ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
(တန်ဂန်ယီကာ ရယ်မောခြင်းကပ်ဘေး)
၁၉၆၂ ခုနှစ်တွင် တန်ဂန်ယီကာ (ယနေ့ခေတ် တန်ဇန်းနီးယားနိုင်ငံ) မှ ကရှာရှာအမည်ရှိကျေးရွာကလေးမှ ကျောင်းအိပ်ကျောင်းစား ကျောင်းကလေးတစ်ခုတွင် ရယ်မောခြင်းကူးစက်ရောဂါတစ်ခု ဖြစ်ပွားခဲ့သည်။
အချိန်ကား ၁၉၆၂ ခုနှစ် ၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖြစ်သည်။
ထိုကျောင်းမှ မိန်းကလေး ၃ ဦးမှ စတင်သည်။
ကနဦးတွင် ကလေးများရယ်မောသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သောကြောင့် သတိမမူမိခဲ့ကြ။
ပျော်ရွှင်စရာဟုသာ ထင်ခဲ့ကြသည်။
နောက်ပိုင်းတွင် ကျောင်းသားကျောင်းသူပေါင်း ၁၅၉ ဦးရှိသည့်အနက် ၉၅ ဦးသို့ ကူးစက်ခဲ့သည်။
ကလေးများမှာ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားအရွယ်များ ဖြစ်ကြသည်။ သင်ကြားရေးဝန်ထမ်းများကိုမူ ကူးစက်ခဲ့ခြင်းမရှိချေ။
အချို့သော ကလေးငယ်များမှာ ပြင်းထန်စွာရယ်မောရာမှ ငိုကြွေးမှုများပြုလာကြသည်။
ဘေးလူများ၏ အမြင်တွင် အပြစ်ကင်းကာ ပျော်ရွှင်စရာဟု ယူဆဖွယ်ရှိသည်။
သို့သော် အဖြစ်မှန်ကား ထိုသို့ မဟုတ်ချေ။
ရယ်မောနေချိန်တွင် အသက်ရှုရန်အလွန်ခက်သည်။
ထို့ကြောင့် လူတို့အနေဖြင့် စက္ကန့် ၂၀ ခန့်သာ ရယ်မောနေကြသည်။ ကျောင်းမှကလေးများ ဆက်တိုက်ရယ်မောနေသည်မှာ ၁၀ မိနစ်နီးပါးရှိလာသည်။
ထိုအချိန်တွင် လည်ချောင်းများ နာကျင်စပြုလာပြီး အချို့မှာ မူးမေ့သွားကြသည်။
မကြာမီ စူးစူးရွားရွားအော်သံများ ထွက်လာကာ ရယ်မောရသည့် ဝေဒနာကြောင့် ကျွက်ကျွက်ညံလာကြသည်။
တစ်နေလုံး ကလေးများ ရယ်မောမှုမှာ ရပ်လိုက်နားလိုက်ဖြစ်နေပြီး ကျောင်းသားများကြားတွင် ကူးစက်ရောဂါတစ်ခုတဖွယ် တဖြည်းဖြည်းပျံ့နှံ့သွားသည်။
ရယ်မောနေသည့်ကလေးများ အိမ်ပြန်သွားချိန်တွင် မိဘများထံသို့ပါ ကူးစက်ခဲ့သည်။
နောက်ပိုင်းတွင် ရယ်မောခြင်းရောဂါမှာ အနီးရှိ Nshamba ကျေးရွာသို့ ကူးစက်သွားခဲ့သည်။
