ဝင်ရိုးစွန်းနေ့၊ ဝင်ရိုးစွန်းညများ (သို့မဟုတ်) နော်ဝေနိုင်ငံက သေခွင့်မပေးတဲ့မြို့ကလေး

ဝင်ရိုးစွန်းနေ့၊ ဝင်ရိုးစွန်းညများ (သို့မဟုတ်) နော်ဝေနိုင်ငံက သေခွင့်မပေးတဲ့မြို့ကလေး - Property News in Myanmar from iMyanmarHouse.com
26 Oct 2022 9:56 am တွင် တင်ခဲ့သည်
2633 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကျွန်ုပ်တို့၏ ကမ္ဘာမြေတွင် တိမ်မြှုပ်နေသော အဖိုးတန်ရတနာများစွာရှိပြီး စိတ်ဝင်စားဖွယ်ရာလည်း အတိပင်။

သို့သော် ကမ္ဘာမြေရှိ တစ်ခုသောနေရာမှာမူ အဆိုပါစိတ်ဝင်စားဖွယ် အားလုံးကို ဖြတ်ကျော်သွားသည်။

ထိုနေရာကလေး၏ အမည်မှာ လောင်းယာဗြန်း (Longyearbyen) (နော်ဝေအသံထွက်အားဖြင့် လောင်ရေဗြန်း) ဟုအမည်ရပြီး နော်ဝေနိုင်ငံ၊ Svalbard ကျွန်းစုတွင် တည်ရှိသည်။

Svalbard ကျွန်းစုမှာ နော်ဝေနိုင်ငံနှင့် မြောက်ဝင်ရိုးစွန်းအကြား အာတိတ်သမုဒ္ဒရာအတွင်း တည်ရှိကာ အမြဲရေခဲနေသော ဒေသဖြစ်ပြီး တန်ဒြာသမင်နှင့် အာတိတ်မြေခွေး၊ ပိုလာဝက်ဝံတို့ ကျက်စားရာဒေသလည်း ဖြစ်ကာ ကမ္ဘာမြောက်ဖျားအကျဆုံး လူနေဒေသဖြစ်သည်။

လောင်ယားဗြန်တွင် အလွန်ထူးဆန်းသောဥပဒေများရှိနေပြီး ဒေသခံ ၂၀၀၀ ခန့်မှာ ယင်းဥပဒေများကို လိုက်နာကြရသည်။

ဤနေရာသည် မြောက်ဝင်ရိုးစွန်းနှင့် အနီးဆုံးတည်ရှိသောမြို့ဖြစ်သောကြောင့် ရက်ပေါင်း ၁၂၀ ခန့် အလင်းကို မမြင်ရ။

အလွန်တရာ အေးလှသောနေရာဖြစ်သည့် ဤမြို့လေး၏ စိတ်ဝင်စားဖွယ်သမိုင်းကြောင်း၊ လူတို့အနာဂတ်အတွက် အရေးပါမှုများကြောင့် လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် များစွာရှိသည်။

မြို့လေး၏ မြို့တော်ဝန်မှာ Arild Olsen ဖြစ်သည်။

(မြို့လေးပေါ်ပေါက်လာပုံ)

လောင်းယာဗြန်းသည် ကျောက်မီးသွေးတွင်း အလုပ်သမားများ နေထိုင်ရန်နေရာအဖြစ် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

၁၉၀၆ ခုနှစ်တွင် အမေရိကန်လူမျိုးတစ်ဦးဖြစ်သူ John Munro Longyear ၏ Arctic Coal ကုမ္ပဏီက ဤနေရာတွင် ကျောက်မီးသွေးတူးဖော်မှုများ စတင်ပြုလုပ်ခဲ့ရာမှ မြို့ကလေးပေါ်ပေါက်လာခြင်းဖြစ်ရာ ၎င်းကိုအစွဲပြုပြီး မြို့လေးကို အမည်ပေးခဲ့သည်။

ထိုခေတ်ထိုကာလက စကင်ဒီနေးဗီးယား၏ အကြီးမားဆုံး ကျောက်မီးသွေးတွင်းများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

၁၉၉၀ ပြည့်လွန်ကာလများတွင်မူ ကျောက်မီးသွေးတူးဖော်မှုကို Svalbard ကျွန်းစုတွင်ပင်ရှိသော Sveagruva အရပ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ လောင်းယာဗြန်းမှ အလုပ်သမား ၃၀၀ ခန့်မှာ Sveagruva ကျောက်မီးသွေးတွင်းများရှိရာသို့ နေ့စဉ် (သို့မဟုတ်) အပတ်စဉ် အသွားအပြန်လုပ်ကာ အလုပ်ဆင်းခဲ့ကြသည်။

