ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင် ဘာဝမ် ကလာအမည်ရှိ ရွာကလေးတစ်ခု တည်ရှိ၏။
ထိုရွာကလေးတွင် ဘာရတ်ဟုခေါ်သော မင်္ဂလာဆောင်မကျင်းပခဲ့ဖူးသည်မှာ ရာစုနှစ်၏ ထက်ဝက်တိတိ နှစ်ပေါင်း ၅၀ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခင်ကဆိုလျှင် ဘာဝမ် ကလာ ရွာလေးကို လူပျိုတို့၏ကျေးရွာဟုပင် လူသိများခဲ့သည်။
ဘာဝမ်ကလာ ရွာကလေးအပြင် အနီးရှိ အခြားရွာတစ်ရွာ၏ ဖြစ်ရပ်မှာလည်း အလားတူပင်။
အခြားရွာလေး၏ အမည်မှာ ဘာဝမ်ခပ် ကျေးရွာဖြစ်သည်။
ဘာဝမ်ကလာနှင့် ဘာဝမ်ခပ်တို့တွင် လက်ထပ်ပွဲများမရှိတော့သည်မှာ ဆယ်စုနှစ်ပေါင်း များစွာရှိခဲ့ပြီ။
(အဘယ်ကြောင့် လက်ထပ်ပွဲများ မရှိ၊ လူပျိုများ ဖြစ်နေကြသနည်း)
ရွာညီနောင်ဟုခေါ်ကြသော ဘာဝမ် ကလာနှင့် ဘာဝမ် ခပ်ရွာများမှ လက်ထပ်ရန် ကမ်းလှမ်းမှုများဆိုလျှင် သတို့သမီးများ၏ မိဘများက ငြင်းဆန်လေ့ရှိကြသည်။
အဘယ်ကြောင့်ဆိုလျှင် အဆိုပါရွာညီနောင်သို့ သွားရန် လမ်းမပေါက်သောကြောင့် ဖြစ်သည်။
ဘာဝမ် ကလာသို့ သွားလိုသူများသည် ရွာလေးတည်ရှိရာ တောင်ကုန်းထိပ်သို့ရောက်ရန် လူသွားရုံမျှ လမ်းကြောင်းအတိုင်း ၄ နာရီခန့် လမ်းလျှောက်ရမည်ဖြစ်ရာ သတို့သားရှာလိုသည့် မည့်သည့်မိန်းကလေးမိဘ မဆို နောက်တွန့်မည့်အလုပ်တစ်ခုပင်။
ဘာဝမ်ကလာတွင် အသက် ၇၀ မှ ၉၀ ကြား လူပျို ၉၅ ဦးရှိပြီး ၂ ရွာပေါင်းဆိုလျှင် အသက် ၃၀ မှ ၅၅ ကြားအကြား လူပျိုကြီးပေါင်း ၈၀၀ ဦးကျော်အထိ ရှိနေသည်။ နှစ်ရွာပေါင်း လူဦးရေမှာ ၄၀၀၀ နီးပါးရှိ၏။
(လူပျိုများနှင့် နိုင်ငံရေးသမားတို့၏မဲဆွယ်မှု)
၂၀၀၅ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲကာလက ဖြစ်သည်။
Bahujan Samaj Party (BSP) ပါတီမှ လွှတ်တော်အမတ်လောင်း ရမ်ချန်ဒရာ ယာဒက်က ၎င်းသာ ရွေးကောက်ခံရပါက ရွာညီနောင်မှ လူပျိုများ၏ကံကြမ္မာကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
၎င်းအားမဲပေးလျှင် ရွာအတွက် လမ်းတစ်လမ်းဖောက်ပေးမည်ဖြစ်ကြောင်း၊ လမ်းရှိလျှင် လှပသည့် သတို့သမီးများရလာမည်သာဖြစ်ကြောင်း လူပျိုများအား ကတိပေးခဲ့သည်။
ရွာရှိ သပ္ပုရိသနွယ်ဝင် လူပျိုစင်အပေါင်းတို့သည် အဆိုပါစကားကို ကြားရသောအခါ အိန္ဒိယဒဏ္ဍာရီထဲမှ ရာမမင်းသား ပြန်လည်ရှင်သန်ထမြောက်လာသည်ကို တွေ့ရသည့်သဖွယ်ခံစားကြရကြောင်း ရွာသားတစ်ဦးဖြစ်သူ အသက် ၄၅ နှစ်အရွယ်ရှိ Rajgrih Singh က ပြန်ပြောင်းတွေးဆရင်း ပြောကြားသည်။
