ခွဲပြီးကာမှ ပြန်ပေါင်းချင်တဲ့သူရယ် စဉ်းစားစရာပါလာကွယ်

ခွဲပြီးကာမှ ပြန်ပေါင်းချင်တဲ့သူရယ် စဉ်းစားစရာပါလာကွယ် - Property Knowledge in Myanmar from iMyanmarHouse.com
20 Oct 2022 11:20 am တွင် တင်ခဲ့သည်
427 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

“မောင်ကောင်းဖေ” တို့ရဲ့ အိမ်ခြံမြေ လောကဇာတ်ခုံပေါ်က ကိုယ်တွေ့ လေးတစ်ခုပါ။ ဒီလိုပါဗျ၊ “မောင်ကောင်းဖေ” ရဲ့ မိတ်ဆွေ ကိုစိုးသူဟာ မုန့်မျိုးစုံ ထုတ်ရောင်းချသူတစ်ဦး ဖြစ်ပါတယ်။ သူရဲ့မုန့်လုပ်ငန်းက အလွန်ပဲ အဆင်ပြေပါတယ်။

စေတနာကောင်းလို့ ကံကောင်းသူတစ်ဦးပါ။ ဒီလိုအောင်မြင်လာတော့ ဝယ်လိုသူ ဖောက်သည်တွေက သူ့ဆိုင်ကို လာရှာကြတဲ့အခါ လမ်းမကြီးရဲ့ ကျောကပ်လမ်းသွယ်မှာ နေတာဆိုတော့ ဝယ်လိုသူတွေအတွက် လမ်းတွင်းဝင်ပြီး လာရှာ ဝယ်နေရတာ အဆင်မပြေဘူးလေ။

အခွင့်အခါကောင်းမှာ နေရာပြောင်းပြီး ဆိုင်ဖွင့်ပြီးရောင်း

ဒါနဲ့ …. သူငယ်ချင်းမိတ်ဆွေတွေက အကြံပေးကြတယ်။ ကိုစိုးသူကလည်းဗျာ ခင်ဗျားရဲ့ ကျောကပ်လမ်းမတန်းက အိမ်ကွက်က အမွေခွဲကြမှာဖြစ်လို့ ပေ (၄၀x၆၀) ဂရန်ကွက်ကို (၆၅)သိန်းနဲ့ ရောင်းချင်တယ်လို့ ပြောနေတယ်။ ဝယ်လိုက်ပါလား လမ်းမကြီးဘက်လှည့်ပြီး အရောင်းဆိုင်ဖွင့်လိုက်ပေါ့လို့ တိုက်တွန်းကြတယ်။ အဲဒီလို တိုက်တွန်းတဲ့ ကာလ ၁၉၉၈ ခုနှစ်လောက်ကပေါ့။ အဲဒီအချိန် အိမ်ခြံမြေဈေးကလည်း (၆၅)သိန်းဆိုတာ အတော်ဈေးကြီးတယ်လို့ တောင်ပြောလို့ရတယ်။ လူတိုင်းမဝယ်နိုင်ကြဘူး။ အဲဒီတုန်းက ကိုစိုးသူကလည်း မဝယ်ဖြစ်ပါဘူး။ အဲဒီအချိန်က ကိုစိုးသူမှာ ရည်ရွယ်ချက်က နှစ်ခွ ဖြစ်နေတယ်။

