ဆံသဆရာနှင့် စေ့စပ်ခဲ့သူ Spice Girl အဖွဲ့မှ Mel B ၏ စံအိမ်

ဆံသဆရာနှင့် စေ့စပ်ခဲ့သူ Spice Girl အဖွဲ့မှ Mel B ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
27 Oct 2022 11:55 am တွင် တင်ခဲ့သည်
685 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဒေးဗစ်ဘက်ခမ်း၏ ဇနီး ဗစ်တိုးရီးယား ပါဝင်ခဲ့သော မိန်းကလေးဂီတအဖွဲ့ဖြစ်သည့် Spice Girl မှ Mel B သည် ချစ်သူ ဆံသဆရာ Rory McPhee နှင့် စေ့စပ်ကြောင်းလမ်းလိုက်ပြီ ဖြစ်သည်။

Mel B သည် အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီး သူ၏ချစ်သူ Rory မှာ အသက် ၃၆ နှစ်အရွယ်ဖြစ်ကာ အင်္ဂလန်နိုင်ငံ၊ လိဒ်မြို့မှ ဆံသဆရာတစ်ဦး ဖြစ်သည်။

Mel B သည် ယခင် ခင်ပွန်းဟောင်း Stephen Belafonte နှင့် အိမ်ထောင်သက် ၁၀ နှစ်အတွင်း ညှင်းပန်းနှိပ်စက်မှုများ ခံခဲ့ရပြီး ယောက်ျားများကို ကြောက်ရွံ့သွားခဲ့သည်ဟု ဆိုသည်။

သို့သော် ၂၀၁၈ ခုနှစ်က စတင်ချစ်ကြိုက်ခဲ့သူ Rory က Mel B အား ယောက်ျားများအပေါ် ယုံကြည်စိတ် ပြန်လည်မွေးဖွားပေးနိုင်ခဲ့သည်။

Rory က Cliveden House ဟိုတယ်တွင် Mel B အား ဒူးတစ်ဘက်ထောက်ကာ လက်ထပ်ခွင့် တောင်းခံခဲ့သည်။

Rory က Mel B အား ပေါင် ၁၀၀၀၀၀ တန် ရှန်ပိန်ရောင် စိန်လက်စွပ်တစ်ကွင်း လက်ဆောင်ပေးခဲ့သည်။

“Rory က Mel B ရဲ့ ဇာတိမြို့ လိဒ်ကပါ။ Rory က Mel B ကို သိနေတာကြာပြီ။ သူက Mel B တွဲဖူးတဲ့ ယောက်ျားတွေအားလုံးနဲ့ လုံးဝခြားနားပါတယ်”ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

 

(Mel B ၏ လိဒ်မြို့မှ ပေါင် ၁ ဒသမ ၄ သန်းတန်စံအိမ်)

 

Spice Girl အဖွဲ့တွင် Scary Spice ဟု နာမည်ကျော်သူ Mel B သည် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်သည့် ခင်ပွန်း (ဟောင်း) Stephen Belafonte ကို ကျောခိုင်းကာ ယော့ခ်ရှိုင်းယားသို့ ပြန်သွားချိန်တွင် လိဒ်မြို့မှ စံအိမ်ကို Kings Lea အား တစ်နှစ် အငှားချထားခဲ့သည်။

လိဒ်မြို့ရှိ စံအိမ်သည် ယခင်က Mel B အလုပ်တာဝန်များ မရှိချိန်တွင် အနားယူနေထိုင်လေ့ရှိသည့် နေရာတစ်ခု ဖြစ်သည်။

(Mel B ၏ လိဒ်မြို့စံအိမ်ရှိ ဧည့်ခန်းများအနက် တစ်ခု)

 

အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါသော စံအိမ်မှာ ပြီးခဲ့သော ၂၀၂၁ ခုနှစ်အတွင်းက အရောင်းဈေးကွက် ဝင်လာခဲ့ဖူးသည်။

ရင်သပ်ရှုမောဖွယ်စံအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၄၆၀၀ ရှိပြီး ခြံအကျယ်မှာ ၁ ဒသမ ၆ ဧကရှိကာ ကြီးမားသည့်ရေကန်ကြီးတစ်ခု ပါဝင်သည်။

