လောကမှာ လူတွေ မသိနိုင်တဲ့ အရာ (၅)မျိုး

လောကမှာ လူတွေ မသိနိုင်တဲ့ အရာ (၅)မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
31 Oct 2022 12:58 pm တွင် တင်ခဲ့သည်
1734 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မေမေဆုံးပြီး တစ်ပတ်ပြည့်သည့်နေ့က ရက်လည်ဆွမ်းကပ်ဖြစ်ဖို့ တစ်ရက်ကြိုပြီး သံဃာပင့်ဖိတ်မှုလုပ်ပါသည်။ ရည်ရွယ်ထားသည့် အသိဘုန်းကြီးကျောင်းမှ ဆရာတော်က ကြွရောက်ဖို့ အဆင်မပြေသဖြင့် ရပ်ကွက်အနီးရှိ ဘုန်းကြီးကျောင်းသို့ သွားရောက်ပင့်လျှောက်ရာ ကြွရောက်ပေးမည်ဖြစ်ကြောင်းပြော၍ အဆင်ပြေခဲ့သည်။

ရက်လည်ရက်ရောက်၍ သံဃာများတော်များအား ညီဖြစ်သူက ကားဖြင့်သွားပင့်၏။ကားပေါ်မှဆင်းလာသည့် ရဟန်းသံဃာများမှာ အသက်ကြီးပိုင်း ရဟန်းတစ်ပါးမှ မပါရှိခဲ့ပေ။

ကျောင်းထိုင်ဘုန်းကြီးမှာ ငယ်ရွယ်သော်လည်း တရားဟောသည့်အခါမှာ တိုတိုနဲ့လိုရင်းလေးကို မှတ်မှတ်ရရ ဟောပေးသွားသည်။တရားနှင့် နေရာဒေသလေးကလည်း အလွန်လိုက်ဖက်သည်ဟုခံစားရသည်။

ဆရာတော်ဟောသည့်တရားက “လောကမှာ မသိနိုင်တဲ့ အရာငါးမျိုး”ရှိတယ်ဆိုတဲ့ တရားကို ဟောပေးသည်။

အဲဒီလူတွေမသိနိုင်တဲ့ အရာငါးမျိုးကတော့...

၁-ဇီဝိတံ

၂- ဗျာဓိ

၃- ကာလော

၄- ဒေဟနိက္ခေပနံ

၅- ဂတိ ဆိုပြီး ငါးခုရှိပါတယ်” ဆိုတဲ့အကြောင်းဟောပါသည်။ထိုအကြောင်းငါးခုကို ဆရာတော်က နည်းနည်း ချဲ့ပြီးဟောသည်။

“ဇီဝိတံဆိုတာက ဇီဝိတအသက်ကိုပြောတာပါ။ကိုယ်ဟာလောကကြီးမှာ ဘယ်လောက်ကြာကြာ အသက်ရှင်နေထိုင်ရဦးမလဲဆိုတာကို မသိနိုင်ပါဘူးတဲ့။”

“ဗျာဓိ ဆိုတာက အနာရောဂါကိုခေါ်ပါတယ်။သတ္တဝါတွေဟာ ဘဝခရီးကို လျှေက်လှမ်းရတဲ့အခါမှာ ဘာရောဂါနဲ့သေမယ် ဆိုတာကိုလည်း မသိနိုင်ပါဘူး”တဲ့။

“ကာလော ဆိုတာက ကာလဆိုတဲ့ အချိန်ကိုပြောတာပါ။လူတစ်ယောက်ဟာ ဘဝခရီးအဆုံးသတ်မယ့် အချိန်ဟာ ဘယ်အချိန်လဲ။ မနက် လား၊နေ့လည်လား၊ ည လားပြောလို့မရပါဘူးတဲ့။ မသိနိုင်ကြပါဘူးတဲ့။ မမျှော်လင့်တဲ့ အချိန်တွေမှာ မမျှော်လင့်ဘဲ သေနေကြတာပါ”တဲ့။

“ဒေဟနိက္ခေပနံ - ကိုယ့်ရဲ့ရုပ်အလောင်းကိုဘယ်နေရာမှာ သဂြိုလ်မယ်၊ ဘယ်နေရာမှာမြှုပ်နှံမယ်ဆိုတာကို လည်းမသိနိုင်ဘူး။

