အိမ်ခြံမြေဈေးကွက် အရောင်းသွက် ပွဲစားအချို့ရဲ့ ရိုက်ချက် အခံရခက်……

အိမ်ခြံမြေဈေးကွက် အရောင်းသွက် ပွဲစားအချို့ရဲ့ ရိုက်ချက် အခံရခက်…… - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2022 11:47 am တွင် တင်ခဲ့သည်
713 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အခုတလော အိမ်ခြံမြေဈေးကတော့ “ မာမာတို့ကတော့ မာမာပဲ ” ဆိုရလောက်အောင် ရောင်းသူတို့ဘက်က အကြောတင်းတင်းနဲ့ အပေါ်စီးက ဆက်ဆံပြောဆိုတာကို တွေ့လာရပါတယ်။ ဝယ်သူတွေ ဘက်ကြည့်ပြန်တော့လည်း မိမိတို့လက်ထဲရှိတဲ့ ပိုက်ဆံတွေ မနက်ဖြန်ပဲ ဘာဖြစ်တော့ မလိုလို သံသယတွေကြောင့် အရင်က မကြားဘူးတဲ့ ဈေးခေါ်လာရင်လည်း ဝယ်ချင်နေတာ ဆန္ဒက ပြင်းပြနေတာကို တွေ့ရတယ်။

အဲ့ဒါကြောင့် အိမ်ခြံမြေဈေးကွက်ထဲမှာ ဝယ်ရောင်းပွဲစားတွေရဲ့ လှည့်စားမှုအမျိုးမျိုးကို ခံကြရပါတယ်။ ရောင်းလိုအားထက် ဝယ်လိုအား များလာတဲ့ ယခုလို အချိန်အခါမှာ ဝယ်ရောင်းပွဲစားတွေက ဘုမသိ ဘမသိ နဲ့ မြေကွက်ရောင်းဖို့ ဝင်လာတဲ့သူတွေ ဆီက အောက်ဈေးနဲ့ နှိုက်ပြီးဝယ်ကြတယ် စရန်ငွေ သိန်း (၂၀၀) မှ သိန်း (၅၀၀) လောက်အထိ ပုံပေးလိုက်တယ်။ စရန်ငွေ ပြန်မလှန်နိုင်အောင်ပေါ့။

ဒုတိယအရစ် တတိယအရစ် စရန်ငွေကျတော့ (၁)လ (၂)လလောက် ခွာချိန်းဝယ်လိုက်တယ် ရောင်းသူကလည်း စရန်ငွေများများရထားတော့ (၂)လဆိုရင်လည်း စောင့်မယ်ပေါ့။ ဒီအကွက်ကိုချောင်းနေတဲ့ ဝယ်ရောင်းပွဲစားတွေကတော့ မိမိတို့ စရန်များများ ချလိုက်တဲ့မြေကွက်ဟာ လမ်းကျယ်၊ လမ်းသွယ်၊ ရပ်ကွက် ဟိုဘက်ထိပ်မှ ဒီဘက်ထိပ်ထိ ပေါက်တဲ့လမ်းမျိုးတွေ ဖြစ်နေတာ (၁)ပါတ် (၂) ပါတ်အတွင်းရောင်းထွက်မှာ အသေအချာပဲလေ……သူတို့ရဲ့ ရည်ရွယ်ချက်က အပြီးချေရမယ့် လကို ဝေးဝေးရွှေ့ဆိုင်းထားတဲ့ အချိန်မှာ ဈေးတင်ပြီး ပြန်ရောင်းဖို့အတွက်ပါ။ မိမိတို့စရန်ငွေပေးစဉ်က မူလအမည်ပေါက်မြေကွက်ပိုင်ရှင်ထံမှ ဂရန်(မူရင်း( ဒါမှမဟုတ် ပါမစ်(မူရင်း( ကို ပီပီပြင်ပြင်ထင်ထင်ရှားရှား ဓာတ်ပုံရိုက်ယူထားလိုက်တယ်။ ပါမစ်၊ ဂရန် မိတ္တူနဲ့ စာချုပ်အဆက်အစပ် မိတ္တူတွေကိုတော့ အနည်းဆုံး (၃)စုံလောက် ဆွဲယူထားလိုက်ကြတယ်။

