ရေခဲနှင်းဖုံးအလှအပတွေနဲ့ ပန်ဝါမြို့
ရေခဲနှင်းဖုံးအလှအပတွေနဲ့ ပန်ဝါမြို့ - Property Knowledge in Myanmar from iMyanmarHouse.com
19 Oct 2022 12:25 pm တွင် တင်ခဲ့သည်
4708 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ပန်ဝါမြို့ဆိုတာ မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ် ၊မြစ်ကြီးနားခရိုင် ၊ ချီဖွေမြို့နယ်ထဲက ကချင်အထူး ဒေသ(၁) မှာရှိတဲ့ မြို့တစ်မြို့ပါပဲ။တရုတ် ၊မြန်မာနယ်စပ်မြို့လေးဖြစ်ပါတယ်။ မေခမြစ်ကမ်းပေါ်ရှိတဲ့ ချီဖွေ မြို့နဲ့ ဆိုရင် မိုင်(၄၀)ခန့်ဝေးကြောင်းသိရပါတယ်။
တောင်တန်းနှင့် တောင်စောင်းများ ဝန်းရံထားတာဖြစ်ပြီး ဧရိယာစတုရန်းမိုင် (၁၃၅၅) မိုင် အကျယ်အဝန်းရှိပြီး မြေပြန့်လွင်ပြင် နည်းပါးတဲ့ ဒေသတစ်ခုဖြစ်ကြောင်း ၊ကချင်တိုင်းရင်းသား အနွယ်ဝင် လော်ဝေါ်၊ လချိတ်၊ လီဆူ မျိုးနွယ်တို့ အများစု နေထိုင်ကြကြောင်း၊ဘာသာဝင်အများစုမှာ ခရစ်ယန်များ ဖြစ်ကြပြီး စိန်ပေါလ်ကက်သလစ် ဘုရားကျောင်းမှာထင်ရှားကြောင်းသိရပါတယ်။
ဗုဒ္ဓဘာသာအနေနဲ့ ဘုရားစေတီနှစ်ဆူနဲ့ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပြီး မြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ ဇမ္ဗူငြိမ်းစေတီတော်၊ မြို့ဦးဘုန်းကြီးကျောင်းတိုဖြစ်ကြောင်းသိရပါတယ်။
ပန်ဝါမြို့နယ်မှာ မြို့ပြနဲ့ကျေးလက်လူဦးရေ စုစုပေါင်း ၈၀၀၀ ကျော်နေထိုင်ကြကြောင်း၊ရာသီဥတု အနေနဲ့ အအေးဆုံးကာလမှာ ရေခဲအမှတ်အောက်(-၁၀)ဒီဂရီဆဲလ်ဆီးယပ် အထိရှိပြီး၊ အမြင့်ဆုံး အပူချိန် အနေနဲ့(၁၈) ဒီဂရီဆဲလ်ဆီးယပ်အထိသာ ရှိတာကြောင့် တစ်နှစ်ပတ်လုံး အေးနေတဲ့ရာသီဥတုသာ ရှိကြောင်း သိရပါတယ်။
စိုက်ပျိုးမြေရှိသော်လည်း ချဉ်စော်ကားသီးကိုသာစိုက်ပျိုးကြပြီး သတ္တုတွင်းလုပ်ငန်းများကို အများစု လုပ်ကိုင်ကြကာ နယ်စပ်မြို့ဖြစ်တာကြောင့် ကုန်သွယ်မှုကို အဓိကလုပ်ကိုင်ကြကြောင်း၊အစိုးရဌာန ဆိုင်ရာ အဖွဲ့အစည်း စုစုပေါင်း ၁၇ ခုရှိကြောင်းသိရပါတယ်။
ခရီးသွားလုပ်ငန်းတွေပြန်လည်ဖွံ့လာလို့ ပန်ဝါမြို့ကို အလည်အပတ်သွားချင်ပြီဆိုရင်တော့ သွားနိုင်တဲ့လမ်းကြောင်း နှစ်ခုရှိကြောင်းသိရပါတယ်။
ပထမလမ်းက အလွယ်ကူဆုံး လမ်းတစ်လမ်းဖြစ်တဲ့ (မြစ်ကြီးနား-ကန်ပိုက်တီ)လမ်းဖြစ်ကြောင်း၊ တရုတ်ပြည်လမ်းကနေ မြန်မာပြည်ကို ပြန်ဝင်တဲ့လမ်းဖြစ်ပါတယ်။အဲဒီလမ်းကို အသုံးပြုမယ်ဆိုရင် တရုတ်ပြည်ကနေ မြန်မာပြည်ထဲပြန်ဝင်ရတာကြောင့် တရုတ်ပတ်စပို့လုပ်ရကြောင်းသိရပါတယ်။။