ဒီမြေကွက်ထက် အကွက်အကွင်းကောင်းတဲ့ တောင်ဒဂုံ ကျန်စစ်သားလမ်းမပေါ်က (၇၁) ဈေးနားမှာရှိတဲ့ မြေနဲ့ အိမ်ကို ဝယ်ဖို့ ဆုံးဖြတ်ထားလို့ပါပဲ။ ဒါကြောင့်သူ့ရဲ့ အိမ်နောက်ကျောဘက် လှော်ကားလမ်းမကြီးပေါ်က မြေကွက်ကို မဝယ်ဖြစ်ဘဲ (၇၁) ဈေးနားမှာပဲ နှစ်ထပ်တိုက်ဆောက်ပြီး စားသောက်ဆိုင် ဖွင့်ခဲ့တယ်။ အခု (၂၄)နှစ်အကြာ လက်ရှိ အခြေအနေမှာတော့ မုန့်လုပ်ငန်းက ရောင်းအား အလွန်ကောင်းလာတော့ ယခင်က မိတ်ဆွေတွေ တိုက်တွန်းခဲ့တဲ့အတိုင်း လှော်ကားလမ်းမကြီးဘက်ခြမ်းကို ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါရော။

 

ဟိုတုန်းက မြေ အရောင်းအဝယ်ပါဝါတွေ ဘာတွေ မလိုအပ်တယ်

တကယ်တမ်းမြေကွက် ဝယ်မယ်လို့ မြေရာဇဝင်ကြည့်လိုက်တော့ ဂရန်အမည်ပေါက်သူက ကွယ်လွန်သွားရှာပြီ ကျန်သားသမီး (၃)ဦးလောက်က အမွေခွဲမှာ ဖြစ်လို့ အပြီးအပိုင်ရောင်းချခဲ့ထားတာကို တွေ့ရတယ်။ အဲဒီလိုရောင်းတဲ့အခါမှာလည်း ဟိုစဉ်က ယခုအခါလို ပါဝါလွှဲတာတွေ၊ မှတ်ပုံတင်အရောင်းစာချုပ်တွေ သိပ်ပြီး မသိကြသေးဘူး။ ဒါကြောင့် အရပ်ကတိအရောင်းအဝယ်စာချုပ်နဲ့ ပဲ အရောင်းအဝယ်လုပ်ကြပြီး မြေနဲ့အိမ်ကို လက်ရောက်ယူပြီး တက်နေလိုက်ကြတာပဲ။

 

တစ်ဝက်ခွဲပြီးရောင်းထားတဲ့ မြေကွက် တစ်ကွက်တည်းပြန်ပေါင်းဖို့ ခပ်ခက်ခက်

အခု ကိုစိုးသူဝယ်မယ့်အချိန်မှာတော့ လက်ပြောင်းလက်လွှဲအရောင်းအဝယ်တွေ လုပ်သွားလိုက်တာ အရောင်းအဝယ်စာချုပ်အဆက်အစပ်တွေက (၇)ဆက်တောင် ရှိနေပြီ။

အမွေဆိုင်တွေက ပေ (၄၀x၆၀) မြေကွက်ကြီးထဲက ပေ (၂၀ x၆၀) စီ ခွဲရောင်းကြတဲ့အတွက် ခေါင်းရင်းတစ်ခြမ်းဝယ်တဲ့သူတစ်ဦးက ဂရန်မူရင်းကြီး ကိုင်ထားတယ်။ ခြေရင်းတစ်ခြမ်းကို ဝယ်ထားသူဘက်ကျတော့ ဂရန်မိတ္တူပဲရှိတယ်။

ဂရန်မိတ္တူ ကိုင်ထားတဲ့ သူကလည်း အထောက်အထား ခိုင်မာအောင်ဆိုပြီး အဆင့်ဆင့် ဝယ်ထားတဲ့ သူတွေထံက GP ( General Power) တို့ SP (Special Power) တို့နဲ့ လွှဲပေးထားကြပြန်တယ်။ သူတို့ရဲ့ Power စာရွက်တွေ ကြည့်လိုက်ပြန်တော့ Notaty Power တွေဖြစ်နေတယ်။

