ဗြိတိန်ရှိ လစာကောင်းသောအလုပ်များမှ ထွက်ကာ အိန္ဒိယရွာကလေးကို ပြောင်းလဲစေခဲ့သည့် စုံတွဲ

ဗြိတိန်ရှိ လစာကောင်းသောအလုပ်များမှ ထွက်ကာ အိန္ဒိယရွာကလေးကို ပြောင်းလဲစေခဲ့သည့် စုံတွဲ - Property News in Myanmar from iMyanmarHouse.com
19 Oct 2022 10:38 am တွင် တင်ခဲ့သည်
1612 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာရှီး ကလာဗာတို့စုံတွဲသည် ဗြိတိန်မှ လစာအလွန်ကောင်းသော ၎င်းတို့၏ အလုပ်များမှ နှုတ်ထွက်ကာ အိန္ဒိယသို့ပြန်လာပြီး လွန်ဝဒီရွာကလေးတွင် နေထိုင်သူတို့၏ ဘဝများအား ပြောင်းလဲပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

သူ၏ ကျန်ရှိသည့်ဘဝသက်တမ်း၏ ဘဝဖြတ်သန်းမှုအဓိပ္ပာယ်ကို ဖွင့်ဆိုပေးမည့်ဖြစ်ရပ်တစ်ခုနှင့် တွေ့ကြုံခဲ့ချိန်က အာရှီးမှာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးသည်။

“တစ်နေ့မှာ ကျွန်တော်ဟာ ဇာတိမြို့လေးဆီသွားဖို့ ရထားစောင့်နေခဲ့ပါတယ်။ အဲ့အချိန်မှာ ကလေး တစ်ယောက်က ကျွန်တော့်အနားရောက်လာပြီး ဖိနပ်တိုက်ပေးပါရစေလို့ လာပြောတယ်။ ကျွန်တော် အဲ့ကလေးကို ချက်ချင်းပြန်ပြောမိတာက သားရဲ့အရွယ်က ကျောင်းသွားရမယ့်အရွယ်၊ အလုပ်လုပ်သင့်တဲ့ အရွယ်မဟုတ်ဘူးလို့ ပြောမိတယ်။ သူက ဘာပြန်ပြောလဲဆိုတော့ ဒီအလုပ်ကနေ ရလာတဲ့ပိုက်ဆံကို ကျောင်းတက်ဖို့အတွက်သုံးမှာပါတဲ့။ သူ့စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုတွေက ကျွန်တော့်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတောင်းတဲ့ဈေး ဘယ်လောက်ပဲဖြစ်ဖြစ် ၂ ဆပေးမယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်” ဟု အာရှီးက အတိတ်ကို ပြန်လည်သတိတရ ပြောကြားသည်။

ကလေးငယ်၏ မျက်နှာပေါ်မှ အပျော်သည် အားရှီးအပေါ် ကြီးမားစွာရိုက်ခတ်ခဲ့၏။ ယင်းနောက်ပိုင်း အားရှီးက မိမိလောက် ကံမကောင်းသူများအတွက် ဘဝကို ဖြတ်သန်းလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာခဲ့သည်။

နောင်နှစ်အတန်ကြာသောအခါ အာရှီး လက်ထပ်ခဲ့၏။ ဇနီးဖြစ်သူ ရူတာကလည်း အာရှီး၏ စိတ်ဓာတ်နှင့် ခံယူချက်များ ပါရမီဖြည့်ပေး၏။ ရူတာသည်လည်း အကူအညီလိုအပ်နေသူများကို ကူညီလိုစိတ်အပြည့်ရှိသည်။

လျှပ်စစ်အင်ဂျင်နီယာများဖြစ်သော သူတို့စုံတွဲသည် ဗြိတိန်သို့ ၂၀၀၉ ခုနှစ်တွင် ရွှေ့ပြောင်းအခြေမချမီက ကမ္ဘာတစ်ဝန်းခရီးပတ်ခဲ့ကြသည်။

ဗြိတိန်တွင် ဘုရားကျောင်းတစ်ခု၌ လုပ်အားဒါနပြုရင်း အားလပ်ချိန်အများစုကို အသုံးပြုခဲ့ကြသည်။