ကျောက်မီးသွေးထုတ်လုပ်မှုမှာ ၂၀၀၇ ခုနှစ်တွင် အများဆုံးထုတ်လုပ်ခဲ့ပြီး တန်ချိန် ၄ ဒသမ ၁ သန်းအထိ ထုတ်လုပ်ခဲ့ကာ ၂၀၁၅ ခုနှစ်တွင်မူ တန်ချိန် ၁ ဒသမ ၁ သန်းသို့ လျှော့ချခဲ့သည်။

ယင်းအနက် တန်ချိန် ၂၅၀၀၀ ကို Longyear ဓာတ်အားပေးစက်ရုံအတွက် အသုံးပြုသည်။ ယင်းစက်ရုံသည် နော်ဝေ၏ တစ်ခုတည်းသော ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံလည်း ဖြစ်သည်။

သို့သော် ၂၀၁၄ ခုနှစ်မှစတင်ပြီး ကျောက်မီးသွေးဈေးကွက် အခြေအနေမကောင်းတော့ရာ အရှုံးပေါ်မှု များလာသောကြောင့် ၂၀၁၇ ခုနှစ်တွင် ကျောက်မီးသွေးတူးဖော် ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားခဲ့သည်။

ကျောက်မီးသွေးတူးဖော်မှု ရပ်ဆိုင်းသွားချိန်တွင်လည်း အလုပ်သမားများသည် ဤနေရာကို ကျောခိုင်းမသွားဘဲ မြို့လေးတည်ထောင်ကာ နေထိုင်ခဲ့ကြရာမှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလည်း ပေါ်ပေါက်လာခဲ့သည်။

ကျောက်မီးသွေးတူးဖော်မှုရပ်ဆိုင်းသွားသော်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် သုတေသနများ ထွန်းကားလာသည်။

Svalbard သို့ University Centre ၊ ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်နှင့် ဂြိုဟ်တုဆက်သွယ်ရေးစခန်းများ ရောက်ရှိလာသည်။

လောင်းယာဗြန်းတွင် ချမှတ်ထားသော ဥပဒေများမှာ ပြင်ပမှလာရောက်သူများအတွက် ထူးဆန်းနေမည် ဖြစ်သော်လည်း ထိုဒေသရာသီဥတုနှင့် ၎င်းတို့၏ ဘဝနေထိုင်မှုတို့အရ ယုတ္တိရှိပါသည်။

မြို့လေးဖြစ်တည်လာပြီးနောက်ပိုင်း ကမ္ဘာ့အဆုံးနေရာရှိ ဆိတ်ငြိမ်သော ဤနေရာလေးသို့ အခြေချလိုသူများ ရှိလာသည်။

မြို့လေး၏ ရိုးရှင်းသော ဘဝနေထိုင်မှုဟန်ပန်ကြောင့်သာမက ရှည်လျားမှောင်မိုက်သော ဆောင်းကာလများကို နှစ်သက်သောကြောင့်လည်း ဖြစ်နိုင်သည်။

ဆောင်းကာလများမှာ အုံ့ဆိုင်းမှောင်မိုက်နေသော်လည်း အမှန်တကယ်လှပပါသည်။

၂၀၁၉ ခုနှစ်အချက်အလက်များအရ လောင်းယာဗြန်းတွင် အခြေချနေထိုင်သူ ၂၃၆၈ ဦးရှိသည်။

ယင်းအနက် လူဦးရေ ၃၀၀ ခန့်မှာ နော်ဝေနိုင်ငံသားများမဟုတ်။ အများစုမှာ ထိုင်း၊ ဆွီဒင်၊ ရုရှားနှင့် ယူကရိန်း နိုင်ငံသားများ ဖြစ်ကြသည်။

လောင်းယာဗြန်းတွင် အသက် ၆၆ နှစ်အထက် မရှိ။

မြို့လေးတွင် ဘုရားကျောင်း၊ စာတိုက်၊ ATM စက်၊ လေယာဉ်ကွင်းတစ်ခု၊ တက္ကသိုလ်တစ်ခု၊ ရုပ်ရှင်ရုံ၊ လူငယ်ကလပ်တစ်ခု၊ စာကြည့်တိုက်နှင့် ပြတိုက်တစ်ခုတို့အပြင် Svalbard Turn အမည်ရှိ အားကစားကလပ်တစ်ခုလည်း ရှိသည်။

၁၉၉၅ ခုနှစ်တွင် လောင်းယာဗြန်းသို့ လာရောက်လည်ပတ်သူ ၃၀၀၀၀ ခန့်ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၈၉၀၀၀ ဦးအထိ မြင့်တက်လာသည်။

ကမ္ဘာလှည့်ခရီးသည်များအနက် ၃ ပုံ ၂ ပုံမှ နော်ဝေနိုင်ငံသားများဖြစ်ကြသည်။

၂၀၀၇ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ နော်ဝေငွေ ၂၉၁ သန်း ဝင်ငွေရခဲ့သည်။

(ဝင်ရိုးစွန်းနေ့၊ ဝင်ရိုးစွန်းည)

