ကြာရိုးလေး ကပေးတဲ့ ကျန်းမာရေး

ကြာရိုးလေး ကပေးတဲ့ ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
14 Oct 2022 2:40 pm တွင် တင်ခဲ့သည်
969 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဟင်းခါးလေးပဲ ချက်သောက်သောက်၊ ချဉ်ရည်ဟင်းပဲ ချက်ချက် အဆင်ပြေပြီး စားလို့ကောင်းတဲ့ ကြာရိုးလေးကို ကြိုက်တဲ့ သူလေးတွေရှိလား။ လက်သုပ်စုံလေး လုပ်စားရင်း ကြာရိုးဟင်းခါး ပူပူလေးသောက်ရတာ တော်တော်လေး အရသာ ရှိပါတယ်။ ဒီလို စားကောင်းပြီး ခံတွင်းတွေ့တဲ့ ကြာရိုးလေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ရအောင်လား………….

ကြာရိုးဆိုတာ ဘာလဲ…………

ကြာရိုးဆိုတာ ကြာပန်းအောက်မှာပါတဲ့ အရိုးပွပွလေးပါ။ နီညိုရောင်လေးရှိပြီး ခပ်ပွပွရိုးတံလေးကို အရွယ်တော်လေးတွေ တုံးပြီး ဘေးနားက အမျှင်လေးတွေကို သင်ပြီး ချက်စားလို့ ရပါတယ်။

ဘယ်လို အာဟာရဓာတ်တွေပါနေလဲ…………

ကြာရိုးမှာ ကယ်လ်ဆီယမ်၊ သံဓာတ် နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆ မြင့်စေနိုင်သလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သံဓာတ်က ဟီမိုဂလိုဘင်တိုးစေပြီး သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်ပါဝင်မှုက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေပါတယ်။

ကြာရိုးလေး ကပေးတဲ့ ကျန်းမာရေး

 

 

ကြာရိုးလေးကို စားသုံးပေးတာကြောင့်

အစာခြေစနစ် ကျန်းမာစေတယ်

ကြာရိုးလေး တွေက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို အထောက်အကူပြုနိုင်သလို ဝမ်းမှန်စေပါတယ်။ ဝမ်းချုပ်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

ကြာရိုးလေးရဲ့ နောက်ထပ် ကျန်းမာရေးအာနိသင်တစ်ခုကတော့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တာပါ။ ကယ်လ်ဆီယမ် ပါဝင်နေမှုက နှလုံးကျန်းမာရေးကို အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။

အရိုးတွေ သန်မာစေနိုင်တယ်

ကယ်လ်ဆီယမ် ကြွယ်ဝမှုက အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆကို ကောင်းစေနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

ကြာရိုးက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ tryptophan ကြွယ်ဝစွာပါဝင် နေတာကြောင့် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးပေါင်ချိန်နဲ့ သွေးချို ထိန်းညှိပေးတယ်

ပိုတက်ဆီယမ် ကြွယ်ဝမှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းသကြားဓာတ်ကိုလည်း အကောင်းဆုံး ထိန်းညှိပေးပါတယ်။ ဆီးချိုရှိသူတွေရော သွေးတိုးရှိသူတွေပါ စားသုံးပေးသင့်ပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ဗိုင်းရပ်စ်တွေ မကူးစက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းချင်သူတိုင်း စားပေးသင့်ပါတယ်။

အရေပြားနဲ့ဆံသား ကျန်းမာစေနိုင်တယ်

ဗီတာမင် C ပါဝင်မှုမြင့်တယ်ဆိုတာက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ သဘောပါ။ ဒီလို ကြွယ်ဝမှုကပဲ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးမှာပါ။ ကော်လာဂျင်ထွက်ရှိမှုကို ကောင်းစေ နိုင်တာကြောင့် အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်မှာပါ။ ကော့ပါးကြွယ်ဝမှုက ဆံသား ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်

ကြာရိုးက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။

ဝိတ်ကျစေနိုင်တယ်

အမျှင်ဓာတ်ကြွယ်ဝတယ်၊ ကယ်လ်လိုရီပါဝင်မှုနည်းတယ်။ အာဟာရဓာတ်ကြွယ်ဝမှုကြောင့် ကြာရိုးက ကိုယ်အလေးချိန်ကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

စိတ်ကျန်းမာရေးအတွက် အထောက်အပံ့ပေးတယ်

ကြာရိုးမှာ ဗီတာမင် B၊ နီကာစင်၊ ဖောလိတ်၊ သီရာမင်း၊ ဗီတာမင် B6 နဲ့ Pantothenic acid တို့ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မှတ်ဉာဏ် အားကောင်းစေပြီး သတိမေ့တာ၊ ခေါင်းကိုက်တာကစလို့ စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့စေပါတယ်။ စိတ်ကြည်လင်လန်းဆန်းစေဖို့ အကောင်းဆုံးအားဖြည့်ပေးပါတယ်။

ဘာတွေ သတိထားရမလဲ

ကြာရိုးလေးက ကလေးတွေရော ကိုယ်ဝန်ဆောင် မေမေတွေရော စားလို့ရတဲ့ ဘေးကင်းတဲ့ စားစရာတစ်ရပ်ပါ။ မစားခင်မှာ သေချာသန့်စင်ဆေးကြောဖို့ လိုပါမယ်။ အလွန်အကျွံစားတာမျိုးကို ရှောင်သင့်ပါတယ်။

ကြာရိုးလေး ကို ဘယ်သူတွေ မစားသင့်ဘူးလဲ

ကြာရိုးလေးကို လူတိုင်း စားပေးလို့ ရပါတယ်။ စားပြီး ဓာတ်မတည့်ဖြစ်ဖူးရင်တော့ ရှောင်သင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]



ကြာရိုးဆိုတာ ဘာလဲ…………






















ဝိတ်ကျစေနိုင်တယ်




ဘာတွေ သတိထားရမလဲ







Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service