ဒူဘိုင်းက ဂင်းနက်စ်စံချိန်တွေ အများကြီးတင်ထားတဲ့ အံ့ဘနန်း ပန်းဥယျာဉ်ကြီး

ဒူဘိုင်းက ဂင်းနက်စ်စံချိန်တွေ အများကြီးတင်ထားတဲ့ အံ့ဘနန်း ပန်းဥယျာဉ်ကြီး - Property News in Myanmar from iMyanmarHouse.com
1 Nov 2022 11:04 am တွင် တင်ခဲ့သည်
1093 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် ဂင်းနက်စ်စံချိန်တင်သော အံ့ဘနန်းပန်းဥယျာဉ်ကြီးတစ်ခု တည်ရှိပြီး Miracle Garden ဟု ခေါ်သည်။

အဆိုပါ ပန်းဥယျာဉ်သည် တစ်နှစ်နှင့်တစ်နှစ် ခင်းကျင်းထားရှိပုံ အမျိုးမျိုး ပြောင်းလဲလေ့ရှိရာ ယခု ၂၀၂၂ ခုနှစ်ဆိုလျှင် ၁၁ ရာသီမြောက် ကာလသို့ ရောက်ခဲ့ပြီ ဖြစ်သည်။

ဒူဘိုင်း၏ အံ့ဖွယ်ဥယျာဉ်သည် တစ်နှစ်လုံးဖွင့်လှစ်ခြင်းမရှိဘဲ သတ်မှတ်ကာလများတွင်သာ ဖွင့်လှစ်ပြီး ၂၀၂၂ ခုနှစ်အတွက် အောက်တိုဘာလမှ စတင်ကာ ဖွင့်လှစ်ပေးထားပြီ ဖြစ်ရာ ဥယျာဉ်ကြီး၏ ခင်းကျင်းပြသထားသော ပန်းအလှအသစ်များကို ကြည့်ရှုနိုင်ပြီ ဖြစ်သည်။

ဂင်းနက်စ်စံချိန်များစွာတင်ထားသော ပန်းခြံကြီး၏ ပြိုင်ဘက်မရှိအလှတရားကို ခံစားရန် နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသည် ထောင်သောင်းချီကာ လာရောက်ကြလေ့ ရှိသည်။

၁။ ခုန်ပေါက်ဂျွမ်းထိုးနိုင်သည့်နေရာ

ကလေးများအနေဖြင့် ပန်းခြံထဲတွင် လျှောက်သွားနေလိုမည် မဟုတ်ချေ။ ထို့ကြောင့် ကလေးများအတွက် စပရိန်အခင်းတပ်ဆင်ပေးထားသော ခုန်ပေါက်ဆော့ကစားနိုင်သည့် ကစားကွင်းရှိသည်။

၂။ ညဘက်အလှ

ဒူဘိုင်း Miracle ပန်းခြံသို့ ညဘက်တွင်လည်း သွားဖြစ်အောင်သွားကြည့်ပါ။ အဘယ့်ကြောင့်ဆိုသော် ညဘက်ရောက်လျှင် ပန်းခြံတစ်ခုလုံးနှင့် အရုပ်များအားလုံးကို လှပဆန်းကြယ်စွာ မီးအလှဆင်ထားသောကြောင့် ဖြစ်သည်။

၃။ Emirates A380 လေယာဉ်ရုပ်ကြီး

ဒူဘိုင်း Miracle ပန်းခြံအတွင်း ကမ္ဘာပေါ်တွင် အကြီးဆုံးလေယာဉ်ဖြစ်သော Emirates လေကြောင်းလိုင်း၏ A380 လေယာဉ်ကြီး၏ တကယ့်အရွယ်အစားအတိုင်း ပန်းများဖြင့် ပုံဖော်ထားသော လေယာဉ်ရုပ်ကြီးတစ်ခုလည်း ရှိသည်။

အဆိုပါ လေယာဉ်ရုပ်ကြီးကို ပန်းပွင့်ပေါင်း ၅၀၀၀၀၀ ဖြင့် ၄လခန့်အချိန်ယူကာ ပြုလုပ်ရခြင်းဖြစ်သည်။