ပထမရောင်းသူ ဂရန်မူရင်းပိုင်ရှင်တွေနဲ့ စရန်ပေးစာချုပ်ပြီးတဲ့ အချိန်ကစပြီး အိမ်ခြံမြေပွဲစား အဆင့်ဆင့်ထံကို ပြန်ရောင်းမယ်ဆိုတဲ့ သတင်းလွှင့်လိုက်တော့တာပဲ။ ပွဲစား အမျိုးမျိုးရှိတဲ့နေရာမှာ လက်ကာပွဲစားပဲဖြစ်ဖြစ် လက်လီပွဲစားပဲဖြစ်ဖြစ် အကုန်လုံးထံကို ရောင်းဖို့ သတင်းပို့ထားလိုက်တယ်။ ဝယ်ရောင်းပွဲစားကိုယ်တိုင်ကလည်း Facebook မှာ ကြော်ငြာသလို ကြားကြားသမျှ ပွဲစားမှန်သမျှကလည်း သူတို့ အကောင့် မှာ တင်ကြတော့တာပဲ။

အထက်ကပြောခဲ့သလို အိမ်ခြံမြေဈေးကွက်ထဲ ဝင်လာပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူတွေကလည်း Facebook ရှာကြည့်ရင်း တွေ့တဲ့အခါ ရောင်းသူထံကိုလှမ်းပြီး ဖုန်းနဲ့ ဆက်သွယ်ကြည့်တော့တာပဲ ဒီလိုဆက်သွယ်မိတဲ့ ကြော်ငြာတင်သူတွေဟာ တကယ်တန်း မြေကွက်ပိုင်ရှင်အစစ်မဟုတ်ဘဲ လမ်းလျှောက်ပွဲစားများသာ ဖြစ်ပါတယ်။

သူတို့နဲ့ ဆက်သွယ်မိတာနဲ့ မြေကွက်ကို လိုက်ပြတယ်။ ပိုင်ရှင်နဲ့ တိုက်ရိုက်ပြောလို့ရလား ဆိုတော့ တစ်ဆင့်ခံပွဲစားတွေဆီဖုန်းဆက် ပြန်တယ်။ တဆင့်ပြီးတဆင့် ဖုန်းဆက်ရင်း အဆက်အသွယ်ရကာ နောက်ဆုံး စရန်ပေးထားသူ ဝယ်ရောင်းပွဲစားထံရောက်လာတော့တာပဲ။

ဝယ်ရောင်းပွဲစားနဲ့ တွေ့ရပြန်တော့လည်း ဂရန်(မူရင်း) ဒါမှမဟုတ် ပါမစ် (မူရင်း) ကို မမြင်ရဘဲ ဖုန်းထဲရိုက်ထားတဲ့ မူရင်းဂရန်ပုံတွေကိုဘဲ မြင်ရပါတယ်။ ကျန်တာကတော့ ဂရန်မိတ္တူ နဲ့ စာချုပ်အဆက်အစပ် (မိတ္တူတွေပါဘဲ။ ဒါတွေကြည့်ပြီးတာနဲ့ မင်္ဂလာစရန်ငွေ သိန်း (၃၀) သိန်း(၅၀) ပေးခဲ့ဖို့ပြောပါတယ်။

ဂရန် ဓာတ်ပုံကြည့်ပြီး ပြန်ဝယ်မယ့်သူလည်း ဝယ်ချင်ဇောက ကပ်နေတော့ ဝယ်ရောင်းပွဲစားပြောစကား ခေါင်းတညိတ်ညိတ်နဲ့ နားယောင်ပြီး မင်္ဂလာစရန်ပေးခဲ့မိတယ်။ (၃)ရက်အကြာမှာ (သိန်းတစ်ထောင်) စရန်ချရမယ်လို့ ကတိတောင်းပါတယ်။ အဲဒီနေ့မှာ ဂရန်မူရင်းလည်း ပြမယ်၊ စာချုပ်အဆက်အစပ်တွေပြမယ် ဆိုတော့ ပြန်ဝယ်မယ့် သူ ကိုအေးချမ်း က ယုံကြည်သွားတာပေါ့ ဒီလိုနဲ့ မလူးသာ မလွန့်သာ စရန်ပေးစာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးပေးခဲ့ရပါတယ်။

