ရောင်းသူနှင့် ဝယ်သူတို့၏တာဝန်များနှင့် အခွင့်အရေးများ

ရောင်းသူနှင့် ဝယ်သူတို့၏တာဝန်များနှင့် အခွင့်အရေးများ - Property Knowledge in Myanmar from iMyanmarHouse.com
14 Oct 2022 3:16 pm တွင် တင်ခဲ့သည်
621 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေအရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်ပက်သက်၍ အရောင်းအဝယ်ပြုရာတွင် ရောင်းသူနှင့် ဝယ်သူတို့၏ တာဝန်မှာ အောက်ပါအတိုင်းဖြစ်သည်။

ရောင်းသူအနေဖြင့် ရောင်းသောဥပစာနှင့် စပ်လျဉ်း၍ ချို့ယွင်းချက် တစ်စုံတစ်ရာရှိလျှင် ဝယ်ယူသူတို့ကို ထုတ်ဖော် ပြောဆိုရန်တာဝန်ရှိပါသည်။ ထိုချို့ယွင်းချက်ကို ပြုပြင်ဆောင်ရွက်န်ိုင်ရန် ကိုယ်တိုင် ဆောင်ရွက်ပေးမှုများလည်း လိုအပ်ပါသည်။

ဝယ်သူမှ မသိနိုင်သော သာမန်သတိဖြင့် မမြင်နိုင်သော အပြစ်အနာအဆာများကို ရောင်းသူမှ ဖုံးကွယ်ထားခြင်း၊ မပြုသင့်ပေ။ မပြောပဲ ထိန်ချန်ထားသည်ရှိသော် လိမ်လည်ရာ ရောက်နိုင်ပေသည်။

ရောင်းသည့်နေ့အထိ ပစ္စည်းနှင့်ပက်သက်၍ ပေးချေရမည့် အခွန်အခများ၊ အခွန်ငွေ ကြွေးမြီများကို ကြွေးကျန်မရှိ ကင်းရှင်းကြောင်း ဆောင်ရွက်ထားရန် လိုအပ်ပါသည်။

ရောင်းသူအနေဖြင့် ဤသို့ ရောင်းချရာတွင် ရောင်းပိုင်ခွင့်ရှိကြောင်း တရားဝင်ပိုင်ဆိုင်မှုရှိကြောင်း တာဝန်ယူ ဝန်ခံပြောဆိုရပေမည်။

ပစ္စည်းနှင့် ပက်သက်၍သော်လည်းကောင်း၊ ပိုင်ဆိုင်ခွင့်နှင့် ပက်သက်၍သော်လည်းကောင်း၊ ဝယ်သူမေးသည့် မေးခွန်းများကို ရောင်းသူက မိမိသိသမျှ ဖြေကြားပေးရန် တာဝန်ရှိပေသည်။

အရောင်းအဝယ်ပြီးမြောက်သည့်အခါ ပိုင်ဆိုင်ခွင့်နှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုနှင့်တကွ စာချုပ်စာတမ်း စာရွက်စာတမ်းများအားလုံးကို ဝယ်သူလက်ဝယ်သို့ပေးအပ်ရမည်ဖြစ်ပါသည်။

ရောင်းဝယ်ခြင်း တရားဝင်ဆောင်ရွက်န်ိုင်ရန် လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံကို ရောင်းသူက တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်သည်။

ဝယ်သူ၏တာဝန်

ရောင်းဝယ်ခြင်းပြီးမြောက်ချိန်တွင် ဝယ်သူအနေနှင့် ရောင်းဖိုးငွေ ကိုပေးချေရန် တာဝန်ရှိပါသည်။

ရောင်းသည့်ပစ္စည်းပိုင်ဆိုင်မှုကို ဝယ်သူထံရောက်ရှိပြီးဖြစ်ပါက ကျသင့်သော တန်ဖိုးငွေကို ဝယ်သူက ပေးချေရမည်ဖြစ်ပါသည်။