မရွှေ့ မပြောင်းနိုင်တဲ့ မြေကို အရောင်းအဝယ်လုပ်ရာမှာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ GP/SP လုပ်ရမယ်ဆိုတာလည်း သဘေယမပေါက်ကြဘူးလေ။ ပြီးတော့ မြေကွက်အမည်ပေါက်သူဆီက ပါဝါယူမယ်ဆိုတော့လည်း ဂရန် အမည်ပေါက်သူက သေသွားပြီး။ မြေကို တရားဝင် အလွှဲအပြောင်းလုပ်တဲ့အခါမှာ အဲဒီ Notary Power ပါဝါတွေက ဘာမှသုံးလို့ မရဘူးဖြစ်နေပြန်တယ်။

အဲဒါကြောင့် ရှေးတုန်းက လူကြီးတွေက ပြောထားခဲ့တဲ့ စကားပုံကို သွားသတိရတယ်။ “ ပိုးသာကုန် မောင်ပုံစောင်းမတတ် ” တဲ့။ အခုလည်း ဒီအတိုင်းပါပဲ။ အဲဒီပါဝါတွေက အရေးမပါဘူး ဖြစ်နေတယ်။

 

ရှုပ်ချင်တာရှုပ် ရှင်းထုတ်ဖို့ က မောင်ကောင်းဖေ တာဝန်

ဘာပဲဖြစ်ဖြစ် အဲဒီစာချုပ်အဆက်အစပ်တွေ ရှင်းထုတ်ပြီး အမည်ပေါက်ဂရန်ရအောင် ဆောင်ရွက်နိုင်တဲ့နည်းလမ်းရှိရင် ဝယ်ချင်တယ်လို့ ကိုစိုးသူက မောင်ကောင်းဖေကို ရင်ဖွင့်လာပါတယ်။ ဝယ်ဖို့ အားသန်နေတော့လည်း အဲဒီမြေကွက်ကို ဝယ်ယူထားသူတွေရဲ့ ပိုင်ရှင်တွေကို သိဖို့ အတွက် အိမ်ခြံမြေအကျိုးဆောင် ကိုကိုအောင်ကိုခေါ်ပြီး လက်ရှိပိုင်ရှင်တွေကရော ပြန်ရောင်းချင်နေသလား ထောက်လှမ်းခိုင်းရတော့တာပေါ့။

ဝယ်ရောင်း ဝယ်အောင်း လက်ထဲက မြေကွက် ပြန်ရဖို့ ခက်

ဝါရင့်အကျိုးဆောင် ကိုကိုအောင်ကလည်း ပွဲဖြစ်ဖို့အရေး အမြန်ပြေးလို့ စုံစမ်းခိုင်လိုက်တော့ တစ်ရက်လောက်ပဲ စောင့်လိုက်ရပါတယ်။ မြေပိုင်ဆိုင်မှု လက်ဝယ်ရှိသူတွေကို သွားရောက်တွေ့ဆုံခွင့်ရှိခဲ့တယ်။ ရောင်းဈေးနှုန်း ကိုပါ မေးလာခဲ့တယ်လို့ လာသတင်းပို့ပါတယ်။ သို့သော်လည်း ရောင်းသူတွေ (၂)ဦးလုံးက အတိုးရင်းပွားပေးစားနေတဲ့ ဝယ်ရောင်း/ အကြီးစားပွဲစားကြီးတွေ ဖြစ်နေတယ်လို့ သိရပြန်တယ်။ အင်း… ဒီတော့လည်း မောင်ကောင်းဖေ တစ်ယောက်တော့ ဝယ်သူရောင်းသူတွေရဲ့ ကြားမှာ ဗျာများပြီး တရားခွင်မှာ ရောက်နေသည့် အလား “ဘာဝနာတရားတွေပွားများရဦးမှာပါလား ”လို့ပြေးပြီး မြင်ယောက်နေမိပါတော့တယ်။

တရားမဝင် တစ်ဝက်ခွဲထားတဲ့ မြေကွက်ကို ဝယ်ခဲ့မိရင် တရားဝင်အောင်လုပ်ရမယ့် တာဝန်တွေ ပြေးမြင်နေ