ဒါနဲ့ ပြန်ဝယ်မယ့်သူ ကိုအေးချမ်း လည်း စာချုပ်ပေးမယ့်ရှေ့နေရှာရင်းက မောင်ကောင်းဖေ နဲ့ ကတွေ့တာပေါ့ ။ မောင်ကောင်းဖေ အနေနဲ့ ဝယ်ရောင်းပွဲစားရဲ့ လှည့်ကွက်ကို သိလိုက်ပါပြီ ထင်တဲ့ အတိုင်ပဲ (၃)ရက်မြောက်နေ့ စရန်ကြီးချဖို့ လိုက်သွားတဲ့အခါ ဝယ်ရောင်းပွဲစားက ပြန်ဝယ်သူ ကိုအေးချမ်း နဲ့ မူလဂရန်အမည်ပေါက်ရောင်းသူတွေနဲ့ မိတ်ဆက်ပေးပါတယ်။

ဒါ… ကျွန်တော်ရဲ့ ညီလေးပါ။ ကျွန်တော်တို့ ဟိုတနေ့က ချုပ်ခဲ့တဲ့ စရန်ပေးစာချုပ်အတိုင်း (၁)လအထိ မစောင့်တော့ပါဘူး။ ဒီနေ့ပဲ သိန်း (၁၀၀၀) စရန်ပေးသွားပါမယ်။ ကျွန်တော်နဲ့ ချုပ်ထားတဲ့ စရန်ပေးစာချုပ်ကို ဖျက်သိမ်းပြီး ဒီက ညီလေးနဲ့ စရန်ပေးစာချုပ်ကြီး ပြန်ချုပ်ပါမယ်။ ဒီတော့ ရောင်းသူဘက်က အရောင်းမြေပုံရတဲ့နေ့မှာ အပြီးငွေချေပါလိမ့်မယ်။ ရောင်းသူရဲ့ကတိအတိုင်း ဝယ်သူထံကို Special Power ပေးလိုက်ပေါ့… ဂရန်မူရင်းကိုလည်း သူလက်ထဲအပ်လိုက်ရုံပါဘဲ …လို့ပြောလိုက်ပါတယ်။

မုလအမည်ပေါက်မြေကွက်ပိုင်ရှင်ကလည်း နောက်(၂)လ စောင့်နေ စရာမလိုတော့ဘဲ (၁)လအတွင်း အရောင်းမြေပုံ ထုတ်လို့ရတာနဲ့ ကျန်ငွေပေးချေမာ်ဆိုတော့ သိပ်သဘောကျတာပေါ့။ ဝယ်သူကိုအေးချမ်း က သိန်း (၁၀၀၀) ငွေပုံ ပေးတာနဲ့ ဂရန်အမည်ပေါက်ရောင်းသူတွေကလည်း ဂရန်မူရင်းနဲ့စာချုပ်အချက်တွေထုတ်ပြပါတယ်။ ပြီးတော့ ဂရန်အမည်ပေါက်သူတွေ နဲ့က်ိုယ်တိုင်တွေ့ရသလို သူတို့ရဲ့ မှတ်ပုံတင်မူရင်းတွေနဲ့ တိုက်ကြည့်ခွင့်ရပါတယ်။ အဲဒီတော့မှ ပြန်ဝယ်သူ ကိုအေးချမ်း ဟာလည်း စိတ်အေးသွားပါတော့တယ်။ တကယ့် ဂရန်ပိုင်ရှင်အစစ်နဲ့ တွေ့ရလို့ပါဘဲ။

ဒီအထဲမှာ သဘောအကျဆုံးသူကတော့ ဝယ်ရောင်းပွဲစားပါဘဲ။ သူဝယ်စဉ်က သိန်း (၁၃၀၀ ) အခု ကြားဖြတ်ပြန်ရောင်းတော့ သိန်း(၁၄၀၀) နဲ့ ပြန်ရောင်းတာ ဆိုတော့ (၃)ရက်အတွင်း အသားတင် သိန်း(၁၀၀) ဖြတ်သွားတာပေါ့။ နောက်ပိုင်း ကိစ္စတွေသူ့မှာ တာဝန် မရှိတော့ပါ။

ပွဲစားတွေကိုလည်း ပွဲစားခ မပေးနိုင်တဲ့ အကြောင်း ကြော်ငြာစဉ်ကတည်းက ကြိုပြောထားတဲ့ အတွက် သူနဲ့လိုက်ပါလာတဲ့ ပွဲစားများလည်း ပွဲစားခ တစ်ပြားတစ်ချပ်မှ မရကျပါ။

