အဲကွန်းခန်း ထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ

အဲကွန်းခန်း ထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2022 2:16 pm တွင် တင်ခဲ့သည်
679 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အိမ်ရော ရုံးတွေမှာပါမကျန် အဲကွန်းတွေ တပ်လာကြတာ သတိထားမိမှာပါ။ ကျွန်တော်တို့နိုင်ငံကလည်း နဂိုကတည်းက ရာသီဥတုပူတဲ့ နိုင်ငံဖြစ်တာဆိုတော့ လူတွေ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်နိုင်အောင်ဆိုပြီး မနက်ရုံးတက်၊ ညရုံးဆင်း တောက်လျှောက်ကို အဲကွန်းဖွင့်ထားတတ်ကြပါတယ်။

အဲကွန်းဖွင့်လို့ ဘာကောင်းကျိုးတွေရှိလဲ။

အဲကွန်းနဲ့ ပတ်သက်ပြီး လူတိုင်းအကြိုက်ဆုံးအရာကတော့ အေးစိမ့်နေတဲ့ ခံစားချက်မျိုးပါပဲ။ ဘယ်သူမဆို ပူပူလောင်လောင် နေရတာကို မကြိုက်ကြဘူးမလား။ ရုံးမှာဆိုလည်း ရုံးမှာမို့လို့၊ အိမ်မှာကျတော့လည်း မိသားစုဝင်တွေ ပူလောင်အိုက်စပ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ပန်ကာနဲ့ မတူတဲ့အချက်ကတော့ အခန်းကို အလုံပိတ်ထားပြီး အခန်းတွင်းမှာရှိတဲ့လေကို လည်ပတ်ကာ အေးမြစေတဲ့အချက်ပါ။ သက်ကြီးရွယ်အိုတွေအတွက်လည်း အဆင်ပြေသလို လေဖြတ်နိုင်ခြေကိုလည်း လျော့နည်းသွားစေတာပေါ့။

ဒါဆို အဲကွန်းဖွင့်လို့ ဆိုးကျိုးလုံးဝမရှိတော့ဘူးလား။

သိထားရမှာတစ်ခုက အရာရာတိုင်းသည် အကောင်းနဲ့ အဆိုးအမြဲ ဒွန်တွဲနေတဲ့အချက်ပါပဲ။ အဲကွန်းရဲ့ အေးမြစေတဲ့ ကောင်းကျိုးမှာလည်း လူတွေထင်မထားမိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ရှိနေပါတယ်။ ဒါကတော့ အသားခြောက်တာပါ။ အဲကွန်းလေက အရေပြားရဲ့ အစိုဓာတ်ကို နည်းသွားစေသလို ရေဓါတ်ကိုလည်း ခမ်းခြောက်သွားစေတယ်။ ပြီးတော့ လူက ဒီအဲကွန်းလေနဲ့ အမြဲထိတွေ့နေရတဲ့အခါ အပြင်ထွက်ပြီး နေရောင်နည်းနည်းခံလိုက်တာနဲ့ အသားက ယားလာတယ်၊ နီရဲလာတယ်၊ ပျက်စီးဖို့ ပိုလွယ်သလို သူများတွေထက် ပိုပြီးပူနေတယ်လို့လည်း ခံစားလာရပါတယ်။ အရေပြားအနေနဲ့ အသားခြောက်လာမယ်၊ အသားပပ်မယ်၊ အသားဖတ်တွေ လန်ပြီး ကွာကျလာမယ်။ ကိုယ့်အရေပြားကို သေချာကြည့်လိုက်ရင် ပက်ကြားအက်နေသလို အက်ကွဲကြောင်းအရာလေးတွေပါ ထင်နေမယ်။ အဆီနည်းသွားတာကြောင့် ကြည့်လိုက်ရင် လူက မွဲခြောက်ခြောက်နဲ့ နဂိုအသားအရောင်ပါ မှိန်လာတော့တာပေါ့။