အဆိုပါ လေယာဉ်ရုပ်ကြီးသည် ကမ္ဘာ့အကြီးမားဆုံး ပန်းပွင့်များဖြင့် ပုံဖော်မှုအဖြစ် ဂင်းနက်စ် စံချိန်တင်ထားသည်။

၄။ ဒစ္စနေရိပ်သာ

Miracle ပန်းခြံတွင် ကြီးမားလှသော Mickey Mouse အရုပ်ကြီးတစ်ခုရှိပြီး ထိုအရုပ်မှာလည်း ဂင်းနက်စ် စံချိန်တင်ထားသည်။

ယင်းအရုပ်ကြီးကို ပန်းပွင့်ပေါင်း ၁၀၀၀၀၀ ကျော်ဖြင့် ပုံဖော်ပြုလုပ်ထားပြီး အလေးချိန် ၃၅ တန် ရှိသည်။

အခြားသော ဒစ္စနေ ဇာတ်ကောင်ရုပ်များကိုလည်း တွေ့ရှိရမည်ဖြစ်သည်။

၅။ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ (Lost Paradise)

Lost Paradise တွင် ခင်းကျင်းပြသထားသည့် မြင်ကွင်းများက သင့်အား အသက်ရှူမှားစေမည် ဖြစ်သည်။

၆။ လိပ်ပြာလမ်းကလေး

လိပ်ပြာများပုံသဏ္ဍာန် ဘောင်ခတ်ပြုလုပ်ထားသော လှပသည့် လမ်းကလေးကလည်း သင့်အား စောင့်ကြိုနေသည်။

ကင်မရာယူသွားရန်မမေ့ပါနှင့်။

၇။ အသဲပုံလမ်းကလေး

ချစ်ရသူနှင့်အတူ ရိုမန့်တစ်ဆန်သော ဓာတ်ပုံရိုက်လိုပါက အသဲပုံလမ်းကလေးထက် ပိုကောင်းသည့် အခြားနေရာမရှိ။

Miracle ပန်းခြံမှ အသဲပုံလမ်းကလေးသည် စုံတွဲများအကြား နာမည်ကျော်ပြီး အထူးသဖြင့် ချစ်သူများနေ့တွင် အလွန်စည်ကားလေ့ရှိသည်။

၈။ ထီးလမ်းကလေး

အပေါ်ကိုမော့ကြည့်ကာ အရောင်အသွေးစုံသော ထီးများ၏အလှကို ခံစားရန် စိတ်ကူးကြည့်ဖူးပါသလား။

ဤနေရာမှာ အကောင်းဆုံးဖြစ်ပါသည်။

၉။ နားနေတဲလေးများ

ပန်းခြံအလယ်တွင် ခေတ္တနားနေနိုင်မည့် ခမ်းနားလှသော နားနေတဲလေးများမှာ များစွာ သက်တောင့်သက်သာ ရှိမည့် နေရာလေးများ ဖြစ်သည်။

၁၀။ ပန်းရဲတိုက်

ပန်းပွင့်များဖြင့် ပြုလုပ်ထားသည့် ရဲတိုက်ကြီးတစ်ခု တွေ့ဖူးပါသလား။ ဒူဘိုင်းမှ Miracle ပန်းခြံကြီးအလယ်တွင် အထင်ကရတစ်ခုဖြစ်သည့် ပန်းရဲတိုက်ကြီးကိုလည်း ရောက်အောင်သွားကြည့်ကာ ဓာတ်ပုံရိုက်ခဲ့ပါဦး။

၁၁။ ပန်းနာရီ

Miracle ပန်းဥယျာဉ်တွင် အလျား ၁၅ မီတာ (၄၉ ပေ) ခန့်ရှိသော ကြီးမားလှသည့် ပန်းနာရီကြီးတစ်ခုရှိပြီး နှစ်စဉ်ပန်းရာသီတိုင်း သွင်ပြင်ပြောင်းလဲမှုရှိသည်။