ထိုနှစ် ဧပြီနှင့်မေလများတွင် ကျေးရွာသား ၂၁၇ ဦး ကူးစက်ခံခဲ့ရပြီး အများစုမှာ လူငယ်များဖြစ်ကြသည်။
ရယ်မောခြင်းရောဂါကူးစက်ပျံ့ပွားမှုပေါ်ပေါက်အပြီး ရက်သတ္တ ၆ ပတ်အကြာ မတ်လ ၁၈ ရက်တွင် ကျောင်းအိပ်ကျောင်းစား စာသင်ကျောင်းကို ကျောင်းပိတ်စေခဲ့ပြီး မေလ ၂၁ ရက်တွင် ပြန်ဖွင့်ခဲ့သည်။
သို့သော် ဇွန်လကုန်တွင် ကျောင်းပြန်ပိတ်လိုက်ပြန်သည်။
ဇွန်လအစောပိုင်းတွင် ရယ်မောခြင်းကူးစက်ရောဂါမှာ Bukoba ကျေးရွာရှိ မိန်းကလေးအလယ်တန်းကျောင်းသို့ ကူးစက်ခဲ့ပြီး မိန်းကလေး ၄၈ ဦး ကူးစက်ခံခဲ့ရသည်။
ကရှာရှာ ကျေးရွာစာသင်ကျောင်းကို အနီးဝန်းကျင်သို့ ရောဂါကူးစက်စေမှုအတွက် တရားစွဲခြင်းခံခဲ့ရသည်။
အဆိုပါ ကူးစက်ရောဂါကြောင့် နောက်ထပ် တစ်နှစ်တာကာလအတွင်း စာသင်ကျောင်း ၁၄ ခု ပိတ်သိမ်းခဲ့ရပြီး လူပေါင်း ၁၀၀၀ ကျော် ကူးစက်ခံခဲ့ရသည်။
ကလေးများ၏ အခြေအနေကို စစ်ဆေးပေးရန် ခေါ်ယူခဲ့သော ဆရာဝန် ၂ ဦးဖြစ်သည် A.M. Rankin နှင့် P.J. Philip တို့ကပြောသည်မှာ “ဒီရောဂါက ရုတ်တရက် ပေါ်လာတာပါ။ မိနစ်အနည်းငယ်ကနေ နာရီအနည်းငယ်အထိ ရယ်လ်ိုက်ငိုလိုက် ဖြစ်ကြတယ်။ခဏရပ်သွားမယ်၊ ပြီးရင် ပြန်ဖြစ်မယ်။ခေါင်းထဲမှာ တစ်ခုခု ဖျတ်ပြေးနေသလို ခံစားရတယ်လို့ လူနာတွေက ပြောကြတယ်။ကိုယ့်နောက်ကနေ တစ်ယောက်ယောက်လိုက်လာမှာကို ကြောက်နေတတ်ကြတယ်။”ဟု ဆိုသည်။
ထူးဆန်းသည်မှာ ဆရာဝန်များသည် ရောဂါခံစားရသူများတွင် မည်သည့်မူမမှန်သော ကိုယ်ခန္ဓာရောဂါလက္ခဏာရပ်များမှ ရှာမတွေ့ခဲ့။
ဒေသခံတို့က အဆိုပါရောဂါကို “အန်ဝါရာ ယိုကူရှီကာ” ဟု ခေါ်ခဲ့ကြပြီး အဓိပ္ပာယ်မှာ ရယ်မောမှု မကျန်းမာခြင်းဟု အဓိပ္ပာယ်ရသည်။
ထို့အပြင် “အကာဂျန်ဂျာ”ဟုလည်းခေါ်ကြသေးသည်။ အဓိပ္ပာယ်မှာ ရူးသွပ်ခြင်းဟု ဖြစ်သည်။
နောက်ပိုင်းစစ်ဆေးချက်များအရ ဒေါက်တာ Rankin နှင့် Philip တို့က အဆိပ်သင့်ခြင်း (သို့မဟုတ်) ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ကြောင်း ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။