ရွာသားတို့သည် ယာဒက်ကို ရာမမင်းအဖြစ် သဘောထားသတ်မှတ်လိုက်ကြပြီး လူပျိုများကမူ ကိုယ့်ကိုယ်ကိုယ် မျောက်တို့၏အရှင် ဟာနုမန်အဖြစ် စဉ်းစားလိုက်ကြသည်။ ရာမမင်း အခက်တွေ့နေချိန်တွင် ဟာနုမန်မှာ ကူညီရန် တာဝန်ရှိသည်မဟုတ်လော။
“အိမ်ထောင်မပြုရဘဲ ဗြဟ္မစရိယကျင့်နေရတဲ့ ကျွန်တော်တို့ရဲ့နေ့ရက်တွေ ကုန်ဆုံးသွားပါပြီ။ ကျွန်တော်တို့ အမတ်လောင်းကြီး အနိုင်ရဖို့ ကျွန်တော်တို့အားလုံး ကြိုးစားပေးကြပါမယ်”ဟု Singh က ပြောသည်။
ရွာလေး ၂ ရွာမှ ရွာသူရွာသားများသည် ယာဒက်အတွက် နေ့ရောညပါ မဲဆွယ်ပေးကြရာ ရွေးကောက်ပွဲတွင် အနိုင်ရသွားလေသည်။
ရွာသားများကား အိပ်မက်လှလှမက်လေပြီ။ မကြာမီတွင် လမ်းကြီးတစ်ခု ဖြူးနေအောင်ပေါ်လာကာ ရွာတွင် တစ်နှစ်လုံး မင်္ဂလာဆောင် စဲသည်ဟုမရှိဘဲ အပြည့်ဖြစ်နေမည်ဟု အိပ်မက်မက်ကြပြီ။
သို့သော် အမတ်ဖြစ်ပြီး မကြာမီတွင်ပင် ယာဒက်မှာ သူ၏ကတိစကားကို မေ့သွားတော့ရာ ရွာညီနောင်မှ ရွာသားများမှာ များစွာအမျက်ထွက်ခဲ့ကြသည်။
ထိုအခါ ရွာသားများက သတို့သမီးများရလာစေရန်အတွက် မိမိတို့ဘာသာ လမ်းတစ်ခု ဖောက်လုပ်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
ရွာသားများ စတင်လမ်းဖောက်ချိန်တွင် သစ်တောဌာနက လာရောက်တားဆီးလေသည်။
သစ်တောမြေအတွင်း လမ်းဖောက်ခြင်းကို ဥပဒေအရခွင့်မပြုကြောင်း ပြောကာ တားဆီးခြင်းဖြစ်၏။
ရွာသားလူငယ် ၁၂ ဦးကိုလည်း ရာဇဝတ်မှုများဖြင့် တရားစွဲခဲ့သည်။ သို့သော် လူပျိုများက အလျှော့မပေး။ ဥပဒေကို ချိုးဖောက်ကာ လမ်းဆက်ဖောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
လူပျိုများထဲမှ အချို့မှာ အသက် ၇၀ မှ ၉၀ ကြားအရွယ်များ ဖြစ်သည်။ ရွာညီနောင်မှ ရွာသားများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် လမ်းကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ကြသည်။
ဂုဏ်ယူဝင့်ကြွားနေကြသော ရွာကလေးမှ လူပျိုများသည် ယခုအခါ သတို့သမီးလောင်းများနှင့် မိဘများကို ဆွဲဆောင်နိုင်မည့် လမ်းတစ်လမ်းရှိနေပြီဖြစ်ကြောင်း သတင်းစကားဖြန့်ဝေကြရခြင်းဖြင့် အလုပ်ရှုပ်ကြကုန်သည်။
(စော်ကားမှုမှသည် နာကျင်မှုသို့)