အဲ့ဒါဆို လုံးဝအဲကွန်းကို ရှောင်လိုက်ဖို့လိုမလား။

ကိုယ့်အိမ်မှာဆိုရင်တော့ အဲကွန်းကို ပိတ်ထားလိုက်လို့ရပေမယ့် ရုံးမှာကျတော့ ကိုယ်အဆင်မပြေဘူးဆိုတိုင်း ပိတ်လို့ရတာမှ မဟုတ်တာ။ ဒီတော့ အဲကွန်းခန်းထဲမှာ နေရင်းနဲ့ ကိုယ့်အသားအရေကို သိပ်မပျက်စီးအောင် ဒီနည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

၁။ ရေဘူးဆောင်ထားပါ။ နာရီဝက်ခြားတစ်ခါ ရေသောက်ပါ။ လူက အေးနေတယ်လို့ခံစားရရင် ရေသောက်ဖို့ကို မေ့နေတတ်ပါတယ်။ အထူးသဖြင့် အေးလွန်းတဲ့အခါ ကိုယ်ခန္ဓာက ရေဓာတ်ဆုံးရှုံးမှုဖြစ်နေပြီး ကိုယ်မသိလိုက်ခင်မှာပဲ အရေပြားက ရေဓာတ်ခမ်းခြောက်နေပါပြီ။ ဒါကြောင့် ရေသောက်ဖို့ကို မမေ့နဲ့နော်။

၂။ နေ့လည်နေ့ခင်း ဗိုက်ဆာရင် သစ်သီးတွေ လှီးစိတ်ပြီး စားလိုက်ပါ။ အဆီများတဲ့ မုန့်တွေ၊ အကြော်အလှော်တွေကို ရှောင်ပါ။

၃။ ဘယ်သူမဆို အဲကွန်းခန်းထဲ အေးစိမ့်နေတဲ့အချိန် ကော်ဖီပူပူလေးတစ်ခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာ ရှိတတ်ကြတယ်မလား။ ဒါပေမယ့် ဒီကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အသားခြောက်စေတယ်ဆိုတာ မေ့လို့ မဖြစ်ဘူးနော်။ ဒါကြောင့် နေ့တိုင်းလိုလို ကော်ဖီသောက်တာထက် တစ်ရက်ခြား တစ်ခွက်လောက် သောက်ပေးတာ ပိုအဆင်ပြေမှာပါ။

၄။ မျက်နှာကို စပရေးအမြဲဖျန်းပေးပါ။ မျက်နှာအတွက် သီးသန့်ထုတ်ထားပြီး အမွှေးနံ့သိပ်မပြင်းတဲ့ အစိုဓာတ်ထိန်း စပရေးမျိုးဆိုရင်တော့ အကောင်းဆုံးပါပဲ။

၅။ အစိုဓာတ်ထိန်းခရင်မ်ကို အိမ်ကနေ မထွက်ခင်ကတည်းက တစ်ကိုယ်လုံး လိမ်းထားပါ။

၆။ ရုံးမှာလည်း နို့ ဒါမှမဟုတ် အဆီတစ်မျိုးမျိုးပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ဆောင်ထားပါ။ လက်ဖဝါး၊ လည်ပင်း၊ တံတောင်ဆစ်၊ ပေါင်တံ၊ ခြေသလုံးတွေကို ၂နာရီ တစ်ခါလောက် လိမ်းပေးရပါမယ်။

၇။ အဲကွန်းခန်းထဲမှာ အချိန်ပြည့်နေတာထက် ခဏတစ်ဖြုတ် အပြင်ထွက်ပြီး အိမ်သာသွားတာ၊ လမ်းလျှောက်ထွက်တာ၊ အပြင်က လေကောင်းလေသန့်ရှူရှိုက်တာမျိုး လုပ်ပေးပါ။

၈။ အပြင်ကနေ အဲကွန်းခန်းထဲ မဝင်ခင် ခဏလောက်စောင့်ပေးပါ။ ချွေးတိတ်ပြီး ခန္ဓာကိုယ်တွင်း အပူချိန်ငြိမ်သွားပြီဆိုမှ ဝင်ပါ။ အဲကွန်းခန်းကနေ အပြင်ထွက်တော့မယ်ဆိုရင်လည်း တန်းမထွက်လိုက်ပါနဲ့။ ခဏလောက်တော့ ကိုယ်ထဲကို အအေးဓါတ်တွေ လျော့သွားအောင် စောင့်သင့်ပါတယ်။

