ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား....

ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား.... - Property Knowledge in Myanmar from iMyanmarHouse.com
29 Oct 2022 1:20 pm တွင် တင်ခဲ့သည်
631 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အမျိုးသမီးတွေဟာ အနာခံကာ ဒေါက်မြင့်ဖိနပ်တွေကို စီးပြီး ဖက်ရှင်ကျအောင် နေနေကြပါတယ်။ ဒါပေမယ့် စီးဖို့ ထိုက်တန်ပါရဲ့လား။ ခြေဖဝါးရဲ့ ပုံစံကို ကန့်သတ်တဲ့ ဖိနပ်တွေ ဝတ်တိုင်းမှာ နာကျင်မှုကို ခံစားရနိုင်တယ်လို့ Dr. Natalie A. Nevins, DO, an osteopathic physician from Hollywood, Calif က ဆိုပါတယ်။

စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒေါက်မြင့်ဖိနပ်တွေ စီးခြင်းဟာ ပရော်ဖက်ရှင်နယ်ကျကျပုံစံ ဖြစ်စေဖို့ နေ့စဉ် လိုအပ်ချက်တစ်ခုလို ဖြစ်နေပါတယ်။ ဒေါက်မြင့်ဖိနပ်တွေ က စမတ်ကျစေတဲ့ အသွင်အပြင်ကို ရစေတာကြောင့် ငယ်ရွယ်သူတစ်ယောက်အနေနဲ့ ဒါကို ငြင်းပယ်နိုင်ဖို့ ခက်ခဲပါတယ်။

ဒါပေမယ့် အောက်မှာ ပြောပြမယ့် ဆိုးကျိုးတွေဟာ သင့်ကို ဒီလို ဒေါက်မြင့်ဖိနပ်တွေ စီးဖို့ နောက်တစ်ကြိမ် ပြန်စဉ်းစားစေနိုင်ပြီး အခြား ဖိနပ်ပြောင်းစီးခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား ဆိုတော့

 

၁။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဆိုးရွားစွာ သက်ရောက်နိုင်ပါတယ်။

ခါး – သူဟာ အရှေ့ကို တွန်းထုတ်သလိုဖြစ်တာကြောင့် တင်ပါးဆုံနဲ့ ကျောရိုးမတွေကို ပုံစံပျက်စေနိုင်ပါတယ်။

ဒူးခေါင်း – ဒူးခေါင်းမှာ ဖိအားများစွာ သက်ရောက်နိုင်ပါတယ်။

ခြေမျက်စိ – ဒေါက်မြင့်ဖိနပ်တွေ စီးခြင်းဟာ ဆင်ခြေလျှောပေါ် လမ်းလျှောက်ရသလိုဖြစ်တာကြောင့် ခြေမျက်စိပေါ် ဖိအားသက်ရောက်မှုများပါတယ်။ ခြေမျက်စိပတ်ပတ်လည်က ကြွက်သားတွေဟာ သင့်ကို မတ်တပ်ရပ်နိုင်စေဖို့၊ လမ်းလျှောက်နိုင်စေဖို့ ကျုံ့ပေးရတာဖြစ်တာမို့ နောက်ဆုံးမှာ တည်ငြိမ်မှုမရှိတော့ဘဲ အားနည်းနိုင်ပါတယ်။

 

၂။ ဒေါက်ဖိနပ်စီးခြင်းရဲ့ အဖြစ်များတဲ့ သက်ရောက်မှု လေးခု

ခြေသလုံးကြွက်သား တိုလာခြင်း – အချိန်ကြာလာတာနဲ့အမျှ ဒေါက်မြင့်ဖိနပ်တွေ စီးခြင်းဟာ ခြေသလုံးကြွက်သားနဲ့ ခါးကြွက်သားတွေကို တိုလာစေပြီး နာကျင်မှုနဲ့ ကြွက်သားကျုံ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်တွေ ဟာ မြင့်ပြီး တင်းကျပ်တာကြောင့် အမျိုးသမီးတွေဟာ Archilles tendon တိုခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

ကြွက်သားပင်ပန်းနွမ်းနယ်ခြင်း – ဒေါက်ဖိနပ်မြင့်လေလေ ခြေဖဝါးမြေကြီးနဲ့ ထိနိုင်ဖို့ ဒူးကွေးရလေလေပဲဖြစ်ပါတယ်။ ဒါဟာ ဒူးဆစ်ပေါ်ကို ဖိအားသက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေမှာ ပိုဆိုးနိုင်ပါတယ်။

