ဓာတ်တူရာ

ဓာတ်တူရာ - Property Knowledge in Myanmar from iMyanmarHouse.com
14 Oct 2022 11:55 am တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

လောကမှာဓာတ်တူရာစုတဲ့ သဘောရှိပုံရတယ်။ဓာတ်တူ၊ဝါသနာတူသူတွေဟာလည်း သူ့အစုနဲ့သူ ပေါင်းသင်းဆက်ဆံကြတယ်။ ဓာတ်တူမှ အကောင်းအဆိုး သင့်မြတ်တဲ့ သဘောရှိပုံရတယ်။

အစားအသောက်မှာတောင် ဓာတ်မတူ၊ဓာတ်မတည့်တာကို စားမိသောက်မိရင် မိမိခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို သိသိသာတွေ့ရပါလိမ့်မယ်။

ယမကာနှစ်သက်သူကလည်း ယမကာမှီဝဲချိန်ဆို စုရပ်ဖြစ်တဲ့ ဘားကို ရောက်လာတတ်တယ်။ ဖဲဝါသနာပါသူကလည်း ဘယ်မှာဖဲဝိုင်းရှိလဲ၊ ရှာပြီးရောက်အောင်သွားတယ်။

တရားဓမ္မမှာ မွေ့ပျော်သူကလည်း တရားပွဲ၊တရားရိပ်သာတို့ကို ရောက်အောင်သွားတယ်။ဓာတ်တူရာပေါင်းကြ တာပါပဲ။ဖဲဝိုင်းမှာ တစ်နေကုန်ထိုင်နိုင်ပေမဲ့ တရားရိပ်သာမှာ ၁၅ မိနစ် နာရီဝက်ထိုင်နိုင်ဖို့တော့ ဓာတ်မတူတော့ ခတ်လှပါတယ်။တရားမှာမွေ့လျော်သူကလည်း ဖဲဝိုင်း၊အရက်ဝိုင်းမှာဝင်ရောဘို့ ခက်လှပါတယ်။

စာရေးဆရာတွေလည်းပဲ ဓာတ်တူရာစုတော့ လေထန်ကုန်းတို့၊လေအန်ကုန်းတို့ဆိုတဲ့ စုရပ်ဖြစ်လာခဲ့တယ်။ ချိုကုတ်ရှိရာ ချိုထောင်မလာဆိုတာကလည်း ဓာတ်တူရစုတဲ့သဘောကို ရင့်ရင့်သီးသီးပြောလိုက်တဲ့ စကားပါပဲ။

လူအချင်းချင်းမှာတောင် တစ်ဦးနဲ့တစ်ဦး စမြင်လိုက်ကတည်းက ကိုယ်နဲ့ဓာတ်တည့်သူလား၊မတည့်တဲ့ သူလား ဆိုတာ စိတ်မှာများသောအားဖြင့် အလိုလိုဖြစ်နေတတ်တယ်။ကိုယ်နဲ့ ဓာတ်မတည့်သူဆိုရင် တွေ့လိုက်၊ အသံကြားလိုက်၊မျက်နှာမြင်လိုက်တာနဲ့ကို အလိုလိုမြင်ပြင်းကတ်တဲ့စိတ်က ရင်ထဲမှာပေါ်လာတတ်တယ်။ စကားပြောရတာလည်း အဆင်မချောဘူး။ သူပြောတဲ့စကားကိုလည်း ကိုယ်ကမလေးစားချင်ဘူး။

လုပ်ငန်းတွေမှာလည်း ဒီသဘောရှိပုံရပါတယ်။ဖုန်းတို့ကွန်ပြူတာတို့ ရောင်းတဲ့ဆိုင်တွေရှိတဲ့ လမ်းတွေ၊ နေရာတွေမှာပဲ နောက်ထပ်အဲဒီလို အမျိုးအစားတူ ဆိုင်ဖွင့်ချင်တဲ့သူက အဲဒီနေရာတွေကိုပဲ လာဖွင့်တာပါပဲ။ အစားအသောက်ရောင်းတဲ့ နေရာတွေမှာလည်း နောက်လာဖွင့်တဲ့ သူတွေက အစားအသောက်ရောင်းဖို့ပဲ လာကြတာပါ။အဝတ်အစားရောင်းတဲ့နေရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