ဒကာတို့ရဲ့ မိခင်ကြီးဟာ သူမွေးဖွားချက်မြှုပ်ရာမှာလည်းမဟုတ်ဘူး၊သူနေထိုင်ကြီးပြင်းရာမှာလည်း မဟုတ်ဘဲ ရန်ကုန်ကိုရောက်မှ အနိစ္စရောက်သွားရတာမဟုတ်လား။တချို့ဟာ ကောင်းကင်ယံ မှာ၊ တချို့ဟာ ရေလမ်းခရီးသွားရင်း အနိစ္စရောက်သွားကြတာတွေရှိတယ်။ အနိစ္စရောက်ရာနေရာအမျိုးမျိုး ရှိကြပါတယ်။အဲဒီတော့ ကိုယ့်ရဲ့အလောင်းကို ဘယ်နေရာမှာ မြှုုပ်နှံမယ်၊ဘယ်နေရာမှာ သဂြိုလ်မလဲဆိုတာ ကိုလည်း သတ္တဝါတွေဟာ မသိနိုင်ပါဘူးတဲ့။”

“နံပါတ်ငါးခုမြောက် နောက်ထပ်မသိနိုင်တာတစ်ခုက ဘာလဲဆိုရင် …ဂတိပါ…ဂတိဆိုတာက သွားရမယ့်နေရာ(ဦးတည်ရာ၊လားရာ)ပါတဲ့”။

လူတိုင်းလူတိုင်းဟာ လားရာဂတိဆိုတဲ့ ဘဝလမ်းကြောင်းကြီး (၅)ခုရှိပါတယ်။အဲဒါကို ဂတိငါးပါးလို့ ခေါ်ပါတယ်။ ဘာတွေလည်းဆိုရင်-

၁-နတ်ပြည်

၂-လူ့ပြည်

၃- ပြိတ္တာ

၄- တိရစ္ဆာန်

၅-ငရဲ ဆိုပြီး အားလုံးငါးမျိုးရှိပါတယ်တဲ့”

 

“နတ်ပြည် ဆိုတာက ကုသိုလ်ကံတွေ အကျိုးပေးလို့ရောက်နိုင်တဲ့နေရာပေါ့။ နောက်တစ်ခုက …လူ့ပြည်ပါတဲ့။

နောက်ထပ် လားရောက်ရာဌာနတွေကတော့ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံတွေရဲ့ အကျိုးပေးလို့ ရောက်သွားနိုင်တဲ့နေရာတွေပါတဲ့။အဲဒါတွေကတော့ ပြိတ္တာ၊တိရစ္ဆာန်၊ငရဲ တို့ပါပဲတဲ့”။

“ပုထုဇဉ်ဖြစ်ကြတဲ့ ပုဂ္ဂိုလ်သတ္တဝါတွေ အနေနဲ့ဘဝနိဂုံး အဆုံးသတ်သွားပြီးတဲ့အခါမှာဘယ်ဘဝမှာပြန်လည်မွေးဖွားမလဲဆိုတာ ပြောလို့မရပါဘူးတဲ့။သေဆုံးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေ တွေပေါ်မှာ မူတည်သွားကြရပါတယ်တဲ့။”

“သောတာပန်ဖြစ်မှသာ ကိုယ်သတ်မှတ်ထားတဲ့နေရာကို သွားရောက်နိုင်ပါတယ်တဲ့”။

“လူတွေဟာ ဘဝနေဝင်ချိန်တွေ၊သေအံ့မူးမူးအချိန်တွေ ရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို ကယ်တင်မပေးနိုင်တော့ဘူး။မိဘကလည်း သားသမီးကို၊သားသမီးကလည်း မိဘကို အကာအကွယ်ပေးဖို့ ကယ်တင်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူးတဲ့”။

ဆရာတော်ဟောသည့် တရားအတိုင်းပါပဲ ကျွန်တော်တို့ သားသမီးတွေ မိခင်ဖြစ်သူကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မေမေလည်းသူ့ကို သေဦးမည်ဟုထင်မှာမဟုတ်သလို ကျွန်တော်တို့လည်းမထင်ခဲ့ပေ။

မေမေသည် သူမွေးဖွားရာ၊သူကြီးပြင်းရာ၊သူသေဆုံးရာနေရာတွေက မြတ်စွာဘုရားရှင်၏ တရားတော်အတိုင်း “မသိနိုင်ခြင်း ၅ပါးထဲကပြေးမလွတ်ခဲ့။လားရာဂတိသည်လည်း မေမေသေခါနီးစိတ်အလိုအတိုင်းသာဖြစ်ပေတော့မည်။

ကျန်ရစ်သူ ကျွန်တော်တို့သားသမီးတွေလုပ်နိုင်သည်က မေမေအတွက် ရည်စူးကုသိုလ်တို့သာ ဖြစ်ပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေလာကမွာ လူေတြ မသိႏိုင္တဲ့ အရာ (၅)မ်ိဳး

 