ကဏ္ဍအမျိုးမျိုးအတွက် ရန်ပုံငွေရရန် ရည်ရွယ်ကာ လမ်းလျှောက်မှုများ၌ ပါဝင်ခြင်းများလည်း ပြုလုပ်ခဲ့သည်။

“ကိုယ့်တိုင်းပြည်ရဲ့ ပြင်ပကလူတွေကို ကူညီနိုင်သေးရင် ဘာကြောင့် ဇာတိမြေအိန္ဒိယမှာ ဒါမျိုးမလုပ်နိုင်ရမလဲလို့ ကျွန်တော်တွေးမိပါတယ်” – (အာရှီး ကလဗာ)

၂၀၁၂ ခုနှစ်တွင် အိန္ဒိယသို့ ခေတ္တပြန်သော ခရီးတွင် အာရှီးနှင့် ရူတာတို့က မဟာရပ်ရှ်တရာပြည်နယ်မှ ဝေးလံခေါင်သီလှသည့် ကျေးရွာကလေးတစ်ခုဖြစ်သော လွန်ဝဒီရွာကလေးကို ပြောင်းလဲမှုများ ပြုလုပ်ပေးသွားရန် ဆုံးဖြတ်ခဲ့သည်။

ထိုရွာကလေးသည် လူနေမှုအဆင့်အလွန်နိမ့်ကျလှသော ကျေးရွာကလေးဖြစ်၏။ အိမ်သာဟူ၍ မရှိ။

ရွာသားတို့၏ဘဝမှာ စကားလုံးဖြင့် ရှင်းပြရန်ပင် ခက်လှသည်။

တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသော လွန်ဝဒီရွာကလေးတွင် လမ်းများမရှိ။

ပထမ ၂ နှစ်တာကာလအတွင်း အာရှီးနှင့် ရူတာတို့သည် ၎င်းတို့ဦးတည်ထားသည့် ရွာကလေးကို အချိန်ပိုင်းအားဖြင့် ကူညီမှုများ ပြုလုပ်ခဲ့သည်။

သို့သော် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် အာရှီးတို့စုံတွဲက ကြီးမားသည့်ခြေလှမ်းတစ်ခုလှမ်းလိုက်၏။

ဗြိတိန်မှ လစာအလွန်ကောင်းသော အလုပ်များမှထွက်ကာ အိန္ဒိယသို့ ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယင်းနောက် ၎င်းတို့၏ အချိန်အများစုကို လွန်ဝဒီရွာကလေးအတွက်သာ သုံးစွဲတော့သည်။

သူတို့ ၂ ဦးသည် တစထက်တစ ရွာကလေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုသဖွယ်ဖြစ်လာပြီး တွေ့သမျှလူအားလုံး၏ ဘဝများကို ပြောင်းလဲပေးခဲ့သည်။

ပထမဆုံး ဖြေရှင်းပေးရသည့်ပြဿနာမှာ ရေ ဖြစ်သည်။

ရွာကလေးမှာ တောင်ကုန်းတစ်ခု၏ ထိပ်တွင်တည်ထားခြင်းကြောင့် ရွာသားတို့မှာ နေ့စဉ်တောင်ကုန်းအောက် သို့ ရေခပ်ဆင်းရ၏။

အာရှီးတို့စုံတွဲက တောင်ကုန်းပေါ်သို့ ရေမောင်းတင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး ရေစုပ်ပန့်တစ်ခု တပ်ဆင်ပေးခဲ့သည်။

ရွာကလေးရှိ မိန်းကလေးငယ်များ၊ အမျိုးသမီးများနှင့် ရွာသူရွာသားများမှာ အိမ်သာမရှိသောကြောင့် ကွင်းပြင်များထဲသွားကာ အညစ်အကြေးစွန့်ကြသည်။

ထို့ကြောင့် ရွာသားများအတွက် အိမ်သားများ ဆောက်လုပ်ပေးရန် အာရှီးတို့ ဆုံးဖြတ်ခဲ့သည်။

သို့သော် အညစ်အကြေးစွန့်ရန် အမြဲခြုံတိုးနေကြသူများအတွက် အိမ်သာများဆောက်ပေးရုံမျှဖြင့် မရ။