၁၂။ ပန်းရေကန်

ပန်းရေကန်မှာ Miracle ပန်းခြံ၏ အံ့ဖွယ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သင့်အားအမှန်ပင် တမူထူးသော ခံစားချက်ကို ပေးစွမ်းမည် ဖြစ်သည်။ ကြည်လင်နေသော ပန်းရေကန်၏ ဘေးပတ်လည်တွင် ပန်းများကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အလှဆင်ထားကာ သင့်အား ထာဝရမမေ့နိုင်မည့် ကြည်နူးဖွယ်အတွေ့အကြုံကို ပေးမည် ဖြစ်သည်။

၁၃။ ပန်းတောင်ကုန်း

Miracle ပန်းဥယျာဉ်အတွင်း အလှဆင်ထားသော ပန်းရှုခင်းများအနက် အလှဆုံးကား တောင်ကုန်းတစ်ခုဘေးတွင် ပန်းများအလှဆင်စိုက်ပျိုးထားသော ပန်းတောင်ကုန်းဖြစ်၏။ ရှုခင်းကား သေလောက်သည်။

၁၄။ ပန်းဝက်ဝံ

ပန်းခြံအတွင်း အလှဆင်ထားသည်များအနက် အလျား ၁၂ မီတာ (၃၉ ပေ) ခန့်ရှိ ကြီးမားလှသော Teddy Bear ဝက်ဝံရုပ်ကြီးကို အသည်းပုံနှင့်တွေ့ရသည်မှာလည်း ခမ်းနားလှသည်။

၁၅။ ရှုခင်းကြည့်အဆောက်အအုံငယ်များ

Miracle ပန်းခြံ၏ အလယ်တွင် ဆောက်လုပ်ထားသော ရှုခင်းကြည့်အဆောက်အအုံငယ်များမှာလည်း ခမ်းနားသည့်အလှတရားတစ်ခုပင်။ အဆိုပါ အဆောက်အအုံများ၏ ဗိသုကာဟန်များမှာ ဂရိ၊ ပါရှားနှင့် တရုတ်ဗိသုကာလက်ရာဟန်များအထိ ခေတ်ဟောင်းသမိုင်းဟန်များအတိုင်း ဆောက်လုပ်ထားသည်။

(လိပ်ပြာဥယျာဉ်)

ဒူဘိုင်းလိပ်ပြာဥယျာဉ်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးလိပ်ပြာဥယျာဉ်အဖြစ် စံချိန်တင်ထားသည်။

လိပ်ပြာဥယျာဉ်တွင် လိပ်ပြာမျိုးစိတ် ၂၆ မျိုးမှ အရောင်အသွေးစုံလင်လှသော လိပ်ပြာပေါင်း ၁၅၀၀၀ ခန့် မွေးမြူပြသထားသည်။

(ဒူဘိုင်း Miracle ပန်းဥယျာဉ်ကြီး၏ ယခုနှစ်ဖွင့်လှစ်မှုနှင့် စပ်လျဉ်းပြီး သိသင့်သော အချက်များ)

(တည်နေရာ)- Dubai မှ Dubailand ၏ Al Barsha South 3 တွင် တည်ရှိသည်။

Miracle ပန်းဥယျာဉ်သို့ သွားလာရေးအတွက် ရွေးချယ်စရာများစွာရှိပြီး ကားရပ်နားရန်နေရာလည်း ပေါများသည်။

(၂၀၂၂ ခုနှစ်အတွက် ပန်းခြံဝင်ခွင့် လက်မှတ်ဈေးနှုန်း)

လူတစ်ဦးချင်းစီ ဝင်ရောက်မှုများကို ပန်းခြံဂိတ်များတွင် ဝယ်ယူရမည် ဖြစ်သည်။

လူကြီး (အသက် ၁၂ နှစ်အထက်) တစ်ဦးလျှင် ဒူဘိုင်း Dirham ငွေ ၇၅ (မြန်မာကျပ်ငွေအားဖြင့် ၄၂၀၀၀ ကျော်)

ကလေး(အသက် ၃ နှစ်မှ ၁၂ နှစ်) တစ်ဦးလျှင် ဒူဘိုင်း Dirham ငွေ ၆၀ (မြန်မာကျပ်ငွေအားဖြင့် ၃၄၀၀၀ ကျော်)