ယနေ့အထိ အကောင်းဆုံးယူဆချက်မှာမူ လူအလုံးအရင်းလိုက် စိတ်ကစဉ့်ကလျားဖြစ်ခြင်းဟူသော အဖြေ ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ဒါကို လူအုပ်စုလိုက် စိတ်ထိခိုက်မှုလို့ သတ်မှတ်ထားပါတယ်”ဟု Purdue တက္ကသိုလ်မှ Christian Hempelmann က Chicago Tribune သို့ပြောသည်။
“ဒါက ပတ်ဝန်းကျင်က အစာအဆိပ် ဒါမှမဟုတ် အဆိပ်သင့်တာမျိုးကြောင့် မဟုတ်ပါဘူး။လူတွေရဲ့ စိတ်ထဲမှာ စွဲမြဲနေတဲ့ စိတ်ဖိစီးမှုကြောင့့် ဖြစ်ပါတယ်” လူအလုံးအရင်းလိုက် စိတ်ကစဉ့်ကလျားဖြစ်ခြင်း ဖြစ်စဉ်မျိုးသည် လူအနည်းငယ်မှစတင်လေ့ရှိပြီး ၎င်းတို့တွင် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းများ စတင်ခံစားကြရသည်။
တန်ဇန်းနီးယား၏ ရယ်မောခြင်းကပ်ရောဂါသည် ၁၈ လခန့်ကြာသော အခါတွင်မှ အပြီးတိုင်ပျောက်ကင်းသွားခဲ့ သည်။
ထိုရောဂါကြောင့် သေဆုံးသူမရှိခဲ့ချေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: When a Village Started Laughing... and Couldn't Stop (realclearscience)
[Zawgyi]
တစ္ႏွစ္ခြဲၾကာေအာင္ မရပ္မနား ရယ္ေမာသည့္ေရာဂါ ကူးစက္ခံရေသာ တန္ဇန္းနီးယားက ရြာေလး
(တန္ဂန္ယီကာ ရယ္ေမာျခင္းကပ္ေဘး)
၁၉၆၂ ခုႏွစ္တြင္ တန္ဂန္ယီကာ (ယေန႔ေခတ္ တန္ဇန္းနီးယားႏိုင္ငံ) မွ ကရွာရွာအမည္ရွိေက်းရြာကေလးမွ ေက်ာင္းအိပ္ေက်ာင္းစား ေက်ာင္းကေလးတစ္ခုတြင္ ရယ္ေမာျခင္းကူးစက္ေရာဂါတစ္ခု ျဖစ္ပြားခဲ့သည္။
အခ်ိန္ကား ၁၉၆၂ ခုႏွစ္ ၊ ဇန္နဝါရီလ ၃၁ ရက္ေန႔တြင္ ျဖစ္သည္။
ထိုေက်ာင္းမွ မိန္းကေလး ၃ ဦးမွ စတင္သည္။
ကနဦးတြင္ ကေလးမ်ားရယ္ေမာသည္မွာ ျဖစ္ရိုးျဖစ္စဥ္သာျဖစ္ေသာေၾကာင့္ သတိမမူမိခဲ့ၾက။
ေပ်ာ္ရႊင္စရာဟုသာ ထင္ခဲ့ၾကသည္။
ေနာက္ပုိင္းတြင္ ေက်ာင္းသားေက်ာင္းသူေပါင္း ၁၅၉ ဦးရွိသည့္အနက္ ၉၅ ဦးသုိ႔ ကူးစက္ခဲ့သည္။
ကေလးမ်ားမွာ အသက္ ၁၂ နွစ္မွ ၁၈ ႏွစ္ၾကားအရြယ္မ်ား ျဖစ္ၾကသည္။ သင္ၾကားေရးဝန္ထမ္းမ်ားကိုမူ ကူးစက္ခဲ့ျခင္းမရွိေခ်။
အခ်ဳိ႕ေသာ ကေလးငယ္မ်ားမွာ ျပင္းထန္စြာရယ္ေမာရာမွ ငိုေၾကြးမႈမ်ားျပဳလာၾကသည္။