အာရှီးနှင့် ရူတာတို့က ရွာသားများကို တွေ့ဆုံကာ အိမ်သာများ၏ အကျိုးကျေးဇူးနှင့် အိမ်သာသုံးခြင်းအားဖြင့် မိမိတို့ရွာကလေးကို “ဆဗား” (သန့်စင်သောမြေ) ဖြစ်စေမည်ဖြစ်ကြောင်းလည်း ရှင်းပြရသည်။

အာရှီးတို့၏ ရှင်းပြမှုများကြောင့် ရွာသားများမှာ အိမ်သာသုံးခြင်း၏ အရေးပါပုံကို သိရှိသွားကြသည်။

ယနေ့အခါတွင်ကား ရွာကလေးတွင် ဇီဝအိမ်သာ ၂ လုံး၊ ကောင်းမွန်သောလမ်းများ၊ လျှပ်စစ်မီး၊ ရေပိုက်လိုင်းစနစ်နှင့် ဒီဂျစ်တယ်စနစ်အသုံးပြုနိုင်သော စာသင်ကျောင်းတစ်ခုတို့ ရှိနေပြီ ဖြစ်သည်။

အိမ်သာများနှင့် ကျင့်သားရစေရန် အာရှီးနှင့် ရူတာတို့က တမူထူးသည့် အစီအစဉ်တစ်ခုပြုလုပ်၏။

အိမ်သာများကို ခြုံနွယ်ပင်များ အုပ်ဆိုင်းပေးထားခြင်းဖြစ်သည်။ သို့ဆိုလျှင် ရွာသားတို့သည် ယခင်ကကဲ့သို့ ခြုံတောတိုးသည့်အရသာအတိုင်း ခံစားရမည် ဖြစ်သည်။

မိတ်ဆွေသူငယ်ချင်းအချို့၏ အကူအညီများနှင့်အတူ အာရှီးသည် လွန်ဝဒီရွာကလေးကို စံပြကျေးရွာလေးတစ်ခုဖြစ်လာစေရန် လိုအပ်သည့်ရန်ပုံငွေ၏ ၉၀ ရာခိုင်နှုန်းကို ထူထောင်ပေးခဲ့သည်။

ကျန်သည့် ၁၀ ရာခိုင်နှုန်းကိုမူ ရွာသားများက ထည့်ဝင်ကြခြင်း ဖြစ်သည်။

“ရွာသားတွေရဲ့ ပိုင်ဆိုင်မှုတွေပါဝင်နေတယ်ဆိုတဲ့စိတ်ရှိစေဖို့အတွက် သူတို့ဆီကလည်း ငွေတစ်ချို့ထည့်ဝင်မှု လက်ခံဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ရဲ့ ပါဝင်ငွေက ရူပီး ၃၀၀၀၀ ရှိပါတယ်”ဟု အာရှီးက ပြောသည်။

“ကျွန်မတို့တိုင်းပြည်အတွက် အလုပ်လုပ်ပေးချင်စိတ်အမြဲရှိပါတယ်။ နေ့စဉ်ဘဝရပ်တည်နိုင်မှုအတွက်တောင် ရုန်းကန်နေရသူတွေကို ကျွန်မတို့ တွေ့ရပါတယ်။ သူတို့ကို ကျွန်မတို့ ကူညီချင်ပါတယ်”ဟု ရူတာက ဖြည့်စွက်ပြောကြားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: From The UK To An Indian Village – This NRI Couple Is Transforming Lives (swachhindia)

[Zawgyi]

ျဗိတိန္ရွိ လစာေကာင္းေသာအလုပ္မ်ားမွ ထြက္ကာ အိႏိၵယရြာကေလးကို ေျပာင္းလဲေစခဲ့သည့္ စံုတြဲ

အာရွီး ကလာဗာတို႔စံုတြဲသည္ ျဗိတိန္မွ လစာအလြန္ေကာင္းေသာ ၎တို႔၏ အလုပ္မ်ားမွ ႏႈတ္ထြက္ကာ အိႏိၵယသို႔ျပန္လာျပီး လြန္ဝဒီရြာကေလးတြင္ ေနထုိင္သူတို႔၏ ဘဝမ်ားအား ေျပာင္းလဲေပးရန္ ဆံုးျဖတ္ခဲ့ၾကသည္။

