တစ်ကွက်တစ်ချက် မျက်ရည်စက်စက်

တစ်ကွက်တစ်ချက် မျက်ရည်စက်စက် - Property Knowledge in Myanmar from iMyanmarHouse.com
13 Oct 2022 11:47 am တွင် တင်ခဲ့သည်
471 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

စာပဲဖတ်ဖတ် ရုပ်ရှင်ပဲကြည့်ကြည့် ပြကွက်လေးတွေထိမိသည့်အခါ ရင်ထဲမှာနင့်လာပြီး အချို့သော အခန်းများမှာဆို မျက်ရည်ကျသည်အထိဖြစ်ရသည်။

တစ်ရက်က ရုပ်သံလိုင်းတစ်ခုကပြသသည့် ဇာတ်လမ်းတစ်ခုကို ကြည့်မိခြင်းကြောင့် ဖြစ်သည်။ ဟောလိဝု တန်းဝင် တောင်ကိုရီးယားမင်းသား လီဗြောင်ဟွန်းပါဝင်ထားသည့် (Emergency Declaration)ဇာတ်ကား ပြနေ၍ ကြည့်လိုက်မိခြင်းဖြစ်သည်။ အစပိုင်းကိုတော့ မမီလိုက်ပါ။မီလိုက်သည့်နေရာက ကြည့်ရတာသည်ပင် ရသပေးစွမ်းမှုကောင်းလှပါသည်။

ရဲအရာရှိတစ်ယောက်က လေယာဉ်ကွင်းရောက်လာပြီး လေယာဉ်ပေါ်မှာအကြမ်းဖက်သမားပါသဖြင့် လေယာဉ်ကိုပြန်ဆင်းဖို့လုပ်ခိုင်းသည်တို့နှင့် အစပျိုးခဲ့ပြီး လေယာဉ်ပေါ်က အဖြစ်အပျက်တို့ကလည်း သဲထိတ်ရင်ဖိုခဲ့ရသည်။ထိုရဲအရာရှိ၏ ဇနီးသည်လည်း အဆိုပါလေယာဉ်ပေါ်ပါသွားသည်။လေယာဉ်က အမေရိကန်နိုင်ငံသို့ပျံသန်းမည်ဖြစ်သည်။ရဲအရာရှိ၏ ပြောဆိုမှုသည် ခိုင်လုံမှုမရှိဟုယူဆပြီး သက်ဆိုင်သူတို့က လေယာဉ်ကို ပြန်မဆင်းခိုင်ဘဲ ဆက်လက်ပျံသန်းစေခဲ့သည်။

အကြမ်းဖက်သမားသည် အခြားအကြမ်းဖက်သမားများကဲ့သို့မဟုတ်ဘဲ ကူးစက်ရောဂါပိုးကို ဖြန့်ဝေမည်သူ ဖြစ်နေသည်။ကူးစက်ရောဂါပိုး လေယာဉ်ပေါ်တွင် စတင်ကူးစက်ခဲ့ပြီးသည့်နောက် သေရေးရှင်ရေး အခြေအနေတွင် လူအများ၏ ဖြစ်ပျက်လာတဲ့ စိတ်အခြေအနေကို ဖော်ပြရာမှာကောင်းလှပါသည်။

တစ်စတစ်စနှင့်ကူးစက်သူများပြားလာပြီး သေဆုံးမှုတို့ရှိလာသည်။ထိုလေယာဉ်ပေါ်ကအဖြစ်အပျက်ကိုလည်း ခရီးသည်တစ်ဦးက လူမှုကွန်ရက်တင်လိုက်ရာက နိုင်ငံတကာမီဒီယာတွင် ချက်ခြင်းပင်ပြန့်နှံ့သွားခဲ့သည်။

ထိုသတင်းကြောင့် အမေရိကန်ကလည်း ထိုလေယာဉ်ကို ဆင်းသက်ခွင့်မပေးသဖြင့် ကိုရီးယားသို့လေယာဉ်ကို ပြန်လှည့်ခဲ့ရသည်။