ေဘးလူမ်ား၏ အျမင္တြင္ အျပစ္ကင္းကာ ေပ်ာ္ရႊင္စရာဟု ယူဆဖြယ္ရွိသည္။
သုိ႔ေသာ္ အျဖစ္မွန္ကား ထိုသို႔ မဟုတ္ေခ်။
ရယ္ေမာေနခ်ိန္တြင္ အသက္ရႈရန္အလြန္ခက္သည္။
ထိို႔ေၾကာင့္ လူတို႔အေနျဖင့္ စကၠန္႔ ၂၀ ခန္႔သာ ရယ္ေမာေနၾကသည္။ ေက်ာင္းမွကေလးမ်ား ဆက္တိုက္ရယ္ေမာေနသည္မွာ ၁၀ မိနစ္နီးပါးရွိလာသည္။
ထိုအခ်ိန္တြင္ လည္ေခ်ာင္းမ်ား နာက်င္စျပဳလာျပီး အခ်ိဳ႕မွာ မူးေမ့သြားၾကသည္။
မၾကာမီ စူးစူးရြားရြားေအာ္သံမ်ား ထြက္လာကာ ရယ္ေမာရသည့္ ေဝဒနာေၾကာင့္ ကၽြက္ကၽြက္ညံလာၾကသည္။
တစ္ေနလံုး ကေလးမ်ား ရယ္ေမာမႈမွာ ရပ္လိုက္နားလုိက္ျဖစ္ေနျပီး ေက်ာင္းသားမ်ားၾကားတြင္ ကူးစက္ေရာဂါတစ္ခုတဖြယ္ တျဖည္းျဖည္းပ်ံ႕ႏွ႔ံသြားသည္။
ရယ္ေမာေနသည့္ကေလးမ်ား အိမ္ျပန္သြားခ်ိန္တြင္ မိဘမ်ားထံသုိ႔ပါ ကူးစက္ခဲ့သည္။
ေနာက္ပိုင္းတြင္ ရယ္ေမာျခင္းေရာဂါမွာ အနီးရွိ Nshamba ေက်းရြာသုိ႔ ကူးစက္သြားခဲ့သည္။
ထိုႏွစ္ ဧျပီိႏွင့္ေမလမ်ားတြင္ ေက်းရြာသား ၂၁၇ ဦး ကူးစက္ခံခဲ့ရျပီး အမ်ားစုမွာ လူငယ္မ်ားျဖစ္ၾကသည္။
ရယ္ေမာျခင္းေရာဂါကူးစက္ပ်ံ႕ပြားမႈေပၚေပါက္အျပီး ရက္သတၱ ၆ ပတ္အၾကာ မတ္လ ၁၈ ရက္တြင္ ေက်ာင္းအိပ္ေက်ာင္းစား စာသင္ေက်ာင္းကို ေက်ာင္းပိတ္ေစခဲ့ျပီး ေမလ ၂၁ ရက္တြင္ ျပန္ဖြင့္ခဲ့သည္။
သို႔ေသာ္ ဇြန္လကုန္တြင္ ေက်ာင္းျပန္ပိတ္လိုက္ျပန္သည္။
ဇြန္လအေစာပိုင္းတြင္ ရယ္ေမာျခင္းကူးစက္ေရာဂါမွာ Bukoba ေက်းရြာရွိ မိန္းကေလးအလယ္တန္းေက်ာင္းသုိ႔ ကူးစက္ခဲ့ျပီး မိန္းကေလး ၄၈ ဦး ကူးစက္ခံခဲ့ရသည္။
ကရွာရွာ ေက်းရြာစာသင္ေက်ာင္းကို အနီးဝန္းက်င္သို႔ ေရာဂါကူးစက္ေစမႈအတြက္ တရားစြဲျခင္းခံခဲ့ရသည္။
အဆိုပါ ကူးစက္ေရာဂါေၾကာင့္ ေနာက္ထပ္ တစ္ႏွစ္တာကာလအတြင္း စာသင္ေက်ာင္း ၁၄ ခု ပိတ္သိမ္းခဲ့ရျပီး လူေပါင္း ၁၀၀၀ ေက်ာ္ ကူးစက္ခံခဲ့ရသည္။