 

ပေါင် ၁ ဒသမ ၄ သန်းဈေးခေါ်ခဲ့သော စံအိမ်ရှိရာသို့ Cookridge ခရစ်ကက် ကလပ်၏ဘေး သီးသန့်လမ်းတစ်ခုမှတဆင့် ရောက်ရှိနိုင်သည်။

အဆိုပါနေရာတွင် တန်ဖိုးကြီး စံအိမ်ကြီး ၂ လုံးရှိပြီး သီးသန့်လမ်းတစ်ခုကို မျှဝေသုံးစွဲခဲ့ကြပြီး နောက်ပိုင်းတွင်မူ သီးခြားနေအိမ်များအဖြစ် ခွဲထုတ်ခဲ့ကြသည်။

(စံအိမ်ရှေ့ဘက်ကို ညအချိန်တွင် တွေ့ရပုံ)

စံအိမ်ကို ရှေ့ဘက်မှကြည့်လျှင် အမေရိကန်မော်ဒန်ဗိသုကာဟန်စံအိမ်နှင့် တူနေသည်။

စံအိမ်တစ်ခုလုံးကို အဖြူရောင်ဆေးသုတ်ထားပြီး အလှဆင်မွမ်းမံထားသော ဝရန်တာတစ်ခုရှိသည်။

လမ်းဆီမှကြည့်လျှင် နေအိမ်မှာ ပျောက်ကွယ်နေရာ တစ်ကိုယ်ရေလုံခြုံမှုကောင်းစွာရှိသည်။ ထိုအချက်မှာ Mel B သဘောကျနှစ်သက်သည့်အချက်လည်း ဖြစ်သည်။

အောက်ထပ်တွင် ကြီးမားသော ဧည့်ခန်း ၄ ခန်း၊ ကြီးမားကျယ်ဝန်းကာ အထူးမွမ်းမံပြင်ဆင်ထားသည့် မီးဖိုဆောင်၊ ညစာစားခန်းတို့ပါဝင်သည်။ အခန်းများတွင် တောင်ဘက်သို့ မျက်နှာမူသည့် နေစာလှုံ နားနေနေရာတစ်ခုသို့ပေါက်သော ခေါက်တံခါးပေါက်များ ရှိသည်။

အပေါ်ထပ်တွင် ကြီးမားကျယ်ဝန်းသည့် ၂ ယေက်အိပ်ခန်း ၅ ခန်း ပါဝင်သည်။ သို့သော် Mel B နေထိုင်ခဲ့သည့် Master Bedroom မှာ အကောင်းဆုံးဖြစ်ပြီး လမ်းလျှောက်ဝင်နိုင်သော အဝတ်အစားထားသိုခန်း၊ အားကစားလေ့ကျင့်ခန်းမ၊ ရေပန်းပါသော ခမ်းနားသည့်ရေချိုးခန်းတစ်ခုတို့ရှိသည်။

ထို့အပြင် master bedroom တွင် built-in တပ်ဆင်ပေးထားသော Bose အသံစနစ်တစ်ခုလည်းရှိကာ ခြံဝန်းအတွင်းကို စီးမိုးတွေ့မြင်ရသည့် သီးသန့်နားနေဆောင်နေရာသို့ သွားနိုင်သည်။

(Mel B နေထိုင်ခဲ့သော Master bedroom)

စံအိမ်အတွင်းရှိ ရေချိုးခန်းများအားလုံးတွင် ကြမ်းပြင်အောက် အပူပေးစနစ်များ ပါဝင်ရာ သင်၏ခြေချောင်းများ အေးစက်နေဖွယ် မရှိချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Spice Girl Mel B’s £1.4m hidden Leeds property has just gone on the market (thehootleeds)

 

 

[Zawgyi]

ဆံသဆရာႏွင့္ ေစ့စပ္ခဲ့သူ Spice Girl အဖြဲ႔မွ Mel B ၏ စံအိမ္

 

