ကမ္ဘာ့ထိပ်တန်းအလှကုန်ကုမ္ပဏီ Estée Lauder ၏ပိုင်ရှင်က ဒေါ်လာ သန်း ၁၁၀ ဖြင့် ဝယ်ထားသောစံအိမ်ကြီးကို ဖြိုချ

ကမ္ဘာ့ထိပ်တန်းအလှကုန်ကုမ္ပဏီ Estée Lauder ၏ပိုင်ရှင်က ဒေါ်လာ သန်း ၁၁၀ ဖြင့် ဝယ်ထားသောစံအိမ်ကြီးကို ဖြိုချ - Property News in Myanmar from iMyanmarHouse.com
31 Oct 2022 10:04 am တွင် တင်ခဲ့သည်
857 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Estée Lauder ဘာလဲ)

Estée Lauder သည် ကမ္ဘာပေါ်တွင် L’Oreal ပြီးလျှင် ဒုတိယအကြီးမားဆုံး အလှကုန်ပစ္စည်းကုမ္ပဏီကြီး ဖြစ်သည်။

Estée Lauder သည် အမေရိကန် န်ိုင်ငံတကာအလှကုန်ကုမ္ပဏီ၊ အလှကုန်ထုတ်လုပ်သူဖြစ်ကာ မိတ်ကပ်၊ skincare၊ ရေမွှေးနှင့် ဆံပင်အလှကုန်ပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ကာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် အခြေစိုက်သည်။

အလှကုန်ပစ္စည်းများကို ကုန်စည်အမှတ်တံဆိပ်ပေါင်းများစွာဖြင့် ထုတ်လုပ်ပြီး နိုင်ငံတကာသို့ digital commerce လမ်းကြောင်းများအပြင် လက်လီဖြန့်ဖြူးမှုလမ်းကြောင်းများဖြင့် တင်ပို့ရောင်းချသည်။

(William Philip Lauder ဘယ်သူလဲ)

William Philip Lauder (မွေး ၁၉၆၀) သည် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာကြီးဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း အလှကုန်ကုမ္ပဏီကြီးတစ်ခုဖြစ်သော Estée Lauder ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဌဖြစ်သည်။

Forbes မဂ္ဂဇင်းကြီးမှဖော်ပြသော ၂၀၂၂ ခုနှစ်အချက်အလက်များအရ William Philip Lauder ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

William Philip Lauder သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Palm Beach ကမ်းခြေမြို့ကလေးတွင် ဒေါ်လာ သန်း ၁၁၀ ဖြင့် ဝယ်ယူထားသော စံအိမ်ကြီးကို ဝယ်ယူပြီး တစ်နှစ်မပြည့်မီတွင်ပင် ဖြိုချလိုက်ပြီ ဖြစ်သည်။

အဆိုပါစံအိမ်ကြီးသည် အကျယ်အဝန်း စတုရန်းပေ ၃၆၀၀၀ ခန့်အထိ ကျယ်ဝန်းပြီး ၂၀၁၆ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

Palm Beach မြို့၊ N. Ocean Boulevard လမ်း၊ အမှတ် ၁၀၇၁ တွင် တည်ရှိသော စံအိမ်ရှေ့ ဂိတ်တံခါးဝတွင် ပြီးခဲ့သော ရက်သတ္တပတ်ကတည်းက သတိပေးဆိုင်းဘုတ်တစ်ခုကို ဒေသခံများ တွေ့ခဲ့ကြပြီး ဆိုင်းဘုတ်တွင် ဖော်ပြထားသည်မှာ စံအိမ်ပိုင်ရှင်က စံအိမ်ကို ဖြိုချမည်ဖြစ်ပြီး ဖြိုချဖျက်သိမ်းခွင့် ပါမစ်ရရှိထားကြောင်း ဖော်ပြထားသည်ဟု Palm Beach Daily News သတင်းဌာနက ဖော်ပြသည်။

