အလုံခြုံဆုံး ခရီးတစ်ခုဖြစ်ဖို့ မဖြစ်မနေ သိထားသင့်တဲ့ ဗဟုသုတများ......

အလုံခြုံဆုံး ခရီးတစ်ခုဖြစ်ဖို့ မဖြစ်မနေ သိထားသင့်တဲ့ ဗဟုသုတများ...... - Property Knowledge in Myanmar from iMyanmarHouse.com
19 Oct 2022 11:47 am တွင် တင်ခဲ့သည်
760 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

တံခါးလက်ကိုင်မှာ ဖန်ခွက်ကို စွပ်ထားလိုက်မယ်ဆိုရင် သင့်အသက်ကို ကယ်တင်ပေးပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတာကို ဒီစာထဲမှာ သေချာရှင်းပြပေးသွားပါမယ်။ နေရာအသစ်တွေကို ခရီးထွက်ရတာက ပျော်စရာကောင်းတယ်ဆိုပေမယ့်လည်း အဲ့နေရာတွေနဲ့ ရင်းနီးကျွမ်းဝင်မှုမရှိသေးဘူးဆိုရင် မကောင်းတဲ့ ဒုစရိုက်သမားတွေရဲ့ ထောင်ချောက်ထဲရောက်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း သင်တို့အနေနဲ့ ခရီးထွက်ရင် အလုံခြုံဆုံးခရီးတစ်ခုဖြစ်စေဖို့ ခုပြောပြမယ့်အချက်တွေက ကူညီပေးပါလိမ့်မယ်။ ဥပမာ သင်တည်းခိုနေတဲ့ ဟိုတယ်ခန်းရဲ့ တံခါးလက်ကိုင်မှာ ဖန်ခွက်ကို စွပ်ထားတာမျိုးတို့လိုပေါ့။ စိတ်ဝင်စားသွားပြီမလား။ ဘာတွေလဲဆိုတာ သိဖို့ စာကို အဆုံးထိ ဖတ်လိုက်ပါနော်။

မြေပုံကို အင်တာနက်မရှိလည်း သုံးလို့ရအောင် သိမ်းထားပါ

သင့်အနေနဲ့ နေရာသစ်တစ်နေရာကို ရောက်သွားတဲ့အခါကျရင် တစ်နေရာနဲ့ တစ်နေရာ ဘယ်လိုသွားရမလဲဆိုတာ မသိရင် အရမ်းကို ဒုက္ခရောက်နိုင်ပါတယ်။ ဒါကြောင့် ဖုန်းထဲက Google map ထဲမှာ မြေပုံတွေကို Offline အနေနဲ့ save ထားတာပဲဖြစ်ဖြစ် screenshot ရိုက်ထားတာပဲဖြစ်ဖြစ် လုပ်ထားသင့်ပါတယ်။ ဒါမှလည်း အင်တာနက်မရှိတော့တဲ့အခါမျိုးမှာလည်း မြေပုံကို ထုတ်ကြည့်နိုင်မှာပဲဖြစ်ပါတယ်။

ပိုက်ဆံအိတ် အတုကို သုံးပါ

ဒီဟာကတော့ ခရီးသွားတဲ့အခါ အသုံးဝင်သလို နေ့စဉ်သွားလာရာမှာလည်း သုံးလို့ရပါတယ်။ သင်တကယ်ကိုင်နေတဲ့ ပိုက်ဆံအိတ်အပြင်ကို နောက်ထပ် ပိုက်ဆံအိတ်အတုတစ်ခု အပိုကိုင်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ ဒါမှလည်း ခါးပိုက်နိုက်တွေက သင့်ပိုက်ဆံအိတ်ကို ခိုးယူတဲ့အခါ ပိုက်ဆံအိတ်အတုနဲ့ပဲ ညှားသွားမှာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အိတ်အတုနဲ့ အစစ်ကိုတော့ မမှားမိစေဖို့ လိုအပ်ပါတယ်နော်။ မဟုတ်ရင်တော့ အစစ်ခိုးခံရပြီး အတုက သင့်လက်ထဲကျန်ခဲ့မှာပဲဖြစ်ပါတယ်။

အရေးကြီး စာရွက်စာတမ်းတွေကို အီးမေးပို့ထားပါ

ခရီးသွားတဲ့အခါကျရင် တာဝန်ရှိသူတွေကို သင့်ရဲ့ passport တွေ လှိုင်စင်တွေနဲ့ အခြားအရေးကြီး စာရွက်စာတမ်းတွေကို ခဏခဏ ထုတ်ပြရလေ့ရှိပါတယ်။ ဒါကြောင့် အဲ့ဒါတွေ ပျောက်သွားခဲ့ရင်တော့ ပြသနာ အကြီးအကျယ်တက်သွားနိုင်ပါတယ်။ ဒါကြောင့် အဲ့အရာတွေကို scan ဖတ်ပြီးတော့ သင့်ကိုယ်သင် အီးမေးလ်နဲ့ ပေးပို့ထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း စာရွက်စာတမ်းတွေ ပျော်သွားခဲ့ရင်တောင် အဲ့ဒီ scan ဖတ်ထားတဲ့ စာရွက်တွေက သင့်ကို အကူအညီများစွာ ပေးပါလိမ့်မယ်။

