သွားတိုက်ဆေးကို အခြားနေရာတွင် ဘယ်လိုအသုံးချမလဲ ......

သွားတိုက်ဆေးကို အခြားနေရာတွင် ဘယ်လိုအသုံးချမလဲ ...... - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2022 1:35 pm တွင် တင်ခဲ့သည်
1255 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

သွားတိုက်ဆေးထဲရှိ ပါဝင်တွေပစ္စည်းတွေက အသားအရေကို သိပ်သည်းကျစ်လစ်စေပြီး၊ ရောင်ရမ်းမှုတွေကိုပါ သက်သာစေလို့ အောက်ပါအတိုင်း သုံးပေးနိုင်ပါတယ်။

(၁) နီရဲရောင်ကိုင်းနေတဲ့ ဝက်ခြံဖုပေါ်ကို အိပ်ယာဝင်ခါနီးမှာ သွားတိုက်ဆေးလေး အသာတို့ပြီး အိပ်လိုက်ပါ။ တစ်ညလုံး အိပ်စက်ပြီးနောက် နံက်အိပ်ယာထ ရေအေးဖြင့် မျက်နှာသစ်လိုက်တဲ့အခါ မျက်နှာပေါ်ကဝက်ခြံဖု သိသိသာသာ သေးကျုံ့သွားတာကို ဒိဌမြင်တွေ့ရပါလိမ့်မယ်။

(၂) လက်သည်းခွံတွေကလည်း သွားတွေလိုပါဘဲ ကြွေသားအလွှာနဲ့ဖုံးအုပ်ဖွဲ့စည်းထားတာကြောင့်၊ လက်သည်းခွံတွေ အရောင် တောက်ပလာစေဖို့သွားတိုက်ဆေးကို သုံးနိုင်ပါတယ်။ လက်သည်းခွံအရောင် လှပလိုသူများ၊ လက်သည်းခွံ မာလိုသူများနဲ့ လက်သည်းချေးညှော် ကင်းစင်လိုသူများ သွားတိုက်ဆေးလေးနဲ့အယာအယာပွတ်တိုက်ပေးလိုက်ပါ။

(၃) အထူးသဖြင့် ဂျယ်လီသွားတိုက်ဆေး (gel toothpaste) တွေမှာ ထည့်သုံးထားတဲ့ ဂျယ်လီအမျိုးအစားဟာ ဆံပင်ဂျယ်ထဲမှာ သုံးလေ့ရှိတဲ့ ပစ္စည်းတွေနဲ့အတူတူပါဘဲ။ ဒါကြောင့် ဆံပင်ဂျယ်ကုန်နေတဲ့အခါ၊ အစားထိုးအနေနဲ့ဂျယ်လီသွားတိုက်ဆေး အနည်းငယ်ဖြင့် အရေးပေါ်သုံးပေးနိုင်ပါတယ်။ (ဆေးမြီးတိုအတွက်) သွားတိုက်ဆေးက ဆေးမြီးတိုအနေနဲ့အသုံးဝင်တာမို့၊ အရေးပေါ်ဆေးသေတ္တာဗူးထဲမှာ သွားတိုက်ဆေးလေး တစ်ဗူးလောက် ဆောင်ထားပေးလိုက်ပါ။

(၄) အရေပြားကွဲရှနာအမျိုးမျိုး၊ ပုရွက်ဆိတ်၊ ခြင်ကိုက်ခံရခြင်း၊ ပျားတုပ်ခံရခြင်းတို့ကြောင့် အရေပြားများ ယားယံရောင်ရမ်းခြင်း တို့အတွက် သွားတိုက်ဆေးအုံထားနိုင်ပါတယ်။ သွားတိုက်ဆေးခြောက်သွားတာနဲ့တပြိုင်နက်၊ ထိခိုက်ဒဏ်ရာတွေလဲ ယူပစ်သလို သက်သာလာစေပါတယ်။