၂၀၁၄ ခုနှစ်တွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန် ကြေညာလိုက်သောအခါ ရွာညီနောင်မှ ရွာသားများ မျှော်လင့်သည်မှာ အစိုးရမော်တော်ကားများနှင့် လွှတ်တော်အမတ်လောင်းများ ရောက်လာကြမည်ဟု မျှော်လင့်ခဲ့ကြသည်။
လမ်းရှိနေပြီ မဟုတ်လော။
သို့သော် ရွာလေးသို့ မည်သူမျှ ရောက်မလာ။
အစိုးရ၏ စာတစ်စောင်သာ ရောက်လာသည်။
စာထဲတွင် ရေးသားထားသည်မှာ မဲရုံကို ဗီနိုဘာ နဂါးအမည်ရှိ တောင်ခြေရွာလေးသို့ ရွှေ့ပြောင်းလိုက်ကြောင်း ရေးသားထားသည်။ တောင်ခြေရွာမှာ ၈ ကီလိုမီတာခန့် ဝေးသည်။
ထို့အပြင် စာထဲ၌ ရေးထားသေးသည်မှာ မဲရုံရွှေ့လိုက်ရသည့်အကြောင်းရင်းမှာ ရွာညီနောင်သို့ ဖောက်ထားသည့်လမ်းတွင် ကွန်မြူနစ်များ ပြည့်နေသောကြောင့်ဟု ဆိုသည်။
“ကျွန်တော်တို့ စော်ကားခံရပါပြီ”ဟု ရွာသားများက ပြောသည်။ ယင်းနောက်ကား ရွာအစည်းအဝေးခေါ်လိုက်ပြီး ကန့်ကွက်စာ ရေးသားကြသည်။
ထိုစာကို ခရိုင် ရာဇဝတ်တရားသူကြီးနှင့် အိန္ဒိယရွေးကောက်ပွဲကော်မရှင်တို့ထံပေးပို့ခဲ့၏။
စာတွင် ရေးသားထားသည်မှာ မဲရုံကို ရွှေ့လိုက်သောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် စီစဉ်ထားကြောင်း ရေးသားထားခြင်း ဖြစ်သည်။
ရွာကလေး၏ သူကြီးဟောင်းဖြစ်သူ ရမ်း ဒယား ဆင်းဂ် (Ram Dayal Singh) က ပြောသည်မှာ မဲရုံရွှေ့လိုက်ခြင်းမှာ ရွာညီနောင် ၂ ရွာမှ လူပျိုများ သတို့သမီးရရှိနိုင်မည့်အလားအလာအပေါ် ပိုမိုဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားစေကြောင်း ပြောသည်။
“စကားတွေက ပြန့်သွားမှာပဲလေ။ ဒီရွာတွေကို လာတဲ့လမ်းမှာ ကွန်မြူနစ်လက်နက်ကိုင်တွေ သောင်းကျန်းနေလို့ မဲရုံတောင်မှ နေရာရွှေ့လိုက်ရတယ်ဆိုပြီး..”ဟု သူကြီးဟောင်း ဆင်းဂ်က ပြောသည်။
ရွာညီနောင်မှပေးစာမှာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို တပ်လှန့်လိုက်သည်။
ရဲမင်းကြီး မနိုး ယာဒက် (Manoj Yadav) နှင့် လက်ထောက်ရဲမင်းကြီး နီမားလား ကုမာရီ (Nirmala Kumari) တို့သည် ရွာညီနောင်သို့ ချက်ချင်း ရောက်လာကြကာ ရွာသားများကို ဖျောင်းဖျကြသည်။
ရွာညီနောင်တွင် ယခင်က မဲရုံ ၂ ခုရှိသည်။
ထိုဒေသရှိ တစ်ခုတည်းသော အစိုးရအဆောက်အအုံဖြစ်သည့် အလယ်တန်းကျောင်းတွင် မဲရုံ ၂ ခု ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မဲရုံ အမှတ် ၂၇၇ တွင် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ၉၇၁ ဦးရှိပြီး မဲရုံအမှတ် ၂၇၉ တွင် မဲဆန္ဒရှင် ၄၁၈ ဦးရှိသည်။