ဟိုတယ်တွေရဲ့ ပထမ၊ ဒုတိယနဲ့ တတိယထပ်တွေမှာ တည်းခိုးပါ

လုံခြုံရေးအစောင့်တွေရဲ့ ပြောကြားချက်အရ ပထမထပ်၊ ဒုတိယထပ်နဲ့ တတိယထပ်တွေမှာ နေတာဟာ သူခိုးခိုးခံရဖို့ အခွင့်အရေးကို နည်းစေတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူခိုးတွေက များသောအားဖြင့် မြေညီထပ်တွေကို ထွက်ပြေးရတာ လွယ်ကူတာကြောင့် အဓိကပစ်မှတ်ထားပြီး ခိုးလေ့ရှိကြပါတယ်။ သူခိုးခိုးရ မလွယ်အောင်လို့ ဟိုးအပေါ်အမြင့်ဆုံးအထပ်မှာ သွားတည်းဖို့ မတိုက်တွန်းလိုပါဘူး။ ဘာလို့လဲဆိုတော့ ပထမထပ်၊ ဒုတိယထပ်နဲ့ တတိယထပ်တွေမှာ တည်းခိုးတာက သူခိုးရန်ကနေ ကာကွယ်ပေးသလို မီးဘေးအန္တရယ်တွေကနေလည်း ကာကွယ်ပေးပါတယ်။ ဆိုလိုတာက မီးလောင်တဲ့အခါကျရင် ၁၀ လွှာမှာ နေတဲ့သူက သုံးလွှာမှာ နေတဲ့သူထက် ထွက်ပြေးလွှတ်မြောက်ဖို့ ပိုခက်ခဲပါတယ်။

အခန်းထဲမှာ လူ မရှိလည်း မနှောက်ယှက်ပါနဲ့ဆိုတဲ့စာကို ချိတ်ထားပါ

 

မနှောက်ယှက်ပါနဲ့ဆိုတဲ့စာက အိပ်နေတဲ့အခါမျိုးမှာပဲ ချိတ်ထားသင့်တာမဟုတ်ပဲ သူခိုးတွေရန်ကနေ ကာကွယ်ပေးရာမှာလည်း အသုံးဝင်ပါတယ်။ သင့်အနေနဲ့ ဟိုတယ်ခန်းထဲမှာ မရှိပေမယ့်လည်း ခုလိုစာချိတ်ထားတာက ဟိုတယ်ဝန်ထမ်းတွေနဲ့ ပစ္စည်းခိုးမယ့်သူတွေကို အထဲမှာ လူရှိနေတယ်လို့ ထင်စေမှာ အမှန်ပါပဲ။ အဲ့ထက်ပိုပြီးတော့ စိတ်ချချင်တယ်ဆိုရင်တော့ အခန်းထဲက တီဗီအသံကို ကြားရုံလောက်ဖွင့်ထားပြီးတော့ ထားခဲ့လိုက်မယ်ဆိုရင် သူခိုးတွေအနေနဲ့ သင့်ကို တီဗီကြည့်နေတယ်လို့ ထင်နေမှာဖြစ်ပြီးတော့ သင်ကတော့ အပြင်မှာ အေးဆေး လျှောက်လည်နေလို့ရပါတယ်။

Check In လုပ်တဲ့အခါ သင့်ကိုယ်ရေးအချက်အလက်တွေကို အကျယ်ကြီး မပြောမိပါစေနဲ့

သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို ဟိုတယ်ဝန်ထမ်းနဲ့ သင်ပဲ သိထားတာကောင်းပါတယ်။ ကောင်တာဘေးနားက လူတွေအကုန်လုံးကြားဖို့ မလိုပါဘူး။ သင့်ဖုန်းနံပါတ်တို့ သင့်နာမည်တို့ သင့်အခန်းနံပါတ်တို့ကို သူများတွေမကြားမိစေတာက အကောင်းဆုံးပဲဖြစ်ပါတယ်။

 