(၅) မတော်တဆ မီးပူကပ်မိခြင်း၊ ဟင်းအိုးအပူလောင်ခြင်း..စသည့် ကြီးကြီးမားမားဟုတ်သော အပူလောင်ခြင်းတို့အတွက် သွားတိုက်ဆေး ပွတ်လိမ်းထားခြင်းဖြင့် အပူချက်ချင်းငြိမ်းသွားသလို၊ နာကျင်မှုလည်း မဖြစ်စေတော့ပါဘူး။ အပူလောင်အရည်ကြည်ဖု ထွက်လာတဲ့အခါ သွားတိုက်ဆေးလိမ်းပေးခြင်းဖြင့် အနာမဖြစ်လာတော့ဘဲ မန်းရည်တွေတစိမ့်စိမ်ထွက်ပြီး ချပ်ရပ်သွားစေနိုင် ပါတယ်။

(၆) အရှိန်ပြင်းပြင်းကြောင့်ထိခိုက်မိ၍ သွေးစုခဲသွားတာကြောင့် အရေပြားညိုမည်းသွားခြင်းအတွက် သွားတိုက်ဆေးသုံး၍ အရေ ပြားပေါ် စက်ဝိုင်းပုံသဏ္ဍာန် အသားအယာပွတ်ချေလိမ်းပေးခြင်းဖြင့် သွေးခဲများကိုချေပေးနိုင်ပါတယ်။ (ဖက်ရှင်အတွက်) လက်ဝတ်ရတနာများ၊ အဝတ်အစားများနဲ့ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ သစ်လွင်တောက်ပလာစေဖို့အတွက် သွားတိုက် ဆေးက မရှိမဖြစ်ပါဘဲ။

(၇) ငွေထည်ပစ္စည်းများ ဝင်းလက်တောက်ပြောင်စေရန်၊ သွားတိုက်ဆေးဖြင့်ပွတ်တိုက်၍ တစ်ညသိပ်ပြီး၊ နောက်နေ့မှာ အဝတ်ပါး ဖြင့်ပွတ်ပေးလိုက်ပါ။ စိန်ရတာတွေ အရောင်ဖြာထွက်လာစေဖို့သွားတိုက်ဆေးဖြင့် အသာအယာပွတ်ပေးပြီးနောက် ရေဆေးပေးလိုက်ပါ။ (ပုလဲရတနာကိုတော့ သွားတိုက်ဆေး လုံးဝ မသုံးမိပါစေနဲ့)

(၈) ရှူးဖိနပ်အစင်းကြောင်းပျောက်ပြီး၊ အရောင်ပြန်လည်သစ်လွင်လာစေဖို့ ဖိနပ်တိုက်တဲ့ ဘရက်ရှ်ပေါ် သွားတိုက်ဆေးတင်၍ ပွတ်တိုက်ပေးနိုင်ပါတယ်။

(၉) သွားတိုက်ဆေးထဲမှာပါတဲ့ ချွတ်ဆေး (bleaching) တွေက သွားများကိုဖြူစင်စေသလို၊ အဝတ်ထည် အစွန်းအထင်းများအတွက်လည်း အင်မတန်မှအသုံးဝင်လှပါတယ်။ စွန်းထင်းသွားသောအဝတ်ကို သွားတိုက်ဆေးသုံး၍ အစွန်းများပျောက်သွားသည်အထိ ပွတ်ပေးပြီးနောက်၊ ပုံမှန်အတိုင်း ပြန်လည်လျှော်ဖွတ်ပေးရုံပါဘဲ။ (လူသုံးကုန်းပစ္စည်း အတွက်) ငွေကုန်ကြေးကျသက်သာအောင် သွားတိုက်ဆေးသုံး၍ အိမ်တွင်းပစ္စည်းများကို သန့်စင်ပေးနိုင်ပါတယ်။