လောင်းယာဗြန်းတွင် နေရောင်ကို လုံးဝမမြင်ရဘဲ ၂၄ နာရီလုံးမှောင်မည်းနေသည့် ဝင်ရိုးစွန်းညများ၊ နေမဝင်ဘဲ နေကို ၂၄ နာရီလုံး မြင်နေရသည့် ဝင်ရိုးစွန်းနေ့ (သို့မဟုတ်) သန်းခေါင်နေကိုလည်းကောင်း ကြုံတွေ့ကြရ သည်။

ဝင်ရိုးစွန်းညများကို နိုဝင်ဘာလ ၁၄ ၇က်မှ ဇန်နဝါရီလ ၂၉ ရက်အထိလည်းကောင်း၊ ဧပြီလ ၁၉ ရက်မှ သြဂုတ်လ ၂၃ ရက်အထိလည်းကောင်း၊ အောက်တိုဘာလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၁၄ ရက်အထိလည်းကောင်း တွေ့ကြုံကြရသည်။

(မြို့လေးတွင် သေဆုံးခွင့်၊ မွေးဖွားခွင့်မပြု)

လောင်းယာဗြန်းတွင် ချမှတ်ထားသည့် ပြင်းထန်သောဥပဒေ ၂ ခုကား မြို့ကလေးတွင် သေဆုံးခွင့် (သို့မဟုတ်) ကလေးမွေးဖွားခွင့် မပြုခြင်းပင်။ မြို့လေးတွင် သေဆုံးခွင့် မပြုသည့်အကြောင်းရင်းမှာ လူတစ်ဦးသေဆုံးလျှင် ထိုဒေသ၏ နှင်းထုထဲတွင် မြှုပ်နှံရမည်ဖြစ်ရာ ရေခဲမှတ်အောက် အဆပေါင်းများစွာအေးခဲနေသောကြောင့် အလောင်းများ ပုပ်သိုးရန် အချိန်လွန်စွာကြာမြင့်သည်။

ထိုသို့ မြှုပ်နှံထားသောအလောင်းများက ဝင်ရိုးစွန်းဝက်ဝံများကို ဆွဲဆောင်ခေါ်ယူနေသကဲ့သို့ ဖြစ်လာမည် ဖြစ်သည်။

ဝင်ရိုးစွန်းဝက်ဝံများသည် ဤဒေသတွင်နေထိုင်သူများအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုအန္တရာယ်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ထို့ကြောင့် လောင်းယာဗြန်းတွင် အခြေချနေထိုင်သူတို့သည် နေထိုင်မကောင်းဖြစ်ကာ အခြေအနေ ဆိုးရွားလာပါက နော်ဝေနိုင်ငံ တောင်ဘက်ဒေသဆီသို့ ပို့ဆောင်ခံရမည်ဖြစ်ပြီး အခြားနေရာတွင် ဆေးဝါးကုသမှုခံယူခြင်း (သို့မဟုတ်) သေဆုံးပါက အခြားနေရာတွင် မြှုပ်နှံစေခြင်းများ ပြုလုပ်မည် ဖြစ်သည်။

လောင်းယာဗြန်း၏ သင်္ချိုင်းကို အသုံးမပြုတော့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီလည်း ဖြစ်သည်။

ဒုတိယဥပဒေဖြစ်သော ဤမြို့လေးတွင် ကလေးမွေးဖွားခွင့်မပြုရခြင်းအကြောင်းမှာ လောင်းယာဗြန်းတွင် လူဦးရေနည်းပါးသည့်အတွက် သားဖွားဌာနမရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရှိလာ၍ ကလေးမွေးဖွားရမည်ဆိုပါက သားဖွားဌာနရှိသော အနီးဆုံးမြို့သို့ သွားရမည်ဖြစ်သည်။

မတော်တဆ သေဆုံးမှုမျိုးရှောင်ရှားနိုင်ရန် ဤသို့စည်းကမ်းချက်ထုတ်ရခြင်းလည်း ဖြစ်သည်။

မြို့လေး၏ အခြားစိတ်ဝင်စားဖွယ် ဥပဒေတစ်ခုမှာ လောင်းယာဗြန်းတွင် ကြောင်များ မွေးမြူခြင်း ခွင့်မပြုသည့် ဥပဒေဖြစ်သည်။

အဘယ်ကြောင့်ဆိုလျှင် ကြောင်များသည် မြို့လေးတွင်ရှိသော ငှက်များကို လိုက်လံဖမ်းဆီးပါက ငှက်များ မျိုးတုန်းသွားနိုင်သောကြောင့်ဟု ဆိုသည်။

(လောင်းယာဗြန်းက မျိုးစေ့ဘဏ်။ ဓာတ်ပုံ-Public Domain)

 

((The Svalbard ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်))

လောင်းယာဗြန်းတွင် စိတ်ဝင်စားဖွယ်အလွန်ကောင်းပြီး ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်နိုင်သည့် အရာတစ်ခုမှာ ကျောက်မီးသွေးတွင်းဟောင်းတစ်ခုတွင် တည်ထောင်ထားသော မျိုးစေ့ဘဏ် ဖြစ်သည်။