တံခါးပေါက်က ချောင်းကြည့်တဲ့အပေါက်ကို ပိတ်ထားပါ

ဟိုတယ်တော်တော်များများရဲ့ တံခါးတွေမှာ အပြင်ကိုကြည့်ဖို့ အပေါက်လေးလုပ်ပေးထားပါတယ်။ သင့်အနေနဲ့ အပြင်ကိုကြည့်လို့ရသလို အဲ့လိုပဲ အပြင်ကလူကလည်း သင့်ကို ချောင်းကြည့်လို့ရပါတယ်။ ဒါကြောင့် အဲ့လိုကြည့်တဲ့အပေါက်တွေကို တိတ်တွေနဲ့ဖြစ်ဖြစ် ကပ်ပြီးတော့ ကာထားလိုက်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။ နောက်ပြီး တစ်ခါတစ်လေကျရင်လည်း အဲ့ဒီအပေါက်နေရာမှာ အရင်နေသွားတဲ့သူတွေက ကင်မရာတွေကို တပ်ထားတတ်ကြတာဖြစ်လို့ သေချာဆန်းစစ်ဖို့တော့ လိုအပ်ပါတယ်။

 

ဟိုတယ်ခန်းထဲက မီးခံသေတ္တာတွေကို မသုံးပါနဲ့

ဟိုတယ်ခန်းထဲမှာ ပေးထားတဲ့ မီးခံသေတ္တာတွေဆိုတာက တန်ဖိုးကြီးအရာတွေ ပိုက်ဆံတွေကို သိမ်းထားဖို့ အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။ အဲ့လိုပဲ သူခိုးတွေကလည်း အခန်းတစ်ခန်းဝင်ခိုးပြီဆိုရင် မီးခံသေတ္တာကို အရင်ဆုံးသွားကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အတွေ့အကြုံရှိတဲ့သူခိုးဆိုရင် မီးခံသေတ္တာကို ဖွင့်ပြီးတော့ သင့်ရဲ့တန်ဖိုးကြီးအရာတွေကို ယူသွားမှာပဲဖြစ်ပါတယ်။

တံခါးလက်ကိုင်မှာ ဖန်ခွက်ကို စွပ်ထားပါ

သင့်အနေနဲ့ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းမှာ တစ်ယောက်တည်းအိပ်နေတဲ့အခါမျိုးမှာ တစ်စုံတစ်ယောက်က သင့်အခန်းထဲ ခိုးဝင်လာတာမျိုးတို့ ဖြစ်တတ်ပါတယ်။ အဲ့လိုအခါမျိုးမှာ ခုလို ဖန်ခွက်ကို တံခါးလက်ကိုင်မှာ စွပ်ထားလိုက်မယ်ဆိုရင် သင့်အတွက် ပိုပြီးတော့ လုံခြုံသွားစေမှာပဲ ဖြစ်ပါတယ်။ ဒါဆို တစ်စုံတစ်ယောက်က အပြင်ကနေ လက်ကိုင်ကို လှည့်လိုက်တဲ့အခါမျိုးမှာ ဖန်ခွက်က အောက်ကျပြီးတော့ သင့်ကိုလည်း အိပ်ရာကနေ နိုးသွားစေမှာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ထားတာက မကောင်းဘူးလားလို့။

တွေ့ရာ wi-fi ကို မချိတ်ပါနဲ့

သင့်အနေနဲ့ ခရီးသွားပြီဆိုရင် စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေတော်တော်များများမှာ wi-fi free ပေးထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါက သင့်အတွက် အင်တာနက်သုံးရတာ အဆင်ပြေစေတယ်ဆိုပေမယ့်လည်း သင့်အတွက် အန္တရာယ်များပါတယ်။ ခုလို အများသုံး wi fi တွေဆိုတာ ဟတ်ကာတွေအတွက် ဟတ်ရတာ အရမ်းလွယ်ကူတဲ့နေရာတွေပဲဖြစ်ပါတယ်။ ဟတ်ကာတွေအနေနဲ့ သင် Wi Fi ချိတ်သုံးနေတဲ့ အချိန်အတွင်းမှာ သင့်ဆီက အရေးကြီးအချက်အလက်တွေကို ခိုးယူသွားနိုင်ပါတယ်။ ဒါကြောင့် မဖြစ်မနေ သုံးရမယ်ဆိုရင်လည်း ဘဏ်အကောင့်နံပါတ်ရိုက်ထည့်တာတို့ ပတ်စဝေါ့ရိုက်ထည့်တာတို့နဲ့ အိမ်လိပ်စာရေးတာတို့ကို ရှောင်ကျင်သင့်ပါတယ်။ ဒီထက်ပိုပြီးတော့ သတိထားချင်တယ်ဆိုရင်တော့ ခရီးတစ်ခုမသွားခင် သင့်လက်တော့ထဲမှာ cookies တွေနဲ့ အင်တာနက်သုံးထားဖူးတဲ့ Browsing History တွေကို ဖျက်ထားဖို့လိုပါတယ်။ ဒီအရာတွေကနေလည်း သင့်အချက်အလက်တွေကို ဟတ်ကာတွေက ရယူနိုင်ပါတယ်။