ကိုယ့်အရင် ဖွင့်ထားတဲ့ဆိုင်တွေရှိလို့ အဲဒီနေရာဝင်တိုးရင်မရောင်းရမှာ စိုးရိမ်စရာမလိုပါဘူး။ စိတ်ကျေနပ်မှု ပေးနိုင်ရင် ပစ္စည်းချင်းတူ၊ဈေးနှုန်းမြင့်နေရင်တောင်မှ ဝန်ဆောင်မှုကောင်းတဲ့၊စိတ်ကျေနပ်မှုကိုပေးတဲ့ဆိုင်က အမြဲလူပြည့် လူစည်နေတာပါပဲ။ရောင်းလည်းရောင်းရပါတယ်။ဓာတ်တူရာ လာစုတဲ့သဘောပါပဲ။

စကားပြောကြည့် ဆက်ဆံကြည့်လိုက်တာနဲ့ ဒီလူနဲ့ကိုယ်နဲ့ ဘယ်လောက်ဓာတ်တဲ့တယ်ဆိုတာ သိနေပါ လိမ့်မယ်။ကျွန်တော်က စာအုပ်တွေကိုနှစ်သက်တော့ စာအုပ်အဟောင်းဆိုင်တွေမှာ စာအုပ်သွားရွေး တတ်တယ်။ ဒီလိုနဲ့စာအုပ်ရောင်တဲ့ အဖိုးကြီးနဲ့ စကားပြောဖြစ်တယ်။သူနဲ့ကျွန်တော် ဓာတ်တဲ့မှုရှိပုံရတယ်။ ကျွန်တော်ကြိုက်တဲ့စာအုပ်တွေကို ဝယ်ဖို့ရွေးတဲ့အခါ ကိုယ့်မှာပါတဲ့ပိုက်ဆံထက် ပိုရွေးမိပါတယ်။ သူက ဆရာယူသွား ၊နောက်မှပေးဆိုပြီး အကြွေးပေးတတ်တယ်။။ ကိုယ့်အကြွေးကို သူကမမှတ်၊ကိုယ့်ဟာကိုမှတ်ပြီး ကျွန်တော်ကလည်းယူပါတယ်။အခြားသူကို ပေးတာထက် ကျွန်တော်ကိုစာအုပ်ရောင်းလျှင် အတော်များများ ထက်ဝက်ဈေးဖြင့်ရောင်းပေးပါတယ်။ ကျွန်တော်ကလည်း ပေးစရာရှိတဲ့ စာအုပ်ကြွေးကို အကြွင်းအကျန် မရှိအောင် ပြန်ဆပ်ပါတယ်။ နောက်ပိုင်းစာအုပ်ဝယ်ပြီဆိုလျှင် သူ့ဆီမှာပဲ အများဆုံးဝယ်ဖြစ်ပါတော့တယ်။ အကြွေးဝယ်လို့ရတာကိုး။

ဒါကလည်း လူတိုင်းကိုတော့ မဟုတ်ပါဘူး။ကျွန်တော့်တစ်ယာက်တည်းကိုပဲ ပေးတယ်ထင်ပါတယ်။ ကျွန်တော်ပိုက်ဆံပြတ်နေရင် သူ့ကိုပေးဖို့ ကျန်တဲ့ငွေကို နှစ်လသုံးလလောက်နေမှ ပေးဖြစ်တတ်တယ်။ အေးဆေးပါပဲ။မငြိုငြင်ပါဘူး။

ဓာတ်တူတော့ ပေါင်းလို့ကောင်းတယ်။ယုံကြည်မှုလည်းရတယ်။ယုံကြည်တော့ ပေးသူနဲ့ယူသူကြည်ဖြူတယ်လို့ ထင်ပါတယ်။ဘာပဲဖြစ်ဖြစ် ဓာတ်တူလို့ ယုံကြည်မှုအပေါ် အလွဲသုံးစားမလုပ်မိဖို့တော့ လိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ဓာတ္တူရာ

 

ေလာကမွာဓာတ္တူရာစုတဲ့ သေဘာရွိပုံရတယ္။ဓာတ္တူ၊ဝါသနာတူသူေတြဟာလည္း သူ႔အစုနဲ႔သူ ေပါင္းသင္းဆက္ဆံၾကတယ္။ ဓာတ္တူမွ အေကာင္းအဆိုး သင့္ျမတ္တဲ့ သေဘာရွိပုံရတယ္။