ပုံစံပြောင်းလဲခြင်း – ဒေါက်မြင့်ဖိနပ်တွေဟာ ပုံမှန်လမ်းလျှောက်တဲ့ပုံစံကိုပြောင်းလဲစေပြီး Gait cycle ကို သက်ရောက်မှုရှိပါတယ်။ ခြေချင်းဝတ်မှာ ပြောင်းလဲခြင်းဟာ ခြေထောက်အပေါ်ပိုင်းနဲ့ ခါးက ကြွက်သားတွေကို အားအင်လျော့နည်းစေပါတယ်။

သူဟာ ဒူးအတွင်းနဲ့ ပတ်ပတ်လည်က အရိုးတွေ ခံနိုင်ရည်အားကိုလည်း သက်ရောက်မှုရှိတာမို့ ဒဏ်ရာရရှိမှုလွယ်ကူစေပါတယ်။

ခန္ဓာဗေဒ ပြောင်းလဲခြင်း – နေ့စဉ် ဒေါက်မြင့်ဖိနပ်ကို နှစ်ပေါင်းများစွာ စီးခြင်းဟာ သင့်ရဲ့ ခန္ဓာဗေဒကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ ကိုယ်ခန္ဓာရဲ့ အလေးချိန်ကို ရှေ့ပိုင်းမှာ သက်ရောက်စေတာမို့ ခါးနဲ့ ဒူးခေါင်းတွေမှာ ဖိအားများစေနိုင်ပါတယ်။

၃။ ဒေါက်မြင့်ဖိနပ် စီးခြင်းနဲ့ပတ်သက်တဲ့ အကြံပေးချက်များ

 

ဒေါက်မြင့်ဖိနပ်ကို အချိန်ကြာမြင့်စွာ စီးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

ဖိနပ်ကို ဆက်တိုက်မစီးဘဲ မကြာခဏ ချွတ်ပြီး ခြေထောက်ကြွက်သားများ ကွေးဆန့်ခြင်းကို ပြုလုပ်သင့်ပါတယ်။

နှစ်လက်မအရွယ်ထက် မြင့်တဲ့ ဒေါက်တွေကို မစီးသင့်ပါဘူး။

ဖိနပ်ဝယ်တဲ့ အခါ နေ့လည်ပိုင်းမှာ ဝယ်သင့်ပါတယ်။ ဒီအချိန်မှာ ခြေထောက်အရွယ်အစား အမှန်ဆုံးဖြစ်ပါတယ်။

ခြေထိပ်စုနေတဲ့ ဖိနပ်တွေကို မရွေးချယ်သင့်ပါဘူး။

ချော်လဲခြင်းလျော့နည်းအောင် သားရေပြားအောက်ခံပါတဲ့ ဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။

ဖိနပ်ပုံစံ အမြောက်အမြား ဝယ်ပြီး နေ့စဉ် ဖိနပ်တွေကို လဲလှယ် စီးသင့်ပါတယ်။ ဥပမာ ဒီနေ့ ‌ဒေါက်ဖိနပ်ဆိုရင် နောက်နေ့ကို ဖိနပ်အပါးပြောင်းစီးတာမျိုးပါ။

သင့်ရဲ့ ဖက်ရှင်ကို နှစ်သက်စိတ်က မတ်တပ်ရပ်နိုင်စွမ်း၊ လှပစွာ ခြေလှမ်းနိုင်စွမ်းတွေကို မဖျက်ဆီးစေသင့်ပါဘူး။ သင့်ခြေဖဝါးတွေဟာ ထောက်ပံ့ပေးတဲ့ အခြေခံအရာတွေ ဖြစ်ပါတယ်။

တကယ်လို့ ခြေထောက်တွေက အဆင်မပြေဘူးဆိုရင် ဘယ်အရာကမှ အဆင်ပြေမှာ မဟုတ်ပါဘူးလို့ Dr. Nevins က ပြောပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: hellosayarwon

 

 

[Zawgyi]

ေဒါက္ျမင့္ဖိနပ္ေတြက ေျခဖဝါးက်န္းမာေရးကို ထိခိုက္ေစပါသလား....