ကမ္ဘာပေါ်တွင် ရှာဖွေတွေ့ရှိကြသည့် သစ်ပင်အမျိုးအစားအများစုနှင့် မျိုးတုန်းပျောက်ကွယ်နေပြီဖြစ်သော မျိုးစိတ်များကို ကာကွယ်ရန်အတွက် မျိုးစေ့ဘဏ်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မျိုးစေ့အမျိုးမျိုး သိမ်းဆည်းထားရှိပြီး နှစ်စဉ်နှင့်အမျှ မျိုးစေ့ပမာဏ ဆက်လက်မြင့်တက်လာလျက်ရှိနေသည်။

အနာဂတ်တွင် သဘာဝဘေးအန္တရာယ်ကြီးများနှင့် အနုမြူစစ်ပွဲကြီးများဖြစ်ခဲ့ပါက သစ်ပင်မျိုးစိတ်များ ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်ကာ မျိုးစေ့ဘဏ်ကို တည်ထောင်ထားခြင်းလည်း ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ကပင်လျှင် အီရတ်နှင့် ဥရုဂွေးနိုင်ငံတို့မှ ကောက်ပဲသီးနှံမျိုးစေ့များ လာရောက်ပေးပို့ခဲ့ကြသေးသည်။

အီရတ်နှင့် ဥရုဂွေးတို့သည် မျိုးစေ့ဘဏ်သို့ ပထမဆုံးအကြိမ် ပေးပို့လာခြင်းဖြစ်ကြောင်း နော်ဝေ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာနက ထုတ်ပြန်သည်။

မျိုးစေ့များကို ပြင်ပကမ္ဘာနှင့် ထိတွေ့မှုနည်းပါးစေရန်အတွက် မျိုးစေ့ဘဏ်ကို တစ်နှစ်လျှင် ၃ ကြိမ်သာ ဖွင့်သည်။

၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့မျိုးစေ့များ၏ နောက်ဆုံးသိုမှီးရာနေရာတစ်ခုအဖြစ် ရည်ရွယ်သည်။

အာရှ၊ သြစတေးလျ၊ ဥရောပနှင့် လက်တင်အမေရိကနိုင်ငံများ၏ မျိုးဗီဇဘဏ် ၁၃ ခုမှ ပေးပို့ထားသော မျိုးစေ့နမူနာ ၄၅၀၀၀ ကျော်ကို လာမည့် ဗုဒ္ဓဟူးနေ့တွင် မျိုးစေ့ဘဏ်၌ သိမ်းဆည်းသွားမည်ဖြစ်သည်။

ယခုသိမ်းဆည်းမည့် မျိုးစေ့များနှင့်ဆိုလျှင် မျိုးစေ့ပမာဏစုစုပေါင်း ၁ ဒသမ ၂ သန်းကျော် ရှိလာမည်ဖြစ်ကြောင်း နော်ဝေစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(historyofyesterday,Reuters)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Town Where You Are Not Allowed to Die (historyofyesterday)

 

 

[Zawgyi]

ဝင္ရိုးစြန္းေန႔၊ ဝင္ရိုးစြန္းညမ်ား (သို႔မဟုတ္) ေနာ္ေဝႏိုင္ငံက ေသခြင့္မေပးတဲ့ျမိဳ႕ကေလး

 

ကၽြႏု္ပ္တို႔၏ ကမၻာေျမတြင္ တိမ္ျမွဳပ္ေနေသာ အဖိုးတန္ရတနာမ်ားစြာရွိျပီး စိတ္ဝင္စားဖြယ္ရာလည္း အတိပင္။

သို႔ေသာ္ ကမၻာေျမရွိ တစ္ခုေသာေနရာမွာမူ အဆုိပါစိတ္ဝင္စားဖြယ္ အားလံုးကို ျဖတ္ေက်ာ္သြားသည္။

ထိုေနရာကေလး၏ အမည္မွာ ေလာင္းယာျဗန္း (Longyearbyen) (ေနာ္ေဝအသံထြက္အားျဖင့္ ေလာင္ေရျဗန္း) ဟုအမည္ရျပီး ေနာ္ေဝႏိုင္ငံ၊ Svalbard ကၽြန္းစုတြင္ တည္ရွိသည္။

Svalbard ကၽြန္းစုမွာ ေနာ္ေဝႏိုင္ငံႏွင့္ ေျမာက္ဝင္ရိုးစြန္းအၾကား အာတိတ္သမုဒၵရာအတြင္း တည္ရွိကာ အျမဲေရခဲေနေသာ ေဒသျဖစ္ျပီး တန္ျဒာသမင္ႏွင့္ အာတိတ္ေျမေခြး၊ ပိုလာဝက္ဝံတို႔ က်က္စားရာေဒသလည္း ျဖစ္ကာ ကမၻာေျမာက္ဖ်ားအက်ဆံုး လူေနေဒသျဖစ္သည္။

