ဖရော်ဒန်ဘာ့ဂ် - နေအိမ်များတပုံစံတည်းဆောက်ထားသည့် မြို့ကလေး

ဖရော်ဒန်ဘာ့ဂ် - နေအိမ်များတပုံစံတည်းဆောက်ထားသည့် မြို့ကလေး - Property News in Myanmar from iMyanmarHouse.com
14 Oct 2022 10:24 am တွင် တင်ခဲ့သည်
427 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖရော်ဒန်ဘာ့ဂ် (Freudenberg) သည် အလွန်လှပသော အလယ်ခေတ်မြို့ကလေးတစ်မြို့ဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ရိုင်း ဝက်စ်ဖေးလီယာ (Rhine-Westphalia) ပြည်နယ်တွင် တည်ရှိသည်။

မြို့ကလေး၏ အကျယ်အဝန်းမှာ ၉၃ စတုရန်းကီလိုမီတာရှိကာ လက်ရှိအားဖြင့် လူဦးရေ ၂၀၀၀၀ ခန့် နေထိုင်သည်။

ဖရော်ဒန်ဘာ့ဂ်မြို့ကလေးသည် ဂျာမနီ၏ အလှပဆုံးမြို့ကလေးဖြစ်ရုံမျှမက ကမ္ဘာပေါ်တွင် အလှပဆုံးမြို့ငယ်လေးများ၌ တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခြင်းခံရသည်။

မြို့လေး၏ ထူးခြားလှသောမြင်ကွင်းကို တွေ့မြင်ရပြီးလျှင် သင့်ဘဝ၌ တစ်နေ့နေ့တွင် သွားရောက်လည်ပတ်မည် ဟု ဆုံးဖြတ်ချက် ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။

မြို့ကလေး၏ လှပသော ပုံပန်းသဏ္ဍာန်နှင့် သစ်သားအိမ်ကလေးများ၏ ဖွဲ့စည်းပုံမှာ အလည်အပတ်ရောက်ရှိ လာသူများအတွက် ဆွံ့အသွားဖွယ် ခမ်းနားလှသည်။

အံ့အားသင့်ဖွယ်အချက်မှာ မြို့ကလေးရှိ နေအိမ်များအားလုံးမှာ အရွယ်အစားတူ၊ ပုံသဏ္ဍာန်တူ ဖြစ်နေခြင်းပင်။

လူသူရှုပ်ထွေးမှုနည်းသောနေရာတွင် အပန်းဖြေရန်နှစ်သက်သူများအတွက် ရွေးချယ်စရာရှိပါသည်။

အထောက်အထားအချက်အလက်များအရ ဖရော်ဒန်ဘာ့ဂ်ကို ကနဦးက ဈေးမြို့ကလေးအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် မြူနီစပယ်နယ်မြေဖွဲ့စည်းပုံများ ပြန်လည်ပြောင်းလဲလိုက်ပြီးနောက်ပိုင်း မြို့လေး၏ လက်ရှိဖွဲ့စည်းပုံအကျယ်အဝန်းဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။

မူလက သီးခြားစီရပ်တည်ခဲ့ကြသည့် မြူနီစပယ်နေရာ ၁၇ ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ခြင်းလည်း ဖြစ်သည်။

(ပြတိုက်များ)

မြို့ကလေး၏ ပြတိုက် Stadtmuseum တွင် ဒေသတွင်းနှင့် စီးပွားရေးသမိုင်းကို ခင်းကျင်းပြသထားသည်။ နည်းပညာဆိုင်ရာပြတိုက် Technikmuseum တွင်မူ ဒေသ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့် ပတ်သက်သည့် သမိုင်းကြောင်းများကို ပြသထားသည်။

ထိုပြတိုက်တွင် ၁၉၀၄ ခုနှစ်က အသုံးပြုခဲ့သော ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းကြီးတစ်ခုကိုလည်း ပြသထားသည်။ ထို့အပြင် သမိုင်းတစ်လျှောက်အသုံးပြုခဲ့သည့် ဘီးတပ်ယာဉ်မျိုးစုံကိုလည်း တွေ့ရမည် ဖြစ်သည်။

