၄၄ ရက်သာ တာဝန်ထမ်းဆောင်ပြီး နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ် ထရော့စ်၏ စံအိမ်များ

၄၄ ရက်သာ တာဝန်ထမ်းဆောင်ပြီး နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ် ထရော့စ်၏ စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
21 Oct 2022 11:29 am တွင် တင်ခဲ့သည်
601 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ် ထရော့စ်သည် ဝန်ကြီးချုပ်တာဝန်မှ မနေ့က နှုတ်ထွက်သွားရာ ဗြိတိန်၏ နှစ်ပေါင်း ၂၀၀ နီးပါးသမိုင်းကြောင်းတစ်လျှောက် သက်တမ်းအတိုဆုံးဗြိတိန်ခေါင်းဆောင်အဖြစ် သမိုင်းတွင်သွားခဲ့ပြီ ဖြစ်သည်။

သူမ၏ ပါတီဝင် လွှတ်တော်အမတ်များကိုယ်တိုင်က သူမအပေါ် ယုံကြည်မှုမရှိတော့သည့်နောက်ပိုင်း ၄၄ ရက်အကြာတွင် ဝန်ကြီးချုပ်တာဝန်မှ နှုတ်ထွက်လိုက်ခြင်းလည်း ဖြစ်သည်။

ယခုဆောင်းပါးတွင်မူ လစ်ဇ်ထရော့စ်၏ နိုင်ငံရေးကိစ္စများအကြောင်းထက် သူ၏ အိမ်ခြံမြေများအကြောင်း ကိုသာ အဓိက ဖော်ပြသွားပါမည်။

 

(လစ်ဇ်ထရော့စ်၏ အိမ်ခြံမြေများ- နော်ဖော့ခ်မှသည် လန်ဒန်အထိ- ဝန်ကြီးချုပ်ဘဝ နေထိုင်ခဲ့၊ အလုပ်လုပ်ခဲ့သည့် နေရာများ)

ဗြိတိန်ဝန်ကြီးချုပ်တာဝန်မှ နှုတ်ထွက်သွားသူ လစ်ဇ်ထရော့စ်သည် ဘာမင်ဂမ်တွင် မရှိချိန်တွင်ဆိုလျှင် မည်သည့်နေရာတွင် နေထိုင်ပါသနည်း။ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် မည်သည့်နေရာတွင် နေထိုင်ခဲ့သနည်း။ သူမ နေအိမ်မည်မျှ ပိုင်ဆိုင်ထားသနည်း။ အောက်တွင် ဆက်လက် လေ့လာကြည့်ပါ။

(ဒေါင်းနင်းလမ်းအိမ်တော်)

 

လစ်ဇ်ထရော့စ်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။

မာဂရက် သက်ချာအား အလွန်လေးစားပြီး စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသူဖြစ်သည်။

လစ်ဇ်ထရော့စ်သည် ဝန်ကြီးချုပ်အိမ်တော်ဖြစ်သည့် ဒေါင်းနင်းလမ်း အမှတ် ၁၁ အိမ်တော်မှ လူနေခန်းအား အသုံးပြုရန် အစီအစဉ်များရှိသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ဝန်ကြီးချုပ်အိမ်တော်ကို ခမ်းခမ်းနားနား ပြုပြင်မွမ်းမံမှုများ ၂၀၂၀ ပြည့်နှစ်အတွင်း ပြုလုပ်ခဲ့သည်။

အဆိုပါ ပြုပြင်စရိတ်အတွက် Lord Brownlow က ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာရာ ဝန်ကြီးချုပ်အား အပြင်းအထန်ဝေဖန်ခဲ့ကြသည်။

ဝန်ကြီးချုပ်အိမ်တော်ကို ထိန်းသိမ်းစရိတ်အတွက် အစိုးရအဖွဲ့က နှစ်စဉ် ချထားပေးငွေမှာ ပေါင် ၃၀၀၀၀ ဖြစ်သည်။

သို့သော် ဘောရစ်ဂျွန်ဆင် သုံးစွဲခဲ့သောငွေမှာ ပေါင် ၁၁၂၀၀၀ နီးပါးရှိသည်ဟု ယုံကြည်ကြသည်။