ေလာင္ယားျဗန္တြင္ အလြန္ထူးဆန္းေသာဥပေဒမ်ားရွိေနျပီး ေဒသခံ ၂၀၀၀ ခန္႔မွာ ယင္းဥပေဒမ်ားကို လိုက္နာၾကရသည္။

ဤေနရာသည္ ေျမာက္ဝင္ရိုးစြန္းႏွင့္ အနီးဆံုးတည္ရွိေသာျမိဳ႕ျဖစ္ေသာေၾကာင့္ ရက္ေပါင္း ၁၂၀ ခန္႔ အလင္းကို မျမင္ရ။

အလြန္တရာ ေအးလွေသာေနရာျဖစ္သည့္ ဤျမိဳ႕ေလး၏ စိတ္ဝင္စားဖြယ္သမိုင္းေၾကာင္း၊ လူတို႔အနာဂတ္အတြက္ အေရးပါမႈမ်ားေၾကာင့္ လာေရာက္လည္ပတ္သည့္ ကမၻာလွည့္ခရီးသည္ မ်ားစြာရွိသည္။

ျမိဳ႕ေလး၏ ျမိဳ႕ေတာ္ဝန္မွာ Arild Olsen ျဖစ္သည္။

(ျမိဳ႕ေလးေပၚေပါက္လာပံု)

ေလာင္းယာျဗန္းသည္ ေက်ာက္မီးေသြးတြင္း အလုပ္သမားမ်ား ေနထိုင္ရန္ေနရာအျဖစ္ စတင္တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

၁၉၀၆ ခုႏွစ္တြင္ အေမရိကန္လူမ်ဳိးတစ္ဦးျဖစ္သူ John Munro Longyear ၏ Arctic Coal ကုမၸဏီက ဤေနရာတြင္ ေက်ာက္မီးေသြးတူးေဖာ္မႈမ်ား စတင္ျပဳလုပ္ခဲ့ရာမွ ျမိဳ႕ကေလးေပၚေပါက္လာျခင္းျဖစ္ရာ ၎ကိုအစြဲျပဳျပီး ျမိဳ႕ေလးကို အမည္ေပးခဲ့သည္။

ထိုေခတ္ထိုကာလက စကင္ဒီေနးဗီးယား၏ အၾကီးမားဆံုး ေက်ာက္မီးေသြးတြင္းမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္ခဲ့သည္။

၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္မူ ေက်ာက္မီးေသြးတူးေဖာ္မႈကို Svalbard ကၽြန္းစုတြင္ပင္ရွိေသာ Sveagruva အရပ္သို႔ ေျပာင္းေရႊ႕သြားခဲ့သည္။ ေလာင္းယာျဗန္းမွ အလုပ္သမား ၃၀၀ ခန္႔မွာ Sveagruva ေက်ာက္မီးေသြးတြင္းမ်ားရွိရာသို႔ ေန႔စဥ္ (သို႔မဟုတ္) အပတ္စဥ္ အသြားအျပန္လုပ္ကာ အလုပ္ဆင္းခဲ့ၾကသည္။

ေက်ာက္မီးေသြးထုတ္လုပ္မႈမွာ ၂၀၀၇ ခုႏွစ္တြင္ အမ်ားဆံုးထုတ္လုပ္ခဲ့ျပီး တန္ခ်ိန္ ၄ ဒသမ ၁ သန္းအထိ ထုတ္လုပ္ခဲ့ကာ ၂၀၁၅ ခုႏွစ္တြင္မူ တန္ခ်ိန္ ၁ ဒသမ ၁ သန္းသို႔ ေလွ်ာ့ခ်ခဲ့သည္။

ယင္းအနက္ တန္ခ်ိန္ ၂၅၀၀၀ ကို Longyear ဓာတ္အားေပးစက္ရံုအတြက္ အသံုးျပဳသည္။ ယင္းစက္ရံုသည္ ေနာ္ေဝ၏ တစ္ခုတည္းေသာ ေက်ာက္မီးေသြးစြမ္းအင္သံုး ဓာတ္အားေပးစက္ရံုလည္း ျဖစ္သည္။

သို႔ေသာ္ ၂၀၁၄ ခုႏွစ္မွစတင္ျပီး ေက်ာက္မီးေသြးေစ်းကြက္ အေျခအေနမေကာင္းေတာ့ရာ အရံႈးေပၚမႈ မ်ားလာေသာေၾကာင့္ ၂၀၁၇ ခုႏွစ္တြင္ ေက်ာက္မီးေသြးတူးေဖာ္ ထုတ္လုပ္မႈမ်ား ရပ္ဆိုင္းသြားခဲ့သည္။

ေက်ာက္မီးေသြးတူးေဖာ္မႈ ရပ္ဆိုင္းသြားခ်ိန္တြင္လည္း အလုပ္သမားမ်ားသည္ ဤေနရာကို ေက်ာခိုင္းမသြားဘဲ ျမိဳ႕ေလးတည္ေထာင္ကာ ေနထိုင္ခဲ့ၾကရာမွ ကမၻာလွည့္ခရီးသြားလုပ္ငန္းလည္း ေပၚေပါက္လာခဲ့သည္။