သူ၏ က်န္ရွိသည့္ဘဝသက္တမ္း၏ ဘဝျဖတ္သန္းမႈအဓိပၸာယ္ကို ဖြင့္ဆိုေပးမည့္ျဖစ္ရပ္တစ္ခုႏွင့္ ေတြ႔ၾကံဳခဲ့ခ်ိန္က အာရွီးမွာ ဆယ္ေက်ာ္သက္အရြယ္သာ ရွိေသးသည္။

“တစ္ေန႔မွာ ကၽြန္ေတာ္ဟာ ဇာတိျမိဳ႕ေလးဆီသြားဖို႔ ရထားေစာင့္ေနခဲ့ပါတယ္။ အဲ့အခ်ိန္မွာ ကေလး တစ္ေယာက္က ကၽြန္ေတာ့္အနားေရာက္လာျပီး ဖိနပ္တိုက္ေပးပါရေစလို႔ လာေျပာတယ္။ ကၽြန္ေတာ္ အဲ့ကေလးကို ခ်က္ခ်င္းျပန္ေျပာမိတာက သားရဲ႕အရြယ္က ေက်ာင္းသြားရမယ့္အရြယ္၊ အလုပ္လုပ္သင့္တဲ့ အရြယ္မဟုတ္ဘူးလို႔ ေျပာမိတယ္။ သူက ဘာျပန္ေျပာလဲဆိုေတာ့ ဒီအလုပ္ကေန ရလာတဲ့ပိုက္ဆံကို ေက်ာင္းတက္ဖို႔အတြက္သံုးမွာပါတဲ့။ သူ႔စိတ္ဓာတ္နဲ႔ ဆံုးျဖတ္ခ်က္ခိုင္မာမႈေတြက ကၽြန္ေတာ့္ကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူေတာင္းတဲ့ေစ်း ဘယ္ေလာက္ပဲျဖစ္ျဖစ္ ၂ ဆေပးမယ္လို႔ ကၽြန္ေတာ္ဆံုးျဖတ္ခဲ့တယ္” ဟု အာရွီးက အတိတ္ကို ျပန္လည္သတိတရ ေျပာၾကားသည္။

ကေလးငယ္၏ မ်က္ႏွာေပၚမွ အေပ်ာ္သည္ အားရွီးအေပၚ ၾကီးမားစြာရိုက္ခတ္ခဲ့၏။ ယင္းေနာက္ပိုင္း အားရွီးက မိမိေလာက္ ကံမေကာင္းသူမ်ားအတြက္ ဘဝကို ျဖတ္သန္းလိုစိတ္မ်ား တဖြားဖြားေပၚေပါက္လာခဲ့သည္။

ေနာင္ႏွစ္အတန္ၾကာေသာအခါ အာရွီး လက္ထပ္ခဲ့၏။ ဇနီးျဖစ္သူ ရူတာကလည္း အာရွီး၏ စိတ္ဓာတ္ႏွင့္ ခံယူခ်က္မ်ား ပါရမီျဖည့္ေပး၏။ ရူတာသည္လည္း အကူအညီလိုအပ္ေနသူမ်ားကို ကူညီလိုစိတ္အျပည့္ရွိသည္။

လွ်ပ္စစ္အင္ဂ်င္နီယာမ်ားျဖစ္ေသာ သူတို႔စံုတြဲသည္ ျဗိတိန္သို႔ ၂၀၀၉ ခုႏွစ္တြင္ ေရႊ႕ေျပာင္းအေျခမခ်မီက ကမၻာတစ္ဝန္းခရီးပတ္ခဲ့ၾကသည္။

ျဗိတိန္တြင္ ဘုရားေက်ာင္းတစ္ခု၌ လုပ္အားဒါနျပဳရင္း အားလပ္ခ်ိန္အမ်ားစုကို အသံုးျပဳခဲ့ၾကသည္။

က႑အမ်ဳိးမ်ဳိးအတြက္ ရန္ပံုေငြရရန္ ရည္ရြယ္ကာ လမ္းေလွ်ာက္မႈမ်ား၌ ပါဝင္ျခင္းမ်ားလည္း ျပဳလုပ္ခဲ့သည္။