အသက် ၃ နှစ်အောက်ကလေးငယ်များနှင့် မသန်စွမ်းများမှာမူ ဝင်ကြေးအခမဲ့ဖြစ်သည်။

အကယ်၍ သင့်အနေဖြင့် စာသင်ကျောင်းများ (သို့မဟုတ်) အဖွဲ့အစည်းများအတွက် ပန်းခြံဝင်ရောက်ခွင့် ကြိုတင် booking တင်လိုပါက booking@dubaimiraclegarden.com အီးမေးလ်လိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

(ပန်းခြံစတင်ဖွင့်လှစ်မည့် ရက်စွဲ)

ဒူဘိုင်း Miracle ပန်းခြံသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

(ပန်းခြံဖွင့်ချိန်)

၂၀၂၂/ ၂၀၂၃ ခုနှစ်အတွင်း ဒူဘိုင်း Miracle ပန်းခြံကို နေ့စဉ်နေ့တိုင်း အောက်ပါအတိုင်းဖွင့်လှစ်သွားမည်ဖြစ်သည်။

ရုံးဖွင့်ရက်များ - မနက် ၉ နာရီမှ ည ၉ နာရီ

ရုံးပိတ်ရက်များ- မနက် ၉ နာရီမှ ည ၁၁ နာရီ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Flowery Adventure at Dubai Miracle Garden (propertyfinder)

[Zawgyi]

ဒူဘိုင္းက ဂင္းနက္စ္စံခ်ိန္ေတြ အမ်ားၾကီးတင္ထားတဲ့ အံ့ဘနန္း ပန္းဥယ်ာဥ္ၾကီး

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ ဒူဘိုင္းတြင္ ဂင္းနက္စ္စံခ်ိန္တင္ေသာ အံ့ဘနန္းပန္းဥယ်ာဥ္ၾကီးတစ္ခု တည္ရွိျပီး Miracle Garden ဟု ေခၚသည္။

အဆိုပါ ပန္းဥယ်ာဥ္သည္ တစ္ႏွစ္ႏွင့္တစ္ႏွစ္ ခင္းက်င္းထားရွိပံု အမ်ဳိးမ်ဳိး ေျပာင္းလဲေလ့ရွိရာ ယခု ၂၀၂၂ ခုႏွစ္ဆိုလွ်င္ ၁၁ ရာသီေျမာက္ ကာလသို႔ ေရာက္ခဲ့ျပီ ျဖစ္သည္။

ဒူဘိုင္း၏ အံ့ဖြယ္ဥယ်ာဥ္သည္ တစ္ႏွစ္လံုးဖြင့္လွစ္ျခင္းမရွိဘဲ သတ္မွတ္ကာလမ်ားတြင္သာ ဖြင့္လွစ္ျပီး ၂၀၂၂ ခုႏွစ္အတြက္ ေအာက္တိုဘာလမွ စတင္ကာ ဖြင့္လွစ္ေပးထားျပီ ျဖစ္ရာ ဥယ်ာဥ္ၾကီး၏ ခင္းက်င္းျပသထားေသာ ပန္းအလွအသစ္မ်ားကို ၾကည့္ရႈႏိုင္ျပီ ျဖစ္သည္။

ဂင္းနက္စ္စံခ်ိန္မ်ားစြာတင္ထားေသာ ပန္းျခံၾကီး၏ ျပိဳင္ဘက္မရွိအလွတရားကို ခံစားရန္ ႏွစ္စဥ္ႏွစ္တိုင္း ကမၻာလွည့္ခရီးသည္ ေထာင္ေသာင္းခ်ီကာ လာေရာက္ၾကေလ့ ရွိသည္။

၁။ ခုန္ေပါက္ဂၽြမ္းထိုးႏိုင္သည့္ေနရာ

ကေလးမ်ားအေနျဖင့္ ပန္းျခံထဲတြင္ ေလွ်ာက္သြားေနလိုမည္ မဟုတ္ေခ်။ ထို႔ေၾကာင့္ ကေလးမ်ားအတြက္ စပရိန္အခင္းတပ္ဆင္ေပးထားေသာ ခုန္ေပါက္ေဆာ့ကစားႏုိင္သည့္ ကစားကြင္းရွိသည္။