ဒီနောက်မှာတော့ မိတ္တူကိုင်ထားသူထံက ပေ (၂၀x၆၀) ကိုဈေးညှိပြီး ဝယ်တဲ့အခါ အရပ်ကတိအရောင်းအဝယ်တွေ စာချုပ်တွေပဲ ပြပါတယ်။ ဒီလို တစ်ဖက်အကြောင်းရှင်းပြီးတဲ့နောက်မှာတော့ ဂရန်မူရင်းကိုင်ထားတဲ့ ရောင်းသူနဲ့ သွားရောက်တွေ့ဆုံရပြန်ပါတယ်။ ဟော…. အဲဒီ ရောင်းသူကတော့ အမွေဆိုင်တွေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ခိုင်ထားပြီး။ အဲဒီအမွေဆိုင်တွေ ထံက အထူးကိုယ်စားလှယ်လွှဲစာယူထားတာကိ တွေ့ရတယ်။

ဒီတော့မှ အဲဒီမြေကွက်တစ်ခြမ်းစီကို လက်ဝယ်ကိုင်ထားတဲ့ ရောင်းသူ(၂)ဦးနဲ့ ရောင်းဈေးညှိနှိုင်းရတော့တာပေါ့။ သူတို့နဲ့ နှစ်ဖက်ဈေးညှိ ကာ ၎င်းတို့ကြိုက်ဈေးပေး ဝယ်ပြီးတာနဲ့ သားသမီးတွေထံက SP ပါဝါ ယူထာသူကိုခေါ်ပြီးအရောင်းမြေပုံ ကူးပေးခိုင်ရပြန်ပါတယ်။ အရောင်းမြေပုံရတာနဲ့ ရန်ကုန်တိုင်းအခွန်ရုံးမှာ ကာလတန်ဖိုးသတ်မှတ်ပေးဖို့ တင်ပြရပြန်ပါတယ်။ အခွန်ဆောင်ပြီးတဲ့အခါမှ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ (40’x60’) မြေတကွက်လုံးအတွက် ရောင်းသူအဖြစ် SP ယူထားသူကိုခေါ်ပြီး လက်မှတ်ရေးထိုးခိုင်းရပြန်ပါတယ်။ မှတ်ပုံတင်စာချုပ်ရပြီးတဲ့နောက် စည်ပင်မှာ ကိုစိုးသူ အမည်ပေါက်သွားအောင် အားသွန်ခွန်စိုက် ဆောက်ရွက်ပေးပြီး မှပဲ စိတ်အေးသွားရတော့တယ်။

“ မောင်ကောင်းဖေ ” တစ်ယောက် “ ကိုစိုးသူ”

အမည်ပြောင်းပြီးတဲ့ အဆင့်အထိ တထိပ်ထိပ်နဲ့ ကူညီပေးခဲ့ရတဲ့ အလုပ်ကိုတော့ ဒီကနေ့အထိ မမေ့နိုင်သေးပါဘူး။ အားလုံးပြီးသွားတော့မှပဲ ဟင်း…. ကနဲ သက်ပြင်းချန်ိုင်ပါတော့တယ်။ အော်… လောကမှာ ဒီလို သပ္ပတ်အူမြေတွေလည်း ရှိပါသေးလားနော်။။။။။

စာဖတ်သူများ ရွှင်လန်း ကျန်းမာ သုခ အဖြာဖြာနဲ့ ပြည့်စုံကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ခြဲျပီးကာမွ ျပန္ေပါင္းခ်င္တဲ့သူရယ္ စဥ္းစားစရာပါလာကြယ္

 

“ေမာင္ေကာင္းေဖ” တို႔ရဲ႕ အိမ္ျခံေျမ ေလာကဇာတ္ခံုေပၚက ကိုယ္ေတြ႔ ေလးတစ္ခုပါ။ ဒီလိုပါဗ်၊ “ေမာင္ေကာင္းေဖ” ရဲ႕ မိတ္ေဆြ ကိုစိုးသူဟာ မုန္႔မ်ိဳးစံု ထုတ္ေရာင္းခ်သူတစ္ဦး ျဖစ္ပါတယ္။ သူရဲ႕မုန္႔လုပ္ငန္းက အလြန္ပဲ အဆင္ေျပပါတယ္။