(နော်ဖော့မိသားစုနေအိမ်)

 

မစ္စထရော့စ်သည် သူ၏ပြိုင်ဘက် ရီရှီဆူးနက်နှင့်ယှဉ်လျှင် အိမ်ခြံမြေပိုင်ဆိုင်မှုမှာ သာမာန်သာဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဟောင်းဆူးနက်နှင့် သူ၏ ဘီလျံနာဇနီးဖြစ်သူတို့သည် ကင်းစတန်အရပ်တွင် အိပ်ခန်း ၅ ခန်းပါ စံအိမ် ၁ လုံးနှင့် ဆန်တာမိုနီကာတွင် အပန်းဖြေစံအိမ် ၁ လုံး ပိုင်ဆိုင်ထားသော်လည်း လစ်ဇ်ထရော့စ်မှာမူ နော်ဖော့ခရိုင် သက်ဖို့ဒ်မြို့တွင် မိသားစုနေအိမ် ၁ လုံး ရှိပြီး သာမာန်အိမ်လေးသာ ဖြစ်သည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သော မစ္စထရော့စ်က အိပ်ခန်း ၃ ခန်းပါအိမ်ကို လွန်ခဲ့သော ၁၂ နှစ်က ပေါင် ၁၈၀၀၀၀ မျှဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

စံအိမ်တည်ရှိရာ သက်ဖို့ဒ်မြို့ကလေးသည် ဈေးမြို့ဖြစ်ပြီး နောဝစ်ချ်မြို့မှ မိုင် ၃၀ အကွာတွင်တည်ရှိသည်။

Rightmove ဖော်ပြချက်အရ သက်ဖို့ဒ်မြို့လေးတွင် ပြီးခဲ့သော ၁ နှစ်တာကာလအတွင်း လုံးချင်းအိမ်များ၏ ပျမ်းမျှဈေးနှုန်းမှာ ပေါင် ၃၃၆၅၀၆ ဖြစ်သည်ဟု ဆိုသည်။

(Chevening House အိမ်တော်ဝန်းအတွင်း ဘောလ်တစ် ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ လစ်ဇ်ထရော့စ် လမ်းလျှောက်နေပုံ )ဓာတ်ပုံ - (Hollie Adams/PA)

နော်ဖော့ စံအိမ်အပြင် မစ္စထရော့စ်သည် လန်ဒန်အရှေ့တောင်ပိုင်း ဂရင်းဝစ်ချ်မြို့တွင်လည်း အိမ် ၁ လုံးရှိသေးသည်။

မစ္စထရော့စ်သည် အဆိုပါ အိမ်တွင် သူမ၏ခင်ပွန်း၊ သမီး ၂ ဦးနှင့် အတူ ၁၅ နှစ်ကျော်နေထိုင်ခဲ့သည်။

(Chequers စံအိမ်သည် ဗြိတိန်ဝန်ကြီးချုပ်များအတွက် တရားဝင် ကျေးလက်အိမ်တော်ဖြစ်သည်၊ ဓာတ်ပုံ -PA Archive )

 

((Number 1 Carlton Terrace အိမ်တော်သည် နိုင်ငံခြားရေးဝန်ကြီး၏ တရားဝင်အိမ်တော်ဖြစ်သည်။ဓာတ်ပုံ - Flickr: Garry Knight)

(ဝေဖန်ခံခဲ့ရသော နယူးယောက်လူနေခန်းကိစ္စ)

သူမ၏ ကိုယ်ပိုင်အိမ်ခြံမြေပိုင်ဆိုင်မှုမှာ နည်းပါးသော်လည်း ယခုနှစ်မေလအတွင်းကမူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက နယူးယောက်ရှိ ဗြိတိန်သံအမတ်များအတွက် ပါတီပွဲများ ကျင်းပရာ ပေါင် သန်း ၂၀ တန် အိမ် ၁လုံး ဝယ်ယူခဲ့သည့်ကိစ္စနှင့်စပ်လျဉ်းပြီး အဓိကတာဝန်ရှိသူ လစ်ဇ်ထရော့စ်မှာ ဝေဖန်ခံခဲ့ရသည်။