ကေလးမ်ား၏ အေျခအေနကို စစ္ေဆးေပးရန္ ေခၚယူခဲ့ေသာ ဆရာဝန္ ၂ ဦးျဖစ္သည္ A.M. Rankin ႏွင့္ P.J. Philip တို႔ကေျပာသည္မွာ “ဒီေရာဂါက ရုတ္တရက္ ေပၚလာတာပါ။ မိနစ္အနည္းငယ္ကေန နာရီအနည္းငယ္အထိ ရယ္လို္က္ငိုလိုက္ ျဖစ္ၾကတယ္။ခဏရပ္သြားမယ္၊ ျပီးရင္ ျပန္ျဖစ္မယ္။ေခါင္းထဲမွာ တစ္ခုခု ဖ်တ္ေျပးေနသလို ခံစားရတယ္လို႔ လူနာေတြက ေျပာၾကတယ္။ကုိယ့္ေနာက္ကေန တစ္ေယာက္ေယာက္လိုက္လာမွာကို ေၾကာက္ေနတတ္ၾကတယ္။”ဟု ဆိုသည္။
ထူးဆန္းသည္မွာ ဆရာဝန္မ်ားသည္ ေရာဂါခံစားရသူမ်ားတြင္ မည္သည့္မူမမွန္ေသာ ကိုယ္ခႏၶာေရာဂါလကၡဏာရပ္မ်ားမွ ရွာမေတြ႔ခဲ့။
ေဒသခံတို႔က အဆိုပါေရာဂါကို “အန္ဝါရာ ယိုကူရွီကာ” ဟု ေခၚခဲ့ၾကျပီး အဓိပၸာယ္မွာ ရယ္ေမာမႈ မက်န္းမာျခင္းဟု အဓိပၸာယ္ရသည္။
ထို႔အျပင္ “အကာဂ်န္ဂ်ာ”ဟုလည္းေခၚၾကေသးသည္။ အဓိပၸာယ္မွာ ရူးသြပ္ျခင္းဟု ျဖစ္သည္။
ေနာက္ပိုင္းစစ္ေဆးခ်က္မ်ားအရ ေဒါက္တာ Rankin ႏွင့္ Philip တု႔ိက အဆိပ္သင့္ျခင္း (သို႔မဟုတ္) ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ေဖာ္ထုတ္ရန္ ၾကိဳးပမ္းခဲ့ၾကသည္။
ယေန႔အထိ အေကာင္းဆံုးယူဆခ်က္မွာမူ လူအလံုးအရင္းလိုက္ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္းဟူေသာ အေျဖ ျဖစ္သည္။
“ကၽြန္ေတာ္တို႔အေနနဲ႔ ဒါကို လူအုပ္စုလိုက္ စိတ္ထိခုိက္မႈလို႔ သတ္မွတ္ထားပါတယ္”ဟု Purdue တကၠသိုလ္မွ Christian Hempelmann က Chicago Tribune သုိ႔ေျပာသည္။
“ဒါက ပတ္ဝန္းက်င္က အစာအဆိပ္ ဒါမွမဟုတ္ အဆိပ္သင့္တာမ်ဳိးေၾကာင့္ မဟုတ္ပါဘူး။လူေတြရ႕ဲ စိတ္ထဲမွာ စြဲျမဲေနတဲ့ စိတ္ဖိစီးမႈေၾကာင့့္ ျဖစ္ပါတယ္” လူအလံုးအရင္းလိုက္ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္း ျဖစ္စဥ္မ်ဳိးသည္ လူအနည္းငယ္မွစတင္ေလ့ရွိျပီး ၎တို႔တြင္ ေခါင္းကိုက္ျခင္း၊ မအီမသာျဖစ္ျခင္းမ်ား စတင္ခံစားၾကရသည္။
တန္ဇန္းနီးယား၏ ရယ္ေမာျခင္းကပ္ေရာဂါသည္ ၁၈ လခန္႔ၾကာေသာ အခါတြင္မွ အျပီးတိုင္ေပ်ာက္ကင္းသြားခဲ့ သည္။
ထိုေရာဂါေၾကာင့္ ေသဆံုးသူမရွိခဲ့ေခ်။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: When a Village Started Laughing... and Couldn't Stop (realclearscience)