ထိုလေယာဉ်အမေရိကားသို့ ဦးတည်နေစဉ်အတွင်း လေယာဉ်မှူးတစ်ဦးက ဗိုင်းရက်ကူးစက်မှုကြောင့် သေဆုံးသွားခဲ့ပြီးဖြစ်သည်။နောက်လေယာဉ်မှူးတစ်ဦးကလည်း ကူးစက်မှု အစပျိုးနေပြီ။ထိုသို့အမေရိကန်က လက်မခံသဖြင့်ပြန်လှည့်လာရင်း ဒုတိယလေယာဉ်မှူးလည်း ကူးစက်ရောဂါအတော်ပြင်းထန်လာသည်။

ထိုလေယာဉ်ခရီးစဉ်တွင် လီဗြောင်ဟွန်းက ခရီးသွားအနေဖြင့်ပါလာသည်။သို့သော် တစ်ယောက်တည်းမဟုတ် နှင်းခူနာပေါက်နေသည့် (၁၀)နှစ်ခန့်သမီးလေးလည်းပါလာသည်။လီဗြောင်ဟွန်းက လေယာဉ်မောင်းနှင် ပျံသန်းခြင်းနှင့်ပတ်သက်၍ တက်မြောက်ထားသူတစ်ဦးဖြစ်သည်။

သေဆုံးသွားသည့် ပထမလေယာဉ်မှူးနေရာကို ဒုတိယလေယာဉ်မှူးကမောင်းနှင်ပေးရင်း သူလည်းအပြင်းအထန်ဖြစ်လာသည်။ထိုလေယာဉ်မောင်းနှင်ခန်းတွင် လီဗြောင်ဟွန်းက ဝင်ရောက်ကူညီမောင်းနှင်ရင်း ကိုရီးယားသို့ပြန်ခဲ့ကြသည်။

သို့သော် ဒုတိယလေယာဉ်မှူးမှာလည်း လေယာဉ်ထိန်းကျောင်းမောင်းနှင့်ဖို့ အခက်အခဲဖြစ်လာခဲ့သည်။ထို့ကြောင့် လေယာဉ်ကို ဂျပန်နိုင်ငံရှိလေယာဉ်ကွင်းတစ်ခုတွင် ဆင်းသက်ခွင့် တောင်းရာ ဆင်းသက်ခွင့်ပြုသလိုလို မပြုသလိုလိုနှင့်လုပ်နေပြီး သူတို့လေပိုင်နက် အတွင်းရောက်လာရာ တိုက်လေယာဉ်များ လွှတ်ပြီး ပစ်ခတ်ခြောက်လှန့်တော့သည်။ လေယာဉ်ခရီးသည်များမှာ ဝေဒနာကတစ်မျိုး တိုက်လေယာဉ်များ၏ ပစ်ခတ်ခြောက်လှန့်ခြင်းကတစ်မျိုးနှင့် ထိတ်လန့်နေကြသည်။

ဒီလိုနှင့်ဂျပန်နိုင်ငံကလည်း လေယာဉ်ပေါ်က ခရီးသည်နှင့်စာလျှင် သူ့ဂျပန်နိုင်ငံသားတို့ အရေးကိုသာ ဦးထိပ်ထားပြီး ကူးစက်လေယာဉ်ဆင်းသက်ခွင့်တောင်းခြင်းကို ငြင်းဆန်လိုက်သည်။

ဂျပန်နိုင်ငံကဆင်းခွင့်မပြုသဖြင့် လက်ကျန်ဆီဖြင့် ကိုရီးယားနိုင်ငံသို့ပြန်ဖို့သာရှိတော့သည်။လေယာဉ်အတွင်း ကူးစက်သူနှင့် မကူးစက်သူတို့အကြား အစက ပရိပက္ခရှိခဲ့သော်လည်း နောက်ပိုင်း အကုန်လုံးနီးပါး ကူးစက်သည့်အခြေအနေဖြစ်လာရာ အနည်းငယ်ငြိမ်သွားခဲ့သည်။

ထိုသို့ဖြစ်ခဲ့ပြီး လေယာဉ်ကို မိမိနိုင်ငံကို ဦးတည်ပျံသန်းမှုကို ဒုတိယလေယာဉ်မှူးက မမောင်းနိုင်တော့သဖြင့် လီဗြောင်းဟွန်းကမောင်းနှင်လာသည်။ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကပဲ ကိုယ့်ကို ဖက်လဲတကင်း ကြိုဆိုတော့ မည်ပေါ့။ သို့သော်လည်း လေယာဉ်ပေါ်ရှိ ခရီးသည်တို့ထင်သလို ကိုယ့်နိုင်ငံသား ကူးစက်လေယာဉ်ကို ပြည်သူတို့က ဆင်းသက်ခွင့်မပြုခဲ့ပေ။