(မြို့လေးကို ကမ္ဘာကျော်စေသည့်နေရာ)

ဖရော်ဒန်ဘာ့ဂ်မြို့ကလေးတွင် ခေတ်ဟောင်းနေရာတစ်ခုရှိပြီး Alter Flecken ဟုခေါ်ကာ ဖရော်ဒန်ဘာ့ဂ်၏ အကျော်ကြားဆုံးနေရာ ဖြစ်သည်။ ထိုနေရာတွင် သစ်ဖြင့်ဆောက်လုပ်ထားသည့်နေအိမ်ပေါင်း ၅၀ ခန့်ရှိကာ ၁၇ ရာစုမှ မြို့ငယ်လေးတစ်ခုအသွင် ခံစားရသည်။

နေအိမ်များအားလုံးမှာ ရွယ်တူ၊ ပုံစံတူများဖြစ်ကြပြီး မီးဘေးတစ်ကြိမ်သင့်ခဲ့သေးပြီး ပြန်လည်ထိန်းသိမ်းမှုများ ပြုလုပ်ထားသည်။

ဤအိမ်ကလေးများကြောင့် ဖရော်ဒန်ဘာ့ဂ်မှာ ကမ္ဘာကျော်ခဲ့ရခြင်းဖြစ်ပြီး ဂျာမနီ၏ ဆွဲဆောင်မှုအရှိဆုံး နေရာများတွင် ပါဝင်လာရခြင်းလည်း ဖြစ်သည်။

မြို့ထဲရှိ ဧဝံဂေလိဘုရားကျောင်း (Evangelical church) ၏ ဗိသုကာဟန်မှာ စစ်ဘက်ခံတပ်စခန်းတစ်ခုနှင့် တူနေသည်။

ခေါင်းလောင်းမျှော်စင်မှာ မူလက ရဲတိုက်ကြီး၏ မျှော်စင်များဖြစ်ပြီး ရဲတိုက်မှ ယနေ့တိုင်ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောအရာလည်း ဖြစ်သည်။

ဘုရားကျောင်းမှာ ၁၃ ရာစုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရိုမန်နက်စ်ဗိသုကာဟန်မှ ဂေါ့သစ်သို့ အကူးအပြောင်းစပ်ကြားကာလတွင် ပေါ်ပေါက်ခဲ့သော ဗိသုကာဟန်မျိုးဖြစ်သည်။

ဘုရားကျောင်းဘေးရှိ ဘုန်းတော်ကြီးအိမ်မှာ အဆောက်အအုံတစ်ဝက်ကို သစ်ဖြင့်ဆောက်လုပ်ထားပြီး ၁၆၀၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

သစ်ထက်ဝက်ဖြင့် ဆောက်လုပ်ထားသော နေအိမ်များအားလုံးမှာ အလယ်ခေတ်၏ အမွေအနှစ်များဖြစ်ပြီး အိပ်မက်ဆန်ဆန်၊ ပုံပြင်ဆန်ဆန် နေရာကလေးတစ်ခု ဖြစ်သည်။

အကယ်၍ သင်သည်သဘာဝတရားကို ချစ်မြတ်နိုးသူဆိုပါက ခမ်းနားသော တောင်တန်းရှုမျှော်ခင်းများကို ချက်ချင်းချစ်မြတ်နိုးသွားမည်မှာ အသေအချာပင်။

မြို့ကလေးသည် ခြေလျင်ခရီးလမ်းလျှောက်ခြင်းအတွက် အလွန်ကောင်းမွန်သည့်နေရာဖြစ်ပြီး လူသွားလမ်းကြောင်း ၁၆၀ ကီလိုမီတာခန့် ရှိကာ သင့်အနေဖြင့် လမ်းဆုံးလျှောက်နိုင်မည် မဟုတ်ချေ။