(၁ဝ) ဆော်ဒါကိုထည့်သွင်းဖော်စပ်ထားတဲ့ သွားတိုက်ဆေးတွေကလည်း ကွန်ပြူတာပေါ်ရှိ အစွန်းအထင်းတွေကို သန့်စင်ဖယ်ရှား ပေးနိုင်တာကြောင့်၊ သန့်ရှင်းနူးညံ့တဲ့ အဝတ်စအပေါ် သွားတိုက်ဆေးတို့၍ ကွန်ပြူတာလက်ကွက်ခလုတ်များကို ဂျီးချွတ်ပေးလိုက်ပါ။

(၁၁) အဝတ်အထည်တွေ မီးပူတိုက်ရင်း မီးပူလောင်ကပ်မိတယ် ဆိုကြပါစို့၊ ချက်ချင်းသွားတိုက်ဆေးနဲ့ အဝတ်ကိုပွတ်ပေးပြီးနောက် ရေလျှော်ချလိုက်ပါ (နောက်ထပ်တစ်ကြိမ် မီးပူမတိုက်ခင်မှာ အဝတ်မှာသုတ်လိမ်းထားတဲ့ သွားတိုက်ဆေးတွေ လုံးဝပြောင်စင်ဖို့တော့ လိုတယ်နော်)

(၁၂) ကလေးနို့ဗူးကို ဘယ်လောက်ပဲသန့်စင်အောင်ဆေးဆေး အထဲကနို့ချဉ်နံ့စွဲနေသေးတယ်ဆိုရင်တော့ နို့ဗူးထဲကို သွားတိုက်ဆေးနဲ့ရေနဲနဲထဲ့၊ အဖုံးပိတ်၍ ခပ်ပြင်းပြင်းခလောက်ပေးပြီး ရေစင်စင်ပြန်ဆေးပေးလိုက်ပါ။

(၁၃) ကွန်ပြူတာလက်ကွက်ခလုတ်မှာလိုဘဲ စန္ဒရားလက်ကွက်ခလုတ်တွေ ပေါ်မှာရှိနေတဲ့ လက်ဗွေရာတွေ၊ အဆီတွေ၊ ချေး ညှော်တွေကို သွားတိုက်ဆေးသုံးပြီး သန်စင်လို့ရပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ အဝတ်ခြောက်တစ်ခုနဲ့ပြန်ပွတ်တိုက် ပေးလိုက်ရုံပါဘဲ။

(၁၄) အိမ်နံရံတွေမှာ ကလေးငယ်တွေရောင်စုံခဲတံနဲ့လက်ဆော့ထားတဲ့ အစွန်းအထင်းတွေအတွက် စိတ်မညစ်ပါနဲ့။ အဝတ်ပေါ် သွားတိုက်ဆေးသုတ်ပြီး အဲဒီအစွန်းအထင်းတွေကို ဘေးသို့မပြန့်အောင် စက်ဝိုင်းသဏ္ဍာန် နာနာဖိပွတ်သန့်စင်ပေးနိုင်ပါတယ်။

(၁၅) ကြက်သွန်ဖြူ၊နီ၊ ပြည်ကြီးငါး (ကင်းပွန်)၊ ငါး၊ ပုစွန် စတဲ့ ညှီနံ့များကိုင်တွယ်ချက်ပြုတ်ပြီးနောက် လက်ကရနံ့ဆိုးတွေ အလွယ်တကူ ပျောက်ချင်ပါသလား။ သွားတိုက်ဆေးဖြင့်သာ လက်ကို နာနာပွတ်တိုက်ပြီး ရေလောင်းချပေးလိုက်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: healthcare

 

 

[Zawgyi]

သြားတိုက္ေဆးကို အျခားေနရာတြင္ ဘယ္လိုအသံုးခ်မလဲ  ......