ပေါက်ကြားလာသော စာရွက်စာတမ်းတစ်ခုအရ နယူးယောက်မြို့မှ Guy Wildenstein ပိုင်ဆိုင်သော ၁၉ ရာစုနှစ် ဘိုးဘွားပိုင်အဆောက်အအုံ ဝယ်ယူမည့်အစီအစဉ်ကို မစ္စထရော့စ်က အလွန်အားပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ အိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၉၆၀၀ ရှိပြီး ဗြိတိန်အစိုးရဝယ်ယူပြီးနောက် အဓိက အသုံးပြုခဲ့သူမှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်း သံအမတ်ကြီး Dame Barbara Janet Woodward ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Liz Truss resigns to become shortest-serving Prime Minister in British history (metro)

 

 

 

[Zawgyi]

၄၄ ရက္သာ တာဝန္ထမ္းေဆာင္ျပီး ႏႈတ္ထြက္လိုက္ျပီျဖစ္တဲ့ ျဗိတိန္ဝန္ၾကီးခ်ဳပ္ လစ္ဇ္ ထေရာ့စ္၏ စံအိမ္မ်ား

 

ျဗိတိန္ဝန္ၾကီးခ်ဳပ္ လစ္ဇ္ ထေရာ့စ္သည္ ဝန္ၾကီးခ်ဳပ္တာဝန္မွ မေန႔က ႏႈတ္ထြက္သြားရာ ျဗိတိန္၏ ႏွစ္ေပါင္း ၂၀၀ နီးပါးသမိုင္းေၾကာင္းတစ္ေလွ်ာက္ သက္တမ္းအတိုဆံုးျဗိတိန္ေခါင္းေဆာင္အျဖစ္ သမိုင္းတြင္သြားခဲ့ျပီ ျဖစ္သည္။

သူမ၏ ပါတီဝင္ လႊတ္ေတာ္အမတ္မ်ားကိုယ္တိုင္က သူမအေပၚ ယံုၾကည္မႈမရွိေတာ့သည့္ေနာက္ပိုင္း ၄၄ ရက္အၾကာတြင္ ဝန္ၾကီးခ်ဳပ္တာဝန္မွ ႏႈတ္ထြက္လိုက္ျခင္းလည္း ျဖစ္သည္။

ယခုေဆာင္းပါးတြင္မူ လစ္ဇ္ထေရာ့စ္၏ ႏိုင္ငံေရးကိစၥမ်ားအေၾကာင္းထက္ သူ၏ အိမ္ျခံေျမမ်ားအေၾကာင္း ကိုသာ အဓိက ေဖာ္ျပသြားပါမည္။

(လစ္ဇ္ထေရာ့စ္၏ အိမ္ျခံေျမမ်ား- ေနာ္ေဖာ့ခ္မွသည္ လန္ဒန္အထိ- ဝန္ၾကီးခ်ဳပ္ဘဝ ေနထိုင္ခဲ့၊ အလုပ္လုပ္ခဲ့သည့္ ေနရာမ်ား)

ျဗိတိန္ဝန္ၾကီးခ်ဳပ္တာဝန္မွ ႏႈတ္ထြက္သြားသူ လစ္ဇ္ထေရာ့စ္သည္ ဘာမင္ဂမ္တြင္ မရွိခ်ိန္တြင္ဆိုလွ်င္ မည္သည့္ေနရာတြင္ ေနထုိင္ပါသနည္း။ ဝန္ၾကီးခ်ဳပ္ တာဝန္ထမ္းေဆာင္စဥ္ မည္သည့္ေနရာတြင္ ေနထိုင္ခဲ့သနည္း။ သူမ ေနအိမ္မည္မွ် ပိုင္ဆိုင္ထားသနည္း။ ေအာက္တြင္ ဆက္လက္ ေလ့လာၾကည့္ပါ။ (ေဒါင္းနင္းလမ္းအိမ္ေတာ္)