ထိုအခြေအနေတွင် မျှော်လင့်ချက်မဲ့သွားသောခရီးသည်တို့မှာ ယူကြုံးမရဖြစ်ကုန်ကြသည်။ ရင်နင့်စရာ ကောင်းလှသည်။ကိုယ် အားကိုးဖက်တွယ်ရာ၊မျှော်လင့်ရာတို့က ကိုယ့်အတွက် ဘာမှမရှိတော့သည့်အခြေအနေ ရောက်လာသည်။

နောက်ပိုင်းတွင် နာသူများကပဲ ဆက်ပြီးအနာခံဖို့၊မြေပြင်ကို မဆင်းဖို့ ဆုံးဖြတ်ချက်ကို ချလိုက်ကြတော့ သည်။သူတို့ကြောင့် သူတို့နိုင်ငံရှိပြည်သူတို့ ကူစက်ရောဂါဆိုးကြီးမခံစားရပါစေနှင့်ဆိုသည့် ပြကွက်သည် ရင်ထဲမှာနင့်လှသည်။

ထို့ထက်ပိုဆိုးသည်က လေယာဉ်ကိုကူမောင်းနေရသောလီဗြောင်ဟွန်းထံ သူသမီးလေးရောက်လာပြီး သားအဖနှစ်ဦးပြောကြသည့်အခန်းက မျက်ရာတို့လည်ခဲ့ ထွက်ကျခဲ့ရသည်။နှင်းခူရောဂါကြောင့် အားငယ်နေ ရသောသမီးလေးက သူ့ရောဂါနှင့်သူ့အဖေလက်တွင် ဖြစ်ပေါ်နေသောကူးစက်ရောဂါကိုကြည့်ပြီး

“ဖေဖေလည်းကူးစက်နေပြီမို့လား၊သမီးတို့လေယာဉ် မဆင်းပဲနေရအောင်နော်ဖေဖေ၊ သူငယ်ချင်းတွေလည်း ကူးစက်မခံရတော့ဘူးပေါ့”တဲ့။

ဒီအခန်းလေးကိုကြည့်ရင်း ရင်မှာနင့်ကနဲဖြစ်ကာ မျက်ရည်တို့ ပါးပြင်မှာ စီးဆင်းသွားသည်။စီးဆင်းပါစေ။ မျက်ရည်ကျရမှာ မရှက်တော့ပါ။ စိတ်ဓာတ်လေးတွေအပေါ် နှစ်သက်ကြည်နူးမှုနှင့် ကျွန်တော်မျက်ရည်ကျ သည်။သူက နိုင်ငံအတွက် ကြီးကြီးကျယ်ကျယ် မတွေးတတ်။သူနဲ့အနီးဆုံး ကျောင်းနေဖက်တွေ အတွက်သာ သူတွေးနိုင်သည်။

နိုင်ငံက ကိုယ့်နိုင်ငံလေယာဉ်ကို ဆင်းသက်ခွင့်မပြုသည့်နောက် မြေပြင်အခြေကလည်း ပရိပက္ခအသွင်ဖြစ် နေသည်။

အကြမ်းဖက်သမားပါသဖြင့် လေယာဉ်ကိုပြန်ဆင်းခိုင်းဖို့ပြောသည့် ရဲအရာရှိသည် နိုင်ငံတော်က လေယာဉ်ကို ဆင်းသက်ခွင့် မပြုသဖြင့် မိမိကိုယ်တွင်း ကူးစက်ရောဂါပိုးကို ထိုးသွင်းစမ်းသပ်မှု ပြုလုပ်လိုက်သည်။ ရောဂါကို ခုခံနိုင်လျှင် လေယာဉ်ဆင်းသက်ခွင့်ရမည်။မြေပြင်တွင် ရောဂါကူစက်မှုခံရသည့် သူ့ကို မဖြစ်မနေဆေးတို့ ပေးရတော့သည်။ရောဂါပိုးခုခံနိုင်သည့် ပဋ္ဋိပစ္စည်း ရရှိအောင် သူရည်ရွယ်ပြီးလုပ်ခဲ့သည်။ သူ့ကိုဆေးများ ထိုးသွင်းကုသမှု အကြိမ်ကြိမ်လုပ်ရာနောက်ဆုံး ပြန်ပြီးစကားပြောနိုင်သည့် အခြေအနေသို့ရောက်လာသည်။