ေဒးဗစ္ဘက္ခမ္း၏ ဇနီး ဗစ္တိုးရီးယား ပါဝင္ခဲ့ေသာ မိန္းကေလးဂီတအဖြဲ႔ျဖစ္သည့္ Spice Girl မွ Mel B သည္ ခ်စ္သူ ဆံသဆရာ Rory McPhee ႏွင့္ ေစ့စပ္ေၾကာင္းလမ္းလိုက္ျပီ ျဖစ္သည္။

Mel B သည္ အသက္ ၄၇ ႏွစ္ရွိျပီျဖစ္ျပီး သူ၏ခ်စ္သူ Rory မွာ အသက္ ၃၆ ႏွစ္အရြယ္ျဖစ္ကာ အဂၤလန္ႏိုင္ငံ၊ လိဒ္ျမိဳ႕မွ ဆံသဆရာတစ္ဦး ျဖစ္သည္။

Mel B သည္ ယခင္ ခင္ပြန္းေဟာင္း Stephen Belafonte ႏွင့္ အိမ္ေထာင္သက္ ၁၀ ႏွစ္အတြင္း ညွင္းပန္းႏွိပ္စက္မႈမ်ား ခံခဲ့ရျပီး ေယာက်္ားမ်ားကို ေၾကာက္ရြံ႕သြားခဲ့သည္ဟု ဆိုသည္။

သို႔ေသာ္ ၂၀၁၈ ခုႏွစ္က စတင္ခ်စ္ၾကိဳက္ခဲ့သူ Rory က Mel B အား ေယာက်္ားမ်ားအေပၚ ယံုၾကည္စိတ္ ျပန္လည္ေမြးဖြားေပးႏိုင္ခဲ့သည္။

Rory က Cliveden House ဟိုတယ္တြင္ Mel B အား ဒူးတစ္ဘက္ေထာက္ကာ လက္ထပ္ခြင့္ ေတာင္းခံခဲ့သည္။

Rory က Mel B အား ေပါင္ ၁၀၀၀၀၀ တန္ ရွန္ပိန္ေရာင္ စိန္လက္စြပ္တစ္ကြင္း လက္ေဆာင္ေပးခဲ့သည္။

“Rory က Mel B ရဲ႕ ဇာတိျမိဳ႕ လိဒ္ကပါ။ Rory က Mel B ကို သိေနတာၾကာျပီ။ သူက Mel B တြဲဖူးတဲ့ ေယာက်္ားေတြအားလံုးနဲ႔ လံုးဝျခားနားပါတယ္”ဟု သတင္းရင္းျမစ္တစ္ခုက ေျပာသည္။

(Mel B ၏ လိဒ္ျမိဳ႕မွ ေပါင္ ၁ ဒသမ ၄ သန္းတန္စံအိမ္)

Spice Girl အဖြဲ႔တြင္ Scary Spice ဟု နာမည္ေက်ာ္သူ Mel B သည္ ညွင္းပန္းႏွိပ္စက္မႈမ်ား ျပဳလုပ္သည့္ ခင္ပြန္း (ေဟာင္း) Stephen Belafonte ကို ေက်ာခိုင္းကာ ေယာ့ခ္ရႈိင္းယားသို႔ ျပန္သြားခ်ိန္တြင္ လိဒ္ျမိဳ႕မွ စံအိမ္ကို Kings Lea အား တစ္ႏွစ္ အငွားခ်ထားခဲ့သည္။

လိဒ္ျမိဳ႕ရွိ စံအိမ္သည္ ယခင္က Mel B အလုပ္တာဝန္မ်ား မရွိခ်ိန္တြင္ အနားယူေနထိုင္ေလ့ရွိသည့္ ေနရာတစ္ခု ျဖစ္သည္။

(Mel B ၏ လိဒ္ျမိဳ႕စံအိမ္ရွိ ဧည့္ခန္းမ်ားအနက္ တစ္ခု)

အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၄ ခန္းပါေသာ စံအိမ္မွာ ျပီးခဲ့ေသာ ၂၀၂၁ ခုႏွစ္အတြင္းက အေရာင္းေစ်းကြက္ ဝင္လာခဲ့ဖူးသည္။