ေက်ာက္မီးေသြးတူးေဖာ္မႈရပ္ဆိုင္းသြားေသာ္လည္း ကမၻာလွည့္ခရီးသြားလုပ္ငန္းႏွင့္ သုေတသနမ်ား ထြန္းကားလာသည္။

Svalbard သို႔ University Centre ၊ ကမၻာလံုးဆိုင္ရာ မ်ဳိးေစ့ဘဏ္ႏွင့္ ျဂိဳဟ္တုဆက္သြယ္ေရးစခန္းမ်ား ေရာက္ရွိလာသည္။

ေလာင္းယာျဗန္းတြင္ ခ်မွတ္ထားေသာ ဥပေဒမ်ားမွာ ျပင္ပမွလာေရာက္သူမ်ားအတြက္ ထူးဆန္းေနမည္ ျဖစ္ေသာ္လည္း ထိုေဒသရာသီဥတုႏွင့္ ၎တို႔၏ ဘဝေနထိုင္မႈတို႔အရ ယုတိၱရွိပါသည္။

ျမိဳ႕ေလးျဖစ္တည္လာျပီးေနာက္ပိုင္း ကမၻာ့အဆံုးေနရာရွိ ဆိတ္ျငိမ္ေသာ ဤေနရာေလးသို႔ အေျခခ်လိုသူမ်ား ရွိလာသည္။

ျမိဳ႕ေလး၏ ရိုးရွင္းေသာ ဘဝေနထုိင္မႈဟန္ပန္ေၾကာင့္သာမက ရွည္လ်ားေမွာင္မိုက္ေသာ ေဆာင္းကာလမ်ားကို ႏွစ္သက္ေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။

ေဆာင္းကာလမ်ားမွာ အံု႔ဆိုင္းေမွာင္မိုက္ေနေသာ္လည္း အမွန္တကယ္လွပပါသည္။

၂၀၁၉ ခုႏွစ္အခ်က္အလက္မ်ားအရ ေလာင္းယာျဗန္းတြင္ အေျခခ်ေနထိုင္သူ ၂၃၆၈ ဦးရွိသည္။

ယင္းအနက္ လူဦးေရ ၃၀၀ ခန္႔မွာ ေနာ္ေဝႏိုင္ငံသားမ်ားမဟုတ္။ အမ်ားစုမွာ ထိုင္း၊ ဆြီဒင္၊ ရုရွားႏွင့္ ယူကရိန္း ႏိုင္ငံသားမ်ား ျဖစ္ၾကသည္။

ေလာင္းယာျဗန္းတြင္ အသက္ ၆၆ ႏွစ္အထက္ မရွိ။

ျမိဳ႕ေလးတြင္ ဘုရားေက်ာင္း၊ စာတိုက္၊ ATM စက္၊ ေလယာဥ္ကြင္းတစ္ခု၊ တကၠသိုလ္တစ္ခု၊ ရုပ္ရွင္ရံု၊ လူငယ္ကလပ္တစ္ခု၊ စာၾကည့္တိုက္ႏွင့္ ျပတိုက္တစ္ခုတို႔အျပင္ Svalbard Turn အမည္ရွိ အားကစားကလပ္တစ္ခုလည္း ရွိသည္။

၁၉၉၅ ခုႏွစ္တြင္ ေလာင္းယာျဗန္းသို႔ လာေရာက္လည္ပတ္သူ ၃၀၀၀၀ ခန္႔ရွိခဲ့ျပီး ၂၀၀၈ ခုႏွစ္တြင္ ၈၉၀၀၀ ဦးအထိ ျမင့္တက္လာသည္။

ကမၻာလွည့္ခရီးသည္မ်ားအနက္ ၃ ပံု ၂ ပံုမွ ေနာ္ေဝႏိုင္ငံသားမ်ားျဖစ္ၾကသည္။

၂၀၀၇ ခုႏွစ္တြင္ ကမၻာလွည့္ခရီးသြားလုပ္ငန္းမွ ေနာ္ေဝေငြ ၂၉၁ သန္း ဝင္ေငြရခဲ့သည္။

(ဝင္ရိုးစြန္းေန႔၊ ဝင္ရိုးစြန္းည)