 

အမ်ိဳးသမီးေတြဟာ အနာခံကာ ေဒါက္ျမင့္ဖိနပ္ေတြကို စီးၿပီး ဖက္႐ွင္က်ေအာင္ ေနေနၾကပါတယ္။ ဒါေပမယ့္ စီးဖို႔ ထိုက္တန္ပါရဲ႕လား။ ေျခဖဝါးရဲ႕ ပုံစံကို ကန္႔သတ္တဲ့ ဖိနပ္ေတြ ဝတ္တိုင္းမွာ နာက်င္မႈကို ခံစားရႏိုင္တယ္လို႔ Dr. Natalie A. Nevins, DO, an osteopathic physician from Hollywood, Calif က ဆိုပါတယ္။

စီးပြားေရးလုပ္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ေဒါက္ျမင့္ဖိနပ္ေတြ စီးျခင္းဟာ ပေရာ္ဖက္႐ွင္နယ္က်က်ပုံစံ ျဖစ္ေစဖို႔ ေန႔စဥ္ လိုအပ္ခ်က္တစ္ခုလို ျဖစ္ေနပါတယ္။ ေဒါက္ျမင့္ဖိနပ္ေတြ က စမတ္က်ေစတဲ့ အသြင္အျပင္ကို ရေစတာေၾကာင့္ ငယ္႐ြယ္သူတစ္ေယာက္အေနနဲ႔ ဒါကို ျငင္းပယ္ႏိုင္ဖို႔ ခက္ခဲပါတယ္။

ဒါေပမယ့္ ေအာက္မွာ ေျပာျပမယ့္ ဆိုးက်ိဳးေတြဟာ သင့္ကို ဒီလို ေဒါက္ျမင့္ဖိနပ္ေတြ စီးဖို႔ ေနာက္တစ္ႀကိမ္ ျပန္စဥ္းစားေစႏိုင္ၿပီး အျခား ဖိနပ္ေျပာင္းစီးျခင္းကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

ေဒါက္ျမင့္ဖိနပ္ေတြက ေျခဖဝါးက်န္းမာေရးကို ထိခိုက္ေစပါသလား ဆိုေတာ့

၁။ ကိုယ္ခႏၶာအစိတ္အပိုင္းေတြကို ဆိုး႐ြားစြာ သက္ေရာက္ႏိုင္ပါတယ္။

ခါး – သူဟာ အေ႐ွ႕ကို တြန္းထုတ္သလိုျဖစ္တာေၾကာင့္ တင္ပါးဆုံနဲ႔ ေက်ာ႐ိုးမေတြကို ပုံစံပ်က္ေစႏိုင္ပါတယ္။

ဒူးေခါင္း – ဒူးေခါင္းမွာ ဖိအားမ်ားစြာ သက္ေရာက္ႏိုင္ပါတယ္။

ေျခမ်က္စိ – ေဒါက္ျမင့္ဖိနပ္ေတြ စီးျခင္းဟာ ဆင္ေျခေလွ်ာေပၚ လမ္းေလွ်ာက္ရသလိုျဖစ္တာေၾကာင့္ ေျခမ်က္စိေပၚ ဖိအားသက္ေရာက္မႈမ်ားပါတယ္။ ေျခမ်က္စိပတ္ပတ္လည္က ႂကြက္သားေတြဟာ သင့္ကို မတ္တပ္ရပ္ႏိုင္ေစဖို႔၊ လမ္းေလွ်ာက္ႏိုင္ေစဖို႔ က်ံဳ႕ေပးရတာျဖစ္တာမို႔ ေနာက္ဆုံးမွာ တည္ၿငိမ္မႈမ႐ွိေတာ့ဘဲ အားနည္းႏိုင္ပါတယ္။

၂။ ေဒါက္ဖိနပ္စီးျခင္းရဲ႕ အျဖစ္မ်ားတဲ့ သက္ေရာက္မႈ ေလးခု

ေျခသလုံးႂကြက္သား တိုလာျခင္း – အခ်ိန္ၾကာလာတာနဲ႔အမွ် ေဒါက္ျမင့္ဖိနပ္ေတြ စီးျခင္းဟာ ေျခသလုံးႂကြက္သားနဲ႔ ခါးႂကြက္သားေတြကို တိုလာေစၿပီး နာက်င္မႈနဲ႔ ႂကြက္သားက်ံဳ႕ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ေဒါက္ျမင့္ဖိနပ္ေတြ ဟာ ျမင့္ၿပီး တင္းက်ပ္တာေၾကာင့္ အမ်ိဳးသမီးေတြဟာ Archilles tendon တိုျခင္းကိုလည္း ခံစားရႏိုင္ပါတယ္။

ႂကြက္သားပင္ပန္းႏြမ္းနယ္ျခင္း – ေဒါက္ဖိနပ္ျမင့္ေလေလ ေျခဖဝါးေျမႀကီးနဲ႔ ထိႏိုင္ဖို႔ ဒူးေကြးရေလေလပဲျဖစ္ပါတယ္။ ဒါဟာ ဒူးဆစ္ေပၚကို ဖိအားသက္ေရာက္မႈမ်ားစြာ ျဖစ္ေစႏိုင္ပါတယ္။ အထူးသျဖင့္ ကိုယ္အေလးခ်ိန္မ်ားတဲ့ အမ်ိဳးသမီးေတြမွာ ပိုဆိုးႏိုင္ပါတယ္။