ရောင်းချသည့်ပစ္စည်းသည် အပေါင်ထားသောပစ္စည်းဖြစ်ပါက ဝယ်သူသိရှိပြီး ပစ္စည်းပိုင်ဆိုင်မှု ဝယ်သူထံရောက်ရှိပြီးဖြစ်ပါက ကျသင့်သော အတိုးငွေကို ဝယ်သူက ပေးချေရမည်ဖြစ်ပါသည်။

တရားဝင်စာချုပ်ကြီးတွင် ထမ်းဆောင်ရမည့် တံဆိပ်တော်ခွန်ကို ဝယ်သူက ထမ်းဆောင်ရပါမည်။

ရောင်းသူ၏အခွင့်အရေး

ပစ္စည်းပိုင်ဆိုင်ခွင့် ဝယ်သူထံသို့ ပြောင်းသွားချိန်အထိ ပစ္စည်းကရရှိသော ငှားရမ်း အမြတ်အစွန်းများကို ရယူခွင့်ရှိသည်။

ဝယ်သူ၏အခွင့်အရေး

ပစ္စည်းပိုင်ဆိုင်မှု၊ ဝယ်သူထံရောက်ရှိပြီးဖြစ်က ပစ္စည်းတန်ဖိုး တိုးပွားလာမှု၊ မြင့်တက်လာမှုနှင့် ငှားရမ်းခ ရငွေများကို ဝယ်သူသာ ရယူခွင့်ရှိသည်။

ဆက်လက်ရောင်းချရန် ရောင်းသူက ငြင်းဆန်လျှင် ပဋိညာဉ် အတည်ပြုလုပ်ပေးရေး တရားရုံးတွင် တရားစွဲနိုင်သည်။ ကုန်ကျစရိတ် ကိုခုနှိမ်နိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေရာင္းသူႏွင့္ ၀ယ္သူတို႔၏တာ၀န္မ်ားႏွင့္ အခြင့္အေရးမ်ား

 

ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒအရ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းႏွင့္ပက္သက္၍ အေရာင္းအ၀ယ္ျပဳရာတြင္ ေရာင္းသူႏွင့္ ၀ယ္သူတို႔၏ တာ၀န္မွာ ေအာက္ပါအတိုင္းျဖစ္သည္။

ေရာင္းသူအေနျဖင့္ ေရာင္းေသာဥပစာႏွင့္ စပ္လ်ဥ္း၍ ခ်ိဳ႕ယြင္းခ်က္ တစ္စုံတစ္ရာရွိလွ်င္ ၀ယ္ယူသူတို႔ကို ထုတ္ေဖာ္ ေျပာဆိုရန္တာ၀န္ရွိပါသည္။ ထိုခ်ိဳ႕ယြင္းခ်က္ကို ျပဳျပင္ေဆာင္ရြက္ႏိ္ုင္ရန္ ကိုယ္တိုင္ ေဆာင္ရြက္ေပးမႈမ်ားလည္း လိုအပ္ပါသည္။

၀ယ္သူမွ မသိႏိုင္ေသာ သာမန္သတိျဖင့္ မျမင္ႏိုင္ေသာ အျပစ္အနာအဆာမ်ားကို ေရာင္းသူမွ ဖုံးကြယ္ထားျခင္း၊ မျပဳသင့္ေပ။ မေျပာပဲ ထိန္ခ်န္ထားသည္ရွိေသာ္ လိမ္လည္ရာ ေရာက္ႏိုင္ေပသည္။

ေရာင္းသည့္ေန႔အထိ ပစၥည္းႏွင့္ပက္သက္၍ ေပးေခ်ရမည့္ အခြန္အခမ်ား၊ အခြန္ေငြ ေႂကြးၿမီမ်ားကို ေႂကြးက်န္မရွိ ကင္းရွင္းေၾကာင္း ေဆာင္ရြက္ထားရန္ လိုအပ္ပါသည္။

ေရာင္းသူအေနျဖင့္ ဤသို႔ ေရာင္းခ်ရာတြင္ ေရာင္းပိုင္ခြင့္ရွိေၾကာင္း တရား၀င္ပိုင္ဆိုင္မႈရွိေၾကာင္း တာ၀န္ယူ ၀န္ခံေျပာဆိုရေပမည္။