ေစတနာေကာင္းလို႕ ကံေကာင္းသူတစ္ဦးပါ။ ဒီလိုေအာင္ျမင္လာေတာ့ ၀ယ္လိုသူ ေဖာက္သည္ေတြက သူ႔ဆိုင္ကို လာရွာၾကတဲ့အခါ လမ္းမၾကီးရဲ႕ ေက်ာကပ္လမ္းသြယ္မွာ ေနတာဆိုေတာ့ ဝယ္လိုသူေတြအတြက္ လမ္းတြင္းဝင္ျပီး လာရွာ ဝယ္ေနရတာ အဆင္မေျပဘူးေလ။

အခြင့္အခါေကာင္းမွာ ေနရာေျပာင္းျပီး ဆိုင္ဖြင့္ျပီးေရာင္း

ဒါနဲ႕ …. သူငယ္ခ်င္းမိတ္ေဆြေတြက အၾကံေပးၾကတယ္။ ကိုစိုးသူကလည္းဗ်ာ ခင္ဗ်ားရဲ႕ ေက်ာကပ္လမ္းမတန္းက အိမ္ကြက္က အေမြခြဲၾကမွာျဖစ္လို႕ ေပ (၄၀x၆၀) ဂရန္ကြက္ကို (၆၅)သိန္းနဲ႕ ေရာင္းခ်င္တယ္လို႔ ေျပာေနတယ္။ ဝယ္လိုက္ပါလား လမ္းမၾကီးဘက္လွည့္ျပီး အေရာင္းဆိုင္ဖြင့္လိုက္ေပါ့လို႕ တိုက္တြန္းၾကတယ္။ အဲဒီလို တိုက္တြန္းတဲ့ ကာလ ၁၉၉၈ ခုနွစ္ေလာက္ကေပါ့။ အဲဒီအခ်ိန္ အိမ္ျခံေျမေဈးကလည္း (၆၅)သိန္းဆိုတာ အေတာ္ေဈးၾကီးတယ္လို႕ ေတာင္ေျပာလို႔ရတယ္။ လူတိုင္းမဝယ္ႏိုင္ၾကဘူး။ အဲဒီတုန္းက ကိုစိုးသူကလည္း မဝယ္ျဖစ္ပါဘူး။ အဲဒီအခ်ိန္က ကိုစိုးသူမွာ ရည္ရြယ္ခ်က္က နွစ္ခြ ျဖစ္ေနတယ္။

ဒီေျမကြက္ထက္ အကြက္အကြင္းေကာင္းတဲ့ ေတာင္ဒဂံု က်န္စစ္သားလမ္းမေပၚက (၇၁) ေဈးနားမွာရွိတဲ့ ေျမနဲ႕ အိမ္ကို ဝယ္ဖို႕ ဆံုးျဖတ္ထားလို႕ပါပဲ။ ဒါေၾကာင့္သူ႔ရဲ႔ အိမ္ေနာက္ေက်ာဘက္ ေလွာ္ကားလမ္းမၾကီးေပၚက ေျမကြက္ကို မဝယ္ျဖစ္ဘဲ (၇၁) ေဈးနားမွာပဲ နွစ္ထပ္တိုက္ေဆာက္ျပီး စားေသာက္ဆိုင္ ဖြင့္ခဲ့တယ္။ အခု (၂၄)နွစ္အၾကာ လက္ရွိ အေျခအေနမွာေတာ့ မုန္႔လုပ္ငန္းက ေရာင္းအား အလြန္ေကာင္းလာေတာ့ ယခင္က မိတ္ေဆြေတြ တိုက္တြန္းခဲ့တဲ့အတိုင္း ေလွာ္ကားလမ္းမၾကီးဘက္ျခမ္းကို ဝယ္ဖို႕ ဆံုးျဖတ္လိုက္ပါေရာ။