လစ္ဇ္ထေရာ့စ္သည္ ႏိုင္ငံျခားေရးဝန္ၾကီးအျဖစ္လည္း တာဝန္ထမ္းေဆာင္ဖူးသူျဖစ္သည္။

မာဂရက္ သက္ခ်ာအား အလြန္ေလးစားျပီး စံျပပုဂၢိဳလ္အျဖစ္ သတ္မွတ္ထားသူျဖစ္သည္။

လစ္ဇ္ထေရာ့စ္သည္ ဝန္ၾကီးခ်ဳပ္အိမ္ေတာ္ျဖစ္သည့္ ေဒါင္းနင္းလမ္း အမွတ္ ၁၁ အိမ္ေတာ္မွ လူေနခန္းအား အသံုးျပဳရန္ အစီအစဥ္မ်ားရွိသည္။ ယခင္ဝန္ၾကီးခ်ဳပ္ေဟာင္း ေဘာရစ္ဂၽြန္ဆင္သည္ ဝန္ၾကီးခ်ဳပ္အိမ္ေတာ္ကို ခမ္းခမ္းနားနား ျပဳျပင္မြမ္းမံမႈမ်ား ၂၀၂၀ ျပည့္ႏွစ္အတြင္း ျပဳလုပ္ခဲ့သည္။ အဆိုပါ ျပဳျပင္စရိတ္အတြက္ Lord Brownlow က ေထာက္ပံ့ကူညီေပးခဲ့ျခင္းျဖစ္ေၾကာင္း ေပၚေပါက္လာရာ ဝန္ၾကီးခ်ဳပ္အား အျပင္းအထန္ေဝဖန္ခဲ့ၾကသည္။

ဝန္ၾကီးခ်ဳပ္အိမ္ေတာ္ကို ထိန္းသိမ္းစရိတ္အတြက္ အစိုးရအဖြဲ႔က ႏွစ္စဥ္ ခ်ထားေပးေငြမွာ ေပါင္ ၃၀၀၀၀ ျဖစ္သည္။

သုိ႔ေသာ္ ေဘာရစ္ဂၽြန္ဆင္ သံုးစြဲခဲ့ေသာေငြမွာ ေပါင္ ၁၁၂၀၀၀ နီးပါးရွိသည္ဟု ယံုၾကည္ၾကသည္။

(ေနာ္ေဖာ့မိသားစုေနအိမ္)

မစၥထေရာ့စ္သည္ သူ၏ျပိဳင္ဘက္ ရီရွီဆူးနက္ႏွင့္ယွဥ္လွ်င္ အိမ္ျခံေျမပိုင္ဆိုင္မႈမွာ သာမာန္သာျဖစ္သည္။

ဘ႑ာေရးဝန္ၾကီးေဟာင္းဆူးနက္ႏွင့္ သူ၏ ဘီလ်ံနာဇနီးျဖစ္သူတို႔သည္ ကင္းစတန္အရပ္တြင္ အိပ္ခန္း ၅ ခန္းပါ စံအိမ္ ၁ လံုးႏွင့္ ဆန္တာမိုနီကာတြင္ အပန္းေျဖစံအိမ္ ၁ လံုး ပိုင္ဆိုင္ထားေသာ္လည္း လစ္ဇ္ထေရာ့စ္မွာမူ ေနာ္ေဖာ့ခရိုင္ သက္ဖို႔ဒ္ျမိဳ ႔တြင္ မိသားစုေနအိမ္ ၁ လံုး ရွိျပီး သာမာန္အိမ္ေလးသာ ျဖစ္သည္။

အသက္ ၄၇ ႏွစ္ရွိျပီျဖစ္ေသာ မစၥထေရာ့စ္က အိပ္ခန္း ၃ ခန္းပါအိမ္ကို လြန္ခဲ့ေသာ ၁၂ ႏွစ္က ေပါင္ ၁၈၀၀၀၀ မွ်ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

စံအိမ္တည္ရွိရာ သက္ဖို႔ဒ္ျမိဳ ႔ကေလးသည္ ေစ်းျမိဳ ႔ျဖစ္ျပီး ေနာဝစ္ခ်္ျမိဳ ႔မွ မိုင္ ၃၀ အကြာတြင္တည္ရွိသည္။