ကျောင်းသူကျောင်းသား ၃၅၀ ဦးရှိသော အလယ်တန်းကျောင်းတွင် အစိုးရက ခန့်ထားသည့် ကျောင်းဆရာ တစ်ဦးမှမရှိ။
စေတနာဝန်ထမ်းအဖြစ် သင်ကြားပေးသူ ၄ ဦးသာ ရှိသည်။
စေတနာဝန်ထမ်းအဖြစ် စာသင်ပေးနေသော မာဒန်း ကုမာရ် ယာဒက် (Madan Kumar Yadav) မှာ ထိုရွာမှ ရွာသား ၁ ဦးဖြစ်ပြီး ထိုကျောင်းအုပ်လည်း ဖြစ်သည်။
“အစိုးရဝန်ထမ်းတစ်ယောက်အနေနဲ့ပြောရရင် သပိတ်မှောက်တာကို ကျွန်တော်အားမပေးပါဘူး။ ဒါပေမယ့် ကျွန်တော်ရဲ့စိတ်နှလုံးအရ ဆိုရင်တော့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်ထောက်ခံပါတယ်။” ဟု ကျောင်းအုပ်ကြီး ယာဒက်က ပြောသည်။
(မဲပေးမလား၊ မိန်းမယူမလား)
ကျောင်းအုပ်ကြီး ယာဒက်က ရွာသားများအား ကတိပေးသည်မှာ မဲပေးသည့်နေ့တွင် မဲရုံသို့ နေပူကျဲကျဲအောက် ၈ ကီလိုမီတာ လမ်းလျှောက်သွားစရာမလိုကြောင်း ၊ ရွေးကောက်ပွဲနေ့အတွက် မဲရုံသို့ပို့ပေးရန် ထရပ်ကားတစ်စီး စီစဉ်ပေးထားကြောင်း ပြောသည်။
သို့သော် ထိုအခြေအနေဖြင့် ရွာသားများကို ချွေးသိပ်၍မရနိုင်ချေ။ “ထရပ်ကားကြီး ကားဘီး ၁ လက်မ ရွေ့သွားတိုင်း ကျွန်တော်တို့ မိန်းမရဖို့ ကံကြမ္မာ ပိုပိုမှေးမှိန်သွားမှာ ဖြစ်ပါတယ်” ဟု သူကြီးဟောင်း ရမ်းဒယားဆင်းဂ်က ပြောသည်။
အဆိုပါ ထရပ်ကားမှာ ရွာသားများကို သယ်ဆောင်ပြီး မဲရုံသို့ ရောက်သွားပြီ ဆိုပါက အခြားကျေးရွာများမှ မဲလာပေးသူတို့၏ အမြင်တွင် ရွာညီနောင်သို့ မိန်းကလေးရှင် မဆိုနှင့် အစိုးရပင် မလာချင်ကြောင်း ယူဆကြတော့မည် ဖြစ်သည်။
ရွေးကောက်ပွဲနေ့သို့ ရောက်လျှင်ကား ရွာသားများအဖို့ ဆုံးဖြတ်ရခက်သည့် အခြေအနေနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
လွှတ်တော်အမတ်ရွေးရန်အတွက် မဲပေးမည်လော(သို့တည်းမဟုတ်) မိန်းမရနိုင်ရေး ကံကြမ္မာအခွင့်အလမ်း ထွန်းလင်းစေရန်အလို့ငှာ မဲမပေးဘဲနေမည်လော ဆိုသည်ကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။
(မှတ်ချက်- ထိုနှစ်က ရွာသားများ မဲပေးခဲ့၊ မပေးခဲ့ကိုမူ မသိရပါ။)
ရွာညီနောင်မှ ၈၀၀ သော လူပျိုများမှာကား ဇနီးလောင်းရရှိရေးအတွက် မျှော်လင့်အိပ်မက်လျက်ရှိနေကြဆဲပင်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Bihar 'bachelor villages' carve road through mountains, to make way for brides (hindustantimes)