တက္ကစီတွေကို သတိထားပြီး စီးပါ

တက္ကစီပေါ်တက်ပြီဆိုရင် သင်က နိုင်ငံခြားသားဆိုတာ တက္ကစီမောင်းသမားတွေ မသိစေတာအကောင်းဆုံးပါပဲ။ သင့်အနေနဲ့ ဒီနေရာကို ခဏခဏလာဖြစ်ကြောင်းတွေ ပြောပေးထားကလည်း သင့်ကို တက္ကစီသမားတွေက အခွင့်အရေးယူတာကနေ ကာကွယ်ပေးပါတယ်။ ဥပမာ ကားလမ်းကြောင်းတွေကို မကြာကြာအောင်မောင်းပြီးတော့ တက္ကစီခတက်အောင် လုပ်တာမျိုးတွေလိုမျိုးပေါ့။ နောက်ပြီး တက္ကစီကားနံပါတ်ကိုလည်း သင့်ဖုန်းထဲမှာ မှတ်ထားပြီး တစ်စုံတစ်ယောက်ကို ပေးပို့ထားပါ။ ဒါမှ တစ်ခုခုဆိုရင် အဲ့နံပါတ်အတိုင်း လိုက်လံရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့က သင့်ခရီးဆောင်အိတ်တွေကို ကားနောက်မှာ ထည့်ထားတယ်ဆိုရင် ကားသမားအနေနဲ့ ကားပေါ်က ဆင်းပြီး ကားနောက်ဖုံးကို မဖွင့်မချင်း သင်ကားပေါ်ကနေ မဆင်းပါနဲ့။ မဟုတ်ရင်တော့ သင်ကားပေါ်က ဆင်းဆင်းချင်း ကားသမားက ချက်ချင်းမောင်းထွက်သွားနိုင်ပါတယ်။

ကိုယ့်စိတ်ကိုယ် ယုံပါ

နောက်ဆုံးအချက်အနေနဲ့ ပရိသတ်တို့ သိထားရမှာက သင့်စိတ်က ထင်နေတာကို အမြဲနားထောင်ပါ။ ပြောချင်တာက သင့်အနေနဲ့ ဒါ တစ်ခုခု မှားနေသလိုပဲလို့ ခံစားရတယ်ဆိုရင် သတိထားပြီးတော့ ချက်ချင်းတစ်ခုခုလုပ်ဖို့ လိုပါတယ်။ မှောင်မဲနေတဲ့ လမ်းကြားတို့ကိုရှောင်တာ အကောင်းဆုံးပါပဲ။ နောက်ပြီး ခရီးသွားရင် ယုံကြည်မှုအပြည့်ရှိတဲ့ ပုံစံပေါက်နေဖို့လိုပါတယ်။ အဲ့လိုမဟုတ်ပဲ လမ်းပျောက်နေတဲ့သူ ဒါမှမဟုတ် ဘုမသိ ဘမသိပုံစံပေါက်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ ဒုစရိုက်သမားတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ ဒုစရိုက်သမားတွေကလည်း အဲ့လိုနိုင်ငံခြားခရီးသွားတွေကို ပစ်မှတ်ထား ပြီး အသာစီးယူနေကြတာပဲဖြစ်ပါတယ။်

ဒါဆို ပရိသတ်တို့ကော ခရီးသွားရင် ကိုယ့်ဟာကိုယ်လုံခြုံဖို့နဲ့ ပါလာတဲ့ ပစ္စည်းတွေ လုံခြုံစေဖို့ ဘာတွေ လုပ်လေ့ရှိကြသလဲဆိုတာလည်း ကွန်းမန့်မှာ ပြောသွားကြပါအုံး။ မသိရသေးတာတွေကို သိလိုက်ရတယ်ဆိုရင် ခုပို့စ်ကို အများသိအောင် ရှဲပေးပြီးတော့ ကူညီနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: shwenyanshin

 

[Zawgyi]

အလုံျခဳံဆုံး ခရီးတစ္ခုျဖစ္ဖို႔ မျဖစ္မေန သိထားသင့္တဲ့ ဗဟုသုတမ်ား......

 

တံခါးလက္ကိုင္မွာ ဖန္ခြက္ကို စြပ္ထားလိုက္မယ္ဆိုရင္ သင့္အသက္ကို ကယ္တင္ေပးပါလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုတာကို ဒီစာထဲမွာ ေသခ်ာ႐ွင္းျပေပးသြားပါမယ္။ ေနရာအသစ္ေတြကို ခရီးထြက္ရတာက ေပ်ာ္စရာေကာင္းတယ္ဆိုေပမယ့္လည္း အဲ့ေနရာေတြနဲ႔ ရင္းနီးကြၽမ္းဝင္မႈမ႐ွိေသးဘူးဆိုရင္ မေကာင္းတဲ့ ဒုစ႐ိုက္သမားေတြရဲ႕ ေထာင္ေခ်ာက္ထဲေရာက္သြားႏိုင္ပါတယ္။ ဒါေၾကာင့္လည္း သင္တို႔အေနနဲ႔ ခရီးထြက္ရင္ အလုံျခဳံဆုံးခရီးတစ္ခုျဖစ္ေစဖို႔ ခုေျပာျပမယ့္အခ်က္ေတြက ကူညီေပးပါလိမ့္မယ္။ ဥပမာ သင္တည္းခိုေနတဲ့ ဟိုတယ္ခန္းရဲ႕ တံခါးလက္ကိုင္မွာ ဖန္ခြက္ကို စြပ္ထားတာမ်ိဳးတို႔လိုေပါ့။ စိတ္ဝင္စားသြားၿပီမလား။ ဘာေတြလဲဆိုတာ သိဖို႔ စာကို အဆုံးထိ ဖတ္လိုက္ပါေနာ္။