မြို့ကလေးတွင် သင့်အတွက် အခြားလုပ်ဆောင်ဖွယ်များလည်းရှိရာ ငါးမျှားခြင်း၊ ရေကူးခြင်း၊ မြင်းစီးခြင်း၊ တင်းနစ် (သို့မဟုတ်) ကြက်တောင်ရိုက်ခြင်းများ ပြုလုပ်နိုင်သည်။

တစ်လမ်းသွား တစ်ခုတည်းသော လမ်းမမှာ ၁၆၀၅ ခုနှစ်က ဆောက်လုပ်ခဲ့သော Rathaus (မြို့နယ်ခန်းမ) ဘေးမှ ဖြတ်သန်းသွားသည်။ သို့ကြောင့် ဖရော်ဒန်ဘာ့ဂ်မြို့ကလေးမှာ ခြေလျင်လည်ပတ်ကြည့်ရှုရန် လွယ်ကူသည်။

မြို့လေးသည် မြို့ကြီးပြကြီးများ၏ ဆူညံသံများမှ ခဏရှောင်ပြေးရန် အကောင်းဆုံးနေရာဖြစ်ရုံမျှမက လတ်ဆတ်သောလေညင်း၊ သာယာသောရှုခင်း၊ အံ့ဖွယ်အရသာရှိသော ရိုးရာအစားအစာများကိုလည်း နှစ်သက်ခံစားရမည် ဖြစ်သည်။

Tripadvisor ၏ ဖော်ပြချက်အရ Zum Alten Flecken ဟိုတယ်မှာ နေရာကောင်းတစ်ခုဖြစ်ပြီး မြို့ကလေး၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကာ မနက်စာ၊ ရုပ်မြင်သံကြားစက်၊ အခမဲ့ ဝိုင်ဖိုင်၊ Sauna နှင့် Solarium တို့အပြင် အခြားသော facilities များလည်း များစွာပါဝင်သည်ဟု ဆိုသည်။

အခြားဟိုတယ်များအနေဖြင့် Siegerland-Hotel Haus နှင့် Zur Altstadt တို့လည်း ရှိသည်။

(Zum Alten Flecken ဟိုတယ်)

(Siegerland-Hotel Haus ဟိုတယ်)

(Zur Altstadt ဟိုတယ်)

• ဖရော်ဒန်ဘာ့ဂ်မြို့ကလေး၏ တည်နေရာ Coordinates: 50°53′59″N 07°52′00″E

• မြို့အကျယ်အဝန်း- ၅၄ ဒသမ ၄၈ စတုရန်းကီလိုမီတာ (၂၁ ဒသမ ၀၃ စတုရန်းမိုင်)

• ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်- ၃၃၀ မီတာ ( ၁၀၈၀ ပေ)

• လူဦးရေ - ၁၇၇၂၉ (၂၀၂၀ သန်းခေါင်စာရင်းအရ)

• လူဦးရေသိပ်သည်းဆ- ၁ စတုရန်းမိုင်လျှင် ၈၄၀ ဦး

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Freudenberg, Germany’s Fairytale Village in Westphalia (tourismontheedge, wikipedia,youramazingplaces)

[Zawgyi]

ဖေရာ္ဒန္ဘာ့ဂ္ - ေနအိမ္မ်ားတပံုစံတည္းေဆာက္ထားသည့္ ျမိဳ႕ကေလး

ဖေရာ္ဒန္ဘာ့ဂ္ (Freudenberg) သည္ အလြန္လွပေသာ အလယ္ေခတ္ျမိဳ႕ကေလးတစ္ျမိဳ႕ျဖစ္ျပီး ဂ်ာမနီႏိုင္ငံ၊ ရိုင္း ဝက္စ္ေဖးလီယာ (Rhine-Westphalia) ျပည္နယ္တြင္ တည္ရွိသည္။

ျမိဳ႕ကေလး၏ အက်ယ္အဝန္းမွာ ၉၃ စတုရန္းကီလိုမီတာရွိကာ လက္ရွိအားျဖင့္ လူဦးေရ ၂၀၀၀၀ ခန္႔ ေနထိုင္သည္။