တန်ဖိုးအကြီးဆုံး စံအိမ်ဖြိုချမှုအဖြစ် သတ်မှတ်ခြင်းခံရပြီး ပြင်သစ်နော်မန်ဒီ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီး၏နံရံများကို ဆောက်လုပ်ရေးလုပ်သားများက စက်ယန္တယားကြီးများဖြင့် ဖြိုချနေပုံကိုတွေ့ရပြီး တခါက ကြီးကျယ်ခမ်းနားခဲ့သော စံအိမ်ကြီးမှာ အုတ်ပုံဘဝသို့ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

William Philip Lauder က အဆိုပါစံအိမ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဈေးကွက်ပြင်ပ အရောင်းအဝယ်မှ တဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(မှတ်ချက်။ ဈေးကွက်ပြင်ပအရောင်းအဝယ်ဟူသည်မှာ အိမ်ခြံမြေရောင်းချမည်ဟု အိမ်ခြံမြေဝက်ဘ်ဆိုက်များ၊ အခြားနေရာများမှတဆင့် တရားဝင်ဈေးကွက်တင်ရောင်းချခြင်းမရှိဘဲ မိမိတို့သိကျွမ်းသူများအချင်းချင်း ချိတ်ဆက် ရောင်းဝယ်သည့် အရောင်းအဝယ်မျိုး ဖြစ်သည်)

William Philip Lauder မတိုင်မီက ဤစံအိမ်ကြီးသည် ၂၀၁၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄၀ ဒသမ ၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုမ္ပဏီပေါင်းများစွာတွင် MD, ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် CEO တာဝန်များ ထမ်းဆောင်ခဲ့ဖူးသူ Thomas P. Salice နှင့် ဇနီးဖြစ်သူ ဆူဇန်တို့နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီတစ်ခုထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။

ခြံဝန်းမှာ မြေကွက် ၂ ကွက်ကို ပေါင်းစည်းထားခြင်းဖြစ်ပြီး ဖြိုချလိုက်သည့်စံအိမ်နေရာတွင် စံအိမ်သစ်တစ်ခု ဆောက်လုပ်ရန် စီစဉ်ထားသည်။

စံအိမ်သစ်မှာ မြေကွက် ၂ ခုကို ခွကာ ဆောက်လုပ်ဖွယ်ရှိပြီး စံအိမ်သစ်ဆောက်လုပ်ရေးအတွက်မူ မြို့အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြရခြင်း မရှိသေးချေ။

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၅၀၀၀ ရှိသည်။ ဓာတ်ပုံ- Douglas Elliman)

(North Ocean Boulevard လမ်း၊ အမှတ် ၁၀၇၁ တွင် တည်ရှိသောစံအိမ်မှာ ယခုအခါ ဖြိုချခံနေရပြီ ဖြစ်သည်။ ဓာတ်ပုံ - Meghan McCarthy / The Palm Beach Daily News)

(ရေကန်မှာ ပင်လယ်ကို စီးမိုးတွေ့မြင်နေရသည်။ ဓာတ်ပုံ- Douglas Elliman)

(ဧည့်ခန်းနေရာ။ ဓာတ်ပုံ- Douglas Elliman)

(မိသားစု နားနေခန်း။ ဓာတ်ပုံ Douglas Elliman)

စံအိမ်ကြီးအား အလုပ်သမားများ ဖြိုဖျက်နေပုံကို The Palm Beach Daily News သတင်းဌာနမှ တွေ့ရှိခဲ့သည်။

ဤစံအိမ်ကြီးဘေးတွင် တည်ရှိသော ကမ်းခြေမြေကွက်လွတ်တစ်ခုကိုလည်း William Philip Lauder ပင် ပိုင်ဆိုင်ထားသည်။

စံအိမ်ဝန်းအတွင်းမှ မြက်ခင်း၊ ယာဉ်ရပ်နားနေရာနှင့် မြေယာအလှပြင်ဆင်ထားမှုများကိုလည်း ဖယ်ရှားဖျက်သိမး်မည် ဖြစ်သည်။

ပင်လယ်ကမ်းခြေမျက်နှာစာ ၂၄၂ ပေ ပိုင်ဆိုင်ထားပြီး ယခုဖြိုချနေသောစံအိမ်ကြီးတွင် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၆ ခန်းအပြင် သီးခြားဧည့်ဂေဟာအိမ် ၂ ခုလည်း ပါဝင်သည်။