ေမေမဆုံးၿပီး တစ္ပတ္ျပည့္သည့္ေန႔က ရက္လည္ဆြမ္းကပ္ျဖစ္ဖို႔ တစ္ရက္ႀကိဳၿပီး သံဃာပင့္ဖိတ္မႈလုပ္ပါသည္။ ရည္ရြယ္ထားသည့္ အသိဘုန္းႀကီးေက်ာင္းမွ ဆရာေတာ္က ၾကြေရာက္ဖို႔ အဆင္မေျပသျဖင့္ ရပ္ကြက္အနီးရွိ ဘုန္းႀကီးေက်ာင္းသို႔ သြားေရာက္ပင့္ေလွ်ာက္ရာ ၾကြေရာက္ေပးမည္ျဖစ္ေၾကာင္းေျပာ၍ အဆင္ေျပခဲ့သည္။

ရက္လည္ရက္ေရာက္၍ သံဃာမ်ားေတာ္မ်ားအား ညီျဖစ္သူက ကားျဖင့္သြားပင့္၏။ကားေပၚမွဆင္းလာသည့္ ရဟန္းသံဃာမ်ားမွာ အသက္ႀကီးပိုင္း ရဟန္းတစ္ပါးမွ မပါရွိခဲ့ေပ။

ေက်ာင္းထိုင္ဘုန္းႀကီးမွာ ငယ္ရြယ္ေသာ္လည္း တရားေဟာသည့္အခါမွာ တိုတိုနဲ႔လိုရင္းေလးကို မွတ္မွတ္ရရ ေဟာေပးသြားသည္။တရားႏွင့္ ေနရာေဒသေလးကလည္း အလြန္လိုက္ဖက္သည္ဟုခံစားရသည္။

ဆရာေတာ္ေဟာသည့္တရားက “ေလာကမွာ မသိႏိုင္တဲ့ အရာငါးမ်ိဳး”ရွိတယ္ဆိုတဲ့ တရားကို ေဟာေပးသည္။

အဲဒီလူေတြမသိႏိုင္တဲ့ အရာငါးမ်ိဳးကေတာ့

၁-ဇီဝိတံ

၂- ဗ်ာဓိ

၃- ကာေလာ

၄- ေဒဟနိေကၡပနံ

၅- ဂတိ ဆိုၿပီး ငါးခုရွိပါတယ္” ဆိုတဲ့အေၾကာင္းေဟာပါသည္။ထိုအေၾကာင္းငါးခုကို ဆရာေတာ္က နည္းနည္း ခ်ဲ႕ၿပီးေဟာသည္။

“ဇီဝိတံဆိုတာက ဇီဝိတအသက္ကိုေျပာတာပါ။ကိုယ္ဟာေလာကႀကီးမွာ ဘယ္ေလာက္ၾကာၾကာ အသက္ရွင္ေနထိုင္ရဦးမလဲဆိုတာကို မသိနိုင္ပါဘူးတဲ့။”

“ဗ်ာဓိ ဆိုတာက အနာေရာဂါကိုေခၚပါတယ္။သတၱဝါေတြဟာ ဘဝခရီးကို ေလၽွက္လွမ္းရတဲ့အခါမွာ ဘာေရာဂါနဲ႔ေသမယ္ ဆိုတာကိုလည္း မသိနိုင္ပါဘူး”တဲ့။

“ကာေလာ ဆိုတာက ကာလဆိုတဲ့ အခ်ိန္ကိုေျပာတာပါ။လူတစ္ေယာက္ဟာ ဘဝခရီးအဆုံးသတ္မယ့္ အခ်ိန္ဟာ ဘယ္အခ်ိန္လဲ။ မနက္ လား၊ေန႔လည္လား၊ ည လားေျပာလို႔မရပါဘူးတဲ့။ မသိႏိုင္ၾကပါဘူးတဲ့။ မေမွ်ာ္လင့္တဲ့ အခ်ိန္ေတြမွာ မေမွ်ာ္လင့္ဘဲ ေသေနၾကတာပါ”တဲ့။

“ေဒဟနိေကၡပနံ - ကိုယ့္ရဲ့႐ုပ္အေလာင္းကိုဘယ္ေနရာမွာ သၿဂိဳလ္မယ္၊ ဘယ္ေနရာမွာျမႇဳပ္ႏွံမယ္ဆိုတာကို လည္းမသိနိုင္ဘူး။

ဒကာတို႔ရဲ႕ မိခင္ႀကီးဟာ သူေမြးဖြားခ်က္ျမွဳပ္ရာမွာလည္းမဟုတ္ဘူး၊သူေနထိုင္ႀကီးျပင္းရာမွာလည္း မဟုတ္ဘဲ ရန္ကုန္ကိုေရာက္မွ အနိစၥေရာက္သြားရတာမဟုတ္လား။တခ်ိဳ႕ဟာ ေကာင္းကင္ယံ မွာ၊ တခ်ိဳ႕ဟာ ေရလမ္းခရီးသြားရင္း အနိစၥေရာက္သြားၾကတာေတြရွိတယ္။ အနိစၥေရာက္ရာေနရာအမ်ိဳးမ်ိဳး ရွိၾကပါတယ္။အဲဒီေတာ့ ကိုယ့္ရဲ့အေလာင္းကို ဘယ္ေနရာမွာ ျမႇုဳပ္ႏွံမယ္၊ဘယ္ေနရာမွာ သၿဂိဳလ္မလဲဆိုတာ ကိုလည္း သတၱဝါေတြဟာ မသိနိုင္ပါဘူးတဲ့။”