ဖေရာ္ဒန္ဘာ့ဂ္ျမိဳ႕ကေလးသည္ ဂ်ာမနီ၏ အလွပဆံုးျမိဳ႕ကေလးျဖစ္ရံုမွ်မက ကမၻာေပၚတြင္ အလွပဆံုးျမိဳ႕ငယ္ေလးမ်ား၌ တစ္ခုအပါအဝင္အျဖစ္ သတ္မွတ္ျခင္းခံရသည္။

ျမိဳ႕ေလး၏ ထူးျခားလွေသာျမင္ကြင္းကို ေတြ႔ျမင္ရျပီးလွ်င္ သင့္ဘဝ၌ တစ္ေန႔ေန႔တြင္ သြားေရာက္လည္ပတ္မည္ ဟု ဆံုးျဖတ္ခ်က္ ေပၚေပါက္လာလိမ့္မည္ ျဖစ္သည္။

ျမိဳ႕ကေလး၏ လွပေသာ ပံုပန္းသ႑ာန္ႏွင့္ သစ္သားအိမ္ကေလးမ်ား၏ ဖြဲ႔စည္းပံုမွာ အလည္အပတ္ေရာက္ရွိ လာသူမ်ားအတြက္ ဆြံ႔အသြားဖြယ္ ခမ္းနားလွသည္။

အံ့အားသင့္ဖြယ္အခ်က္မွာ ျမိဳ႕ကေလးရွိ ေနအိမ္မ်ားအားလံုးမွာ အရြယ္အစားတူ၊ ပုံသ႑ာန္တူ ျဖစ္ေနျခင္းပင္။

လူသူရႈပ္ေထြးမႈနည္းေသာေနရာတြင္ အပန္းေျဖရန္ႏွစ္သက္သူမ်ားအတြက္ ေရြးခ်ယ္စရာရွိပါသည္။

အေထာက္အထားအခ်က္အလက္မ်ားအရ ဖေရာ္ဒန္ဘာ့ဂ္ကို ကနဦးက ေစ်းျမိဳ႕ကေလးအျဖစ္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

၁၉၆၉ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္တြင္ ျမဴနီစပယ္နယ္ေျမဖြဲ႔စည္းပံုမ်ား ျပန္လည္ေျပာင္းလဲလိုက္ျပီးေနာက္ပိုင္း ျမိဳ႕ေလး၏ လက္ရွိဖြဲ႔စည္းပံုအက်ယ္အဝန္းျဖစ္တည္လာခဲ့ျခင္း ျဖစ္သည္။

မူလက သီးျခားစီရပ္တည္ခဲ့ၾကသည့္ ျမဴနီစပယ္ေနရာ ၁၇ ခုကို တစ္ခုတည္းအျဖစ္ ေပါင္းစည္းလိုက္ျခင္းလည္း ျဖစ္သည္။

(ျပတုိက္မ်ား)

ျမိဳ႕ကေလး၏ ျပတိုက္ Stadtmuseum တြင္ ေဒသတြင္းႏွင့္ စီးပြားေရးသမိုင္းကို ခင္းက်င္းျပသထားသည္။ နည္းပညာဆိုင္ရာျပတုိက္ Technikmuseum တြင္မူ ေဒသ ကုန္သြယ္ေရး၊ စက္မႈလုပ္ငန္းႏွင့္ ပတ္သက္သည့္ သမိုင္းေၾကာင္းမ်ားကို ျပသထားသည္။

ထိုျပတိုက္တြင္ ၁၉၀၄ ခုႏွစ္က အသံုးျပဳခဲ့ေသာ ေရေႏြးေငြ႔သံုး မီးရထားစက္ေခါင္းၾကီးတစ္ခုကိုလည္း ျပသထားသည္။ ထုိ႔အျပင္ သမိုင္းတစ္ေလွ်ာက္အသံုးျပဳခဲ့သည့္ ဘီးတပ္ယာဥ္မ်ဳိးစံုကိုလည္း ေတြ႔ရမည္ ျဖစ္သည္။