တမူထူးသောစံအိမ်ကြီးဖြစ်သော်လည်း William Philip Lauder ၏ စိတ်ကြိုက်မဟုတ်ခဲ့။

(စံအိမ်ကြီးကို ဆောက်လုပ်ရေးလုပ်သားများက အောက်တိုဘာလ ၂၅ ရက်တွင် ဖြိုချနေသည်ကို တွေ့ရပုံ။ ဓာတ်ပုံ- Meghan McCarthy / The Palm Beach Daily News)

(မီးဖိုဆောင်။ ဓာတ်ပုံ- Douglas Elliman)

(သီးသန့်ခန်းတစ်ခု။ ဓာတ်ပုံ- Douglas Elliman)

(အမိုးတပ် လေသာဆောင်။ ဓာတ်ပုံ- Douglas Elliman)

စံအိမ်အတွင်းအခြားပါဝင်သောအရာများမှာ စာကြည့်တိုက်၊ အိမ်တွင်းရုပ်ရှင်ရုံ၊ ဝိုင်သိုလှောင်ခန်း၊ အားကစားလေ့ကျင့်ခန်းမ၊ ဆံပင်ညှပ်ဆိုင်၊ လေသာဆောင်၊ နွေရာသီ မီးဖိုဆောင်၊ ကြီးမားကျယ်ဝန်းလှသော ရေကူးကန်တစ်ခုတို့လည်း ပါဝင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Estée Lauder heir demolished a mansion he bought for $110M last year (nypost)

[Zawgyi]

ကမၻာ့ထိပ္တန္းအလွကုန္ကုမၸဏီ Estée Lauder ၏ပိုင္ရွင္က ေဒၚလာ သန္း ၁၁၀ ျဖင့္ ဝယ္ထားေသာစံအိမ္ၾကီးကို ျဖိဳခ်

(Estée Lauder ဘာလဲ)

Estée Lauder သည္ ကမၻာေပၚတြင္ L’Oreal ျပီးလွ်င္ ဒုတိယအၾကီးမားဆံုး အလွကုန္ပစၥည္းကုမၸဏီၾကီး ျဖစ္သည္။

Estée Lauder သည္ အေမရိကန္ ႏို္င္ငံတကာအလွကုန္ကုမၸဏီ၊ အလွကုန္ထုတ္လုပ္သူျဖစ္ကာ မိတ္ကပ္၊ skincare၊ ေရေမႊးႏွင့္ ဆံပင္အလွကုန္ပစၥည္းမ်ား ထုတ္လုပ္သည့္ကုမၸဏီျဖစ္ကာ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္တြင္ အေျခစိုက္သည္။

အလွကုန္ပစၥည္းမ်ားကို ကုန္စည္အမွတ္တံဆိပ္ေပါင္းမ်ားစြာျဖင့္ ထုတ္လုပ္ျပီး ႏိုင္ငံတကာသို႔ digital commerce လမ္းေၾကာင္းမ်ားအျပင္ လက္လီျဖန္႔ျဖဴးမႈလမ္းေၾကာင္းမ်ားျဖင့္ တင္ပို႔ေရာင္းခ်သည္။

(William Philip Lauder ဘယ္သူလဲ)

William Philip Lauder (ေမြး ၁၉၆၀) သည္ အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ ဘီလ်ံနာၾကီးျဖစ္ျပီး ကမၻာ့ထိပ္တန္း အလွကုန္ကုမၸဏီၾကီးတစ္ခုျဖစ္ေသာ Estée Lauder ကုမၸဏီ၏ အမႈေဆာင္ဥကၠဌျဖစ္သည္။

Forbes မဂၢဇင္းၾကီးမွေဖာ္ျပေသာ ၂၀၂၂ ခုႏွစ္အခ်က္အလက္မ်ားအရ William Philip Lauder ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၃ ဘီလီယံခန္႔ရွိသည္ဟု ခန္႔မွန္းထားသည္။