“ကိုယ့္တိုင္းျပည္ရဲ႕ ျပင္ပကလူေတြကို ကူညီႏိုင္ေသးရင္ ဘာေၾကာင့္ ဇာတိေျမအိႏိၵယမွာ ဒါမ်ဳိးမလုပ္ႏိုင္ရမလဲလို႔ ကၽြန္ေတာ္ေတြးမိပါတယ္” – (အာရွီး ကလဗာ)

၂၀၁၂ ခုႏွစ္တြင္ အိႏိၵယသို႔ ေခတၱျပန္ေသာ ခရီးတြင္ အာရွီးႏွင့္ ရူတာတို႔က မဟာရပ္ရွ္တရာျပည္နယ္မွ ေဝးလံေခါင္သီလွသည့္ ေက်းရြာကေလးတစ္ခုျဖစ္ေသာ လြန္ဝဒီရြာကေလးကို ေျပာင္းလဲမႈမ်ား ျပဳလုပ္ေပးသြားရန္ ဆံုးျဖတ္ခဲ့သည္။

ထိုရြာကေလးသည္ လူေနမႈအဆင့္အလြန္နိမ့္က်လွေသာ ေက်းရြာကေလးျဖစ္၏။ အိမ္သာဟူ၍ မရွိ။

ရြာသားတို႔၏ဘဝမွာ စကားလံုးျဖင့္ ရွင္းျပရန္ပင္ ခက္လွသည္။

ေတာင္ကုန္းတစ္ခုေပၚတြင္ တည္ရွိေသာ လြန္ဝဒီရြာကေလးတြင္ လမ္းမ်ားမရွိ။

ပထမ ၂ ႏွစ္တာကာလအတြင္း အာရွီးႏွင့္ ရူတာတို႔သည္ ၎တို႔ဦးတည္ထားသည့္ ရြာကေလးကို အခ်ိန္ပိုင္းအားျဖင့္ ကူညီမႈမ်ား ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ ၂၀၁၄ ခုႏွစ္၊ ဇန္နဝါရီလတြင္ အာရွီးတို႔စံုတြဲက ၾကီးမားသည့္ေျခလွမ္းတစ္ခုလွမ္းလိုက္၏။

ျဗိတိန္မွ လစာအလြန္ေကာင္းေသာ အလုပ္မ်ားမွထြက္ကာ အိႏိၵယသို႔ ျပန္ရန္ ဆံုးျဖတ္လိုက္ျခင္း ျဖစ္သည္။

ယင္းေနာက္ ၎တို႔၏ အခ်ိန္အမ်ားစုကို လြန္ဝဒီရြာကေလးအတြက္သာ သံုးစြဲေတာ့သည္။

သူတုိ႔ ၂ ဦးသည္ တစထက္တစ ရြာကေလး၏ အေရးပါေသာ အစိတ္အပိုင္းတစ္ခုသဖြယ္ျဖစ္လာျပီး ေတြ႔သမွ်လူအားလံုး၏ ဘဝမ်ားကို ေျပာင္းလဲေပးခဲ့သည္။

ပထမဆံုး ေျဖရွင္းေပးရသည့္ျပႆနာမွာ ေရ ျဖစ္သည္။

ရြာကေလးမွာ ေတာင္ကုန္းတစ္ခု၏ ထိပ္တြင္တည္ထားျခင္းေၾကာင့္ ရြာသားတို႔မွာ ေန႔စဥ္ေတာင္ကုန္းေအာက္ သို႔ ေရခပ္ဆင္းရ၏။

အာရွီးတို႔စံုတြဲက ေတာင္ကုန္းေပၚသို႔ ေရေမာင္းတင္ရန္အတြက္ ေနေရာင္ျခည္စြမ္းအင္သံုး ေရစုပ္ပန္႔တစ္ခု တပ္ဆင္ေပးခဲ့သည္။

ရြာကေလးရွိ မိန္းကေလးငယ္မ်ား၊ အမ်ဳိးသမီးမ်ားႏွင့္ ရြာသူရြာသားမ်ားမွာ အိမ္သာမရွိေသာေၾကာင့္ ကြင္းျပင္မ်ားထဲသြားကာ အညစ္အေၾကးစြန္႔ၾကသည္။

ထို႔ေၾကာင့္ ရြာသားမ်ားအတြက္ အိမ္သားမ်ား ေဆာက္လုပ္ေပးရန္ အာရွီးတို႔ ဆံုးျဖတ္ခဲ့သည္။

