Swimming Pool (ရေကူးကန်) အလုပ်လုပ် ပုံအကြောင်း တစေ့တစောင်း။

Swimming Pool (ရေကူးကန်) အလုပ်လုပ် ပုံအကြောင်း တစေ့တစောင်း။ - Property Knowledge in Myanmar from iMyanmarHouse.com
14 Oct 2022 2:19 pm တွင် တင်ခဲ့သည်
1315 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

Swimming pool ဆိုရင် ကျွန်တော်တို့ရေကူးမယ်လို့ ပဲသိထားကြတာပေါ့နော်။ ဒါပေမဲ့ဒီပိုစ့်လေးဖတ်ပြီးရင်တော့ ကျွန်တော်တို့ ရေကူးလေ့ရှိတဲ့ Swimming pool ရဲ့အလုပ်လုပ်ဆောင်ပုံ /Pump Room နှင့် filtration system လုပ်ဆောင်ချက်များကို အကြမ်းဖျင်းသိရှိနားလည်လာ မယ်ဖြစ်ပါတယ်။ M&E အင်/ယာ တွေဆိုတော့ပိုနားလည်သင့်တာပေါ့။

Balancing Tank & Overflow Drain

ရေကူးကန်တိုင်းမှာရေတွေဟာ အမြဲ ပြည့်လျှံနေတာကိုသတိထားမိကြမယ်ထင်ပါတယ်။ အဲဒီတော့ကျွန်တော်တို့ ရေသွားကူးလို့ ရေကူးကန်ထဲ ခုန်ချလိုက်တော့ ကျွန်တော်တို့ရဲ့ကိုယ်အလေးချိန်ထုထည်နဲ့ညီမျှတဲ့ ရေတွေကို ရေကူးကန်ထဲကဖယ်ထုတ်ခြင်းခံလိုက်ရမှာပါမှာပါ။ အဲဖယ်ရှားခြင်းခံရတဲ့ရေတွေက လျှံတက်လာကာ ရေကူးကန်ရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ Overflow Drain ( Refer to no. 1 from Schematic Diagram)မှစီးဆင်းသွားကာ Balancing Tank (Refer to no.2 from Schematic Diagram ) ထဲရောက်ရှိသွားမှာပါ။ ပုံမှန်အားဖြင့် balancing tank တွေက ရေကူးကန်ရဲ့ အောက်တည့်တည့်မှာရှိတတ်ပါတယ်။ Balancing tank ဆိုတဲ့အတိုင်း လူတွေရေကူးကန်ထဲဆင်းတဲ့အချိန်ဖယ်ထုတ်လိုက် balance water ကို သိုလှောင်ပေးတဲ့အလုပ်လုပ်ပါတယ်။ စာဖတ်ရင်းပုံနဲ့တွဲကြည့်ရင် ပိုပြီးနားလည်သဘောပေါက်ပါလိမ့်မယ်။

Circulation Pump (1a)

အဲဒီ balancing tank ကရေတွေကို Circulation pump (1a) ကနေတဆင့်တွန်းတင်ပြီးတော့ ရေကူးကန်ရဲ့အောက်ခြေကြမ်းပြင် သို့ ရေကူးကန်ရဲ့ ဘေးအောက်ခြေ မှာရှိနေတဲ့ Floor Inlet ကနေတဆင့် ရေကူးကန်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

Sand Filter (2a)

Circulation pumps (1a) ကနေ Swimming pool သို့ရေပြန်၍မတွန်းတင် မီမှာ Sand Filter နဲ့ ရေကိုပြန်စစ်ရပါမယ်။ ဘာလို့လဲဆိုတော့ အဲ့ balancing tank ထဲကရေတွေထဲမှာ လူတွေကနေတဆင့်ပါလာတဲ့ သဲတွေ၊ ဆံပင်တွေ၊ အမှုန်အမွှားတွေ၊ အဝတ်ထည်တွေကထွက်လာတဲ့ ချည်မျှင်တွေ အစရှိတဲ့ ဟာတွေကို Sand filter ကနေ တဆင့် စစ်ထုတ်ပေးပါတယ်။ အဲဒီတော့ အမှုန်မွှားကင်းစင်နေတဲ့ရေကိုပြန်ရပြီပေါ့။ Chemical Dosing System