ဟိုတုန္းက ေျမ အေရာင္းအဝယ္ပါဝါေတြ ဘာေတြ မလိုအပ္တယ္

တကယ္တမ္းေျမကြက္ ဝယ္မယ္လို႕ ေျမရာဇဝင္ၾကည့္လိုက္ေတာ့ ဂရန္အမည္ေပါက္သူက ကြယ္လြန္သြားရွာျပီ က်န္သားသမီး (၃)ဦးေလာက္က အေမြခဲြမွာ ျဖစ္လို႕ အျပီးအပိုင္ေရာင္းခ်ခဲ့ထားတာကို ေတြ႔ရတယ္။ အဲဒီလိုေရာင္းတဲ့အခါမွာလည္း ဟိုစဥ္က ယခုအခါလို ပါဝါလႊဲတာေတြ၊ မွတ္ပံုတင္အေရာင္းစာခ်ဳပ္ေတြ သိပ္ျပီး မသိၾကေသးဘူး။ ဒါေၾကာင့္ အရပ္ကတိအေရာင္းအဝယ္စာခ်ဳပ္နဲ႕ ပဲ အေရာင္းအဝယ္လုပ္ၾကျပီး ေျမနဲ႕အိမ္ကို လက္ေရာက္ယူျပီး တက္ေနလိုက္ၾကတာပဲ။

တစ္ဝက္ခြဲျပီးေရာင္းထားတဲ့ ေျမကြက္ တစ္ကြက္တည္းျပန္ေပါင္းဖို႕ ခပ္ခက္ခက္

အခု ကိုစိုးသူဝယ္မယ့္အခ်ိန္မွာေတာ့ လက္ေျပာင္းလက္လႊဲအေရာင္းအဝယ္ေတြ လုပ္သြားလိုက္တာ အေရာင္းအဝယ္စာခ်ဳပ္အဆက္အစပ္ေတြက (၇)ဆက္ေတာင္ ရွိေနျပီ။

အေမြဆိုင္ေတြက ေပ (၄၀x၆၀) ေျမကြက္ၾကီးထဲက ေပ (၂၀ x၆၀) စီ ခြဲေရာင္းၾကတဲ့အတြက္ ေခါင္းရင္းတစ္ျခမ္းဝယ္တဲ့သူတစ္ဦးက ဂရန္မူရင္းၾကီး ကိုင္ထားတယ္။ ေျခရင္းတစ္ျခမ္းကို ဝယ္ထားသူဘက္က်ေတာ့ ဂရန္မိတၱဴပဲရွိတယ္။

ဂရန္မိတၱဴ ကိုင္ထားတဲ့ သူကလည္း အေထာက္အထား ခိုင္မာေအာင္ဆိုျပီး အဆင့္ဆင့္ ဝယ္ထားတဲ့ သူေတြထံက GP ( General Power) တို႕ SP (Special Power) တို႕နဲ႕ လႊဲေပးထားၾကျပန္တယ္။ သူတို႔ရဲ႕ Power စာရြက္ေတြ ၾကည့္လိုက္ျပန္ေတာ့ Notaty Power ေတြျဖစ္ေနတယ္။ မေရႊ႕ မေျပာင္းႏိုင္တဲ့ ေျမကို အေရာင္းအဝယ္လုပ္ရာမွာ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရုံးမွာ GP/SP လုပ္ရမယ္ဆိုတာလည္း သေဘယမေပါက္ၾကဘူးေလ။ ျပီးေတာ့ ေျမကြက္အမည္ေပါက္သူဆီက ပါဝါယူမယ္ဆိုေတာ့လည္း ဂရန္ အမည္ေပါက္သူက ေသသြားျပီး။ ေျမကို တရားဝင္ အလႊဲအေျပာင္းလုပ္တဲ့အခါမွာ အဲဒီ Notary Power ပါဝါေတြက ဘာမွသံုးလို႕ မရဘူးျဖစ္ေနျပန္တယ္။