ပွဲဖြစ်ပါလျက် ပွဲခမရဘူးဆိုတော့ မောင်ကောင်းဖေ လည်း ပါးစပ်အဟောင်းသား နဲ့ အံ့သြနေမိတယ်။

ဒီလိုနဲ့ ရောင်းသူနဲ့ ဝယ်ရောင်းပွဲစားများပြန်သွားကြတဲ့ အထိ ကျန်ပွဲစားများက မပြန်သေးဘဲ ပြန်ဝယ်သူ ကိုအေးချမ်း ရဲ့အနားမှာ ထိုင်စောင့်နေကြတာကိုတွေ့ရပါတယ်။

သူတို့က ဘာလို့ မပြန်ကြသေးတာလဲလို့ မောင်ကောင်းဖေက ကိုအေးချမ်းအား မေးကြည့်လိုက်တော့။။။

ကျွန်တော်က သူတို့ကို ပွဲခ ၁% လေးပေးမယ့် အချိန်ကို စောင့်နေတာလေ တဲ့ အလိုလေ…ဝယ်ရောင်းပွဲစားရဲ့ ရိုက်ချက်ကတော့ ပြင်းပါပေတယ်။ လို့ မောင်ကောင်းဖေ အံ့သြရေရွတ်နေမိပါတော့တယ်။

အိမ်ခြံမြေဝယ်လိုသူများ ဈေးကွက်အခြေအနေ အသေအချာ စုံစမ်းကြပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ျခံေျမေဈးကြက္ အေရာင္းသြက္ ပြဲစားအခ်ိဳ႕ရဲ႕ ရုိက္ခ်က္ အခံရခက္……

 

အခုတေလာ အိမ္ျခံေျမေဈးကေတာ့ “ မာမာတို႕ကေတာ့ မာမာပဲ ” ဆိုရေလာက္ေအာင္ ေရာင္းသူတို႕ဘက္က အေၾကာတင္းတင္းနဲ႕ အေပၚစီးက ဆက္ဆံေျပာဆိုတာကို ေတြ႔လာရပါတယ္။ ဝယ္သူေတြ ဘက္ၾကည့္ျပန္ေတာ့လည္း မိမိတို႔လက္ထဲရွိတဲ့ ပိုက္ဆံေတြ မနက္ျဖန္ပဲ ဘာျဖစ္ေတာ့ မလိုလို သံသယေတြေၾကာင့္ အရင္က မၾကားဘူးတဲ့ ေဈးေခၚလာရင္လည္း ဝယ္ခ်င္ေနတာ ဆႏၵက ျပင္းျပေနတာကို ေတြ႕ရတယ္။

အဲ့ဒါေၾကာင့္ အိမ္ျခံေျမေဈးကြက္ထဲမွာ ဝယ္ေရာင္းပြဲစားေတြရဲ႕ လွည့္စားမႈအမ်ိဳးမ်ိဳးကို ခံၾကရပါတယ္။ ေရာင္းလိုအားထက္ ဝယ္လိုအား မ်ားလာတဲ့ ယခုလို အခ်ိန္အခါမွာ ဝယ္ေရာင္းပြဲစားေတြက ဘုမသိ ဘမသိ နဲ႕ ေျမကြက္ေရာင္းဖို႕ ဝင္လာတဲ့သူေတြ ဆီက ေအာက္ေဈးနဲ႕ ႏိႈက္ျပီးဝယ္ၾကတယ္ စရန္ေငြ သိန္း (၂၀၀) မွ သိန္း (၅၀၀) ေလာက္အထိ ပံုေပးလိုက္တယ္။ စရန္ေငြ ျပန္မလွန္ႏိုင္ေအာင္ေပါ့။