သို႔ေသာ္ အညစ္အေၾကးစြန္႔ရန္ အျမဲျခံဳတိုးေနၾကသူမ်ားအတြက္ အိမ္သာမ်ားေဆာက္ေပးရံုမွ်ျဖင့္ မရ။

အာရွီးႏွင့္ ရူတာတို႔က ရြာသားမ်ားကို ေတြ႔ဆံုကာ အိမ္သာမ်ား၏ အက်ဳိးေက်းဇူးႏွင့္ အိမ္သာသံုးျခင္းအားျဖင့္ မိမိတို႔ရြာကေလးကို “ဆဗား” (သန္႔စင္ေသာေျမ) ျဖစ္ေစမည္ျဖစ္ေၾကာင္းလည္း ရွင္းျပရသည္။

အာရွီးတို႔၏ ရွင္းျပမႈမ်ားေၾကာင့္ ရြာသားမ်ားမွာ အိမ္သာသံုးျခင္း၏ အေရးပါပံုကို သိရွိသြားၾကသည္။

ယေန႔အခါတြင္ကား ရြာကေလးတြင္ ဇီဝအိမ္သာ ၂ လံုး၊ ေကာင္းမြန္ေသာလမ္းမ်ား၊ လွ်ပ္စစ္မီး၊ ေရပိုက္လိုင္းစနစ္ႏွင့္ ဒီဂ်စ္တယ္စနစ္အသံုးျပဳႏိုင္ေသာ စာသင္ေက်ာင္းတစ္ခုတို႔ ရွိေနျပီ ျဖစ္သည္။

အိမ္သာမ်ားႏွင့္ က်င့္သားရေစရန္ အာရွီးႏွင့္ ရူတာတို႔က တမူထူးသည့္ အစီအစဥ္တစ္ခုျပဳလုပ္၏။

အိမ္သာမ်ားကို ျခံဳႏြယ္ပင္မ်ား အုပ္ဆိုင္းေပးထားျခင္းျဖစ္သည္။ သို႔ဆိုလွ်င္ ရြာသားတို႔သည္ ယခင္ကကဲ့သုိ႔ ျခံဳေတာတိုးသည့္အရသာအတိုင္း ခံစားရမည္ ျဖစ္သည္။

မိတ္ေဆြသူငယ္ခ်င္းအခ်ဳိ႕၏ အကူအညီမ်ားႏွင့္အတူ အာရွီးသည္ လြန္ဝဒီရြာကေလးကို စံျပေက်းရြာေလးတစ္ခုျဖစ္လာေစရန္ လိုအပ္သည့္ရန္ပံုေငြ၏ ၉၀ ရာခိုင္ႏႈန္းကို ထူေထာင္ေပးခဲ့သည္။

က်န္သည့္ ၁၀ ရာခိုင္ႏႈန္းကိုမူ ရြာသားမ်ားက ထည့္ဝင္ၾကျခင္း ျဖစ္သည္။

“ရြာသားေတြရဲ႕ ပိုင္ဆိုင္မႈေတြပါဝင္ေနတယ္ဆိုတဲ့စိတ္ရွိေစဖို႔အတြက္ သူတို႔ဆီကလည္း ေငြတစ္ခ်ိဳ႕ထည့္ဝင္မႈ လက္ခံဖုိ႔ ကၽြန္ေတာ္တို႔ ဆံုးျဖတ္ခဲ့ပါတယ္။ သူတို႔ရဲ႕ ပါဝင္ေငြက ရူပီး ၃၀၀၀၀ ရွိပါတယ္”ဟု အာရွီးက ေျပာသည္။

“ကၽြန္မတို႔တိုင္းျပည္အတြက္ အလုပ္လုပ္ေပးခ်င္စိတ္အျမဲရွိပါတယ္။ ေန႔စဥ္ဘဝရပ္တည္ႏိုင္မႈအတြက္ေတာင္ ရုန္းကန္ေနရသူေတြကို ကၽြန္မတို႔ ေတြ႔ရပါတယ္။ သူတို႔ကို ကၽြန္မတို႔ ကူညီခ်င္ပါတယ္”ဟု ရူတာက ျဖည့္စြက္ေျပာၾကားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: From The UK To An Indian Village – This NRI Couple Is Transforming Lives (swachhindia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service