၂။ ညဘက္အလွ

ဒူဘိုင္း Miracle ပန္းျခံသုိ႔ ညဘက္တြင္လည္း သြားျဖစ္ေအာင္သြားၾကည့္ပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ ညဘက္ေရာက္လွ်င္ ပန္းျခံတစ္ခုလံုးႏွင့္ အရုပ္မ်ားအားလံုးကို လွပဆန္းၾကယ္စြာ မီးအလွဆင္ထားေသာေၾကာင့္ ျဖစ္သည္။

၃။ Emirates A380 ေလယာဥ္ရုပ္ၾကီး

ဒူဘုိင္း Miracle ပန္းျခံအတြင္း ကမၻာေပၚတြင္ အၾကီးဆံုးေလယာဥ္ျဖစ္ေသာ Emirates ေလေၾကာင္းလိုင္း၏ A380 ေလယာဥ္ၾကီး၏ တကယ့္အရြယ္အစားအတုိင္း ပန္းမ်ားျဖင့္ ပံုေဖာ္ထားေသာ ေလယာဥ္ရုပ္ၾကီးတစ္ခုလည္း ရွိသည္။

အဆိုပါ ေလယာဥ္ရုပ္ၾကီးကို ပန္းပြင့္ေပါင္း ၅၀၀၀၀၀ ျဖင့္ ၄လခန္႔အခ်ိန္ယူကာ ျပဳလုပ္ရျခင္းျဖစ္သည္။

အဆိုပါ ေလယာဥ္ရုပ္ၾကီးသည္ ကမၻာ့အၾကီးမားဆံုး ပန္းပြင့္မ်ားျဖင့္ ပံုေဖာ္မႈအျဖစ္ ဂင္းနက္စ္ စံခ်ိန္တင္ထားသည္။

၄။ ဒစၥေနရိပ္သာ

Miracle ပန္းျခံတြင္ ၾကီးမားလွေသာ Mickey Mouse အရုပ္ၾကီးတစ္ခုရွိျပီး ထိုအရုပ္မွာလည္း ဂင္းနက္စ္ စံခ်ိန္တင္ထားသည္။

ယင္းအရုပ္ၾကီးကို ပန္းပြင့္ေပါင္း ၁၀၀၀၀၀ ေက်ာ္ျဖင့္ ပံုေဖာ္ျပဳလုပ္ထားျပီး အေလးခ်ိန္ ၃၅ တန္ ရွိသည္။

အျခားေသာ ဒစၥေန ဇာတ္ေကာင္ရုပ္မ်ားကိုလည္း ေတြ႔ရွိရမည္ျဖစ္သည္။

၅။ ေပ်ာက္ဆံုးေနေသာ နိဗၺာန္ဘံု (Lost Paradise)

Lost Paradise တြင္ ခင္းက်င္းျပသထားသည့္ ျမင္ကြင္းမ်ားက သင့္အား အသက္ရွဴမွားေစမည္ ျဖစ္သည္။

၆။ လိပ္ျပာလမ္းကေလး

လိပ္ျပာမ်ားပံုသ႑ာန္ ေဘာင္ခတ္ျပဳလုပ္ထားေသာ လွပသည့္ လမ္းကေလးကလည္း သင့္အား ေစာင့္ၾကဳိေနသည္။

ကင္မရာယူသြားရန္မေမ့ပါႏွင့္။

၇။ အသဲပံုလမ္းကေလး

ခ်စ္ရသူႏွင့္အတူ ရိုမန႔္တစ္ဆန္ေသာ ဓာတ္ပံုရိုက္လိုပါက အသဲပံုလမ္းကေလးထက္ ပိုေကာင္းသည့္ အျခားေနရာမရိွ။

Miracle ပန္းျခံမွ အသဲပံုလမ္းကေလးသည္ စံုတြဲမ်ားအၾကား နာမည္ေက်ာ္ျပီး အထူးသျဖင့္ ခ်စ္သူမ်ားေန႔တြင္ အလြန္စည္ကားေလ့ရွိသည္။

၈။ ထီးလမ္းကေလး

အေပၚကိုေမာ့ၾကည့္ကာ အေရာင္အေသြးစံုေသာ ထီးမ်ား၏အလွကို ခံစားရန္ စိတ္ကူူးၾကည့္ဖူးပါသလား။