ထိုအချိန် မတိုင်မီ ကောင်းကင်ရှိ လေယာဉ်ကိုတာဝန်ယူမောင်းနှင်နေသော လီဗြောင်ဟွန်းက မြေပြင်ရှိ သက်ဆိုင်သူတို့ထံသို့ သူတို့လေယာဉ်သည် မြေပြင်ကို ဆင်းသက်တော့မည်မဟုတ်ကြောင်း၊လေယာဉ်ပေါ်ရှိ ခရီးသည်များက မြေပြင်ပေါ်ရှိပြည်သူတို့ကို သူတို့လိုကူးစက်ရောဂါဆိုးကြီး မခံစားရအောင် တသဘောတည်း ဆုံးဖြတ်လိုက်ကြောင်း၊ဆက်သွယ်မှုအားလုံးကိုလည်း ယခုပင်ရပ်လိုက်တော့မည်ဖြစ်ကြောင်း ပြောပြီး ဆက်သွယ်မှုအားလုံးကိုဖြတ်ကာ လေယာဉ်ကို ဆီကုန်သည်အထိ ကောင်းကင်တွင် ဝဲပျံသွားဖို့ လုပ်လိုက်တော့သည်။

မြေပြင်ရဲအရာရှိ စကားပြန်ပြောနိုင်လာသောအခါ ကူးစက်သူများအတွက် ဆေးပေးနိုင်တောမည်ဖြစ်ရာ လေယာဉ်ကိုပြန်ခေါ်ဖို့ လုပ်ကြတော့သည်။သို့သော်လေယာဉ်က အဆုံးသက်အနေဖြင့် ဆက်သွယ်မှုတို့ကို ပိတ်ထားခဲ့ပြီဖြစ်သည်။

မြေပြင်ရှိလူများမှာ လေယာဉ်ခရီးသည်တို့အတွက် မျှော်လင့်ချက်ရှိရာမှ လက်မှိုင်ချရမလို ပြန်ဖြစ်သွားသည်။ ဖုန်းခေါ်မရသော်လည်း နောက်ပိုင်း မက်စင်ဂျာကနေထင်သည် ဆက်သွယ်မှုပြုလုပ်၍ ရသွားရာမှ လေယာဉ်ကိုပြန်ဆင်းသက်ခွင့်ရခဲ့သည်။ဒီထက်ပိုမညွှန်းလိုတော့ပေ။ဇာတ်လမ်းကိုသာရှာကြည့်ပါတော့ဟုသာဆိုပါရစေ။

ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဒီလိုအခန်းတွေရောက်ရင် ခံစားမှုနဲ့မျက်ရည်တို့ကျရသည်။ ရင်လည်းမနင့်၊ မျက်ရည်လည်းမကျသောသူကတော့ ဘယ်လိုနှလုံးသားရှိသည့်သူဖြစ်၍လည်းတော့မသိပါ။ကျွန်တော့်မှာ ထိန်းထားရင်းနှင့်ပင် ပြကွက်များ၏အသက်ဝင်မှုကြောင့် မျက်ရည်တို့ကျခဲ့ရပါကြောင်း၊ ဇာတ်လမ်းကောင်း ကြိုက်သူများအတွက် အသိပေးလိုက်ရပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တစ္ကြက္တစ္ခ်က္ မ်က္ရည္စက္စက္

စာပဲဖတ္ဖတ္ ရုပ္ရွင္ပဲၾကည့္ၾကည့္ ျပကြက္ေလးေတြထိမိသည့္အခါ ရင္ထဲမွာနင့္လာၿပီး အခ်ိဳ႕ေသာ အခန္းမ်ားမွာဆို မ်က္ရည္က်သည္အထိျဖစ္ရသည္။

