ကြက်သွန်ခွံတွေကို သိမ်းထားပါ။

ကြက်သွန်ခွံတွေကို သိမ်းထားပါ။ - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2022 10:58 am တွင် တင်ခဲ့သည်
432 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းလျာတိုင်းမှာ မပါမဖြစ်ပါ။ ဒီလို ဟင်းအနှစ်ရဖို့၊ အညှီပျောက်ဖို့ဆိုပြီး ဟင်းချက်တဲ့အခါ ထည့်ချက်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းတွေကိုတင် အရသာတိုးစေတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုတာကို အတော်များများ သိထားပြီး ဖြစ်မှာပါ။

ဒီတစ်ခေါက်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေရဲ့ အတွင်းသားကတင် အသုံးဝင်တာ မဟုတ်ဘဲ။ အပြင်ခွံလေးတွေကပါ ဘယ်လို အသုံးတည့်လဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။

ကြက်သွန်ခွံတွေမှာ ဘာတွေပါ။

ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ အပြင်ခွံတွေမှာ အခုလိုမျိုး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။

ဗီတာမင် A

ဗီတာမင် C

ဗီတာမင် E

ဓာတ်တိုးဆန့်ကျင်ပစ္စည်း

ဖလေဗာနွိုက်

quercetin တို့ ပါဝင်နေပါတယ်။

ကြက်သွန်နီခွံက အရောင်ကျစေနိုင်သလို။ ကြက်သွန်ဖြူခွံက ကိုယ်ခံအားကောင်းစေပြီး၊ အရေပြားကိုကျန်းမာစေပါတယ်။ ဒါတွေအပြင် ဘယ်လိုတွေ အသုံးတည့်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

 

ကြက်သွန်ခွံတွေကို သိမ်းထားပါ။

ကြက်သွန်ခွံတွေကို သိမ်းထားပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အခွံတွေက အခုလို အသုံးတည့်လို့ပါ။

ဟင်းချို၊ အသားပေါင်းတွေကို အာဟာရနဲ့ အရသာတိုးစေတယ်

ကြက်သွန်ခွံတွေက စွပ်ပြုတ်၊ အသားပေါင်းတို့လိုမျိုး ဟင်းလျာတွေထဲကို ထည့်သုံးမယ်ဆိုရင် ဟင်းရဲ့ အရသာကို တိုးစေနိုင်သလို အာဟာရတန်ဖိုးလည်း ပိုမြင့်စေပါတယ်။

အသားကင်ကို အရသာတိုးစေတယ်

အသားတွေ ကင်တဲ့အခါ ကြက်သွန်ဖြူခွံကို ထည့်ပြီး ကင်ပေးပါ။ ဒီလို ကင်ပေးတာက အသားထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရတွေကို တိုးစေနိုင်ပါတယ်။

ထမင်းကို အာဟာရ ဖြည့်ပေးတယ်

ထမင်းချက်တဲ့အခါ သေချာသန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ထည့်ချက်ပေးပါ။ ဒီလို ထည့်ချက်တာက ထပ်ဆောင်း ဗီတာမင်တွေကို ရရှိစေနိုင်ပါတယ်။ ထမင်းကျက်သွားပြီဆိုရင်တော့ ဖယ်ပြီး သုံးဆောင်ရုံပါ။

ပေါင်မုန့်ကို အရသာကောင်းစေတယ်

သေချာသန့်စင် နေလှမ်းပြီး အခြောက်ခံထားတဲ့ ကြက်သွန်ခွံကို သေချာ ညက်အောင် အမှုန့်ကြိတ်ပါ။ ပြီးရင် အိမ်လုပ်ပေါင်မုန့်ထဲကို ထည့်တာက ပေါင်မုန့်ကို အရသာ တိုးစေပြီး အာဟာရလည်း ပိုပြည့်စေနိုင်ပါတယ်။

ကြွက်တက်တာကို သက်သာစေနိုင်တယ်

သေချာ သန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက် ရေနွေးဆူဆူထဲမှာ ထည့်ပြုတ်လိုက်ပါ။ ပြီးရင် အခွံတွေကို ဖယ်ပြီး ပြုတ်ရည်ကို အိပ်ရာမဝင်ခင်မှာ တစ်ခွက်စာလောက် သောက်ပေးပါ။ ကြွက်တက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။