ရင္သပ္ရႈေမာဖြယ္စံအိမ္၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၄၆၀၀ ရွိျပီး ျခံအက်ယ္မွာ ၁ ဒသမ ၆ ဧကရွိကာ ၾကီးမားသည့္ေရကန္ၾကီးတစ္ခု ပါဝင္သည္။ ေပါင္ ၁ ဒသမ ၄ သန္းေစ်းေခၚခဲ့ေသာ စံအိမ္ရွိရာသို႔ Cookridge ခရစ္ကက္ ကလပ္၏ေဘး သီးသန္႔လမ္းတစ္ခုမွတဆင့္ ေရာက္ရွိႏိုင္သည္။

အဆိုပါေနရာတြင္ တန္ဖိုးၾကီး စံအိမ္ၾကီး ၂ လံုးရွိျပီး သီးသန္႔လမ္းတစ္ခုကို မွ်ေဝသံုးစြဲခဲ့ၾကျပီး ေနာက္ပိုင္းတြင္မူ သီးျခားေနအိမ္မ်ားအျဖစ္ ခြဲထုတ္ခဲ့ၾကသည္။

(စံအိမ္ေရွ႕ဘက္ကို ညအခ်ိန္တြင္ ေတြ႔ရပံု)

စံအိမ္ကို ေရွ႕ဘက္မွၾကည့္လွ်င္ အေမရိကန္ေမာ္ဒန္ဗိသုကာဟန္စံအိမ္ႏွင့္ တူေနသည္။

စံအိမ္တစ္ခုလံုးကို အျဖဴေရာင္ေဆးသုတ္ထားျပီး အလွဆင္မြမ္းမံထားေသာ ဝရန္တာတစ္ခုရွိသည္။

လမ္းဆီမွၾကည့္လွ်င္ ေနအိမ္မွာ ေပ်ာက္ကြယ္ေနရာ တစ္ကိုယ္ေရလံုျခံဳမႈေကာင္းစြာရွိသည္။ ထိုအခ်က္မွာ Mel B သေဘာက်ႏွစ္သက္သည့္အခ်က္လည္း ျဖစ္သည္။

ေအာက္ထပ္တြင္ ၾကီးမားေသာ ဧည့္ခန္း ၄ ခန္း၊ ၾကီးမားက်ယ္ဝန္းကာ အထူးမြမ္းမံျပင္ဆင္ထားသည့္ မီးဖိုေဆာင္၊ ညစာစားခန္းတို႔ပါဝင္သည္။ အခန္းမ်ားတြင္ ေတာင္ဘက္သို႔ မ်က္ႏွာမူသည့္ ေနစာလံႈ နားေနေနရာတစ္ခုသို႔ေပါက္ေသာ ေခါက္တံခါးေပါက္မ်ား ရွိသည္။

အေပၚထပ္တြင္ ၾကီးမားက်ယ္ဝန္းသည့္ ၂ ေယက္အိပ္ခန္း ၅ ခန္း ပါဝင္သည္။ သို႔ေသာ္ Mel B ေနထိုင္ခဲ့သည့္ Master Bedroom မွာ အေကာင္းဆံုးျဖစ္ျပီး လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစားထားသိုခန္း၊ အားကစားေလ့က်င့္ခန္းမ၊ ေရပန္းပါေသာ ခမ္းနားသည့္ေရခ်ဳိးခန္းတစ္ခုတို႔ရွိသည္။

ထို႔အျပင္ master bedroom တြင္ built-in တပ္ဆင္ေပးထားေသာ Bose အသံစနစ္တစ္ခုလည္းရွိကာ ျခံဝန္းအတြင္းကို စီးမိုးေတြ႔ျမင္ရသည့္ သီးသန္႔နားေနေဆာင္ေနရာသို႔ သြားႏိုင္သည္။

(Mel B ေနထိုင္ခဲ့ေသာ Master bedroom)

စံအိမ္အတြင္းရွိ ေရခ်ဳိးခန္းမ်ားအားလံုးတြင္ ၾကမ္းျပင္ေအာက္ အပူေပးစနစ္မ်ား ပါဝင္ရာ သင္၏ေျခေခ်ာင္းမ်ား ေအးစက္ေနဖြယ္ မရွိေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Spice Girl Mel B’s £1.4m hidden Leeds property has just gone on the market (thehootleeds)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service