ပစၥည္းႏွင့္ ပက္သက္၍ေသာ္လည္းေကာင္း၊ ပိုင္ဆိုင္ခြင့္ႏွင့္ ပက္သက္၍ေသာ္လည္းေကာင္း၊ ၀ယ္သူေမးသည့္ ေမးခြန္းမ်ားကို ေရာင္းသူက မိမိသိသမွ် ေျဖၾကားေပးရန္ တာ၀န္ရွိေပသည္။

အေရာင္းအ၀ယ္ၿပီးေျမာက္သည့္အခါ ပိုင္ဆိုင္ခြင့္ႏွင့္စပ္လ်ဥ္း၍ ပိုင္ဆိုင္မႈႏွင့္တကြ စာခ်ဳပ္စာတမ္း စာရြက္စာတမ္းမ်ားအားလုံးကို ၀ယ္သူလက္၀ယ္သို႔ေပးအပ္ရမည္ျဖစ္ပါသည္။

ေရာင္း၀ယ္ျခင္း တရား၀င္ေဆာင္ရြက္ႏိ္ုင္ရန္ လိုအပ္ေသာ စာရြက္စာတမ္းအျပည့္အစုံကို ေရာင္းသူက တာ၀န္ယူေဆာင္ရြက္ေပးရမည္ျဖစ္သည္။

၀ယ္သူ၏တာ၀န္

ေရာင္း၀ယ္ျခင္းၿပီးေျမာက္ခ်ိန္တြင္ ၀ယ္သူအေနႏွင့္ ေရာင္းဖိုးေငြ ကိုေပးေခ်ရန္ တာ၀န္ရွိပါသည္။

ေရာင္းသည့္ပစၥည္းပိုင္ဆိုင္မႈကို ၀ယ္သူထံေရာက္ရွိၿပီးျဖစ္ပါက က်သင့္ေသာ တန္ဖိုးေငြကို ၀ယ္သူက ေပးေခ်ရမည္ျဖစ္ပါသည္။

ေရာင္းခ်သည့္ပစၥည္းသည္ အေပါင္ထားေသာပစၥည္းျဖစ္ပါက ၀ယ္သူသိရွိၿပီး ပစၥည္းပိုင္ဆိုင္မႈ ၀ယ္သူထံေရာက္ရွိၿပီးျဖစ္ပါက က်သင့္ေသာ အတိုးေငြကို ၀ယ္သူက ေပးေခ်ရမည္ျဖစ္ပါသည္။

တရား၀င္စာခ်ဳပ္ႀကီးတြင္ ထမ္းေဆာင္ရမည့္ တံဆိပ္ေတာ္ခြန္ကို ၀ယ္သူက ထမ္းေဆာင္ရပါမည္။

ေရာင္းသူ၏အခြင့္အေရး

ပစၥည္းပိုင္ဆိုင္ခြင့္ ၀ယ္သူထံသို႔ ေျပာင္းသြားခ်ိန္အထိ ပစၥည္းကရရွိေသာ ငွားရမ္း အျမတ္အစြန္းမ်ားကို ရယူခြင့္ရွိသည္။

၀ယ္သူ၏အခြင့္အေရး

ပစၥည္းပိုင္ဆိုင္မႈ၊ ၀ယ္သူထံေရာက္ရွိၿပီးျဖစ္က ပစၥည္းတန္ဖိုး တိုးပြားလာမႈ၊ ျမင့္တက္လာမႈႏွင့္ ငွားရမ္းခ ရေငြမ်ားကို ၀ယ္သူသာ ရယူခြင့္ရွိသည္။

ဆက္လက္ေရာင္းခ်ရန္ ေရာင္းသူက ျငင္းဆန္လွ်င္ ပဋိညာဥ္ အတည္ျပဳလုပ္ေပးေရး တရား႐ုံးတြင္ တရားစြဲႏိုင္သည္။ ကုန္က်စရိတ္ ကိုခုႏွိမ္ႏိုင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service