အစားအေသာက္မွာေတာင္ ဓာတ္မတူ၊ဓာတ္မတည့္တာကို စားမိေသာက္မိရင္ မိမိခႏၶာကိုယ္ရဲ႕ တုံ႔ျပန္မႈကို သိသိသာေတြ႔ရပါလိမ့္မယ္။

ယမကာႏွစ္သက္သူကလည္း ယမကာမွီဝဲခ်ိန္ဆို စုရပ္ျဖစ္တဲ့ ဘားကို ေရာက္လာတတ္တယ္။ ဖဲဝါသနာပါသူကလည္း ဘယ္မွာဖဲဝိုင္းရွိလဲ၊ ရွာၿပီးေရာက္ေအာင္သြားတယ္။

တရားဓမၼမွာ ေမြ႔ေပ်ာ္သူကလည္း တရားပြဲ၊တရားရိပ္သာတို႔ကို ေရာက္ေအာင္သြားတယ္။ဓာတ္တူရာေပါင္းၾက တာပါပဲ။ဖဲဝိုင္းမွာ တစ္ေနကုန္ထိုင္ႏိုင္ေပမဲ့ တရားရိပ္သာမွာ ၁၅ မိနစ္ နာရီဝက္ထိုင္ႏိုင္ဖို႔ေတာ့ ဓာတ္မတူေတာ့ ခတ္လွပါတယ္။တရားမွာေမြ႔ေလ်ာ္သူကလည္း ဖဲဝိုင္း၊အရက္ဝိုင္းမွာဝင္ေရာဘို႔ ခက္လွပါတယ္။

စာေရးဆရာေတြလည္းပဲ ဓာတ္တူရာစုေတာ့ ေလထန္ကုန္းတို႔၊ေလအန္ကုန္းတို႔ဆိုတဲ့ စုရပ္ျဖစ္လာခဲ့တယ္။ ခ်ိဳကုတ္ရွိရာ ခ်ိဳေထာင္မလာဆုိတာကလည္း ဓာတ္တူရစုတဲ့သေဘာကို ရင့္ရင့္သီးသီးေျပာလိုက္တဲ့ စကားပါပဲ။

လူအခ်င္းခ်င္းမွာေတာင္ တစ္ဦးနဲ႔တစ္ဦး စျမင္လိုက္ကတည္းက ကိုယ္နဲ႔ဓာတ္တည့္သူလား၊မတည့္တဲ့ သူလား ဆိုတာ စိတ္မွာမ်ားေသာအားျဖင့္ အလိုလိုျဖစ္ေနတတ္တယ္။ကိုယ္နဲ႔ ဓာတ္မတည့္သူဆိုရင္ ေတြ႔လိုက္၊ အသံၾကားလိုက္၊မ်က္ႏွာျမင္လိုက္တာနဲ႔ကို အလိုလိုျမင္ျပင္းကတ္တဲ့စိတ္က ရင္ထဲမွာေပၚလာတတ္တယ္။ စကားေျပာရတာလည္း အဆင္မေခ်ာဘူး။ သူေျပာတဲ့စကားကိုလည္း ကိုယ္ကမေလးစားခ်င္ဘူး။

လုပ္ငန္းေတြမွာလည္း ဒီသေဘာရွိပုံရပါတယ္။ဖုန္းတို႔ကြန္ျပဴတာတို႔ ေရာင္းတဲ့ဆိုင္ေတြရွိတဲ့ လမ္းေတြ၊ ေနရာေတြမွာပဲ ေနာက္ထပ္အဲဒီလို အမ်ိဳးအစားတူ ဆိုင္ဖြင့္ခ်င္တဲ့သူက အဲဒီေနရာေတြကိုပဲ လာဖြင့္တာပါပဲ။ အစားအေသာက္ေရာင္းတဲ့ ေနရာေတြမွာလည္း ေနာက္လာဖြင့္တဲ့ သူေတြက အစားအေသာက္ေရာင္းဖို႔ပဲ လာၾကတာပါ။အဝတ္အစားေရာင္းတဲ့ေနရာမွာလည္း ထိုနည္းလည္းေကာင္းပါပဲ။