ေလာင္းယာျဗန္းတြင္ ေနေရာင္ကို လံုးဝမျမင္ရဘဲ ၂၄ နာရီလံုးေမွာင္မည္းေနသည့္ ဝင္ရိုးစြန္းညမ်ား၊ ေနမဝင္ဘဲ ေနကို ၂၄ နာရီလံုး ျမင္ေနရသည့္ ဝင္ရိုးစြန္းေန႔ (သို႔မဟုတ္) သန္းေခါင္ေနကိုလည္းေကာင္း ၾကံဳေတြ႔ၾကရ သည္။ ဝင္ရိုးစြန္းညမ်ားကို ႏိုဝင္ဘာလ ၁၄ ၇က္မွ ဇန္နဝါရီလ ၂၉ ရက္အထိလည္းေကာင္း၊ ဧျပီလ ၁၉ ရက္မွ ၾသဂုတ္လ ၂၃ ရက္အထိလည္းေကာင္း၊ ေအာက္တိုဘာလ ၂၇ ရက္မွ ေဖေဖာ္ဝါရီလ ၁၄ ရက္အထိလည္းေကာင္း ေတြ႔ၾကံဳၾကရသည္။

(ျမဳိ႕ေလးတြင္ ေသဆံုးခြင့္၊ ေမြးဖြားခြင့္မျပဳ)

ေလာင္းယာျဗန္းတြင္ ခ်မွတ္ထားသည့္ ျပင္းထန္ေသာဥပေဒ ၂ ခုကား ျမိဳ႕ကေလးတြင္ ေသဆံုးခြင့္ (သို႔မဟုတ္) ကေလးေမြးဖြားခြင့္ မျပဳျခင္းပင္။ ျမိဳ႕ေလးတြင္ ေသဆံုးခြင့္ မျပဳသည့္အေၾကာင္းရင္းမွာ လူတစ္ဦးေသဆံုးလွ်င္ ထိုေဒသ၏ ႏွင္းထုထဲတြင္ ျမွဳပ္ႏွံရမည္ျဖစ္ရာ ေရခဲမွတ္ေအာက္ အဆေပါင္းမ်ားစြာေအးခဲေနေသာေၾကာင့္ အေလာင္းမ်ား ပုပ္သိုးရန္ အခ်ိန္လြန္စြာၾကာျမင့္သည္။

ထိုသို႔ ျမွဳပ္ႏွံထားေသာအေလာင္းမ်ားက ဝင္ရိုးစြန္းဝက္ဝံမ်ားကို ဆြဲေဆာင္ေခၚယူေနသကဲ့သို႔ ျဖစ္လာမည္ ျဖစ္သည္။

ဝင္ရိုးစြန္းဝက္ဝံမ်ားသည္ ဤေဒသတြင္ေနထုိင္သူမ်ားအတြက္ အၾကီးမားဆံုးျခိမ္းေျခာက္မႈအႏၱရာယ္မ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

ထို႔ေၾကာင့္ ေလာင္းယာျဗန္းတြင္ အေျခခ်ေနထုိင္သူတို႔သည္ ေနထိုင္မေကာင္းျဖစ္ကာ အေျခအေန ဆိုးရြားလာပါက ေနာ္ေဝႏိုင္ငံ ေတာင္ဘက္ေဒသဆီသို႔ ပို႔ေဆာင္ခံရမည္ျဖစ္ျပီး အျခားေနရာတြင္ ေဆးဝါးကုသမႈခံယူျခင္း (သို႔မဟုတ္) ေသဆံုးပါက အျခားေနရာတြင္ ျမွဳပ္ႏွံေစျခင္းမ်ား ျပဳလုပ္မည္ ျဖစ္သည္။

ေလာင္းယာျဗန္း၏ သခၤ်ဳိင္းကို အသံုးမျပဳေတာ့သည္မွာ ႏွစ္ေပါင္း ၇၀ ေက်ာ္ခဲ့ျပီလည္း ျဖစ္သည္။

ဒုတိယဥပေဒျဖစ္ေသာ ဤျမိဳ႕ေလးတြင္ ကေလးေမြးဖြားခြင့္မျပဳရျခင္းအေၾကာင္းမွာ ေလာင္းယာျဗန္းတြင္ လူဦးေရနည္းပါးသည့္အတြက္ သားဖြားဌာနမရွိေသာေၾကာင့္ ျဖစ္သည္။

ထို႔ေၾကာင့္ အမ်ဳိးသမီးတစ္ဦး ကိုယ္ဝန္ရွိလာ၍ ကေလးေမြးဖြားရမည္ဆိုပါက သားဖြားဌာနရွိေသာ အနီးဆံုးျမိဳ႕သို႔ သြားရမည္ျဖစ္သည္။

မေတာ္တဆ ေသဆံုးမႈမ်ဳိးေရွာင္ရွားႏိုင္ရန္ ဤသို႔စည္းကမ္းခ်က္ထုတ္ရျခင္းလည္း ျဖစ္သည္။

ျမိဳ႕ေလး၏ အျခားစိတ္ဝင္စားဖြယ္ ဥပေဒတစ္ခုမွာ ေလာင္းယာျဗန္းတြင္ ေၾကာင္မ်ား ေမြးျမဴျခင္း ခြင့္မျပဳသည့္ ဥပေဒျဖစ္သည္။