အဲဒါေၾကာင့္ ေရွးတုန္းက လူၾကီးေတြက ေျပာထားခဲ့တဲ့ စကားပံုကို သြားသတိရတယ္။ “ ပိုးသာကုန္ ေမာင္ပုံေစာင္းမတတ္ ” တဲ့။ အခုလည္း ဒီအတိုင္းပါပဲ။ အဲဒီပါဝါေတြက အေရးမပါဘူး ျဖစ္ေနတယ္။

ရႈပ္ခ်င္တာရႈပ္ ရွင္းထုတ္ဖို႕ က ေမာင္ေကာင္းေဖ တာဝန္

ဘာပဲျဖစ္ျဖစ္ အဲဒီစာခ်ဳပ္အဆက္အစပ္ေတြ ရွင္းထုတ္ျပီး အမည္ေပါက္ဂရန္ရေအာင္ ေဆာင္ရြက္ႏိုင္တဲ့နည္းလမ္းရွိရင္ ဝယ္ခ်င္တယ္လို႕ ကိုစိုးသူက ေမာင္ေကာင္းေဖကို ရင္ဖြင့္လာပါတယ္။ ဝယ္ဖို႔ အားသန္ေနေတာ့လည္း အဲဒီေျမကြက္ကို ဝယ္ယူထားသူေတြရဲ႕ ပိုင္ရွင္ေတြကို သိဖို႔ အတြက္ အိမ္ျခံေျမအက်ိဳးေဆာင္ ကိုကိုေအာင္ကိုေခၚျပီး လက္ရွိပိုင္ရွင္ေတြကေရာ ျပန္ေရာင္းခ်င္ေနသလား ေထာက္လွမ္းခိုင္းရေတာ့တာေပါ့။

ဝယ္ေရာင္း ဝယ္ေအာင္း လက္ထဲက ေျမကြက္ ျပန္ရဖို႔ ခက္

ဝါရင့္အက်ိဳးေဆာင္ ကိုကိုေအာင္ကလည္း ပြဲျဖစ္ဖို႔အေရး အျမန္ေျပးလို႕ စံုစမ္းခိုင္လိုက္ေတာ့ တစ္ရက္ေလာက္ပဲ ေစာင့္လိုက္ရပါတယ္။ ေျမပိုင္ဆိုင္မႈ လက္ဝယ္ရွိသူေတြကို သြားေရာက္ေတြ႕ဆံုခြင့္ရွိခဲ့တယ္။ ေရာင္းေဈးႏႈန္း ကိုပါ ေမးလာခဲ့တယ္လို႕ လာသတင္းပို႔ပါတယ္။ သို႔ေသာ္လည္း ေရာင္းသူေတြ (၂)ဦးလံုးက အတိုးရင္းပြားေပးစားေနတဲ့ ဝယ္ေရာင္း/ အၾကီးစားပြဲစားၾကီးေတြ ျဖစ္ေနတယ္လို႕ သိရျပန္တယ္။ အင္း… ဒီေတာ့လည္း ေမာင္ေကာင္းေဖ တစ္ေယာက္ေတာ့ ဝယ္သူေရာင္းသူေတြရဲ႕ ၾကားမွာ ဗ်ာမ်ားျပီး တရားခြင္မွာ ေရာက္ေနသည့္ အလား “ဘာဝနာတရားေတြပြားမ်ားရဦးမွာပါလား ”လို႔ေျပးျပီး ျမင္ေယာက္ေနမိပါေတာ့တယ္။

တရားမဝင္ တစ္ဝက္ခြဲထားတဲ့ ေျမကြက္ကို ဝယ္ခဲ့မိရင္ တရားဝင္ေအာင္လုပ္ရမယ့္ တာဝန္ေတြ ေျပးျမင္ေန