(ျမိဳ႕ေလးကို ကမၻာေက်ာ္ေစသည့္ေနရာ)

ဖေရာ္ဒန္ဘာ့ဂ္ျမိဳ႕ကေလးတြင္ ေခတ္ေဟာင္းေနရာတစ္ခုရွိျပီး Alter Flecken ဟုေခၚကာ ဖေရာ္ဒန္ဘာ့ဂ္၏ အေက်ာ္ၾကားဆံုးေနရာ ျဖစ္သည္။ ထိုေနရာတြင္ သစ္ျဖင့္ေဆာက္လုပ္ထားသည့္ေနအိမ္ေပါင္း ၅၀ ခန္႔ရွိကာ ၁၇ ရာစုမွ ျမိဳ႕ငယ္ေလးတစ္ခုအသြင္ ခံစားရသည္။

ေနအိမ္မ်ားအားလံုးမွာ ရြယ္တူ၊ ပံုစံတူမ်ားျဖစ္ၾကျပီး မီးေဘးတစ္ၾကိမ္သင့္ခဲ့ေသးျပီး ျပန္လည္ထိန္းသိမ္းမႈမ်ား ျပဳလုပ္ထားသည္။

ဤအိမ္ကေလးမ်ားေၾကာင့္ ဖေရာ္ဒန္ဘာ့ဂ္မွာ ကမၻာေက်ာ္ခဲ့ရျခင္းျဖစ္ျပီး ဂ်ာမနီ၏ ဆြဲေဆာင္မႈအရွိဆံုး ေနရာမ်ားတြင္ ပါဝင္လာရျခင္းလည္း ျဖစ္သည္။ ျမိဳ႕ထဲရွိ ဧဝံေဂလိဘုရားေက်ာင္း (Evangelical church) ၏ ဗိသုကာဟန္မွာ စစ္ဘက္ခံတပ္စခန္းတစ္ခုႏွင့္ တူေနသည္။

ေခါင္းေလာင္းေမွ်ာ္စင္မွာ မူလက ရဲတိုက္ၾကီး၏ ေမွ်ာ္စင္မ်ားျဖစ္ျပီး ရဲတိုက္မွ ယေန႔တိုင္က်န္ရစ္ခဲ့သည့္ တစ္ခုတည္းေသာအရာလည္း ျဖစ္သည္။

ဘုရားေက်ာင္းမွာ ၁၃ ရာစုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ရိုမန္နက္စ္ဗိသုကာဟန္မွ ေဂါ့သစ္သို႔ အကူးအေျပာင္းစပ္ၾကားကာလတြင္ ေပၚေပါက္ခဲ့ေသာ ဗိသုကာဟန္မ်ဳိးျဖစ္သည္။

ဘုရားေက်ာင္းေဘးရွိ ဘုန္းေတာ္ၾကီးအိမ္မွာ အေဆာက္အအံုတစ္ဝက္ကို သစ္ျဖင့္ေဆာက္လုပ္ထားျပီး ၁၆၀၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

သစ္ထက္ဝက္ျဖင့္ ေဆာက္လုပ္ထားေသာ ေနအိမ္မ်ားအားလံုးမွာ အလယ္ေခတ္၏ အေမြအႏွစ္မ်ားျဖစ္ျပီး အိပ္မက္ဆန္ဆန္၊ ပံုျပင္ဆန္ဆန္ ေနရာကေလးတစ္ခု ျဖစ္သည္။

အကယ္၍ သင္သည္သဘာဝတရားကို ခ်စ္ျမတ္ႏိုးသူဆိုပါက ခမ္းနားေသာ ေတာင္တန္းရႈေမွ်ာ္ခင္းမ်ားကို ခ်က္ခ်င္းခ်စ္ျမတ္ႏိုးသြားမည္မွာ အေသအခ်ာပင္။