၉။ အဲကွန်းကို အေးစိမ့်နေအောင် အအေးမမြှင့်ထားပါနဲ့။

၁၀။ အိမ်မှာ ရေချိုးပြီးသွားပြီဆိုရင် တစ်ကိုယ်လုံးကို Lotion ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ် ပြန်လိမ်းပေးပါ။ အထူးသဖြင့် အိပ်ခါနီးအချိန်မှာ မျက်နှာ၊ လက်၊ ခြေထောက်တွေကို သေချာလေး လိမ်းပြီးမှ အိပ်ပါ။

၁၁။ အားလပ်ရက်တွေမှာ အိမ်တွင်းပစ္စည်းတွေဖြစ်တဲ့ ကြက်ဥ၊ ပျားရည်၊ ထောပတ်သီး၊ သကြားညို၊ စတာတွေနဲ့ အသားအရေကို ပြန်ပြီး နူးညံ့ချောမွေ့အောင် ထိန်းသိမ်းပေးပါ။

ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာမယ်ဆိုရင် အဲကွန်းထဲမှာ အမြဲရှိနေလည်း အသားအရေပျက်စီးမှာကို ပူစရာမလိုတော့ဘူးပေါ့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

အဲကြန္းခန္း ထဲမွာ အၿမဲေနတဲ့သူေတြ အသားအေရကို ဒီလိုျပန္ထိန္းသိမ္းပါ

 

နည္းပညာတိုးတက္လာတဲ့ေခတ္ႀကီးထဲမွာ အိမ္ေရာ ႐ုံးေတြမွာပါမက်န္ အဲကြန္းေတြ တပ္လာၾကတာ သတိထားမိမွာပါ။ ကြၽန္ေတာ္တို႔ႏိုင္ငံကလည္း နဂိုကတည္းက ရာသီဥတုပူတဲ့ ႏိုင္ငံျဖစ္တာဆိုေတာ့ လူေတြ ေအးေအးခ်မ္းခ်မ္းနဲ႔ အလုပ္လုပ္ႏိုင္ေအာင္ဆိုၿပီး မနက္႐ုံးတက္၊ ည႐ုံးဆင္း ေတာက္ေလွ်ာက္ကို အဲကြန္းဖြင့္ထားတတ္ၾကပါတယ္။

အဲကြန္းဖြင့္လို႔ ဘာေကာင္းက်ိဳးေတြ႐ွိလဲ။

အဲကြန္းနဲ႔ ပတ္သက္ၿပီး လူတိုင္းအႀကိဳက္ဆုံးအရာကေတာ့ ေအးစိမ့္ေနတဲ့ ခံစားခ်က္မ်ိဳးပါပဲ။ ဘယ္သူမဆို ပူပူေလာင္ေလာင္ ေနရတာကို မႀကိဳက္ၾကဘူးမလား။ ႐ုံးမွာဆိုလည္း ႐ုံးမွာမို႔လို႔၊ အိမ္မွာက်ေတာ့လည္း မိသားစုဝင္ေတြ ပူေလာင္အိုက္စပ္တာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္တယ္။ ပန္ကာနဲ႔ မတူတဲ့အခ်က္ကေတာ့ အခန္းကို အလုံပိတ္ထားၿပီး အခန္းတြင္းမွာ႐ွိတဲ့ေလကို လည္ပတ္ကာ ေအးျမေစတဲ့အခ်က္ပါ။ သက္ႀကီး႐ြယ္အိုေတြအတြက္လည္း အဆင္ေျပသလို ေလျဖတ္ႏိုင္ေျခကိုလည္း ေလ်ာ့နည္းသြားေစတာေပါ့။