ေျမပုံကို အင္တာနက္မ႐ွိလည္း သုံးလို႔ရေအာင္ သိမ္းထားပါ

သင့္အေနနဲ႔ ေနရာသစ္တစ္ေနရာကို ေရာက္သြားတဲ့အခါက်ရင္ တစ္ေနရာနဲ႔ တစ္ေနရာ ဘယ္လိုသြားရမလဲဆိုတာ မသိရင္ အရမ္းကို ဒုကၡေရာက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဖုန္းထဲက Google map ထဲမွာ ေျမပုံေတြကို Offline အေနနဲ႔ save ထားတာပဲျဖစ္ျဖစ္ screenshot ႐ိုက္ထားတာပဲျဖစ္ျဖစ္ လုပ္ထားသင့္ပါတယ္။ ဒါမွလည္း အင္တာနက္မ႐ွိေတာ့တဲ့အခါမ်ိဳးမွာလည္း ေျမပုံကို ထုတ္ၾကည့္ႏိုင္မွာပဲျဖစ္ပါတယ္။

ပိုက္ဆံအိတ္ အတုကို သုံးပါ

ဒီဟာကေတာ့ ခရီးသြားတဲ့အခါ အသုံးဝင္သလို ေန႔စဥ္သြားလာရာမွာလည္း သုံးလို႔ရပါတယ္။ သင္တကယ္ကိုင္ေနတဲ့ ပိုက္ဆံအိတ္အျပင္ကို ေနာက္ထပ္ ပိုက္ဆံအိတ္အတုတစ္ခု အပိုကိုင္ေဆာင္သြားဖို႔ပဲ ျဖစ္ပါတယ္။ ဒါမွလည္း ခါးပိုက္ႏိုက္ေတြက သင့္ပိုက္ဆံအိတ္ကို ခိုးယူတဲ့အခါ ပိုက္ဆံအိတ္အတုနဲ႔ပဲ ညႇားသြားမွာပဲျဖစ္ပါတယ္။ သင့္အေနနဲ႔ အိတ္အတုနဲ႔ အစစ္ကိုေတာ့ မမွားမိေစဖို႔ လိုအပ္ပါတယ္ေနာ္။ မဟုတ္ရင္ေတာ့ အစစ္ခိုးခံရၿပီး အတုက သင့္လက္ထဲက်န္ခဲ့မွာပဲျဖစ္ပါတယ္။

အေရးႀကီး စာ႐ြက္စာတမ္းေတြကို အီးေမးပို႔ထားပါ

ခရီးသြားတဲ့အခါက်ရင္ တာဝန္႐ွိသူေတြကို သင့္ရဲ႕ passport ေတြ လိႈင္စင္ေတြနဲ႔ အျခားအေရးႀကီး စာ႐ြက္စာတမ္းေတြကို ခဏခဏ ထုတ္ျပရေလ့႐ွိပါတယ္။ ဒါေၾကာင့္ အဲ့ဒါေတြ ေပ်ာက္သြားခဲ့ရင္ေတာ့ ျပသနာ အႀကီးအက်ယ္တက္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ အဲ့အရာေတြကို scan ဖတ္ၿပီးေတာ့ သင့္ကိုယ္သင္ အီးေမးလ္နဲ႔ ေပးပို႔ထားဖို႔ လိုအပ္ပါတယ္။ ဒါမွလည္း စာ႐ြက္စာတမ္းေတြ ေပ်ာ္သြားခဲ့ရင္ေတာင္ အဲ့ဒီ scan ဖတ္ထားတဲ့ စာ႐ြက္ေတြက သင့္ကို အကူအညီမ်ားစြာ ေပးပါလိမ့္မယ္။