တစ္ရက္က ရုပ္သံလိုင္းတစ္ခုကျပသသည့္ ဇာတ္လမ္းတစ္ခုကို ၾကည့္မိျခင္းေၾကာင့္ ျဖစ္သည္။ ေဟာလိဝု တန္းဝင္ ေတာင္ကိုရီးယားမင္းသား လီေျဗာင္ဟြန္းပါဝင္ထားသည့္ (Emergency Declaration)ဇာတ္ကား ျပေန၍ ၾကည့္လိုက္မိျခင္းျဖစ္သည္။ အစပိုင္းကိုေတာ့ မမီလိုက္ပါ။မီလိုက္သည့္ေနရာက ၾကည့္ရတာသည္ပင္ ရသေပးစြမ္းမႈေကာင္းလွပါသည္။

ရဲအရာရွိတစ္ေယာက္က ေလယာဥ္ကြင္းေရာက္လာၿပီး ေလယာဥ္ေပၚမွာအၾကမ္းဖက္သမားပါသျဖင့္ ေလယာဥ္ကိုျပန္ဆင္းဖို႔လုပ္ခိုင္းသည္တို႔ႏွင့္ အစပ်ိဳးခဲ့ၿပီး ေလယာဥ္ေပၚက အျဖစ္အပ်က္တို႔ကလည္း သဲထိတ္ရင္ဖိုခဲ့ရသည္။ထိုရဲအရာရွိ၏ ဇနီးသည္လည္း အဆိုပါေလယာဥ္ေပၚပါသြားသည္။ေလယာဥ္က အေမရိကန္ႏိုင္ငံသို႔ပ်ံသန္းမည္ျဖစ္သည္။ရဲအရာရွိ၏ ေျပာဆိုမႈသည္ ခိုင္လုံမႈမရွိဟုယူဆၿပီး သက္ဆိုင္သူတို႔က ေလယာဥ္ကို ျပန္မဆင္းခိုင္ဘဲ ဆက္လက္ပ်ံသန္းေစခဲ့သည္။

အၾကမ္းဖက္သမားသည္ အျခားအၾကမ္းဖက္သမားမ်ားကဲ့သို႔မဟုတ္ဘဲ ကူးစက္ေရာဂါပိုးကို ျဖန္႔ေဝမည္သူ ျဖစ္ေနသည္။ကူးစက္ေရာဂါပိုး ေလယာဥ္ေပၚတြင္ စတင္ကူးစက္ခဲ့ၿပီးသည့္ေနာက္ ေသေရးရွင္ေရး အေျခအေနတြင္ လူအမ်ား၏ ျဖစ္ပ်က္လာတဲ့ စိတ္အေျခအေနကို ေဖာ္ျပရာမွာေကာင္းလွပါသည္။

တစ္စတစ္စႏွင့္ကူးစက္သူမ်ားျပားလာၿပီး ေသဆုံးမႈတို႔ရွိလာသည္။ထိုေလယာဥ္ေပၚကအျဖစ္အပ်က္ကိုလည္း ခရီးသည္တစ္ဦးက လူမႈကြန္ရက္တင္လိုက္ရာက ႏိုင္ငံတကာမီဒီယာတြင္ ခ်က္ျခင္းပင္ျပန္႔ႏွံ႔သြားခဲ့သည္။

ထိုသတင္းေၾကာင့္ အေမရိကန္ကလည္း ထိုေလယာဥ္ကို ဆင္းသက္ခြင့္မေပးသျဖင့္ ကိုရီးယားသို႔ေလယာဥ္ကို ျပန္လွည့္ခဲ့ရသည္။

ထိုေလယာဥ္အေမရိကားသို႔ ဦးတည္ေနစဥ္အတြင္း ေလယာဥ္မႉးတစ္ဦးက ဗိုင္းရက္ကူးစက္မႈေၾကာင့္ ေသဆုံးသြားခဲ့ၿပီးျဖစ္သည္။ေနာက္ေလယာဥ္မႉးတစ္ဦးကလည္း ကူးစက္မႈ အစပ်ိဳးေနၿပီ။ထိုသို ႔အေမရိကန္က လက္မခံသျဖင့္ျပန္လွည့္လာရင္း ဒုတိယေလယာဥ္မႉးလည္း ကူးစက္ေရာဂါအေတာ္ျပင္းထန္လာသည္။