ဒါဆို အဲကြန္းဖြင့္လို႔ ဆိုးက်ိဳးလုံးဝမ႐ွိေတာ့ဘူးလား။

သိထားရမွာတစ္ခုက အရာရာတိုင္းသည္ အေကာင္းနဲ႔ အဆိုးအၿမဲ ဒြန္တြဲေနတဲ့အခ်က္ပါပဲ။ အဲကြန္းရဲ႕ ေအးျမေစတဲ့ ေကာင္းက်ိဳးမွာလည္း လူေတြထင္မထားမိတဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြက ႐ွိေနပါတယ္။ ဒါကေတာ့ အသားေျခာက္တာပါ။ အဲကြန္းေလက အေရျပားရဲ႕ အစိုဓာတ္ကို နည္းသြားေစသလို ေရဓါတ္ကိုလည္း ခမ္းေျခာက္သြားေစတယ္။ ၿပီးေတာ့ လူက ဒီအဲကြန္းေလနဲ႔ အၿမဲထိေတြ႕ေနရတဲ့အခါ အျပင္ထြက္ၿပီး ေနေရာင္နည္းနည္းခံလိုက္တာနဲ႔ အသားက ယားလာတယ္၊ နီရဲလာတယ္၊ ပ်က္စီးဖို႔ ပိုလြယ္သလို သူမ်ားေတြထက္ ပိုၿပီးပူေနတယ္လို႔လည္း ခံစားလာရပါတယ္။ အေရျပားအေနနဲ႔ အသားေျခာက္လာမယ္၊ အသားပပ္မယ္၊ အသားဖတ္ေတြ လန္ၿပီး ကြာက်လာမယ္။ ကိုယ့္အေရျပားကို ေသခ်ာၾကည့္လိုက္ရင္ ပက္ၾကားအက္ေနသလို အက္ကြဲေၾကာင္းအရာေလးေတြပါ ထင္ေနမယ္။ အဆီနည္းသြားတာေၾကာင့္ ၾကည့္လိုက္ရင္ လူက မြဲေျခာက္ေျခာက္နဲ႔ နဂိုအသားအေရာင္ပါ မွိန္လာေတာ့တာေပါ့။

အဲ့ဒါဆို လုံးဝအဲကြန္းကို ေ႐ွာင္လိုက္ဖို႔လိုမလား။

ကိုယ့္အိမ္မွာဆိုရင္ေတာ့ အဲကြန္းကို ပိတ္ထားလိုက္လို႔ရေပမယ့္ ႐ုံးမွာက်ေတာ့ ကိုယ္အဆင္မေျပဘူးဆိုတိုင္း ပိတ္လို႔ရတာမွ မဟုတ္တာ။ ဒီေတာ့ အဲကြန္းခန္းထဲမွာ ေနရင္းနဲ႔ ကိုယ့္အသားအေရကို သိပ္မပ်က္စီးေအာင္ ဒီနည္းလမ္းေတြကို ေသခ်ာလိုက္လုပ္ၾကည့္ဖို႔ အၾကံေပးလိုက္ပါတယ္။

၁။ ေရဘူးေဆာင္ထားပါ။ နာရီဝက္ျခားတစ္ခါ ေရေသာက္ပါ။ လူက ေအးေနတယ္လို႔ခံစားရရင္ ေရေသာက္ဖို႔ကို ေမ့ေနတတ္ပါတယ္။ အထူးသျဖင့္ ေအးလြန္းတဲ့အခါ ကိုယ္ခႏၶာက ေရဓာတ္ဆုံး႐ႈံးမႈျဖစ္ေနၿပီး ကိုယ္မသိလိုက္ခင္မွာပဲ အေရျပားက ေရဓာတ္ခမ္းေျခာက္ေနပါၿပီ။ ဒါေၾကာင့္ ေရေသာက္ဖို႔ကို မေမ့နဲ႔ေနာ္။

၂။ ေန႔လည္ေန႔ခင္း ဗိုက္ဆာရင္ သစ္သီးေတြ လွီးစိတ္ၿပီး စားလိုက္ပါ။ အဆီမ်ားတဲ့ မုန္႔ေတြ၊ အေၾကာ္အေလွာ္ေတြကို ေ႐ွာင္ပါ။

၃။ ဘယ္သူမဆို အဲကြန္းခန္းထဲ ေအးစိမ့္ေနတဲ့အခ်ိန္ ေကာ္ဖီပူပူေလးတစ္ခြက္ေလာက္ ေသာက္လိုက္ရမွ ေနသာထိုင္သာ ႐ွိတတ္ၾကတယ္မလား။ ဒါေပမယ့္ ဒီေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္က အသားေျခာက္ေစတယ္ဆိုတာ ေမ့လို႔ မျဖစ္ဘူးေနာ္။ ဒါေၾကာင့္ ေန႔တိုင္းလိုလို ေကာ္ဖီေသာက္တာထက္ တစ္ရက္ျခား တစ္ခြက္ေလာက္ ေသာက္ေပးတာ ပိုအဆင္ေျပမွာပါ။