ဒုတိယအရစ္ တတိယအရစ္ စရန္ေငြက်ေတာ့ (၁)လ (၂)လေလာက္ ခြာခ်ိန္းဝယ္လိုက္တယ္ ေရာင္းသူကလည္း စရန္ေငြမ်ားမ်ားရထားေတာ့ (၂)လဆိုရင္လည္း ေစာင့္မယ္ေပါ့။ ဒီအကြက္ကိုေခ်ာင္းေနတဲ့ ဝယ္ေရာင္းပြဲစားေတြကေတာ့ မိမိတို႕ စရန္မ်ားမ်ား ခ်လိုက္တဲ့ေျမကြက္ဟာ လမ္းက်ယ္၊ လမ္းသြယ္၊ ရပ္ကြက္ ဟိုဘက္ထိပ္မွ ဒီဘက္ထိပ္ထိ ေပါက္တဲ့လမ္းမ်ိဳးေတြ ျဖစ္ေနတာ (၁)ပါတ္ (၂) ပါတ္အတြင္းေရာင္းထြက္မွာ အေသအခ်ာပဲေလ……သူတို႕ရဲ႕ ရည္ရြယ္ခ်က္က အျပီးေခ်ရမယ့္ လကို ေဝးေဝးေရႊ႕ဆိုင္းထားတဲ့ အခ်ိန္မွာ ေဈးတင္ျပီး ျပန္ေရာင္းဖို႕အတြက္ပါ။ မိမိတို႕စရန္ေငြေပးစဥ္က မူလအမည္ေပါက္ေျမကြက္ပိုင္ရွင္ထံမွ ဂရန္(မူရင္း( ဒါမွမဟုတ္ ပါမစ္(မူရင္း( ကို ပီပီျပင္ျပင္ထင္ထင္ရွားရွား ဓာတ္ပံုရုိက္ယူထားလိုက္တယ္။ ပါမစ္၊ ဂရန္ မိတၱဴနဲ႕ စာခ်ဳပ္အဆက္အစပ္ မိတၱဴေတြကိုေတာ့ အနည္းဆံုး (၃)စံုေလာက္ ဆြဲယူထားလိုက္ၾကတယ္။

ပထမေရာင္းသူ ဂရန္မူရင္းပိုင္ရွင္ေတြနဲ႕ စရန္ေပးစာခ်ဳပ္ျပီးတဲ့ အခ်ိန္ကစျပီး အိမ္ျခံေျမပြဲစား အဆင့္ဆင့္ထံကို ျပန္ေရာင္းမယ္ဆိုတဲ့ သတင္းလႊင့္လိုက္ေတာ့တာပဲ။ ပြဲစား အမ်ိဳးမ်ိဳးရွိတဲ့ေနရာမွာ လက္ကာပြဲစားပဲျဖစ္ျဖစ္ လက္လီပြဲစားပဲျဖစ္ျဖစ္ အကုန္လံုးထံကို ေရာင္းဖို႕ သတင္းပို႔ထားလိုက္တယ္။ ဝယ္ေရာင္းပြဲစားကိုယ္တိုင္ကလည္း Facebook မွာ ေၾကာ္ျငာသလို ၾကားၾကားသမွ် ပြဲစားမွန္သမွ်ကလည္း သူတို႔ အေကာင့္ မွာ တင္ၾကေတာ့တာပဲ။

အထက္ကေျပာခဲ့သလို အိမ္ျခံေျမေဈးကြက္ထဲ ဝင္လာျပီး ရင္းနွီးျမွဳပ္နွံဖို႕ စိတ္ဝင္စားသူေတြကလည္း Facebook ရွာၾကည့္ရင္း ေတြ႔တဲ့အခါ ေရာင္းသူထံကိုလွမ္းျပီး ဖုန္းနဲ႕ ဆက္သြယ္ၾကည့္ေတာ့တာပဲ ဒီလိုဆက္သြယ္မိတဲ့ ေၾကာ္ျငာတင္သူေတြဟာ တကယ္တန္း ေျမကြက္ပိုင္ရွင္အစစ္မဟုတ္ဘဲ လမ္းေလွ်ာက္ပြဲစားမ်ားသာ ျဖစ္ပါတယ္။

သူတို႕နဲ႔ ဆက္သြယ္မိတာနဲ႕ ေျမကြက္ကို လိုက္ျပတယ္။ ပိုင္ရွင္နဲ႕ တိုက္ရုိက္ေျပာလို႔ရလား ဆိုေတာ့ တစ္ဆင့္ခံပြဲစားေတြဆီဖုန္းဆက္ ျပန္တယ္။ တဆင့္ျပီးတဆင့္ ဖုန္းဆက္ရင္း အဆက္အသြယ္ရကာ ေနာက္ဆံုး စရန္ေပးထားသူ ဝယ္ေရာင္းပြဲစားထံေရာက္လာေတာ့တာပဲ။