Rightmove ေဖာ္ျပခ်က္အရ သက္ဖို႔ဒ္ျမိဳ႕ေလးတြင္ ျပီးခဲ့ေသာ ၁ ႏွစ္တာကာလအတြင္း လံုးခ်င္းအိမ္မ်ား၏ ပ်မ္းမွ်ေစ်းႏႈန္းမွာ ေပါင္ ၃၃၆၅၀၆ ျဖစ္သည္ဟု ဆိုသည္။

(Chevening House အိမ္ေတာ္ဝန္းအတြင္း ေဘာလ္တစ္ ၃ ႏိုင္ငံမွ ႏိုင္ငံျခားေရးဝန္ၾကီးမ်ားႏွင့္အတူ လစ္ဇ္ထေရာ့စ္ လမ္းေလွ်ာက္ေနပံု )ဓာတ္ပံု - (Hollie Adams/PA)

ေနာ္ေဖာ့ စံအိမ္အျပင္ မစၥထေရာ့စ္သည္ လန္ဒန္အေရွ႕ေတာင္ပိုင္း ဂရင္းဝစ္ခ်္ျမိဳ႕တြင္လည္း အိမ္ ၁ လံုးရွိေသးသည္။

မစၥထေရာ့စ္သည္ အဆိုပါ အိမ္တြင္ သူမ၏ခင္ပြန္း၊ သမီး ၂ ဦးႏွင့္ အတူ ၁၅ ႏွစ္ေက်ာ္ေနထိုင္ခဲ့သည္။

(Chequers စံအိမ္သည္ ျဗိတိန္ဝန္ၾကီးခ်ဳပ္မ်ားအတြက္ တရားဝင္ ေက်းလက္အိမ္ေတာ္ျဖစ္သည္၊ ဓာတ္ပံု -PA Archive )

((Number 1 Carlton Terrace အိမ္ေတာ္သည္ ႏိုင္ငံျခားေရးဝန္ၾကီး၏ တရားဝင္အိမ္ေတာ္ျဖစ္သည္။ဓာတ္ပံု - Flickr: Garry Knight)

(ေဝဖန္ခံခဲ့ရေသာ နယူးေယာက္လူေနခန္းကိစၥ)

သူမ၏ ကုိယ္ပိုင္အိမ္ျခံေျမပိုင္ဆိုင္မႈမွာ နည္းပါးေသာ္လည္း ယခုႏွစ္ေမလအတြင္းကမူ ျဗိတိန္ႏိုင္ငံျခားေရးဝန္ၾကီးဌာနက နယူးေယာက္ရွိ ျဗိတိန္သံအမတ္မ်ားအတြက္ ပါတီပြဲမ်ား က်င္းပရာ ေပါင္ သန္း ၂၀ တန္ အိမ္ ၁လံုး ဝယ္ယူခဲ့သည့္ကိစၥႏွင့္စပ္လ်ဥ္းျပီး အဓိကတာဝန္ရွိသူ လစ္ဇ္ထေရာ့စ္မွာ ေဝဖန္ခံခဲ့ရသည္။

ေပါက္ၾကားလာေသာ စာရြက္စာတမ္းတစ္ခုအရ နယူးေယာက္ျမိဳ ႔မွ Guy Wildenstein ပိုင္ဆိုင္ေသာ ၁၉ ရာစုႏွစ္ ဘိုးဘြားပိုင္အေဆာက္အအံု ဝယ္ယူမည့္အစီအစဥ္ကို မစၥထေရာ့စ္က အလြန္အားေပးခဲ့သည္ဟု ဆိုသည္။

အဆိုပါ အိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၉၆၀၀ ရွိျပီး ျဗိတိန္အစိုးရဝယ္ယူျပီးေနာက္ အဓိက အသံုးျပဳခဲ့သူမွာ ကုလသမဂၢဆိုင္ရာ ျဗိတိန္အျမဲတမ္း သံအမတ္ၾကီး Dame Barbara Janet Woodward ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Liz Truss resigns to become shortest-serving Prime Minister in British history (metro)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service