ဒုတိယလမ်းဖြစ်တဲ့ (မြစ်ကြီးနား-ချီဖွေ)လမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာ တစ်ညအိပ်နစ်ရက်ကြာပြီး မြေနီလမ်းတွေက ပိုများကြောင်းသိရပါတယ်။
ပထမလမ်းဖြစ်တဲ့ကန်ပိုက်တီလမ်းကနေသွားရင် ကားစီးချိန် ၅ နာရီပဲကြာကြောင်း၊လမ်းသိစရာ မလိုကြောင်း၊ ကားစင်းလုံးငှားနိုင်သလို လှိင်းကားများလည်းရှိကြောင်း၊တရုတ်နိုင်ငံကနေ ဖြတ်သွားမှာဖြစ်တဲ့အတွက် ကန်ပိုက်တီဂိတ်တွင် ပတ်စ်ပို့လုပ်ရမှာဖြစ်ကြောင်း၊ မှတ်ပုံတင်မိတ္တူတစ်ခု၊ လှိင်စင်ပုံနစ်ပုံပေးလိုက်ရင် ပတ်စပို့လုပ်ပေးပါကြောင်း၊အများဆုံး ၁၅ မိနစ်ပဲကြာကြောင်း၊ယင်း ပတ်စ်ပို့က တရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိကြောင်း၊ပန်ဝါ အဝင်ဂိတ်တွင် မှတ်ပုံတင် ပတ်စပို့ ပြန်ပြရပါ ကြောင်း၊ပန်ဝါမြို့တွင် တည်းခိုဖို့ ဟိုတယ်တွေမသိရင် လဝကဝန်ထမ်းနဲ့ ရဲများကို အကူညီတောင်းနိုင် ကြောင်းသိရပါတယ်။
ဒုတိယလမ်းကနေ ပန်ဝါကိုသွားရင် မြစ်ကြီးနားကနေ ချီဖွေ ကားတစ်ရက် စီးရကြောင်း၊ချီဖွေမှာ တစ်ည အိပ်ရကြောင်း၊တည်းခိုခန်းတွေ အများကြီးရှိကြောင်း၊အဆိုပါလမ်းတွင် တောတောင် သဘာဝအလှတွေကို အများကြီးတွေ့ရှိခံစားရမှာဖြစ်ကြောင်း၊မေခမြစ်အတိုင်း တက်သွားရမှာဖြစ်ပြီး နောက်တစ်နေ့ ကားနဲ့ထွက် ရင် ညနေ ၂ နာရီလောက်တွင် ပန်ဝါမြို့ကိုရောက်ပါကြောင်းသိရပါတယ်။ပန်ဝါမြို့တွင် လည်ပတ်ပြီးပါက ကန်ပိုက်တီလမ်းမှလည်း ပြန်လို့ရနိုင်ကြောင်း သိရပါတယ်။
ပန်ဝါမြို့ကိုသွားချင်ရင် တစ်လပိုင်း ၂ လပိုင်း အကောင်းဆုံးဖြစ်ပြီး ရေခဲအမြဲမရှိတော့ကြောင်း၊ ရေခဲတဲ့ အချိန်ကို ကြိုက်ရင်တော့ အလွန်အေးတဲ့ နိုဝင်ဘာ၊ဒီဇင်ဘာတွေမှာသွားနိုင်ကြောင်းသိရပြီး ထူးခြားချက် ကတော့ နိုင်ငံခြားသားတွေကိုတော့ လာရောက်ခွင့်မပြုကြောင်းသိရပါတယ်။
ရေခဲနှင်းဖုံးအလှပတွေကို ခံစားလိုတဲ့ ခရီးသွားတွေအနေနဲ့ မြန်မာပြည်ထဲက ပန်ဝါမြို့လေးဆီကိုသာ ခရီးခြေဆန့်လိုက်ပါလို့သာ တိုက်တွန်းပါရစေဗျာ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit to Photo
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Credit to Photo
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
imyanmarmarket
Sweet Dream Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service