ဤေနရာမွာ အေကာင္းဆံုးျဖစ္ပါသည္။

၉။ နားေနတဲေလးမ်ား

ပန္းျခံအလယ္တြင္ ေခတၱနားေနႏိုင္မည့္ ခမ္းနားလွေသာ နားေနတဲေလးမ်ားမွာ မ်ားစြာ သက္ေတာင့္သက္သာ ရွိမည့္ ေနရာေလးမ်ား ျဖစ္သည္။

၁၀။ ပန္းရဲတိုက္

ပန္းပြင့္မ်ားျဖင့္ ျပဳလုပ္ထားသည့္ ရဲတိုက္ၾကီးတစ္ခု ေတြ႔ဖူးပါသလား။ ဒူဘိုင္းမွ Miracle ပန္းျခံၾကီးအလယ္တြင္ အထင္ကရတစ္ခုျဖစ္သည့္ ပန္းရဲတိုက္ၾကီးကိုလည္း ေရာက္ေအာင္သြားၾကည့္ကာ ဓာတ္ပံုရိုက္ခဲ့ပါဦး။

၁၁။ ပန္းနာရီ

Miracle ပန္းဥယ်ာဥ္တြင္ အလ်ား ၁၅ မီတာ (၄၉ ေပ) ခန္႔ရွိေသာ ၾကီးမားလွသည့္ ပန္းနာရီၾကီးတစ္ခုရွိျပီး ႏွစ္စဥ္ပန္းရာသီတိုင္း သြင္ျပင္ေျပာင္းလဲမႈရွိသည္။

၁၂။ ပန္းေရကန္

ပန္းေရကန္မွာ Miracle ပန္းျခံ၏ အ့ံဖြယ္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ျပီး သင့္အားအမွန္ပင္ တမူထူးေသာ ခံစားခ်က္ကို ေပးစြမ္းမည္ ျဖစ္သည္။ ၾကည္လင္ေနေသာ ပန္းေရကန္၏ ေဘးပတ္လည္တြင္ ပန္းမ်ားကို ပံုသ႑ာန္အမ်ဳိးမ်ဳိးျဖင့္ အလွဆင္ထားကာ သင့္အား ထာဝရမေမ့ႏိုင္မည့္ ၾကည္ႏူးဖြယ္အေတြ႔အၾကံဳကို ေပးမည္ ျဖစ္သည္။

၁၃။ ပန္းေတာင္ကုန္း

Miracle ပန္းဥယ်ာဥ္အတြင္း အလွဆင္ထားေသာ ပန္းရႈခင္းမ်ားအနက္ အလွဆံုးကား ေတာင္ကုန္းတစ္ခုေဘးတြင္ ပန္းမ်ားအလွဆင္စိုက္ပ်ဳိးထားေသာ ပန္းေတာင္ကုန္းျဖစ္၏။ ရႈခင္းကား ေသေလာက္သည္။

၁၄။ ပန္းဝက္ဝံ

ပန္းျခံအတြင္း အလွဆင္ထားသည္မ်ားအနက္ အလ်ား ၁၂ မီတာ (၃၉ ေပ) ခန္႔ရွိ ၾကီးမားလွေသာ Teddy Bear ဝက္ဝံရုပ္ၾကီးကို အသည္းပံုႏွင့္ေတြ႔ရသည္မွာလည္း ခမ္းနားလွသည္။

၁၅။ ရႈခင္းၾကည့္အေဆာက္အအံုငယ္မ်ား

Miracle ပန္းျခံ၏ အလယ္တြင္ ေဆာက္လုပ္ထားေသာ ရႈခင္းၾကည့္အေဆာက္အအံုငယ္မ်ားမွာလည္း ခမ္းနားသည့္အလွတရားတစ္ခုပင္။ အဆိုပါ အေဆာက္အအံုမ်ား၏ ဗိသုကာဟန္မ်ားမွာ ဂရိ၊ ပါရွားႏွင့္ တရုတ္ဗိသုကာလက္ရာဟန္မ်ားအထိ ေခတ္ေဟာင္းသမိုင္းဟန္မ်ားအတိုင္း ေဆာက္လုပ္ထားသည္။