အဘယ္ေၾကာင့္ဆိုလွ်င္ ေၾကာင္မ်ားသည္ ျမိဳ႕ေလးတြင္ရွိေသာ ငွက္မ်ားကို လိုက္လံဖမ္းဆီးပါက ငွက္မ်ား မ်ဳိးတုန္းသြားႏိုင္ေသာေၾကာင့္ဟု ဆိုသည္။

(ေလာင္းယာျဗန္းက မ်ဳိးေစ့ဘဏ္။ ဓာတ္ပံု-Public Domain)

((The Svalbard ကမၻာလံုးဆိုင္ရာ မ်ဳိးေစ့ဘဏ္))

ေလာင္းယာျဗန္းတြင္ စိတ္ဝင္စားဖြယ္အလြန္ေကာင္းျပီး ကမၻာလွည့္ခရီးသည္မ်ားအား ဆြဲေဆာင္ႏိုင္သည့္ အရာတစ္ခုမွာ ေက်ာက္မီးေသြးတြင္းေဟာင္းတစ္ခုတြင္ တည္ေထာင္ထားေသာ မ်ဳိးေစ့ဘဏ္ ျဖစ္သည္။

ကမၻာေပၚတြင္ ရွာေဖြေတြ႔ရွိၾကသည့္ သစ္ပင္အမ်ဳိးအစားအမ်ားစုႏွင့္ မ်ဳိးတုန္းေပ်ာက္ကြယ္ေနျပီျဖစ္ေသာ မ်ဳိးစိတ္မ်ားကို ကာကြယ္ရန္အတြက္ မ်ဳိးေစ့ဘဏ္ကို တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

လက္ရွိတြင္ မ်ဳိးေစ့အမ်ဳိးမ်ဳိး သိမ္းဆည္းထားရွိျပီး ႏွစ္စဥ္ႏွင့္အမွ် မ်ဳိးေစ့ပမာဏ ဆက္လက္ျမင့္တက္လာလ်က္ရွိေနသည္။

အနာဂတ္တြင္ သဘာဝေဘးအႏၱရာယ္ၾကီးမ်ားႏွင့္ အႏုျမဴစစ္ပြဲၾကီးမ်ားျဖစ္ခဲ့ပါက သစ္ပင္မ်ဳိးစိတ္မ်ား ထိန္းသိမ္းထားႏိုင္ရန္ ရည္ရြယ္ကာ မ်ဳိးေစ့ဘဏ္ကို တည္ေထာင္ထားျခင္းလည္း ျဖစ္သည္။

ယခုႏွစ္ ေအာက္တိုဘာလ ၁၂ ရက္ေန႔ကပင္လွ်င္ အီရတ္ႏွင့္ ဥရုေဂြးႏိုင္ငံတို႔မွ ေကာက္ပဲသီးႏွံမ်ဳိးေစ့မ်ား လာေရာက္ေပးပို႔ခဲ့ၾကေသးသည္။

အီရတ္ႏွင့္ ဥရုေဂြးတို႔သည္ မ်ဳိးေစ့ဘဏ္သို႔ ပထမဆံုးအၾကိမ္ ေပးပို႔လာျခင္းျဖစ္ေၾကာင္း ေနာ္ေဝ စိုက္ပ်ဳိးေရးႏွင့္ စားနပ္ရိကၡာဝန္ၾကီးဌာနက ထုတ္ျပန္သည္။

မ်ဳိးေစ့မ်ားကို ျပင္ပကမၻာႏွင့္ ထိေတြ႔မႈနည္းပါးေစရန္အတြက္ မ်ဳိးေစ့ဘဏ္ကို တစ္ႏွစ္လွ်င္ ၃ ၾကိမ္သာ ဖြင့္သည္။

၂၀၀၈ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ျပီး ကမၻာ့မ်ဳိးေစ့မ်ား၏ ေနာက္ဆံုးသိုမွီးရာေနရာတစ္ခုအျဖစ္ ရည္ရြယ္သည္။

အာရွ၊ ၾသစေတးလ်၊ ဥေရာပႏွင့္ လက္တင္အေမရိကႏိုင္ငံမ်ား၏ မ်ဳိးဗီဇဘဏ္ ၁၃ ခုမွ ေပးပို႔ထားေသာ မ်ဳိးေစ့နမူနာ ၄၅၀၀၀ ေက်ာ္ကို လာမည့္ ဗုဒၶဟူးေန႔တြင္ မ်ဳိးေစ့ဘဏ္၌ သိမ္းဆည္းသြားမည္ျဖစ္သည္။

ယခုသိမ္းဆည္းမည့္ မ်ဳိးေစ့မ်ားႏွင့္ဆိုလွ်င္ မ်ဳိးေစ့ပမာဏစုစုေပါင္း ၁ ဒသမ ၂ သန္းေက်ာ္ ရွိလာမည္ျဖစ္ေၾကာင္း ေနာ္ေဝစိုက္ပ်ဳိးေရးဝန္ၾကီးဌာနက ထုတ္ျပန္သည္။

(historyofyesterday,Reuters)

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Town Where You Are Not Allowed to Die (historyofyesterday)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service