ဝယ္ေရာင္းပြဲစားနဲ႔ ေတြ႕ရျပန္ေတာ့လည္း ဂရန္(မူရင္း) ဒါမွမဟုတ္ ပါမစ္ (မူရင္း) ကို မျမင္ရဘဲ ဖုန္းထဲရုိက္ထားတဲ့ မူရင္းဂရန္ပံုေတြကိုဘဲ ျမင္ရပါတယ္။ က်န္တာကေတာ့ ဂရန္မိတၱဴ နဲ႕ စာခ်ဳပ္အဆက္အစပ္ (မိတၱဴေတြပါဘဲ။ ဒါေတြၾကည့္ျပီးတာနဲ႕ မဂၤလာစရန္ေငြ သိန္း (၃၀) သိန္း(၅၀) ေပးခဲ့ဖို႕ေျပာပါတယ္။

ဂရန္ ဓာတ္ပံုၾကည့္ျပီး ျပန္ဝယ္မယ့္သူလည္း ဝယ္ခ်င္ေဇာက ကပ္ေနေတာ့ ဝယ္ေရာင္းပြဲစားေျပာစကား ေခါင္းတညိတ္ညိတ္နဲ႕ နားေယာင္ျပီး မဂၤလာစရန္ေပးခဲ့မိတယ္။ (၃)ရက္အၾကာမွာ (သိန္းတစ္ေထာင္) စရန္ခ်ရမယ္လို႕ ကတိေတာင္းပါတယ္။ အဲဒီေန႕မွာ ဂရန္မူရင္းလည္း ျပမယ္၊ စာခ်ဳပ္အဆက္အစပ္ေတြျပမယ္ ဆိုေတာ့ ျပန္ဝယ္မယ့္ သူ ကိုေအးခ်မ္း က ယံုၾကည္သြားတာေပါ့ ဒီလိုနဲ႕ မလူးသာ မလြန္႔သာ စရန္ေပးစာခ်ဳပ္မွာ သေဘာတူ လက္မွတ္ေရးထိုးေပးခဲ့ရပါတယ္။

ဒါနဲ႕ ျပန္ဝယ္မယ့္သူ ကိုေအးခ်မ္း လည္း စာခ်ဳပ္ေပးမယ့္ေရွ႕ေနရွာရင္းက ေမာင္ေကာင္းေဖ နဲ႕ ကေတြ႔တာေပါ့ ။ ေမာင္ေကာင္းေဖ အေနနဲ႕ ဝယ္ေရာင္းပြဲစားရဲ႕ လွည့္ကြက္ကို သိလိုက္ပါျပီ ထင္တဲ့ အတိုင္ပဲ (၃)ရက္ေျမာက္ေန႕ စရန္ၾကီးခ်ဖို႕ လိုက္သြားတဲ့အခါ ဝယ္ေရာင္းပြဲစားက ျပန္ဝယ္သူ ကိုေအးခ်မ္း နဲ႕ မူလဂရန္အမည္ေပါက္ေရာင္းသူေတြနဲ႕ မိတ္ဆက္ေပးပါတယ္။

ဒါ… ကၽြန္ေတာ္ရဲ႕ ညီေလးပါ။ ကၽြန္ေတာ္တို႕ ဟိုတေန႕က ခ်ဳပ္ခဲ့တဲ့ စရန္ေပးစာခ်ဳပ္အတိုင္း (၁)လအထိ မေစာင့္ေတာ့ပါဘူး။ ဒီေန႕ပဲ သိန္း (၁၀၀၀) စရန္ေပးသြားပါမယ္။ ကၽြန္ေတာ္နဲ႕ ခ်ဳပ္ထားတဲ့ စရန္ေပးစာခ်ဳပ္ကို ဖ်က္သိမ္းျပီး ဒီက ညီေလးနဲ႕ စရန္ေပးစာခ်ဳပ္ၾကီး ျပန္ခ်ဳပ္ပါမယ္။ ဒီေတာ့ ေရာင္းသူဘက္က အေရာင္းေျမပံုရတဲ့ေန႔မွာ အျပီးေငြေခ်ပါလိမ့္မယ္။ ေရာင္းသူရဲ႕ကတိအတိုင္း ဝယ္သူထံကုိ Special Power ေပးလိုက္ေပါ့… ဂရန္မူရင္းကိုလည္း သူလက္ထဲအပ္လိုက္ရုံပါဘဲ …လို႕ေျပာလိုက္ပါတယ္။

