဓာတ္ေငြ႔ မည္မွ် တူးေဖာ္ရရွိႏိုင္မည္ကိုမူ မည္သူမွ် မသိၾကေခ်။ သို႔ေသာ္ ဤေခ်ာက္ၾကီးမွာ ဆယ္စုႏွစ္မ်ားစြာ မီးေလာင္ကၽြမ္းေနခဲ့ျခင္းေၾကာင့္ ဓာတ္ေငြ႔ပမာဏ ၾကီးမားစြာ ရွိေနႏိုင္သည္။

ကမၻာလွည့္ခရီးသြားလုပ္ငန္းရႈေထာင့္မွၾကည့္လွ်င္မူ ငရဲျပည္သို႔ တံခါးဝအား ပိတ္လိုက္ျခင္းမွာ ခရီးသြားလုပ္ငန္းအတြက္ သတင္းဆိုးျဖစ္လာႏိုင္သည္။

ဤေနရာသည္ တာ့ခ္မန္နစၥတန္အတြက္ အၾကီးမားဆံုး ကမၻာလွည့္ခရီးသည္ဆြဲေဆာင္ႏိုင္သည့္ေနရာတစ္ခု ျဖစ္သည္မွာ သံသယျဖစ္ဖြယ္ မရွိေခ်။

သို႔ေသာ္ျငားလည္း အလြန္အထီးက်န္ေသာ တာ့ခ္မန္နစၥတန္သို႔ ကမၻာလွည့္ခရီးသည္ လာေရာက္မႈ နည္းပါးသည္။

ႏွစ္စဥ္ တာ့ခ္မန္နစၥတန္သို႔ လာေရာက္လည္ပတ္သူ ၁၀၀၀၀ ေအာက္သာ ရွိသည္။

သင္ေကာ ငရဲျပည္၏ တံခါးဝသို႔ သြားလိုပါသလား။ တည္ေနရာ ကိုၾသဒိနိတ္- 40°15′09″N 58°26′23″E

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit to Photo

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Will the Gates of Hell be closed forever? (atlasobscura)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service