အိပ်ပျော်စေတယ်

ကြက်သွန်နီခွံ ရေနွေးကြမ်းက အိပ်ပျော်စေမယ့် သဘာဝ ဆေးတစ်လက်ပါ။ သေချာသန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ရေနွေးခွက် တစ်လုံးထဲ ထည့်လိုက်ပါ။ အပေါ်ကနေ ရေနွေးဆူဆူကို လောင်းချပေးပါ။ အဖုံးအုပ်ပြီး ၁၅ မိနစ်လောက် ထားပါ။ ပြီးရင် သောက်လို့ ရပါပြီ။

ဆံပင်ဆေးဆိုးလို့ ရတယ်

ကြက်သွန်နီ အခွံကို ရေနွေးဆူဆူထဲမှာ နာရီဝက် – တစ်နာရီလောက် ပြုတ်ပါ။ ပြီးရင် အအေးခံပြီး သေချာလေး လျှော်ထားတဲ့ ဆံသားတွေပေါ်ကို လောင်းချလိုက်ပါ။ နာရီဝက်လောက် ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

အရေပြား ယားယံမှုကို သက်သာစေနိုင်ပါတယ်

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူခွံတွေက မှိုပိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြား ယားတာကို သက်သာစေဖို့ အသုံးပြုလို့ရသလို သဲဝဲ၊ ရေဝဲ သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။ ပြုတ်ရည်ကို လိမ်းပေးရုံပါ။

ကဲ….. ဒီလောက်တောင် အသုံးဝင်တယ်ဆိုတော့ ကြက်သွန်ခွံတွေကို သိမ်းထားသင့်တယ်ဟုတ် ………...

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

 

ၾကက္သြန္ခြံေတြကို သိမ္းထားပါ။

 

ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴေတြက ဟင္းလ်ာတိုင္းမွာ မပါမျဖစ္ပါ။ ဒီလို ဟင္းအႏွစ္ရဖို႔၊ အညႇီေပ်ာက္ဖို႔ဆိုၿပီး ဟင္းခ်က္တဲ့အခါ ထည့္ခ်က္တဲ့ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴေတြက ဟင္းေတြကိုတင္ အရသာတိုးေစတာ မဟုတ္ဘဲ က်န္းမာေရးကိုလည္း အေထာက္အကူျပဳတယ္ဆိုတာကို အေတာ္မ်ားမ်ား သိထားၿပီး ျဖစ္မွာပါ။

ဒီတစ္ေခါက္ေတာ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီေတြရဲ႕ အတြင္းသားကတင္ အသုံးဝင္တာ မဟုတ္ဘဲ။ အျပင္ခြံေလးေတြကပါ ဘယ္လို အသုံးတည့္လဲဆိုတာေလးကို ေျပာျပေပးခ်င္ပါတယ္။

ၾကက္သြန္ခြံေတြမွာ ဘာေတြပါ။

ၾကက္သြန္နီ နဲ႔ ၾကက္သြန္ျဖဴ အျပင္ခြံေတြမွာ အခုလိုမ်ိဳး ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ပါဝင္ေနပါတယ္။

ဗီတာမင္ A

ဗီတာမင္ C

ဗီတာမင္ E

ဓာတ္တိုးဆန္႔က်င္ပစၥည္း

ဖေလဗာႏြိဳက္

quercetin တို႔ ပါဝင္ေနပါတယ္။

ၾကက္သြန္နီခြံက အေရာင္က်ေစႏိုင္သလို။ ၾကက္သြန္ျဖဴခြံက ကိုယ္ခံအားေကာင္းေစၿပီး၊ အေရျပားကိုက်န္းမာေစပါတယ္။ ဒါေတြအျပင္ ဘယ္လိုေတြ အသုံးတည့္လဲဆိုတာကို အတူတူ ဆက္ၾကည့္လိုက္ရေအာင္ေနာ္။

ၾကက္သြန္ခြံေတြကို သိမ္းထားပါ။

ၾကက္သြန္ခြံေတြကို သိမ္းထားပါ။ ဘာေၾကာင့္ ဒီလို ေျပာရတာလဲဆိုေတာ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ အခြံေတြက အခုလို အသုံးတည့္လို႔ပါ။

ဟင္းခ်ိဳ၊ အသားေပါင္းေတြကို အာဟာရနဲ႔ အရသာတိုးေစတယ္

ၾကက္သြန္ခြံေတြက စြပ္ျပဳတ္၊ အသားေပါင္းတို႔လိုမ်ိဳး ဟင္းလ်ာေတြထဲကို ထည့္သုံးမယ္ဆိုရင္ ဟင္းရဲ႕ အရသာကို တိုးေစႏိုင္သလို အာဟာရတန္ဖိုးလည္း ပိုျမင့္ေစပါတယ္။