ကိုယ့္အရင္ ဖြင့္ထားတဲ့ဆိုင္ေတြရွိလို႔ အဲဒီေနရာဝင္တိုးရင္မေရာင္းရမွာ စိုးရိမ္စရာမလိုပါဘူး။ စိတ္ေက်နပ္မႈ ေပးႏိုင္ရင္ ပစၥည္းခ်င္းတူ၊ေဈးႏႈန္းျမင့္ေနရင္ေတာင္မွ ဝန္ေဆာင္မႈေကာင္းတဲ့၊စိတ္ေက်နပ္မႈကိုေပးတဲ့ဆိုင္က အျမဲလူျပည့္ လူစည္ေနတာပါပဲ။ေရာင္းလည္းေရာင္းရပါတယ္။ဓာတ္တူရာ လာစုတဲ့သေဘာပါပဲ။

စကားေျပာၾကည့္ ဆက္ဆံၾကည့္လိုက္တာနဲ႔ ဒီလူနဲ႔ကိုယ္နဲ႔ ဘယ္ေလာက္ဓာတ္တဲ့တယ္ဆိုတာ သိေနပါ လိမ့္မယ္။ကၽြန္ေတာ္က စာအုပ္ေတြကိုႏွစ္သက္ေတာ့ စာအုပ္အေဟာင္းဆိုင္ေတြမွာ စာအုပ္သြားေရြး တတ္တယ္။ ဒီလိုနဲ႔စာအုပ္ေရာင္တဲ့ အဖိုးႀကီးနဲ႔ စကားေျပာျဖစ္တယ္။သူနဲ႔ကၽြန္ေတာ္ ဓာတ္တဲ့မႈရွိပုံရတယ္။ ကၽြန္ေတာ္ႀကိဳက္တဲ့စာအုပ္ေတြကို ဝယ္ဖို႔ေရြးတဲ့အခါ ကိုယ့္မွာပါတဲ့ပိုက္ဆံထက္ ပိုေရြးမိပါတယ္။ သူက ဆရာယူသြား ၊ေနာက္မွေပးဆိုၿပီး အေၾကြးေပးတတ္တယ္။။ ကိုယ့္အေၾကြးကို သူကမမွတ္၊ကိုယ့္ဟာကိုမွတ္ၿပီး ကၽြန္ေတာ္ကလည္းယူပါတယ္။အျခားသူကို ေပးတာထက္ ကၽြန္ေတာ္ကိုစာအုပ္ေရာင္းလွ်င္ အေတာ္မ်ားမ်ား ထက္ဝက္ေဈးျဖင့္ေရာင္းေပးပါတယ္။ ကၽြန္ေတာ္ကလည္း ေပးစရာရွိတဲ့ စာအုပ္ေၾကြးကို အၾကြင္းအက်န္ မရွိေအာင္ ျပန္ဆပ္ပါတယ္။ ေနာက္ပိုင္းစာအုပ္ဝယ္ၿပီဆိုလွ်င္ သူ႔ဆီမွာပဲ အမ်ားဆုံးဝယ္ျဖစ္ပါေတာ့တယ္။ အေၾကြးဝယ္လို႔ရတာကိုး။

ဒါကလည္း လူတိုင္းကိုေတာ့ မဟုတ္ပါဘူး။ကၽြန္ေတာ့္တစ္ယာက္တည္းကိုပဲ ေပးတယ္ထင္ပါတယ္။ ကၽြန္ေတာ္ပိုက္ဆံျပတ္ေနရင္ သူ႔ကိုေပးဖို႔ က်န္တဲ့ေငြကို ႏွစ္လသုံးလေလာက္ေနမွ ေပးျဖစ္တတ္တယ္။ ေအးေဆးပါပဲ။မၿငိဳျငင္ပါဘူး။

ဓာတ္တူေတာ့ ေပါင္းလို႔ေကာင္းတယ္။ယုံၾကည္မႈလည္းရတယ္။ယုံၾကည္ေတာ့ ေပးသူနဲ႔ယူသူၾကည္ျဖဴတယ္လို႔ ထင္ပါတယ္။ဘာပဲျဖစ္ျဖစ္ ဓာတ္တူလို႔ ယုံၾကည္မႈအေပၚ အလြဲသုံးစားမလုပ္မိဖို႔ေတာ့ လိုပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service