အလေးအနက် တန်ဖိုးထားပုံခြင်း...

အလေးအနက် တန်ဖိုးထားပုံခြင်း... - Property Knowledge in Myanmar from iMyanmarHouse.com
27 Oct 2022 1:09 pm တွင် တင်ခဲ့သည်
721 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

တနေ့က ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်မှာ Simple ideas ကတင်ထားတဲ့ လဖက်ခြောက်ခပ်သောက်တဲ့ ရေနွေးကရားအိုးလေးပြုလုပ်နေတဲ့ ဗီဒီယိုလေးကို ကြည့်ရပါတယ်။

ရေနွေးကရားအိုးပဲကွာ ဘာဆန်းလို့လဲ လို့ပြောရင် ပြောလို့ရပါတယ်။ဒါပေမဲ့ သူဟာ သူလုပ်တဲ့ ပစ္စည်းတစ်ခုအပေါ်မှာ အလေးအနက်ထားပုံက အနုပညာတစ်ခုပမာ တန်ဖိုးထားပုံဖော်တာကိုတွေ့ရလို့ပါ။

သူက သူလုပ်နေတဲ့ ရေနွေးအိုးလေးအပေါ်မှာ ရေနွေးထည့်သောက်လို့ရယုံတင်မဟုတ်ပါဘူး။လှပမှုတိကျတဲ့ အလုံးအဝန်း၊ အပိတ်အစို့တွေ ညီညွတ်မျှတနေပြီး သေသပ်ချောမွေ့မှုတွေရှိအောင် အလေးအနက် အရမ်းဂရုစိုက်မှုတွေနဲ့ လုပ်ဆောင်နေပုံကို တွေ့ရပါတယ်။

ဒီပစ္စည်းတွေက တစ်ခုဆိုတစ်ခုပါပဲ အလေးထားနှစ်သက်မှုတွေထည့်ပေါင်းပြီး ဖော်ဆောင်ထားတာကြောင့် တန်ဖိုးကလည်း ပစ္စည်းဖြစ်ရုံထုတ်လုပ်ထားတဲ့ ပစ္စည်းတွေထက်ကို တန်ဖိုးအဆက အလွန်ကို ကွာခြားသွား ပါတယ်။

ရေနွေးအိုးလုပ်ဖို့ ရွှံ့စေးကိုင်ပုံကိုက နုညက်ချောမွေ့လှပါတယ်။အိုးရဲ့ဖင်အထိုင်၊အိုးရဲ့ အလုံးအဝန်း၊အိုးအဖုံး တို့ကို သင်္ချာနည်းနဲ့တွက်ကြည့်ရင် ကွက်တိဖြစ်အောင်လုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။

အိုးရဲ့ဝမ်းဗိုက်ကို အတိမ်းအစောင်းမရှိ တပြေးညီဖောင်းဖောင်းလေးဖြစ်အောင် ဝါးပိုးဝါးကို ကိုယ်လိုချင်တဲ့ အဝန်းအဝိုက်ပုံမျိုးရအောင် ခပ်ဝိုက်လေးဖြတ်ထားတာတွေ့ရပါတယ်။အဲဒီဝါးပိုးဝါး အဝိုက်လေးအတိုင်း ရွှံ့စေးကိုလှည့်ဆွဲပေးလိုက်တော့ အိုးဝမ်းဗိုက်ဟာ တညီတညာထဲ အပိန်အရှုံ့၊အရွဲ့အစောင်းမရှိဘဲ လုံးလုံးဝန်းဝန်းလေးရရှိပါတယ်။

အဖုံးနဲ့ အောက်ခံဖင်အထိုင်ကိုလည်း စကေးကိုက်ကျအောင်လုပ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။ ရေနွေးအိုးရဲ့ အဖုံးကို သေချာကျနပြီး ချောမွေ့နေအောင်လုပ်ဆောင်ပါတယ်။ပြီးတဲ့အခါ အဲဒီအဖုံးကို အိုးရဲ့နှုတ်ခမ်းဝမှာတပ်ကြည့်လိုက်တော့ ကွက်တိကျဖြစ်နေတာကိုတွေ့ရပါတယ်။ ချောင်နေ ကျပ်နေတာ မရှိပါဘူး။ကွက်တိမှ တကယ့်ကွက်တိပါပဲ။ကိုယ်လုပ်လိုက်တဲ့ ပစ္စည်းရဲ့ အမှတ်တံဆိပ်ကိုလည်း အဖုံးအတွင်းမှာ ရဲရဲဝံ့ဝံ့ခပ်နှိပ်ပေးလိုက်ပါသေးတယ်။

အိုးနှုတ်သီးရဲ့ အတွင်းမှာရှိမဲ့ လဖက်ခြောက်စစ်တဲ့ ရေစစ်ပေါက်ကို လူမှမမြင်ဘဲ အပေါက်ဖြစ်ပြီးရောဆိုပြီး မလုပ်ပါဘူး။အပေါက်အဝန်းညီအောင် နှုတ်ခမ်းအနားသတ်တွေ ချောမွေ့အောင်လုပ်ဆောင်ပြီးမှ နှုတ်သီးကို သေချာတပ်ပါတယ်။နှုတ်သီးတပ်ရာမှာလည်း အဆက်နေရာတွေ မပေါ်လွင်အောင်၊ပြေပြစ်အောင် ဆက်ပါတယ်။လက်ကိုင်ကိုင်းကို တပ်ရာမှာလည်း ထို့အတူပါပဲ။

ဒီဗီဒီယိုကိုကြည့်လိုက်ရင် ပြောစရာမလိုဘဲပြီးသွားမှာပါ။ဒါပေမဲ့ အလုပ်လုပ်တဲ့နေရာမှာ သာမန်မဟုတ်ဘဲ အလေးထားပြီး တယုတယ ဖန်တီးလုပ်ကိုင်ဆောင်ရွက်လိုက်တဲ့အတွက် ဖြစ်လာတဲ့ကိစ္စရပ်တိုင်း၊ အရာဝတ္ထုတိုင်းဟာလည်း နှစ်သက်မြတ်နိုး တန်ဖိုးထားရာဖြစ်လာတာကို ခံစားမိလို့ပါပဲ။

လူတွေဟာတန်ဖိုးထားစရာကောင်းမှ တန်ဖိုးထားကြတာပါ။သာမန်ကာလျှံကာ ထုတ်လုပ်လိုက်တဲ့ ပစ္စည်း ကိုလည်း ဘယ်သူမှတန်ဖိုးမထားကြပါဘူး။ ကျကွဲလည်း နောက်တစ်လုံး ထပ်ဝယ်သုံးလိုက်မယ်လို့သာ သဘောထားကြမှာပေါ့။

ဖန်တီးသူက ကိုယ်ဖန်တီးလိုက်တဲ့ ပစ္စည်းလေးအပေါ် တန်ဖိုးရှိအောင်ပြုလုပ်လိုက်တဲ့အတွက် ဒီတန်ဖိုးကို သိမြင်တဲ့သူတွေရဲ့လက်ထဲကိုပဲ ဒီပစ္စည်းလေးဟာ တန်ဖိုးရှိရှိရောက်ရှိသွားမှာပါ။

ဒါကြောင့်ဘာပဲလုပ်လုပ် ကိုယ်လုပ်ဆောင်တဲ့လုပ်ရပ်တိုင်းကို အလေးအနက်တန်ဖိုးထား လုပ်ဆောင်လိုက်ခြင်းအားဖြင့် တန်ဖိုးတို့မြင့်လာမယ်လို့ ယူဆမိပါတယ်ဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit to Photo

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 
















 

Credit to Photo



 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service