မုလအမည္ေပါက္ေျမကြက္ပိုင္ရွင္ကလည္း ေနာက္(၂)လ ေစာင့္ေန စရာမလိုေတာ့ဘဲ (၁)လအတြင္း အေရာင္းေျမပံု ထုတ္လို႔ရတာနဲ႕ က်န္ေငြေပးေခ်မာ္ဆိုေတာ့ သိပ္သေဘာက်တာေပါ့။ ဝယ္သူကိုေအးခ်မ္း က သိန္း (၁၀၀၀) ေငြပံု ေပးတာနဲ႕ ဂရန္အမည္ေပါက္ေရာင္းသူေတြကလည္း ဂရန္မူရင္းနဲ႕စာခ်ဳပ္အခ်က္ေတြထုတ္ျပပါတယ္။ ျပီးေတာ့ ဂရန္အမည္ေပါက္သူေတြ နဲ႕ကို္ယ္တိုင္ေတြ႔ရသလို သူတို႕ရဲ႕ မွတ္ပံုတင္မူရင္းေတြနဲ႕ တိုက္ၾကည့္ခြင့္ရပါတယ္။ အဲဒီေတာ့မွ ျပန္ဝယ္သူ ကိုေအးခ်မ္း ဟာလည္း စိတ္ေအးသြားပါေတာ့တယ္။ တကယ့္ ဂရန္ပိုင္ရွင္အစစ္နဲ႕ ေတြ႕ရလို႔ပါဘဲ။

ဒီအထဲမွာ သေဘာအက်ဆံုးသူကေတာ့ ဝယ္ေရာင္းပြဲစားပါဘဲ။ သူဝယ္စဥ္က သိန္း (၁၃၀၀ ) အခု ၾကားျဖတ္ျပန္ေရာင္းေတာ့ သိန္း(၁၄၀၀) နဲ႕ ျပန္ေရာင္းတာ ဆိုေတာ့ (၃)ရက္အတြင္း အသားတင္ သိန္း(၁၀၀) ျဖတ္သြားတာေပါ့။ ေနာက္ပိုင္း ကိစၥေတြသူ႕မွာ တာဝန္ မရွိေတာ့ပါ။

ပြဲစားေတြကိုလည္း ပြဲစားခ မေပးႏိုင္တဲ့ အေၾကာင္း ေၾကာ္ျငာစဥ္ကတည္းက ၾကိဳေျပာထားတဲ့ အတြက္ သူနဲ႕လိုက္ပါလာတဲ့ ပြဲစားမ်ားလည္း ပြဲစားခ တစ္ျပားတစ္ခ်ပ္မွ မရက်ပါ။

ပြဲျဖစ္ပါလ်က္ ပြဲခမရဘူးဆိုေတာ့ ေမာင္ေကာင္းေဖ လည္း ပါးစပ္အေဟာင္းသား နဲ႕ အံ့ၾသေနမိတယ္။

ဒီလိုနဲ႕ ေရာင္းသူနဲ႕ ဝယ္ေရာင္းပြဲစားမ်ားျပန္သြားၾကတဲ့ အထိ က်န္ပြဲစားမ်ားက မျပန္ေသးဘဲ ျပန္ဝယ္သူ ကိုေအးခ်မ္း ရဲ႕အနားမွာ ထိုင္ေစာင့္ေနၾကတာကိုေတြ႕ရပါတယ္။

သူတို႕က ဘာလို႕ မျပန္ၾကေသးတာလဲလို႕ ေမာင္ေကာင္းေဖက ကိုေအးခ်မ္းအား ေမးၾကည့္လိုက္ေတာ့။။။

ကၽြန္ေတာ္က သူတို႕ကို ပြဲခ ၁% ေလးေပးမယ့္ အခ်ိန္ကို ေစာင့္ေနတာေလ တဲ့ အလိုေလ…ဝယ္ေရာင္းပြဲစားရဲ႕ ရုိက္ခ်က္ကေတာ့ ျပင္းပါေပတယ္။ လို႕ ေမာင္ေကာင္းေဖ အ့ံၾသေရရြတ္ေနမိပါေတာ့တယ္။

အိမ္ျခံေျမဝယ္လိုသူမ်ား ေဈးကြက္အေျခအေန အေသအခ်ာ စံုစမ္းၾကပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service