အဲ့ဒီရေတွေက အမှိုက်နဲ့ အမှုန်မွှားကင်းစင်နေပေမဲ့ ရောဂါပိုးမွှားတွေရှိနေနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ရေကူကန်ဆိုတာက အများပြည်သူတွေလာရောက်အသုံးပြုကြလို့ပါပဲ။ လာရောက်အသုံးပြုသူတွေရဲ့ ကိုယ်ခန္ဓာကထွက်တဲ့ မျက်ရည်၊ နှပ်၊ တံတွေး၊ ဆီး အစရှိသဖြင့် အညစ်ကြေးများ၊ ဘက်တီးရီးယားများကတော့ အဲဒီရေမှာပျော်ဝင်နေတာပေါ့။ ဖော်ပြပါ အညစ်ကြေးများကြောင့်ဖြစ်ပေါ်လာတဲ့ ဘက်တီးရီးယားပိုးမွှားများသေအောင်၊ ရေကိုပြန်ပြီး ကြည်လင်လာအောင်၊ ရေညှိ ရေမှော်ပင်များ ဖြစ်မလာအောင် Chemical Dosing Pump မှတဆင့် ကလိုရင်းပါဝင်သော Chemical compound ကို ၎င်းရေသို့ အစက်ချ ထည့်သွင်းရောနှောပေးရပါတယ်။

ဒီလိုသန့်စင်ပြီးတဲ့ရေတွေကိုမှသာ Circulation Pump မှ တဆင့် pool သို့ပြန်တွန်းတင်ပါတယ်။

FRP backwash holding Tank

စောစောကပြောထားတဲ့အတိုင်း sand filter ကအညစ်ကြေးတွေကို စစ်ပေးရတဲ့အတွက် ကြာလာရင် ညစ်ပတ်လာတာပေါ့။ အဲဒီတော့ sand filter တွေကို ပြန်ပြီးဆေးကြောသန့်စင်ပေးရပါတယ်။ ဒီဆေးကြောလို့ထွက်လာတဲ့ ညစ်ညမ်းနေတဲ့ရေကို FRP backwash holding tank မှာ ခဏစွန့်ထုတ်ပြီးထားမှာပါ။ ပြီးရင်တော့ ဒီရေဆိုးတွေကို Floor Trap မှတဆင့် IC သို့ပို့ဆောင်စွန့်ပစ်မှာပါ။

Main Drain

Swimming pool ကို ဆေးကြောချင်လို့ဖြစ်ဖြစ်၊ maintenance လုပ်ချင်လို့ဖြစ်ဖြစ် ရေကန်ရဲ့ရေတွေကို ဖောက်ထုတ်ဖို့လိုအပ်တဲ့အခါ Swimming pool ရဲ့ အောက်ခြေမှာရှိတဲ့ main drain ကနေတဆင့် Circulation Pump နဲ့စုတ်ယူပြီး External Drain သို့စွန့်ထုတ်မှာပါ။

Spa Jet Pump or Jacuzzi Pump

တချို့ Spa Jet ပါဝင်တဲ့ Swimming Pool မှာတော့ pool ထဲကရေကို Spa Jet Pump မှတိုက်ရိုက်စုတ်ယူပြီး Spa Jet Nozzles မှတဆင့် ရေတွေကို ရေကန်ထဲရှိ sitting area တွင် မှုတ်ထုတ်ပေးနေမှာပါ။ Spa Jet nozzle ကထွက်ရှိလာတဲ့ရေက pressure အနည်းငယ်ရှိပြီး ပူစီပေါင်းလေးတွေထွက်နေမှာပါ။ အဲဒီနေရာမှာထိုင်ပြီး ရေနဲ့အနှိပ်ခံလို့ရတာပေါ့နော်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo

Credit: Yan Myo Aung

 

 

[Zawgyi]


 




Circulation Pump (1a)


Sand Filter (2a)






Main Drain







 

Credit to Photo

Credit: Yan Myo Aung

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service