ပုံစံေျပာင္းလဲျခင္း – ေဒါက္ျမင့္ဖိနပ္ေတြဟာ ပုံမွန္လမ္းေလွ်ာက္တဲ့ပုံစံကိုေျပာင္းလဲေစၿပီး Gait cycle ကို သက္ေရာက္မႈ႐ွိပါတယ္။ ေျခခ်င္းဝတ္မွာ ေျပာင္းလဲျခင္းဟာ ေျခေထာက္အေပၚပိုင္းနဲ႔ ခါးက ႂကြက္သားေတြကို အားအင္ေလ်ာ့နည္းေစပါတယ္။

သူဟာ ဒူးအတြင္းနဲ႔ ပတ္ပတ္လည္က အ႐ိုးေတြ ခံႏိုင္ရည္အားကိုလည္း သက္ေရာက္မႈ႐ွိတာမို႔ ဒဏ္ရာရ႐ွိမႈလြယ္ကူေစပါတယ္။

ခႏၶာေဗဒ ေျပာင္းလဲျခင္း – ေန႔စဥ္ ေဒါက္ျမင့္ဖိနပ္ကို ႏွစ္ေပါင္းမ်ားစြာ စီးျခင္းဟာ သင့္ရဲ႕ ခႏၶာေဗဒကိုပါ ေျပာင္းလဲေစႏိုင္ပါတယ္။ ေဒါက္ျမင့္ဖိနပ္စီးျခင္းဟာ ကိုယ္ခႏၶာရဲ႕ အေလးခ်ိန္ကို ေ႐ွ႕ပိုင္းမွာ သက္ေရာက္ေစတာမို႔ ခါးနဲ႔ ဒူးေခါင္းေတြမွာ ဖိအားမ်ားေစႏိုင္ပါတယ္။

၃။ ေဒါက္ျမင့္ဖိနပ္ စီးျခင္းနဲ႔ပတ္သက္တဲ့ အၾကံေပးခ်က္မ်ား

ေဒါက္ျမင့္ဖိနပ္ကို အခ်ိန္ၾကာျမင့္စြာ စီးျခင္းမွ ေ႐ွာင္ၾကဥ္သင့္ပါတယ္။

ဖိနပ္ကို ဆက္တိုက္မစီးဘဲ မၾကာခဏ ခြၽတ္ၿပီး ေျခေထာက္ႂကြက္သားမ်ား ေကြးဆန္႔ျခင္းကို ျပဳလုပ္သင့္ပါတယ္။

ႏွစ္လက္မအ႐ြယ္ထက္ ျမင့္တဲ့ ေဒါက္ေတြကို မစီးသင့္ပါဘူး။

ဖိနပ္ဝယ္တဲ့ အခါ ေန႔လည္ပိုင္းမွာ ဝယ္သင့္ပါတယ္။ ဒီအခ်ိန္မွာ ေျခေထာက္အ႐ြယ္အစား အမွန္ဆုံးျဖစ္ပါတယ္။

ေျခထိပ္စုေနတဲ့ ဖိနပ္ေတြကို မေ႐ြးခ်ယ္သင့္ပါဘူး။

ေခ်ာ္လဲျခင္းေလ်ာ့နည္းေအာင္ သားေရျပားေအာက္ခံပါတဲ့ ဖိနပ္ေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။

ဖိနပ္ပုံစံ အေျမာက္အျမား ဝယ္ၿပီး ေန႔စဥ္ ဖိနပ္ေတြကို လဲလွယ္ စီးသင့္ပါတယ္။ ဥပမာ ဒီေန႔ ‌ေဒါက္ဖိနပ္ဆိုရင္ ေနာက္ေန႔ကို ဖိနပ္အပါးေျပာင္းစီးတာမ်ိဳးပါ။

သင့္ရဲ႕ ဖက္႐ွင္ကို ႏွစ္သက္စိတ္က မတ္တပ္ရပ္ႏိုင္စြမ္း၊ လွပစြာ ေျခလွမ္းႏိုင္စြမ္းေတြကို မဖ်က္ဆီးေစသင့္ပါဘူး။ သင့္ေျခဖဝါးေတြဟာ ေထာက္ပံ့ေပးတဲ့ အေျခခံအရာေတြ ျဖစ္ပါတယ္။

တကယ္လို႔ ေျခေထာက္ေတြက အဆင္မေျပဘူးဆိုရင္ ဘယ္အရာကမွ အဆင္ေျပမွာ မဟုတ္ပါဘူးလို႔ Dr. Nevins က ေျပာပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service