“နံပါတ္ငါးခုေျမာက္ ေနာက္ထပ္မသိနိုင္တာတစ္ခုက ဘာလဲဆိုရင္ …ဂတိပါ…ဂတိဆိုတာက သြားရမယ့္ေနရာ(ဦးတည္ရာ၊လားရာ)ပါတဲ့”။

လူတိုင္းလူတိုင္းဟာ လားရာဂတိဆိုတဲ့ ဘဝလမ္းေၾကာင္းႀကီး (၅)ခုရွိပါတယ္။အဲဒါကို ဂတိငါးပါးလို႔ ေခၚပါတယ္။ ဘာေတြလည္းဆိုရင္-

၁-နတ္ျပည္

၂-လူ႔ျပည္

၃- ၿပိတၱာ

၄- တိရစၧာန္

၅-ငရဲ ဆိုၿပီး အားလုံးငါးမ်ိဳးရွိပါတယ္တဲ့”

 

“နတ္ျပည္ ဆိုတာက ကုသိုလ္ကံေတြ အက်ိဳးေပးလို႔ေရာက္နိုင္တဲ့ေနရာေပါ့။ ေနာက္တစ္ခုက …လူ႔ျပည္ပါတဲ့။

ေနာက္ထပ္ လားေရာက္ရာဌာနေတြကေတာ့ ကိုယ္ျပဳခဲ့တဲ့ အကုသိုလ္ကံေတြရဲ႕ အက်ိဳးေပးလို႔ ေရာက္သြားနိုင္တဲ့ေနရာေတြပါတဲ့။အဲဒါေတြကေတာ့ ၿပိတၱာ၊တိရစၧာန္၊ငရဲ တို႔ပါပဲတဲ့”။

“ပုထုဇဥ္ျဖစ္ၾကတဲ့ ပုဂၢိဳလ္သတၱဝါေတြ အေနနဲ႔ဘဝနိဂုံး အဆုံးသတ္သြားၿပီးတဲ့အခါမွာဘယ္ဘဝမွာျပန္လည္ေမြးဖြားမလဲဆိုတာ ေျပာလို႔မရပါဘူးတဲ့။ေသဆုံးတဲ့အခ်ိန္မွာ ျဖစ္ေပၚလာတဲ့ အေျခအေန ေတြေပၚမွာ မူတည္သြားၾကရပါတယ္တဲ့။”

“ေသာတာပန္ျဖစ္မွသာ ကိုယ္သတ္မွတ္ထားတဲ့ေနရာကို သြားေရာက္ႏိုင္ပါတယ္တဲ့”။

“လူေတြဟာ ဘဝေနဝင္ခ်ိန္ေတြ၊ေသအံ့မူးမူးအခ်ိန္ေတြ ေရာက္ေနၿပီဆိုရင္ ပတ္ဝန္းက်င္ကလည္း ကိုယ့္ကို ကယ္တင္မေပးနိုင္ေတာ့ဘူး။မိဘကလည္း သားသမီးကို၊သားသမီးကလည္း မိဘကို အကာအကြယ္ေပးဖို႔ ကယ္တင္ေပးဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူးတဲ့”။

ဆရာေတာ္ေဟာသည့္ တရားအတိုင္းပါပဲ ကၽြန္ေတာ္တို႔ သားသမီးေတြ မိခင္ျဖစ္သူကို ကယ္တင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေမေမလည္းသူ႔ကို ေသဦးမည္ဟုထင္မွာမဟုတ္သလို ကၽြန္ေတာ္တို႔လည္းမထင္ခဲ့ေပ။

ေမေမသည္ သူေမြးဖြားရာ၊သူႀကီးျပင္းရာ၊သူေသဆုံးရာေနရာေတြက ျမတ္စြာဘုရားရွင္၏ တရားေတာ္အတိုင္း “မသိႏိုင္ျခင္း ၅ပါးထဲကေျပးမလြတ္ခဲ့။လားရာဂတိသည္လည္း ေမေမေသခါနီးစိတ္အလိုအတိုင္းသာျဖစ္ေပေတာ့မည္။

က်န္ရစ္သူ ကၽြန္ေတာ္တို႔သားသမီးေတြလုပ္ႏိုင္သည္က ေမေမအတြက္ ရည္စူးကုသိုလ္တို႔သာ ျဖစ္ပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
Sweet Dream Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service