ဟိုတယ္ေတြရဲ႕ ပထမ၊ ဒုတိယနဲ႔ တတိယထပ္ေတြမွာ တည္းခိုးပါ

လုံျခဳံေရးအေစာင့္ေတြရဲ႕ ေျပာၾကားခ်က္အရ ပထမထပ္၊ ဒုတိယထပ္နဲ႔ တတိယထပ္ေတြမွာ ေနတာဟာ သူခိုးခိုးခံရဖို႔ အခြင့္အေရးကို နည္းေစတယ္လို႔ ဆိုပါတယ္။ ဘာလို႔လဲဆိုေတာ့ သူခိုးေတြက မ်ားေသာအားျဖင့္ ေျမညီထပ္ေတြကို ထြက္ေျပးရတာ လြယ္ကူတာေၾကာင့္ အဓိကပစ္မွတ္ထားၿပီး ခိုးေလ့႐ွိၾကပါတယ္။ သူခိုးခိုးရ မလြယ္ေအာင္လို႔ ဟိုးးးးအေပၚအျမင့္ဆုံးအထပ္မွာ သြားတည္းဖို႔ မတိုက္တြန္းလိုပါဘူး။ ဘာလို႔လဲဆိုေတာ့ ပထမထပ္၊ ဒုတိယထပ္နဲ႔ တတိယထပ္ေတြမွာ တည္းခိုးတာက သူခိုးရန္ကေန ကာကြယ္ေပးသလို မီးေဘးအႏၲရယ္ေတြကေနလည္း ကာကြယ္ေပးပါတယ္။ ဆိုလိုတာက မီးေလာင္တဲ့အခါက်ရင္ ၁၀ လႊာမွာ ေနတဲ့သူက သုံးလႊာမွာ ေနတဲ့သူထက္ ထြက္ေျပးလႊတ္ေျမာက္ဖို႔ ပိုခက္ခဲပါတယ္။

အခန္းထဲမွာ လူ မ႐ွိလည္း မေႏွာက္ယွက္ပါနဲ႔ဆိုတဲ့စာကို ခ်ိတ္ထားပါ

မေႏွာက္ယွက္ပါနဲ႔ဆိုတဲ့စာက အိပ္ေနတဲ့အခါမ်ိဳးမွာပဲ ခ်ိတ္ထားသင့္တာမဟုတ္ပဲ သူခိုးေတြရန္ကေန ကာကြယ္ေပးရာမွာလည္း အသုံးဝင္ပါတယ္။ သင့္အေနနဲ႔ ဟိုတယ္ခန္းထဲမွာ မ႐ွိေပမယ့္လည္း ခုလိုစာခ်ိတ္ထားတာက ဟိုတယ္ဝန္ထမ္းေတြနဲ႔ ပစၥည္းခိုးမယ့္သူေတြကို အထဲမွာ လူ႐ွိေနတယ္လို႔ ထင္ေစမွာ အမွန္ပါပဲ။ အဲ့ထက္ပိုၿပီးေတာ့ စိတ္ခ်ခ်င္တယ္ဆိုရင္ေတာ့ အခန္းထဲက တီဗီအသံကို ၾကား႐ုံေလာက္ဖြင့္ထားၿပီးေတာ့ ထားခဲ့လိုက္မယ္ဆိုရင္ သူခိုးေတြအေနနဲ႔ သင့္ကို တီဗီၾကည့္ေနတယ္လို႔ ထင္ေနမွာျဖစ္ၿပီးေတာ့ သင္ကေတာ့ အျပင္မွာ ေအးေဆး ေလွ်ာက္လည္ေနလို႔ရပါတယ္။

Check In လုပ္တဲ့အခါ သင့္ကိုယ္ေရးအခ်က္အလက္ေတြကို အက်ယ္ႀကီး မေျပာမိပါေစနဲ႔

သင့္ရဲ႕ကိုယ္ေရးအခ်က္အလက္ေတြကို ဟိုတယ္ဝန္ထမ္းနဲ႔ သင္ပဲ သိထားတာေကာင္းပါတယ္။ ေကာင္တာေဘးနားက လူေတြအကုန္လုံးၾကားဖို႔ မလိုပါဘူး။ သင့္ဖုန္းနံပါတ္တို႔ သင့္နာမည္တို႔ သင့္အခန္းနံပါတ္တို႔ကို သူမ်ားေတြမၾကားမိေစတာက အေကာင္းဆုံးပဲျဖစ္ပါတယ္။

တံခါးေပါက္က ေခ်ာင္းၾကည့္တဲ့အေပါက္ကို ပိတ္ထားပါ

ဟိုတယ္ေတာ္ေတာ္မ်ားမ်ားရဲ႕ တံခါးေတြမွာ အျပင္ကိုၾကည့္ဖို႔ အေပါက္ေလးလုပ္ေပးထားပါတယ္။ သင့္အေနနဲ႔ အျပင္ကိုၾကည့္လို႔ရသလို အဲ့လိုပဲ အျပင္ကလူကလည္း သင့္ကို ေခ်ာင္းၾကည့္လို႔ရပါတယ္။ ဒါေၾကာင့္ အဲ့လိုၾကည့္တဲ့အေပါက္ေတြကို တိတ္ေတြနဲ႔ျဖစ္ျဖစ္ ကပ္ၿပီးေတာ့ ကာထားလိုက္တာ အေကာင္းဆုံးပဲျဖစ္ပါတယ္။ ေနာက္ၿပီး တစ္ခါတစ္ေလက်ရင္လည္း အဲ့ဒီအေပါက္ေနရာမွာ အရင္ေနသြားတဲ့သူေတြက ကင္မရာေတြကို တပ္ထားတတ္ၾကတာျဖစ္လို႔ ေသခ်ာဆန္းစစ္ဖို႔ေတာ့ လိုအပ္ပါတယ္။