[Zawgyi]
လူပ်ဳိေန႔ လူပ်ဳိညမ်ား (သို႔မဟုတ္) ႏွစ္ေပါင္း ၅၀ ေက်ာ္ မဂၤလာေဆာင္တစ္ခုမွမရွိေသာ လူပ်ဳိ ၈၀၀ ေက်ာ္ ေနထိုင္ၾကသည့္ အိႏိၵယက လူပ်ဳိရြာကေလး
အိႏိၵယႏိုင္ငံ၊ ဘီဟာျပည္နယ္တြင္ ဘာဝမ္ ကလာအမည္ရွိ ရြာကေလးတစ္ခု တည္ရွိ၏။
ထုိရြာကေလးတြင္ ဘာရတ္ဟုေခၚေသာ မဂၤလာေဆာင္မက်င္းပခဲ့ဖူးသည္မွာ ရာစုႏွစ္၏ ထက္ဝက္တိတိ ႏွစ္ေပါင္း ၅၀ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္။
ယခင္ကဆိုလွ်င္ ဘာဝမ္ ကလာ ရြာေလးကို လူပ်ဳိတို႔၏ေက်းရြာဟုပင္ လူသိမ်ားခဲ့သည္။
ဘာဝမ္ကလာ ရြာကေလးအျပင္ အနီးရွိ အျခားရြာတစ္ရြာ၏ ျဖစ္ရပ္မွာလည္း အလားတူပင္။
အျခားရြာေလး၏ အမည္မွာ ဘာဝမ္ခပ္ ေက်းရြာျဖစ္သည္။
ဘာဝမ္ကလာႏွင့္ ဘာဝမ္ခပ္တို႔တြင္ လက္ထပ္ပြဲမ်ားမရွိေတာ့သည္မွာ ဆယ္စုႏွစ္ေပါင္း မ်ားစြာရွိခဲ့ျပီ။
(အဘယ္ေၾကာင့္ လက္ထပ္ပြဲမ်ား မရွိ၊ လူပ်ဳိမ်ား ျဖစ္ေနၾကသနည္း)
ရြာညီေနာင္ဟုေခၚၾကေသာ ဘာဝမ္ ကလာႏွင့္ ဘာဝမ္ ခပ္ရြာမ်ားမွ လက္ထပ္ရန္ ကမ္းလွမ္းမႈမ်ားဆိုလွ်င္ သတို႔သမီးမ်ား၏ မိဘမ်ားက ျငင္းဆန္ေလ့ရွိၾကသည္။
အဘယ္ေၾကာင့္ဆိုလွ်င္ အဆိုပါရြာညီေနာင္သို႔ သြားရန္ လမ္းမေပါက္ေသာေၾကာင့္ ျဖစ္သည္။
ဘာဝမ္ ကလာသို႔ သြားလိုသူမ်ားသည္ ရြာေလးတည္ရွိရာ ေတာင္ကုန္းထိပ္သို႔ေရာက္ရန္ လူသြားရံုမွ် လမ္းေၾကာင္းအတိုင္း ၄ နာရီခန္႔ လမ္းေလွ်ာက္ရမည္ျဖစ္ရာ သတုိ႔သားရွာလိုသည့္ မည့္သည့္မိန္းကေလးမိဘ မဆို ေနာက္တြန္႔မည့္အလုပ္တစ္ခုပင္။
ဘာဝမ္ကလာတြင္ အသက္ ၇၀ မွ ၉၀ ၾကား လူပ်ဳိ ၉၅ ဦးရွိျပီး ၂ ရြာေပါင္းဆိုလွ်င္ အသက္ ၃၀ မွ ၅၅ ၾကားအၾကား လူပ်ဳိၾကီးေပါင္း ၈၀၀ ဦးေက်ာ္အထိ ရွိေနသည္။ ႏွစ္ရြာေပါင္း လူဦးေရမွာ ၄၀၀၀ နီးပါးရွိ၏။
(လူပ်ဳိမ်ားႏွင့္ ႏိုင္ငံေရးသမားတို႔၏မဲဆြယ္မႈ)
၂၀၀၅ ခုႏွစ္ လႊတ္ေတာ္ေရြးေကာက္ပြဲကာလက ျဖစ္သည္။
Bahujan Samaj Party (BSP) ပါတီမွ လႊတ္ေတာ္အမတ္ေလာင္း ရမ္ခ်န္ဒရာ ယာဒက္က ၎သာ ေရြးေကာက္ခံရပါက ရြာညီေနာင္မွ လူပ်ဳိမ်ား၏ကံၾကမၼာကို ေျပာင္းလဲေပးမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။
၎အားမဲေပးလွ်င္ ရြာအတြက္ လမ္းတစ္လမ္းေဖာက္ေပးမည္ျဖစ္ေၾကာင္း၊ လမ္းရွိလွ်င္ လွပသည့္ သတို႔သမီးမ်ားရလာမည္သာျဖစ္ေၾကာင္း လူပ်ဳိမ်ားအား ကတိေပးခဲ့သည္။