William Philip Lauder သည္ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach ကမ္းေျချမိဳ႕ကေလးတြင္ ေဒၚလာ သန္း ၁၁၀ ျဖင့္ ဝယ္ယူထားေသာ စံအိမ္ၾကီးကို ဝယ္ယူျပီး တစ္ႏွစ္မျပည့္မီတြင္ပင္ ျဖိဳခ်လိုက္ျပီ ျဖစ္သည္။

အဆိုပါစံအိမ္ၾကီးသည္ အက်ယ္အဝန္း စတုရန္းေပ ၃၆၀၀၀ ခန္႔အထိ က်ယ္ဝန္းျပီး ၂၀၁၆ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

Palm Beach ျမိဳ႕၊ N. Ocean Boulevard လမ္း၊ အမွတ္ ၁၀၇၁ တြင္ တည္ရွိေသာ စံအိမ္ေရွ႕ ဂိတ္တံခါးဝတြင္ ျပီးခဲ့ေသာ ရက္သတၱပတ္ကတည္းက သတိေပးဆိုင္းဘုတ္တစ္ခုကို ေဒသခံမ်ား ေတြ႔ခဲ့ၾကျပီး ဆိုင္းဘုတ္တြင္ ေဖာ္ျပထားသည္မွာ စံအိမ္ပိုင္ရွင္က စံအိမ္ကို ျဖိဳခ်မည္ျဖစ္ျပီး ျဖိဳခ်ဖ်က္သိမ္းခြင့္ ပါမစ္ရရွိထားေၾကာင္း ေဖာ္ျပထားသည္ဟု Palm Beach Daily News သတင္းဌာနက ေဖာ္ျပသည္။

တန္ဖိုးအၾကီးဆံုး စံအိမ္ျဖိဳခ်မႈအျဖစ္ သတ္မွတ္ျခင္းခံရျပီး ျပင္သစ္ေနာ္မန္ဒီ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ၾကီး၏နံရံမ်ားကို ေဆာက္လုပ္ေရးလုပ္သားမ်ားက စက္ယႏၱယားၾကီးမ်ားျဖင့္ ျဖိဳခ်ေနပံုကိုေတြ႔ရျပီး တခါက ၾကီးက်ယ္ခမ္းနားခဲ့ေသာ စံအိမ္ၾကီးမွာ အုတ္ပံုဘဝသို႔ ေျပာင္းလဲသြားေတာ့မည္ ျဖစ္သည္။

William Philip Lauder က အဆိုပါစံအိမ္ကို ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ေစ်းကြက္ျပင္ပ အေရာင္းအဝယ္မွ တဆင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(မွတ္ခ်က္။ ေစ်းကြက္ျပင္ပအေရာင္းအဝယ္ဟူသည္မွာ အိမ္ျခံေျမေရာင္းခ်မည္ဟု အိမ္ျခံေျမဝက္ဘ္ဆိုက္မ်ား၊ အျခားေနရာမ်ားမွတဆင့္ တရားဝင္ေစ်းကြက္တင္ေရာင္းခ်ျခင္းမရွိဘဲ မိမိတို႔သိကၽြမ္းသူမ်ားအခ်င္းခ်င္း ခ်ိတ္ဆက္ ေရာင္းဝယ္သည့္ အေရာင္းအဝယ္မ်ဳိး ျဖစ္သည္)

William Philip Lauder မတိုင္မီက ဤစံအိမ္ၾကီးသည္ ၂၀၁၉ ခုႏွစ္အတြင္း ကန္ေဒၚလာ ၄၀ ဒသမ ၈ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ျပီး ကုမၸဏီေပါင္းမ်ားစြာတြင္ MD, ဥကၠဌ၊ ဒုတိယဥကၠဌႏွင့္ CEO တာဝန္မ်ား ထမ္းေဆာင္ခဲ့ဖူးသူ Thomas P. Salice ႏွင့္ ဇနီးျဖစ္သူ ဆူဇန္တို႔ႏွင့္ ဆက္ႏႊယ္ေနသည့္ ကုမၸဏီတစ္ခုထံ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

ျခံဝန္းမွာ ေျမကြက္ ၂ ကြက္ကို ေပါင္းစည္းထားျခင္းျဖစ္ျပီး ျဖဳိခ်လိုက္သည့္စံအိမ္ေနရာတြင္ စံအိမ္သစ္တစ္ခု ေဆာက္လုပ္ရန္ စီစဥ္ထားသည္။