အသားကင္ကို အရသာတိုးေစတယ္

အသားေတြ ကင္တဲ့အခါ ၾကက္သြန္ျဖဴခြံကို ထည့္ၿပီး ကင္ေပးပါ။ ဒီလို ကင္ေပးတာက အသားထဲမွာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အာဟာရေတြကို တိုးေစႏိုင္ပါတယ္။

ထမင္းကို အာဟာရ ျဖည့္ေပးတယ္

ထမင္းခ်က္တဲ့အခါ ေသခ်ာသန္႔စင္ထားတဲ့ ၾကက္သြန္နီခြံကို ထည့္ခ်က္ေပးပါ။ ဒီလို ထည့္ခ်က္တာက ထပ္ေဆာင္း ဗီတာမင္ေတြကို ရ႐ွိေစႏိုင္ပါတယ္။ ထမင္းက်က္သြားၿပီဆိုရင္ေတာ့ ဖယ္ၿပီး သုံးေဆာင္႐ုံပါ။

ေပါင္မုန္႔ကို အရသာေကာင္းေစတယ္

ေသခ်ာသန္႔စင္ ေနလွမ္းၿပီး အေျခာက္ခံထားတဲ့ ၾကက္သြန္ခြံကို ေသခ်ာ ညက္ေအာင္ အမႈန္႔ႀကိတ္ပါ။ ၿပီးရင္ အိမ္လုပ္ေပါင္မုန္႔ထဲကို ထည့္တာက ေပါင္မုန္႔ကို အရသာ တိုးေစၿပီး အာဟာရလည္း ပိုျပည့္ေစႏိုင္ပါတယ္။

ႂကြက္တက္တာကို သက္သာေစႏိုင္တယ္

ေသခ်ာ သန္႔စင္ထားတဲ့ ၾကက္သြန္နီခြံကို ၁၀ မိနစ္ ကေန မိနစ္ ၂၀ ေလာက္ ေရေႏြးဆူဆူထဲမွာ ထည့္ျပဳတ္လိုက္ပါ။ ၿပီးရင္ အခြံေတြကို ဖယ္ၿပီး ျပဳတ္ရည္ကို အိပ္ရာမဝင္ခင္မွာ တစ္ခြက္စာေလာက္ ေသာက္ေပးပါ။ ႂကြက္တက္တာ၊ ႂကြက္သားေတြ ကိုက္ခဲတာကို သက္သာေစႏိုင္ပါတယ္။

အိပ္ေပ်ာ္ေစတယ္

ၾကက္သြန္နီခြံ ေရေႏြးၾကမ္းက အိပ္ေပ်ာ္ေစမယ့္ သဘာဝ ေဆးတစ္လက္ပါ။ ေသခ်ာသန္႔စင္ထားတဲ့ ၾကက္သြန္နီခြံကို ေရေႏြးခြက္ တစ္လုံးထဲ ထည့္လိုက္ပါ။ အေပၚကေန ေရေႏြးဆူဆူကို ေလာင္းခ်ေပးပါ။ အဖုံးအုပ္ၿပီး ၁၅ မိနစ္ေလာက္ ထားပါ။ ၿပီးရင္ ေသာက္လို႔ ရပါၿပီ။

ဆံပင္ေဆးဆိုးလို႔ ရတယ္

ၾကက္သြန္နီ အခြံကို ေရေႏြးဆူဆူထဲမွာ နာရီဝက္ – တစ္နာရီေလာက္ ျပဳတ္ပါ။ ၿပီးရင္ အေအးခံၿပီး ေသခ်ာေလး ေလွ်ာ္ထားတဲ့ ဆံသားေတြေပၚကို ေလာင္းခ်လိုက္ပါ။ နာရီဝက္ေလာက္ ထားပါ။ ၿပီးရင္ ေရေဆးခ်လိုက္ပါ။

အေရျပား ယားယံမႈကို သက္သာေစႏိုင္ပါတယ္

ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴခြံေတြက မိႈပိုးေတြကို ဖယ္႐ွားေပးႏိုင္တဲ့ အာနိသင္႐ွိပါတယ္။ အေရျပား ယားတာကို သက္သာေစဖို႔ အသုံးျပဳလို႔ရသလို သဲဝဲ၊ ေရဝဲ သက္သာေစဖို႔လည္း အသုံးျပဳလို႔ ရပါတယ္။ ျပဳတ္ရည္ကို လိမ္းေပး႐ုံပါ။

ကဲ….. ဒီေလာက္ေတာင္ အသုံးဝင္တယ္ဆိုေတာ့ ၾကက္သြန္ခြံေတြကို သိမ္းထားသင့္တယ္ဟုတ္ ………

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service