ရြာရွိ သပၸဳရိသႏြယ္ဝင္ လူပ်ဳိစင္အေပါင္းတို႔သည္ အဆိုပါစကားကို ၾကားရေသာအခါ အိႏိၵယဒ႑ာရီထဲမွ ရာမမင္းသား ျပန္လည္ရွင္သန္ထေျမာက္လာသည္ကို ေတြ႔ရသည့္သဖြယ္ခံစားၾကရေၾကာင္း ရြာသားတစ္ဦးျဖစ္သူ အသက္ ၄၅ ႏွစ္အရြယ္ရွိ Rajgrih Singh က ျပန္ေျပာင္းေတြးဆရင္း ေျပာၾကားသည္။
ရြာသားတို႔သည္ ယာဒက္ကို ရာမမင္းအျဖစ္ သေဘာထားသတ္မွတ္လိုက္ၾကျပီး လူပ်ဳိမ်ားကမူ ကိုယ့္ကိုယ္ကိုယ္ ေမ်ာက္တို႔၏အရွင္ ဟာႏုမန္အျဖစ္ စဥ္းစားလိုက္ၾကသည္။ ရာမမင္း အခက္ေတြ႔ေနခ်ိန္တြင္ ဟာႏုမန္မွာ ကူညီရန္ တာဝန္ရွိသည္မဟုတ္ေလာ။
“အိမ္ေထာင္မျပဳရဘဲ ျဗဟၼစရိယက်င့္ေနရတဲ့ ကၽြန္ေတာ္တို႔ရဲ႕ေန႔ရက္ေတြ ကုန္ဆံုးသြားပါျပီ။ ကၽြန္ေတာ္တို႔ အမတ္ေလာင္းၾကီး အႏိုင္ရဖို႔ ကၽြန္ေတာ္တို႔အားလံုး ၾကိဳးစားေပးၾကပါမယ္”ဟု Singh က ေျပာသည္။
ရြာေလး ၂ ရြာမွ ရြာသူရြာသားမ်ားသည္ ယာဒက္အတြက္ ေန႔ေရာညပါ မဲဆြယ္ေပးၾကရာ ေရြးေကာက္ပြဲတြင္ အႏုိင္ရသြားေလသည္။
ရြာသားမ်ားကား အိပ္မက္လွလွမက္ေလျပီ။ မၾကာမီတြင္ လမ္းၾကီးတစ္ခု ျဖဴးေနေအာင္ေပၚလာကာ ရြာတြင္ တစ္ႏွစ္လံုး မဂၤလာေဆာင္ စဲသည္ဟုမရွိဘဲ အျပည့္ျဖစ္ေနမည္ဟု အိပ္မက္မက္ၾကျပီ။
သို႔ေသာ္ အမတ္ျဖစ္ျပီး မၾကာမီတြင္ပင္ ယာဒက္မွာ သူ၏ကတိစကားကို ေမ့သြားေတာ့ရာ ရြာညီေနာင္မွ ရြာသားမ်ားမွာ မ်ားစြာအမ်က္ထြက္ခဲ့ၾကသည္။ ထိုအခါ ရြာသားမ်ားက သတို႔သမီးမ်ားရလာေစရန္အတြက္ မိမိတို႔ဘာသာ လမ္းတစ္ခု ေဖာက္လုပ္သြားရန္ ဆံုးျဖတ္လိုက္ၾကသည္။
ရြာသားမ်ား စတင္လမ္းေဖာက္ခ်ိန္တြင္ သစ္ေတာဌာနက လာေရာက္တားဆီးေလသည္။
သစ္ေတာေျမအတြင္း လမ္းေဖာက္ျခင္းကို ဥပေဒအရခြင့္မျပဳေၾကာင္း ေျပာကာ တားဆီးျခင္းျဖစ္၏။
ရြာသားလူငယ္ ၁၂ ဦးကိုလည္း ရာဇဝတ္မႈမ်ားျဖင့္ တရားစြဲခဲ့သည္။ သို႔ေသာ္ လူပ်ဳိမ်ားက အေလွ်ာ့မေပး။ ဥပေဒကို ခ်ဳိးေဖာက္ကာ လမ္းဆက္ေဖာက္ရန္ ဆံုးျဖတ္ခဲ့ၾကသည္။
လူပ်ဳိမ်ားထဲမွ အခ်ဳိ႕မွာ အသက္ ၇၀ မွ ၉၀ ၾကားအရြယ္မ်ား ျဖစ္သည္။ ရြာညီေနာင္မွ ရြာသားမ်ား၏ ၾကိဳးပမ္းအားထုတ္မႈျဖင့္ လမ္းကို ေအာင္ျမင္စြာ ေဖာက္လုပ္ႏိုင္ခဲ့ၾကသည္။
ဂုဏ္ယူဝင့္ၾကြားေနၾကေသာ ရြာကေလးမွ လူပ်ဳိမ်ားသည္ ယခုအခါ သတို႔သမီးေလာင္းမ်ားႏွင့္ မိဘမ်ားကို ဆြဲေဆာင္ႏိုင္မည့္ လမ္းတစ္လမ္းရွိေနျပီျဖစ္ေၾကာင္း သတင္းစကားျဖန္႔ေဝၾကရျခင္းျဖင့္ အလုပ္ရႈပ္ၾကကုန္သည္။
(ေစာ္ကားမႈမွသည္ နာက်င္မႈသို႔)