ဒီေနာက္မွာေတာ့ မိတၱဴကိုင္ထားသူထံက ေပ (၂၀x၆၀) ကိုေဈးညွိျပီး ဝယ္တဲ့အခါ အရပ္ကတိအေရာင္းအဝယ္ေတြ စာခ်ဳပ္ေတြပဲ ျပပါတယ္။ ဒီလို တစ္ဖက္အေၾကာင္းရွင္းျပီးတဲ့ေနာက္မွာေတာ့ ဂရန္မူရင္းကိုင္ထားတဲ့ ေရာင္းသူနဲ႕ သြားေရာက္ေတြ႔ဆံုရျပန္ပါတယ္။ ေဟာ…. အဲဒီ ေရာင္းသူကေတာ့ အေမြဆိုင္ေတြကို အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ခိုင္ထားျပီး။ အဲဒီအေမြဆိုင္ေတြ ထံက အထူးကိုယ္စားလွယ္လႊဲစာယူထားတာကိ ေတြ႕ရတယ္။

ဒီေတာ့မွ အဲဒီေျမကြက္တစ္ျခမ္းစီကို လက္ဝယ္ကိုင္ထားတဲ့ ေရာင္းသူ(၂)ဦးနဲ႕ ေရာင္းေဈးညွိႏိႈင္းရေတာ့တာေပါ့။ သူတို႔နဲ႕ နွစ္ဖက္ေဈးညွိ ကာ ၄င္းတို႕ၾကိဳက္ေဈးေပး ဝယ္ျပီးတာနဲ႕ သားသမီးေတြထံက SP ပါဝါ ယူထာသူကိုေခၚျပီးအေရာင္းေျမပံု ကူးေပးခိုင္ရျပန္ပါတယ္။ အေရာင္းေျမပံုရတာနဲ႕ ရန္ကုန္တိုင္းအခြန္ရုံးမွာ ကာလတန္ဖိုးသတ္မွတ္ေပးဖုိ႕ တင္ျပရျပန္ပါတယ္။ အခြန္ေဆာင္ျပီးတဲ့အခါမွ ရန္ကုန္ျမိဳ႕ စာခ်ဳပ္စာတမ္း မွတ္ပံုတင္ရုံးမွာ (40’x60’) ေျမတကြက္လံုးအတြက္ ေရာင္းသူအျဖစ္ SP ယူထားသူကိုေခၚျပီး လက္မွတ္ေရးထိုးခိုင္းရျပန္ပါတယ္။ မွတ္ပံုတင္စာခ်ဳပ္ရျပီးတဲ့ေနာက္ စည္ပင္မွာ ကိုစိုးသူ အမည္ေပါက္သြားေအာင္ အားသြန္ခြန္စိုက္ ေဆာက္ရြက္ေပးျပီး မွပဲ စိတ္ေအးသြားရေတာ့တယ္။

“ ေမာင္ေကာင္းေဖ ” တစ္ေယာက္ “ ကိုစုိးသူ”

အမည္ေျပာင္းျပီးတဲ့ အဆင့္အထိ တထိပ္ထိပ္နဲ႕ ကူညီေပးခဲ့ရတဲ့ အလုပ္ကိုေတာ့ ဒီကေန႔အထိ မေမ့ႏိုင္ေသးပါဘူး။ အားလံုးျပီးသြားေတာ့မွပဲ ဟင္း…. ကနဲ သက္ျပင္းခ်ႏို္င္ပါေတာ့တယ္။ ေအာ္… ေလာကမွာ ဒီလို သပၸတ္အူူေျမေတြလည္း ရွိပါေသးလားေနာ္။။။။။

စာဖတ္သူမ်ား ရႊင္လန္း က်န္းမာ သုခ အျဖာျဖာနဲ႕ ျပည့္စံုၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
Innwa Pyae Sone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service