၄။ မ်က္ႏွာကို စပေရးအၿမဲဖ်န္းေပးပါ။ မ်က္ႏွာအတြက္ သီးသန္႔ထုတ္ထားၿပီး အေမႊးနံ႔သိပ္မျပင္းတဲ့ အစိုဓာတ္ထိန္း စပေရးမ်ိဳးဆိုရင္ေတာ့ အေကာင္းဆုံးပါပဲ။

၅။ အစိုဓာတ္ထိန္းခရင္မ္ကို အိမ္ကေန မထြက္ခင္ကတည္းက တစ္ကိုယ္လုံး လိမ္းထားပါ။

၆။ ႐ုံးမွာလည္း ႏို႔ ဒါမွမဟုတ္ အဆီတစ္မ်ိဳးမ်ိဳးပါတဲ့ အစိုဓာတ္ထိန္းခရင္မ္ကို ေဆာင္ထားပါ။ လက္ဖဝါး၊ လည္ပင္း၊ တံေတာင္ဆစ္၊ ေပါင္တံ၊ ေျခသလုံးေတြကို ၂နာရီ တစ္ခါေလာက္ လိမ္းေပးရပါမယ္။

၇။ အဲကြန္းခန္းထဲမွာ အခ်ိန္ျပည့္ေနတာထက္ ခဏတစ္ျဖဳတ္ အျပင္ထြက္ၿပီး အိမ္သာသြားတာ၊ လမ္းေလွ်ာက္ထြက္တာ၊ အျပင္က ေလေကာင္းေလသန္႔႐ွဴ႐ိႈက္တာမ်ိဳး လုပ္ေပးပါ။

၈။ အျပင္ကေန အဲကြန္းခန္းထဲ မဝင္ခင္ ခဏေလာက္ေစာင့္ေပးပါ။ ေခြၽးတိတ္ၿပီး ခႏၶာကိုယ္တြင္း အပူခ်ိန္ၿငိမ္သြားၿပီဆိုမွ ဝင္ပါ။ အဲကြန္းခန္းကေန အျပင္ထြက္ေတာ့မယ္ဆိုရင္လည္း တန္းမထြက္လိုက္ပါနဲ႔။ ခဏေလာက္ေတာ့ ကိုယ္ထဲကို အေအးဓါတ္ေတြ ေလ်ာ့သြားေအာင္ ေစာင့္သင့္ပါတယ္။

၉။ အဲကြန္းကို ေအးစိမ့္ေနေအာင္ အေအးမျမႇင့္ထားပါနဲ႔။

၁၀။ အိမ္မွာ ေရခ်ိဳးၿပီးသြားၿပီဆိုရင္ တစ္ကိုယ္လုံးကို Lotion ဒါမွမဟုတ္ အစိုဓာတ္ထိန္းခရင္မ္ ျပန္လိမ္းေပးပါ။ အထူးသျဖင့္ အိပ္ခါနီးအခ်ိန္မွာ မ်က္ႏွာ၊ လက္၊ ေျခေထာက္ေတြကို ေသခ်ာေလး လိမ္းၿပီးမွ အိပ္ပါ။

၁၁။ အားလပ္ရက္ေတြမွာ အိမ္တြင္းပစၥည္းေတြျဖစ္တဲ့ ၾကက္ဥ၊ ပ်ားရည္၊ ေထာပတ္သီး၊ သၾကားညိဳ၊ စတာေတြနဲ႔ အသားအေရကို ျပန္ၿပီး ႏူးညံ့ေခ်ာေမြ႕ေအာင္ ထိန္းသိမ္းေပးပါ။

ခုေျပာျပခဲ့တဲ့ နည္းလမ္းေတြကို ေသခ်ာလိုက္နာမယ္ဆိုရင္ အဲကြန္းထဲမွာ အၿမဲ႐ွိေနလည္း အသားအေရပ်က္စီးမွာကို ပူစရာမလိုေတာ့ဘူးေပါ့။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service