၂၀၁၄ ခုႏွစ္တြင္ လႊတ္ေတာ္ေရြးေကာက္ပြဲမ်ား က်င္းပရန္ ေၾကညာလိုက္ေသာအခါ ရြာညီေနာင္မွ ရြာသားမ်ား ေမွ်ာ္လင့္သည္မွာ အစိုးရေမာ္ေတာ္ကားမ်ားႏွင့္ လႊတ္ေတာ္အမတ္ေလာင္းမ်ား ေရာက္လာၾကမည္ဟု ေမွ်ာ္လင့္ခဲ့ၾကသည္။
လမ္းရွိေနျပီ မဟုတ္ေလာ။
သို႔ေသာ္ ရြာေလးသုိ႔ မည္သူမွ် ေရာက္မလာ။
အစိုးရ၏ စာတစ္ေစာင္သာ ေရာက္လာသည္။
စာထဲတြင္ ေရးသားထားသည္မွာ မဲရံုကို ဗီႏိုဘာ နဂါးအမည္ရွိ ေတာင္ေျခရြာေလးသို႔ ေရႊ႕ေျပာင္းလိုက္ေၾကာင္း ေရးသားထားသည္။ ေတာင္ေျခရြာမွာ ၈ ကီလိုမီတာခန္႔ ေဝးသည္။
ထို႔အျပင္ စာထဲ၌ ေရးထားေသးသည္မွာ မဲရံုေရႊ႕လိုက္ရသည့္အေၾကာင္းရင္းမွာ ရြာညီေနာင္သို႔ ေဖာက္ထားသည့္လမ္းတြင္ ကြန္ျမဴနစ္မ်ား ျပည့္ေနေသာေၾကာင့္ဟု ဆိုသည္။
“ကၽြန္ေတာ္တို႔ ေစာ္ကားခံရပါျပီ”ဟု ရြာသားမ်ားက ေျပာသည္။ ယင္းေနာက္ကား ရြာအစည္းအေဝးေခၚလိုက္ျပီး ကန္႔ကြက္စာ ေရးသားၾကသည္။
ထိုစာကို ခရိုင္ ရာဇဝတ္တရားသူၾကီးႏွင့္ အိႏိၵယေရြးေကာက္ပြဲေကာ္မရွင္တို႔ထံေပးပို႔ခဲ့၏။
စာတြင္ ေရးသားထားသည္မွာ မဲရံုကို ေရႊ႕လိုက္ေသာေၾကာင့္ ေရြးေကာက္ပြဲကို သပိတ္ေမွာက္ရန္ စီစဥ္ထားေၾကာင္း ေရးသားထားျခင္း ျဖစ္သည္။
ရြာကေလး၏ သူၾကီးေဟာင္းျဖစ္သူ ရမ္း ဒယား ဆင္းဂ္ (Ram Dayal Singh) က ေျပာသည္မွာ မဲရံုေရႊ႕လိုက္ျခင္းမွာ ရြာညီေနာင္ ၂ ရြာမွ လူပ်ဳိမ်ား သတို႔သမီးရရွိႏိုင္မည့္အလားအလာအေပၚ ပိုမိုဆိုးဆိုးရြားရြား ထိခိုက္ပ်က္စီးသြားေစေၾကာင္း ေျပာသည္။
“စကားေတြက ျပန္႔သြားမွာပဲေလ။ ဒီရြာေတြကို လာတဲ့လမ္းမွာ ကြန္ျမဴနစ္လက္နက္ကိုင္ေတြ ေသာင္းက်န္းေနလို႔ မဲရံုေတာင္မွ ေနရာေရႊ႕လိုက္ရတယ္ဆိုျပီး..”ဟု သူၾကီးေဟာင္း ဆင္းဂ္က ေျပာသည္။
ရြာညီေနာင္မွေပးစာမွာ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔ကို တပ္လွန္႔လိုက္သည္။
ရဲမင္းၾကီး မႏိုး ယာဒက္ (Manoj Yadav) ႏွင့္ လက္ေထာက္ရဲမင္းၾကီး နီမားလား ကုမာရီ (Nirmala Kumari) တို႔သည္ ရြာညီေနာင္သို႔ ခ်က္ခ်င္း ေရာက္လာၾကကာ ရြာသားမ်ားကို ေဖ်ာင္းဖ်ၾကသည္။
ရြာညီေနာင္တြင္ ယခင္က မဲရံု ၂ ခုရွိသည္။
ထိုေဒသရွိ တစ္ခုတည္းေသာ အစိုးရအေဆာက္အအံုျဖစ္သည့္ အလယ္တန္းေက်ာင္းတြင္ မဲရံု ၂ ခု ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။
မဲရံု အမွတ္ ၂၇၇ တြင္ မဲေပးခြင့္ရွိသူ မဲဆႏၵရွင္ ၉၇၁ ဦးရွိျပီး မဲရံုအမွတ္ ၂၇၉ တြင္ မဲဆႏၵရွင္ ၄၁၈ ဦးရွိသည္။