 

သြားတိုက္ေဆးထဲ႐ွိ ပါဝင္ေတြပစၥည္းေတြက အသားအေရကို သိပ္သည္းက်စ္လစ္ေစၿပီး၊ ေရာင္ရမ္းမႈေတြကိုပါ သက္သာေစလို ့ ေအာက္ပါအတိုင္း သုံးေပးႏိုင္ပါတယ္။

(၁) နီရဲေရာင္ကိုင္းေနတဲ့ ဝက္ျခံဖုေပၚကို အိပ္ယာဝင္ခါနီးမွာ သြားတိုက္ေဆးေလး အသာတို႔ၿပီး အိပ္လိုက္ပါ။ တစ္ညလုံး အိပ္စက္ၿပီးေနာက္ နံက္အိပ္ယာထ ေရေအးျဖင့္ မ်က္ႏွာသစ္လိုက္တဲ့အခါ မ်က္ႏွာေပၚကဝက္ျခံဖု သိသိသာသာ ေသးက်ံဳ႕သြားတာကို ဒိဌျမင္ေတြ ့ရပါလိမ့္မယ္။

(၂) လက္သည္းခြံေတြကလည္း သြားေတြလိုပါဘဲ ေႂကြသားအလႊာနဲ႔ဖုံးအုပ္ဖြဲ႕စည္းထားတာေၾကာင့္၊ လက္သည္းခြံေတြ အေရာင္ ေတာက္ပလာေစဖို႔သြားတိုက္ေဆးကို သုံးႏိုင္ပါတယ္။ လက္သည္းခြံအေရာင္ လွပလိုသူမ်ား၊ လက္သည္းခြံ မာလိုသူမ်ားနဲ႔ လက္သည္းေခ်းေညႇာ္ ကင္းစင္လိုသူမ်ား သြားတိုက္ေဆးေလးနဲ႔အယာအယာပြတ္တိုက္ေပးလိုက္ပါ။

(၃) အထူးသျဖင့္ ဂ်ယ္လီသြားတိုက္ေဆး (gel toothpaste) ေတြမွာ ထည့္သုံးထားတဲ့ ဂ်ယ္လီအမ်ိဳးအစားဟာ ဆံပင္ဂ်ယ္ထဲမွာ သုံးေလ့႐ွိတဲ့ ပစၥည္းေတြနဲ႔အတူတူပါဘဲ။ ဒါေၾကာင့္ ဆံပင္ဂ်ယ္ကုန္ေနတဲ့အခါ၊ အစားထိုးအေနနဲ ့ဂ်ယ္လီသြားတိုက္ေဆး အနည္းငယ္ျဖင့္ အေရးေပၚသုံးေပးႏိုင္ပါတယ္။ (ေဆးၿမီးတိုအတြက္) သြားတိုက္ေဆးက ေဆးၿမီးတိုအေနနဲ႔အသုံးဝင္တာမို႔၊ အေရးေပၚေဆးေသတၱာဗူးထဲမွာ သြားတိုက္ေဆးေလး တစ္ဗူးေလာက္ ေဆာင္ထားေပးလိုက္ပါ။

(၄) အေရျပားကြဲ႐ွနာအမ်ိဳးမ်ိဳး၊ ပု႐ြက္ဆိတ္၊ ျခင္ကိုက္ခံရျခင္း၊ ပ်ားတုပ္ခံရျခင္းတို႔ေၾကာင့္ အေရျပားမ်ား ယားယံေရာင္ရမ္းျခင္း တို႔အတြက္ သြားတိုက္ေဆးအုံထားႏိုင္ပါတယ္။ သြားတိုက္ေဆးေျခာက္သြားတာနဲ႔တၿပိဳင္နက္၊ ထိခိုက္ဒဏ္ရာေတြလဲ ယူပစ္သလို သက္သာလာေစပါတယ္။