ဟိုတယ္ခန္းထဲက မီးခံေသတၱာေတြကို မသုံးပါနဲ႔

ဟိုတယ္ခန္းထဲမွာ ေပးထားတဲ့ မီးခံေသတၱာေတြဆိုတာက တန္ဖိုးႀကီးအရာေတြ ပိုက္ဆံေတြကို သိမ္းထားဖို႔ အေကာင္းဆုံးေနရာပဲျဖစ္ပါတယ္။ အဲ့လိုပဲ သူခိုးေတြကလည္း အခန္းတစ္ခန္းဝင္ခိုးၿပီဆိုရင္ မီးခံေသတၱာကို အရင္ဆုံးသြားၾကတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ အေတြ႕အၾကဳံ႐ွိတဲ့သူခိုးဆိုရင္ မီးခံေသတၱာကို ဖြင့္ၿပီးေတာ့ သင့္ရဲ႕တန္ဖိုးႀကီးအရာေတြကို ယူသြားမွာပဲျဖစ္ပါတယ္။

တံခါးလက္ကိုင္မွာ ဖန္ခြက္ကို စြပ္ထားပါ

သင့္အေနနဲ႔ ဟိုတယ္ ဒါမွမဟုတ္ တည္းခိုခန္းမွာ တစ္ေယာက္တည္းအိပ္ေနတဲ့အခါမ်ိဳးမွာ တစ္စုံတစ္ေယာက္က သင့္အခန္းထဲ ခိုးဝင္လာတာမ်ိဳးတို႔ ျဖစ္တတ္ပါတယ္။ အဲ့လိုအခါမ်ိဳးမွာ ခုလို ဖန္ခြက္ကို တံခါးလက္ကိုင္မွာ စြပ္ထားလိုက္မယ္ဆိုရင္ သင့္အတြက္ ပိုၿပီးေတာ့ လုံျခဳံသြားေစမွာပဲ ျဖစ္ပါတယ္။ ဒါဆို တစ္စုံတစ္ေယာက္က အျပင္ကေန လက္ကိုင္ကို လွည့္လိုက္တဲ့အခါမ်ိဳးမွာ ဖန္ခြက္က ေအာက္က်ၿပီးေတာ့ သင့္ကိုလည္း အိပ္ရာကေန ႏိုးသြားေစမွာပဲျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ႀကိဳတင္ကာကြယ္ထားတာက မေကာင္းဘူးလားလို႔။

ေတြ႕ရာ wi-fi ကို မခ်ိတ္ပါနဲ႔

သင့္အေနနဲ႔ ခရီးသြားၿပီဆိုရင္ စားေသာက္ဆိုင္ေတြ ေကာ္ဖီဆိုင္ေတြေတာ္ေတာ္မ်ားမ်ားမွာ wi-fi free ေပးထားတာကို ေတြ႕ရမွာပဲျဖစ္ပါတယ္။ ဒါက သင့္အတြက္ အင္တာနက္သုံးရတာ အဆင္ေျပေစတယ္ဆိုေပမယ့္လည္း သင့္အတြက္ အႏၲရာယ္မ်ားပါတယ္။ ခုလို အမ်ားသုံး wi fi ေတြဆိုတာ ဟတ္ကာေတြအတြက္ ဟတ္ရတာ အရမ္းလြယ္ကူတဲ့ေနရာေတြပဲျဖစ္ပါတယ္။ ဟတ္ကာေတြအေနနဲ႔ သင္ Wi Fi ခ်ိတ္သုံးေနတဲ့ အခ်ိန္အတြင္းမွာ သင့္ဆီက အေရးႀကီးအခ်က္အလက္ေတြကို ခိုးယူသြားႏိုင္ပါတယ္။ ဒါေၾကာင့္ မျဖစ္မေန သုံးရမယ္ဆိုရင္လည္း ဘဏ္အေကာင့္နံပါတ္႐ိုက္ထည့္တာတို႔ ပတ္စေဝါ့႐ိုက္ထည့္တာတို႔နဲ႔ အိမ္လိပ္စာေရးတာတို႔ကို ေ႐ွာင္က်င္သင့္ပါတယ္။ ဒီထက္ပိုၿပီးေတာ့ သတိထားခ်င္တယ္ဆိုရင္ေတာ့ ခရီးတစ္ခုမသြားခင္ သင့္လက္ေတာ့ထဲမွာ cookies ေတြနဲ႔ အင္တာနက္သုံးထားဖူးတဲ့ Browsing History ေတြကို ဖ်က္ထားဖို႔လိုပါတယ္။ ဒီအရာေတြကေနလည္း သင့္အခ်က္အလက္ေတြကို ဟတ္ကာေတြက ရယူႏိုင္ပါတယ္။