ေက်ာင္းသူေက်ာင္းသား ၃၅၀ ဦးရွိေသာ အလယ္တန္းေက်ာင္းတြင္ အစုိးရက ခန္႔ထားသည့္ ေက်ာင္းဆရာ တစ္ဦးမွမရွိ။
ေစတနာဝန္ထမ္းအျဖစ္ သင္ၾကားေပးသူ ၄ ဦးသာ ရွိသည္။
ေစတနာဝန္ထမ္းအျဖစ္ စာသင္ေပးေနေသာ မာဒန္း ကုမာရ္ ယာဒက္ (Madan Kumar Yadav) မွာ ထိုရြာမွ ရြာသား ၁ ဦးျဖစ္ျပီး ထိုေက်ာင္းအုပ္လည္း ျဖစ္သည္။
“အစိုးရဝန္ထမ္းတစ္ေယာက္အေနနဲ႔ေျပာရရင္ သပိတ္ေမွာက္တာကို ကၽြန္ေတာ္အားမေပးပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ရဲ ႔စိတ္ႏွလံုးအရ ဆိုရင္ေတာ့ သူတို႔ရဲ ႔ဆံုုးျဖတ္ခ်က္ကို ကၽြန္ေတာ္ေထာက္ခံပါတယ္။” ဟု ေက်ာင္းအုပ္ၾကီး ယာဒက္က ေျပာသည္။
(မဲေပးမလား၊ မိန္းမယူမလား)
ေက်ာင္းအုပ္ၾကီး ယာဒက္က ရြာသားမ်ားအား ကတိေပးသည္မွာ မဲေပးသည့္ေန႔တြင္ မဲရံုသုိ႔ ေနပူက်ဲက်ဲေအာက္ ၈ ကီလိုမီတာ လမ္းေလွ်ာက္သြားစရာမလိုေၾကာင္း ၊ ေရြးေကာက္ပြဲေန႔အတြက္ မဲရံုသို႔ပို႔ေပးရန္ ထရပ္ကားတစ္စီး စီစဥ္ေပးထားေၾကာင္း ေျပာသည္။
သို႔ေသာ္ ထိုအေျခအေနျဖင့္ ရြာသားမ်ားကို ေခၽြးသိပ္၍မရနိုင္ေခ်။ “ထရပ္ကားၾကီး ကားဘီး ၁ လက္မ ေရြ႕သြားတိုင္း ကၽြန္ေတာ္တို႔ မိန္းမရဖို႔ ကံၾကမၼာ ပိုပိုေမွးမွိန္သြားမွာ ျဖစ္ပါတယ္” ဟု သူၾကီးေဟာင္း ရမ္းဒယားဆင္းဂ္က ေျပာသည္။
အဆိုပါ ထရပ္ကားမွာ ရြာသားမ်ားကို သယ္ေဆာင္ျပီး မဲရံုသုိ႔ ေရာက္သြားျပီ ဆိုပါက အျခားေက်းရြာမ်ားမွ မဲလာေပးသူတို႔၏ အျမင္တြင္ ရြာညီေနာင္သုိ႔ မိန္းကေလးရွင္ မဆိုႏွင့္ အစိုးရပင္ မလာခ်င္ေၾကာင္း ယူဆၾကေတာ့မည္ ျဖစ္သည္။
ေရြးေကာက္ပြဲေန႔သို႔ ေရာက္လွ်င္ကား ရြာသားမ်ားအဖို႔ ဆံုးျဖတ္ရခက္သည့္ အေျခအေနႏွင့္ ရင္ဆိုင္ရေတာ့မည္ ျဖစ္သည္။
လႊတ္ေတာ္အမတ္ေရြးရန္အတြက္ မဲေပးမည္ေလာ(သုိ႔တည္းမဟုတ္) မိန္းမရႏိုင္ေရး ကံၾကမၼာအခြင့္အလမ္း ထြန္းလင္းေစရန္အလို႔ငွာ မဲမေပးဘဲေနမည္ေလာ ဆိုသည္ကို ဆံုးျဖတ္ရေတာ့မည္ျဖစ္သည္။
(မွတ္ခ်က္- ထိုႏွစ္က ရြာသားမ်ား မဲေပးခဲ့၊ မေပးခဲ့ကိုမူ မသိရပါ။)
ရြာညီေနာင္မွ ၈၀၀ ေသာ လူပ်ိဳမ်ားမွာကား ဇနီးေလာင္းရရွိေရးအတြက္ ေမွ်ာ္လင့္အိပ္မက္လ်က္ရွိေနၾကဆဲပင္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Bihar 'bachelor villages' carve road through mountains, to make way for brides (hindustantimes)