ဟန်ဆောင်အရောင်းစာချုပ် (ပေါင်နှံလိုသည့်အတွက်အရောင်းစာချုပ်ဟန်ဆောင်ချုပ်ဆိုခြင်း)

ဟန်ဆောင်အရောင်းစာချုပ် (ပေါင်နှံလိုသည့်အတွက်အရောင်းစာချုပ်ဟန်ဆောင်ချုပ်ဆိုခြင်း) - Property Knowledge in Myanmar from iMyanmarHouse.com
14 Oct 2022 2:58 pm တွင် တင်ခဲ့သည်
606 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

အိမ်ခြံမြေရောင်းဝယ်လောကတွင် အိမ်ခြံမြေရောင်းဝယ်ခြင်းအပြင် အပေါင်အနှံလက်ခံခြင်း၊ ငွေပေးအပေါင်စာချုပ်ဖြင့် ငွေချေးယူခြင်းတို့ဆောင်ရွက်ကြပါသည်။

တစ်ချို့သော သူများသည် ငွေလိုသည့်အတွက် တစ်ဦးတစ်ယောက်ထံမှ ငွေချေးလိုသည့်အခါ အာမခံသဘောဖြင့် ပစ္စည်းအပေါင်အနှံပြုမှ ငွေချေးမည်ဆိုသောအခါ ငွေချေးလိုသောပုဂ္ဂိလ်သည် ၎င်းပိုင်ဆိုင်မှုရှိသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း (သို့) မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း အပေါင်အနှံပေးပြီး ငွေပေးအပေါင်စာချုပ်ပြုလုပ်ကြပါတယ်။

အပေါင်ခံသူ(ငွေပေးသူ)က နောင်အခါ ချေးငွေ ပြန်မရခဲ့တာရှိရင် ဆုံးရှုံးမှုမရှိရအောင် လက်ခံရယူထားသော အပေါင်ပစ္စည်းအတွက် ရောင်းပေါင်စာချုပ်ချုပ်ဆိုခိုင်းတယ်။

ငွေချေးယူသူများသည်လည်း ပျက်ကွက်မှုများရှိလာတဲ့အတွက် အပေါင်ခံသူ(ငွေပေးသူ)မှ ပိုင်ဆိုင်မှုခိုင်မာစေသည့် စာချုပ်များချုပ်စေခြင်းဖြင့် ယာယီစာချုပ်၊ ရောင်းပေါင်စာချုပ်၊ ဟန်ဆောင်စာချုပ်စသည်ဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ စာချုပ်စာတမ်းဆိုတာ မှတ်ပုံတင်ထားတဲ့ စာချုပ်စာတမ်းဖြစ်ပါက စာချုပ်ပါအချက်အလက်များကို ပြင်ရန်၊ ငြင်းဆိုရန် မရပါ။

အရောင်းစာချုပ်ချုပ်ဆိုပြီး မှတ်ပုံတင်ချုပ်ဆိုထားပြီးပါက၎င်းစာချုပ်သည် အရောင်းအဝယ်ပြုလုပ်ခြင်းမဟုတ်ပဲ ပေါင်နှံထားတာပါဟု ငြင်းဆိုမရပါ။

အပေါင်စာချုပ်ဖြစ်ကြောင်း ၊ ဟန်ဆောင်စာချုပ်ဖြစ်ကြောင်းကိုတော့ စာချုပ်ပါအချက်အလက်တွေ မဟုတ်မမှန်ကြောင်း သက်သေပြခွင့်ရှိပါတယ်။ အရောင်းစာချုပ်တစ်ခုဟာ အမှန်တကယ်တော့ အပေါင်စာချုပ်သာ ဖြစ်တယ်ဆိုပါက ဟုတ်မှန်သည်ဆိုသော နှုတ်သက်သေခံချက်တွေကို တရားရုံးက လက်ခံကြားနာနိုင်ပါတယ်။

စာချုပ်တစ်ခုမှာ အရောင်းစာချုပ် (သို့) အပေါင်စာချုပ် မည်သည့်စာချုပ်ဆိုတာကို ခွဲခြားသိနိုင်ရန် စာချုပ်မှာဖော်ပြရေးသားထားသောစကားရပ်တွေအပေါ် လေ့လာသုံးသပ်ရပါမယ်။ရောင်းချကြောင်းအတိအလင်းဖော်ပြထားခြင်းမရှိပဲ ပေါင်နှံခြင်းသာဖြစ်တယ်လို့ ဆိုလာရင် အဲဒီအဆိုပြုသူက သက်သေထင်ရှားပြသနိုင်ရန် တာဝန်ရှိပါတယ်။

အချို့သောစာချုပ်များပေါ်တွင် အရောင်းစာချုပ်ဟုဖော်ပြထားပေမယ့် ရက်ကန့်သတ်ပေးထားချက်၊ ရက်(၆၀)အတွင်း ရောင်းသူက မိမိပစ္စည်းအပေါ် ပြန်လည်ဝယ်ယူခွင့်ရှိကြောင်း ချုပ်ဆိုချက်စသည့်အပေါင်နှင့် သက်ဆိုင်သော အချက်အလက်များဖြစ်နေပါက အပေါင်ခံသူအနေနှင့် အရောင်းအဝယ်စာချုပ်ဟုငြင်းဆိုမရပါ။

စာချုပ်တွင်ဖော်ပြထားချက်အရ ပစ္စည်းတန်ဖိုးသည် ကာလပေါက်ဈေးထက် နည်းနေပါက အပေါင်ဖြစ်နိုင်ပြီး ကာလတန်ဖိုးအမှန်ဆိုပါက ရောင်းချခြင်းဖြစ်နိုင်ပါတယ်။ စာချုပ်ပါအချိန်ကာလသည် တိုတောင်းပါက အရောင်းစာချုပ်ဖြစ်နိုင်ပြီး အချိန်ကာလကြာမြင့်ပါက အပေါင်သဘောမျိုးဖြစ်ကြောင်း ပေါ်ပေါက်ပါသည်။

ရောင်းချသူက ပြန်လည်ဝယ်ယူနိုင်ပါတယ်ဆိုသောအချက်သည် အပေါင်စာချုပ်တစ်ခု၏ အဓိက အချက်ဖြစ်သည်ကို သတိပြုစေလိုပါသည်။အပေါင်ခံထားသူက အခြားသူအား ဟန်ဆောင်စာချုပ်ကို ရောင်းချသည့်အခါ ထပ်မံဝယ်ယူသူအနေနှင့် ရောင်းချသည့်ပစ္စည်းသည် ရောင်းချသူပိုင်ဆိုင်မှုစစ်မှန်ခြင်းရှိ /မရှိ ၊ စာချုပ်ကိုစစ်ဆေးသည့်အခါ ဟန်ဆောင်စာချုပ်များဖြင့် ရောင်းချခြင်း ဟုတ်မဟုတ် စစ်ဆေးရန်လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
Sweet Dream Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service