ျမိဳ႕ကေလးသည္ ေျခလ်င္ခရီးလမ္းေလွ်ာက္ျခင္းအတြက္ အလြန္ေကာင္းမြန္သည့္ေနရာျဖစ္ျပီး လူသြားလမ္းေၾကာင္း ၁၆၀ ကီလိုမီတာခန္႔ ရွိကာ သင့္အေနျဖင့္ လမ္းဆံုးေလွ်ာက္ႏိုင္မည္ မဟုတ္ေခ်။

ျမိဳ႕ကေလးတြင္ သင့္အတြက္ အျခားလုပ္ေဆာင္ဖြယ္မ်ားလည္းရွိရာ ငါးမွ်ားျခင္း၊ ေရကူးျခင္း၊ ျမင္းစီးျခင္း၊ တင္းနစ္ (သို႔မဟုတ္) ၾကက္ေတာင္ရိုက္ျခင္းမ်ား ျပဳလုပ္ႏိုင္သည္။

တစ္လမ္းသြား တစ္ခုတည္းေသာ လမ္းမမွာ ၁၆၀၅ ခုႏွစ္က ေဆာက္လုပ္ခဲ့ေသာ Rathaus (ျမိဳ႕နယ္ခန္းမ) ေဘးမွ ျဖတ္သန္းသြားသည္။ သို႔ေၾကာင့္ ဖေရာ္ဒန္ဘာ့ဂ္ျမိဳ႕ကေလးမွာ ေျခလ်င္လည္ပတ္ၾကည့္ရႈရန္ လြယ္ကူသည္။

ျမိဳ႕ေလးသည္ ျမိဳ႕ၾကီးျပၾကီးမ်ား၏ ဆူညံသံမ်ားမွ ခဏေရွာင္ေျပးရန္ အေကာင္းဆံုးေနရာျဖစ္ရံုမွ်မက လတ္ဆတ္ေသာေလညင္း၊ သာယာေသာရႈခင္း၊ အ့ံဖြယ္အရသာရွိေသာ ရိုးရာအစားအစာမ်ားကိုလည္း ႏွစ္သက္ခံစားရမည္ ျဖစ္သည္။

Tripadvisor ၏ ေဖာ္ျပခ်က္အရ Zum Alten Flecken ဟိုတယ္မွာ ေနရာေကာင္းတစ္ခုျဖစ္ျပီး ျမိဳ႕ကေလး၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားကာ မနက္စာ၊ ရုပ္ျမင္သံၾကားစက္၊ အခမဲ့ ဝိုင္ဖုိင္၊ Sauna ႏွင့္ Solarium တို႔အျပင္ အျခားေသာ facilities မ်ားလည္း မ်ားစြာပါဝင္သည္ဟု ဆိုသည္။

အျခားဟိုတယ္မ်ားအေနျဖင့္ Siegerland-Hotel Haus ႏွင့္ Zur Altstadt တို႔လည္း ရွိသည္။

(Zum Alten Flecken ဟိုတယ္)

(Siegerland-Hotel Haus ဟိုတယ္)

(Zur Altstadt ဟိုတယ္)

• ဖေရာ္ဒန္ဘာ့ဂ္ျမိဳ႕ကေလး၏ တည္ေနရာ Coordinates: 50°53′59″N 07°52′00″E

• ျမိဳ႕အက်ယ္အဝန္း- ၅၄ ဒသမ ၄၈ စတုရန္းကီလိုမီတာ (၂၁ ဒသမ ၀၃ စတုရန္းမိုင္)

• ပင္လယ္ေရမ်က္ႏွာျပင္ထက္အျမင့္- ၃၃၀ မီတာ ( ၁၀၈၀ ေပ)

• လူဦးေရ - ၁၇၇၂၉ (၂၀၂၀ သန္းေခါင္စာရင္းအရ)

• လူဦးေရသိပ္သည္းဆ- ၁ စတုရန္းမိုင္လွ်င္ ၈၄၀ ဦး

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Freudenberg, Germany’s Fairytale Village in Westphalia (tourismontheedge, wikipedia,youramazingplaces)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service