(လိပ္ျပာဥယ်ာဥ္)

ဒူဘိုင္းလိပ္ျပာဥယ်ာဥ္မွာ ကမၻာေပၚတြင္ အၾကီးမားဆံုးလိပ္ျပာဥယ်ာဥ္အျဖစ္ စံခ်ိန္တင္ထားသည္။

လိပ္ျပာဥယ်ာဥ္တြင္ လိပ္ျပာမ်ဳိးစိတ္ ၂၆ မ်ဳိးမွ အေရာင္အေသြးစံုလင္လွေသာ လိပ္ျပာေပါင္း ၁၅၀၀၀ ခန္႔ ေမြးျမဴျပသထားသည္။

(ဒူဘိုင္း Miracle ပန္းဥယ်ာဥ္ၾကီး၏ ယခုႏွစ္ဖြင့္လွစ္မႈႏွင့္ စပ္လ်ဥ္းျပီး သိသင့္ေသာ အခ်က္မ်ား)

(တည္ေနရာ)- Dubai မွ Dubailand ၏ Al Barsha South 3 တြင္ တည္ရွိသည္။

Miracle ပန္းဥယ်ာဥ္သို႔ သြားလာေရးအတြက္ ေရြးခ်ယ္စရာမ်ားစြာရွိျပီး ကားရပ္နားရန္ေနရာလည္း ေပါမ်ားသည္။

(၂၀၂၂ ခုႏွစ္အတြက္ ပန္းျခံဝင္ခြင့္ လက္မွတ္ေစ်းႏႈန္း)

လူတစ္ဦးခ်င္းစီ ဝင္ေရာက္မႈမ်ားကို ပန္းျခံဂိတ္မ်ားတြင္ ဝယ္ယူရမည္ ျဖစ္သည္။

လူၾကီး (အသက္ ၁၂ ႏွစ္အထက္) တစ္ဦးလွ်င္ ဒူဘိုင္း Dirham ေငြ ၇၅ (ျမန္မာက်ပ္ေငြအားျဖင့္ ၄၂၀၀၀ ေက်ာ္)

ကေလး(အသက္ ၃ ႏွစ္မွ ၁၂ ႏွစ္) တစ္ဦးလွ်င္ ဒူဘိုင္း Dirham ေငြ ၆၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၃၄၀၀၀ ေက်ာ္)

အသက္ ၃ ႏွစ္ေအာက္ကေလးငယ္မ်ားႏွင့္ မသန္စြမ္းမ်ားမွာမူ ဝင္ေၾကးအခမဲ့ျဖစ္သည္။

အကယ္၍ သင့္အေနျဖင့္ စာသင္ေက်ာင္းမ်ား (သို႔မဟုတ္) အဖြဲ႔အစည္းမ်ားအတြက္ ပန္းျခံဝင္ေရာက္ခြင့္ ၾကိဳတင္ booking တင္လိုပါက booking@dubaimiraclegarden.com အီးေမးလ္လိပ္စာသုိ႔ ဆက္သြယ္ႏိုင္ပါသည္။

(ပန္းျခံစတင္ဖြင့္လွစ္မည့္ ရက္စြဲ)

ဒူဘိုင္း Miracle ပန္းျခံသည္ ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၁၀ ရက္တြင္ စတင္ဖြင့္လွစ္လုိက္ျပီျဖစ္သည္။

(ပန္းျခံဖြင့္ခ်ိန္)

၂၀၂၂/ ၂၀၂၃ ခုႏွစ္အတြင္း ဒူဘိုင္း Miracle ပန္းျခံကို ေန႔စဥ္ေန႔တိုင္း ေအာက္ပါအတိုင္းဖြင့္လွစ္သြားမည္ျဖစ္သည္။

ရံုးဖြင့္ရက္မ်ား - မနက္ ၉ နာရီမွ ည ၉ နာရီ

ရံုးပိတ္ရက္မ်ား- မနက္ ၉ နာရီမွ ည ၁၁ နာရီ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A Flowery Adventure at Dubai Miracle Garden (propertyfinder)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service