(၅) မေတာ္တဆ မီးပူကပ္မိျခင္း၊ ဟင္းအိုးအပူေလာင္ျခင္း..စသည့္ ႀကီးႀကီးမားမားဟုတ္ေသာ အပူေလာင္ျခင္းတို႔အတြက္ သြားတိုက္ေဆး ပြတ္လိမ္းထားျခင္းျဖင့္ အပူခ်က္ခ်င္းၿငိမ္းသြားသလို၊ နာက်င္မႈလည္း မျဖစ္ေစေတာ့ပါဘူး။ အပူေလာင္အရည္ၾကည္ဖု ထြက္လာတဲ့အခါ သြားတိုက္ေဆးလိမ္းေပးျခင္းျဖင့္ အနာမျဖစ္လာေတာ့ဘဲ မန္းရည္ေတြတစိမ့္စိမ္ထြက္ၿပီး ခ်ပ္ရပ္သြားေစႏိုင္ ပါတယ္။

(၆) အ႐ွိန္ျပင္းျပင္းေၾကာင့္ထိခိုက္မိ၍ ေသြးစုခဲသြားတာေၾကာင့္ အေရျပားညိဳမည္းသြားျခင္းအတြက္ သြားတိုက္ေဆးသုံး၍ အေရ ျပားေပၚ စက္ဝိုင္းပုံသ႑ာန္ အသားအယာပြတ္ေခ်လိမ္းေပးျခင္းျဖင့္ ေသြးခဲမ်ားကိုေခ်ေပးႏိုင္ပါတယ္။ (ဖက္႐ွင္အတြက္) လက္ဝတ္ရတနာမ်ား၊ အဝတ္အစားမ်ားနဲ႔ဖက္႐ွင္အသုံးအေဆာင္ပစၥည္းမ်ား သစ္လြင္ေတာက္ပလာေစဖို႔အတြက္ သြားတိုက္ ေဆးက မ႐ွိမျဖစ္ပါဘဲ။

(၇) ေငြထည္ပစၥည္းမ်ား ဝင္းလက္ေတာက္ေျပာင္ေစရန္၊ သြားတိုက္ေဆးျဖင့္ပြတ္တိုက္၍ တစ္ညသိပ္ၿပီး၊ ေနာက္ေန႔မွာ အဝတ္ပါး ျဖင့္ပြတ္ေပးလိုက္ပါ။ စိန္ရတာေတြ အေရာင္ျဖာထြက္လာေစဖို ့သြားတိုက္ေဆးျဖင့္ အသာအယာပြတ္ေပးၿပီးေနာက္ ေရေဆးေပးလိုက္ပါ။ (ပုလဲရတနာကိုေတာ့ သြားတိုက္ေဆး လုံးဝ မသုံးမိပါေစနဲ႔)

(၈) ႐ွဴးဖိနပ္အစင္းေၾကာင္းေပ်ာက္ၿပီး၊ အေရာင္ျပန္လည္သစ္လြင္လာေစဖို႔ ဖိနပ္တိုက္တဲ့ ဘရက္႐ွ္ေပၚ သြားတိုက္ေဆးတင္၍ ပြတ္တိုက္ေပးႏိုင္ပါတယ္။

(၉) သြားတိုက္ေဆးထဲမွာပါတဲ့ ခြၽတ္ေဆး (bleaching) ေတြက သြားမ်ားကိုျဖဴစင္ေစသလို၊ အဝတ္ထည္ အစြန္းအထင္းမ်ားအတြက္လည္း အင္မတန္မွအသုံးဝင္လွပါတယ္။ စြန္းထင္းသြားေသာအဝတ္ကို သြားတိုက္ေဆးသုံး၍ အစြန္းမ်ားေပ်ာက္သြားသည္အထိ ပြတ္ေပးၿပီးေနာက္၊ ပုံမွန္အတိုင္း ျပန္လည္ေလွ်ာ္ဖြတ္ေပး႐ုံပါဘဲ။ (လူသုံးကုန္းပစၥည္း အတြက္) ေငြကုန္ေၾကးက်သက္သာေအာင္ သြားတိုက္ေဆးသုံး၍ အိမ္တြင္းပစၥည္းမ်ားကို သန္႔စင္ေပးႏိုင္ပါတယ္။