စံအိမ္သစ္မွာ ေျမကြက္ ၂ ခုကို ခြကာ ေဆာက္လုပ္ဖြယ္ရွိျပီး စံအိမ္သစ္ေဆာက္လုပ္ေရးအတြက္မူ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ထံ တင္ျပရျခင္း မရွိေသးေခ်။

(စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၃၅၀၀၀ ရွိသည္။ ဓာတ္ပံု- Douglas Elliman)

(North Ocean Boulevard လမ္း၊ အမွတ္ ၁၀၇၁ တြင္ တည္ရွိေသာစံအိမ္မွာ ယခုအခါ ျဖိဳခ်ခံေနရျပီ ျဖစ္သည္။ ဓာတ္ပံု - Meghan McCarthy / The Palm Beach Daily News)

(ေရကန္မွာ ပင္လယ္ကို စီးမိုးေတြ႔ျမင္ေနရသည္။ ဓာတ္ပံု- Douglas Elliman)

(ဧည့္ခန္းေနရာ။ ဓာတ္ပံု- Douglas Elliman)

(မိသားစု နားေနခန္း။ ဓာတ္ပံု Douglas Elliman)

စံအိမ္ၾကီးအား အလုပ္သမားမ်ား ျဖိဳဖ်က္ေနပံုကို The Palm Beach Daily News သတင္းဌာနမွ ေတြ႔ရွိခဲ့သည္။

ဤစံအိမ္ၾကီးေဘးတြင္ တည္ရွိေသာ ကမ္းေျခေျမကြက္လြတ္တစ္ခုကိုလည္း William Philip Lauder ပင္ ပိုင္ဆိုင္ထားသည္။

စံအိမ္ဝန္းအတြင္းမွ ျမက္ခင္း၊ ယာဥ္ရပ္နားေနရာႏွင့္ ေျမယာအလွျပင္ဆင္ထားမႈမ်ားကိုလည္း ဖယ္ရွားဖ်က္သိမး္မည္ ျဖစ္သည္။

ပင္လယ္ကမ္းေျခမ်က္ႏွာစာ ၂၄၂ ေပ ပိုင္ဆိုင္ထားျပီး ယခုျဖိဳခ်ေနေသာစံအိမ္ၾကီးတြင္ အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၁၆ ခန္းအျပင္ သီးျခားဧည့္ေဂဟာအိမ္ ၂ ခုလည္း ပါဝင္သည္။

တမူထူးေသာစံအိမ္ၾကီးျဖစ္ေသာ္လည္း William Philip Lauder ၏ စိတ္ၾကိဳက္မဟုတ္ခဲ့။

(စံအိမ္ၾကီးကို ေဆာက္လုပ္ေရးလုပ္သားမ်ားက ေအာက္တိုဘာလ ၂၅ ရက္တြင္ ျဖိဳခ်ေနသည္ကို ေတြ႔ရပံု။ ဓာတ္ပံု- Meghan McCarthy / The Palm Beach Daily News)

(မီးဖိုေဆာင္။ ဓာတ္ပံု- Douglas Elliman)

(သီးသန္႔ခန္းတစ္ခု။ ဓာတ္ပံု- Douglas Elliman)

(အမိုးတပ္ ေလသာေဆာင္။ ဓာတ္ပံု- Douglas Elliman)

စံအိမ္အတြင္းအျခားပါဝင္ေသာအရာမ်ားမွာ စာၾကည့္တိုက္၊ အိမ္တြင္းရုပ္ရွင္ရံု၊ ဝိုင္သိုေလွာင္ခန္း၊ အားကစားေလ့က်င့္ခန္းမ၊ ဆံပင္ညွပ္ဆိုင္၊ ေလသာေဆာင္၊ ေႏြရာသီ မီးဖိုေဆာင္၊ ၾကီးမားက်ယ္ဝန္းလွေသာ ေရကူးကန္တစ္ခုတို႔လည္း ပါဝင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Estée Lauder heir demolished a mansion he bought for $110M last year (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service