တကၠစီေတြကို သတိထားၿပီး စီးပါ

တကၠစီေပၚတက္ၿပီဆိုရင္ သင္က ႏိုင္ငံျခားသားဆိုတာ တကၠစီေမာင္းသမားေတြ မသိေစတာအေကာင္းဆုံးပါပဲ။ သင့္အေနနဲ႔ ဒီေနရာကို ခဏခဏလာျဖစ္ေၾကာင္းေတြ ေျပာေပးထားကလည္း သင့္ကို တကၠစီသမားေတြက အခြင့္အေရးယူတာကေန ကာကြယ္ေပးပါတယ္။ ဥပမာ ကားလမ္းေၾကာင္းေတြကို မၾကာၾကာေအာင္ေမာင္းၿပီးေတာ့ တကၠစီခတက္ေအာင္ လုပ္တာမ်ိဳးေတြလိုမ်ိဳးေပါ့။ ေနာက္ၿပီး တကၠစီကားနံပါတ္ကိုလည္း သင့္ဖုန္းထဲမွာ မွတ္ထားၿပီး တစ္စုံတစ္ေယာက္ကို ေပးပို႔ထားပါ။ ဒါမွ တစ္ခုခုဆိုရင္ အဲ့နံပါတ္အတိုင္း လိုက္လံ႐ွာေဖြႏိုင္မွာပဲျဖစ္ပါတယ္။ ေနာက္ဆုံးအခ်က္အေနနဲ႔က သင့္ခရီးေဆာင္အိတ္ေတြကို ကားေနာက္မွာ ထည့္ထားတယ္ဆိုရင္ ကားသမားအေနနဲ႔ ကားေပၚက ဆင္းၿပီး ကားေနာက္ဖုံးကို မဖြင့္မခ်င္း သင္ကားေပၚကေန မဆင္းပါနဲ႔။ မဟုတ္ရင္ေတာ့ သင္ကားေပၚက ဆင္းဆင္းခ်င္း ကားသမားက ခ်က္ခ်င္းေမာင္းထြက္သြားႏိုင္ပါတယ္။

ကိုယ့္စိတ္ကိုယ္ ယုံပါ

ေနာက္ဆုံးအခ်က္အေနနဲ႔ ပရိသတ္တို႔ သိထားရမွာက သင့္စိတ္က ထင္ေနတာကို အၿမဲနားေထာင္ပါ။ ေျပာခ်င္တာက သင့္အေနနဲ႔ ဒါ တစ္ခုခု မွားေနသလိုပဲလို႔ ခံစားရတယ္ဆိုရင္ သတိထားၿပီးေတာ့ ခ်က္ခ်င္းတစ္ခုခုလုပ္ဖို႔ လိုပါတယ္။ ေမွာင္မဲေနတဲ့ လမ္းၾကားတို႔ကိုေ႐ွာင္တာ အေကာင္းဆုံးပါပဲ။ ေနာက္ၿပီး ခရီးသြားရင္ ယုံၾကည္မႈအျပည့္႐ွိတဲ့ ပုံစံေပါက္ေနဖို႔လိုပါတယ္။ အဲ့လိုမဟုတ္ပဲ လမ္းေပ်ာက္ေနတဲ့သူ ဒါမွမဟုတ္ ဘုမသိ ဘမသိပုံစံေပါက္ေနတယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ ဒုစ႐ိုက္သမားေတြရဲ႕ ပစ္မွတ္ျဖစ္လာႏိုင္ပါတယ္။ ဒုစ႐ိုက္သမားေတြကလည္း အဲ့လိုႏိုင္ငံျခားခရီးသြားေတြကို ပစ္မွတ္ထား ၿပီး အသာစီးယူေနၾကတာပဲျဖစ္ပါတယ။္

ဒါဆို ပရိသတ္တို႔ေကာ ခရီးသြားရင္ ကိုယ့္ဟာကိုယ္လုံျခဳံဖို႔နဲ႔ ပါလာတဲ့ ပစၥည္းေတြ လုံျခဳံေစဖို႔ ဘာေတြ လုပ္ေလ့႐ွိၾကသလဲဆိုတာလည္း ကြန္းမန္႔မွာ ေျပာသြားၾကပါအုံး။ မသိရေသးတာေတြကို သိလိုက္ရတယ္ဆိုရင္ ခုပို႔စ္ကို အမ်ားသိေအာင္ ႐ွဲေပးၿပီးေတာ့ ကူညီႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: shwenyanshin

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service