(၁ဝ) ေဆာ္ဒါကိုထည့္သြင္းေဖာ္စပ္ထားတဲ့ သြားတိုက္ေဆးေတြကလည္း ကြန္ျပဴတာေပၚ႐ွိ အစြန္းအထင္းေတြကို သန္႔စင္ဖယ္႐ွား ေပးႏိုင္တာေၾကာင့္၊ သန္႔႐ွင္းႏူးညံ့တဲ့ အဝတ္စအေပၚ သြားတိုက္ေဆးတို႔၍ ကြန္ျပဴတာလက္ကြက္ခလုတ္မ်ားကို ဂ်ီးခြၽတ္ေပးလိုက္ပါ။

(၁၁) အဝတ္အထည္ေတြ မီးပူတိုက္ရင္း မီးပူေလာင္ကပ္မိတယ္ ဆိုၾကပါစို႔၊ ခ်က္ခ်င္းသြားတိုက္ေဆးနဲ႔ အဝတ္ကိုပြတ္ေပးၿပီးေနာက္ ေရေလွ်ာ္ခ်လိုက္ပါ (ေနာက္ထပ္တစ္ႀကိမ္ မီးပူမတိုက္ခင္မွာ အဝတ္မွာသုတ္လိမ္းထားတဲ့ သြားတိုက္ေဆးေတြ လုံးဝေျပာင္စင္ဖို႔ေတာ့ လိုတယ္ေနာ္)

(၁၂) ကေလးႏို ့ဗူးကို ဘယ္ေလာက္ပဲသန္႔စင္ေအာင္ေဆးေဆး အထဲကႏို႔ခ်ဥ္နံ႔စြဲေနေသးတယ္ဆိုရင္ေတာ့ ႏို႔ဗူးထဲကို သြားတိုက္ေဆးနဲ႔ေရနဲနဲထဲ့၊ အဖုံးပိတ္၍ ခပ္ျပင္းျပင္းခေလာက္ေပးၿပီး ေရစင္စင္ျပန္ေဆးေပးလိုက္ပါ။

(၁၃) ကြန္ျပဴတာလက္ကြက္ခလုတ္မွာလိုဘဲ စႏၵရားလက္ကြက္ခလုတ္ေတြ ေပၚမွာ႐ွိေနတဲ့ လက္ေဗြရာေတြ၊ အဆီေတြ၊ ေခ်း ေညႇာ္ေတြကို သြားတိုက္ေဆးသုံးၿပီး သန္စင္လို႔ရပါတယ္။ သန္႔႐ွင္းေရးလုပ္ၿပီးတဲ့အခါ အဝတ္ေျခာက္တစ္ခုနဲ႔ျပန္ပြတ္တိုက္ ေပးလိုက္႐ုံပါဘဲ။

(၁၄) အိမ္နံရံေတြမွာ ကေလးငယ္ေတြေရာင္စုံခဲတံနဲ႔လက္ေဆာ့ထားတဲ့ အစြန္းအထင္းေတြအတြက္ စိတ္မညစ္ပါနဲ႔။ အဝတ္ေပၚ သြားတိုက္ေဆးသုတ္ၿပီး အဲဒီအစြန္းအထင္းေတြကို ေဘးသို႔မျပန္႔ေအာင္ စက္ဝိုင္းသ႑ာန္ နာနာဖိပြတ္သန္႔စင္ေပးႏိုင္ပါတယ္။

(၁၅) ၾကက္သြန္ျဖဴ၊နီ၊ ျပည္ႀကီးငါး (ကင္းပြန္)၊ ငါး၊ ပုစြန္ စတဲ့ ညႇီနံ႔မ်ားကိုင္တြယ္ခ်က္ျပဳတ္ၿပီးေနာက္ လက္ကရနံ႔ဆိုးေတြ အလြယ္တကူ ေပ်ာက္ခ်င္ပါသလား။ သြားတိုက္ေဆးျဖင့္သာ လက္ကို နာနာပြတ္တိုက္ၿပီး ေရေလာင္းခ်ေပးလိုက္ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: healthcare

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service