ထိုေလယာဥ္ခရီးစဥ္တြင္ လီေျဗာင္ဟြန္းက ခရီးသြားအေနျဖင့္ပါလာသည္။သို႔ေသာ္ တစ္ေယာက္တည္းမဟုတ္ ႏွင္းခူနာေပါက္ေနသည့္ (၁၀)ႏွစ္ခန္႔သမီးေလးလည္းပါလာသည္။လီေျဗာင္ဟြန္းက ေလယာဥ္ေမာင္းႏွင္ ပ်ံသန္းျခင္းႏွင့္ပတ္သက္၍ တက္ေျမာက္ထားသူတစ္ဦးျဖစ္သည္။

ေသဆုံးသြားသည့္ ပထမေလယာဥ္မႉးေနရာကို ဒုတိယေလယာဥ္မႉးကေမာင္းႏွင္ေပးရင္း သူလည္းအျပင္းအထန္ျဖစ္လာသည္။ထိုေလယာဥ္ေမာင္းႏွင္ခန္းတြင္ လီေျဗာင္ဟြန္းက ဝင္ေရာက္ကူညီေမာင္းႏွင္ရင္း ကိုရီးယားသို႔ျပန္ခဲ့ၾကသည္။

သို႔ေသာ္ ဒုတိယေလယာဥ္မႉးမွာလည္း ေလယာဥ္ထိန္းေက်ာင္းေမာင္းႏွင့္ဖို႔ အခက္အခဲျဖစ္လာခဲ့သည္။ထို႔ေၾကာင့္ ေလယာဥ္ကို ဂ်ပန္ႏိုင္ငံရွိေလယာဥ္ကြင္းတစ္ခုတြင္ ဆင္းသက္ခြင့္ ေတာင္းရာ ဆင္းသက္ခြင့္ျပဳသလိုလို မျပဳသလိုလိုႏွင့္လုပ္ေနၿပီး သူတို႔ေလပိုင္နက္ အတြင္းေရာက္လာရာ တိုက္ေလယာဥ္မ်ား လႊတ္ၿပီး ပစ္ခတ္ေျခာက္လွန္႔ေတာ့သည္။ ေလယာဥ္ခရီးသည္မ်ားမွာ ေဝဒနာကတစ္မ်ိဳး တိုက္ေလယာဥ္မ်ား၏ ပစ္ခတ္ေျခာက္လွန္႔ျခင္းကတစ္မ်ိဳးႏွင့္ ထိတ္လန္႔ေနၾကသည္။

ဒီလိုႏွင့္ဂ်ပန္ႏိုင္ငံကလည္း ေလယာဥ္ေပၚက ခရီးသည္ႏွင့္စာလွ်င္ သူ႔ဂ်ပန္ႏိုင္ငံသားတို႔ အေရးကိုသာ ဦးထိပ္ထားၿပီး ကူးစက္ေလယာဥ္ဆင္းသက္ခြင့္ေတာင္းျခင္းကို ျငင္းဆန္လိုက္သည္။

ဂ်ပန္ႏိုင္ငံကဆင္းခြင့္မျပဳသျဖင့္ လက္က်န္ဆီျဖင့္ ကိုရီးယားႏိုင္ငံသို႔ျပန္ဖို႔သာရွိေတာ့သည္။ေလယာဥ္အတြင္း ကူးစက္သူႏွင့္ မကူးစက္သူတို႔အၾကား အစက ပရိပကၡရွိခဲ့ေသာ္လည္း ေနာက္ပိုင္း အကုန္လုံးနီးပါး ကူးစက္သည့္အေျခအေနျဖစ္လာရာ အနည္းငယ္ၿငိမ္သြားခဲ့သည္။

ထိုသို႔ျဖစ္ခဲ့ၿပီး ေလယာဥ္ကို မိမိႏိုင္ငံကို ဦးတည္ပ်ံသန္းမႈကို ဒုတိယေလယာဥ္မႉးက မေမာင္းႏိုင္ေတာ့သျဖင့္ လီေျဗာင္းဟြန္းကေမာင္းႏွင္လာသည္။ဘာပဲျဖစ္ျဖစ္ ကိုယ့္ႏိုင္ငံကပဲ ကိုယ့္ကို ဖက္လဲတကင္း ႀကိဳဆုိေတာ့ မည္ေပါ့။ သို႔ေသာ္လည္း ေလယာဥ္ေပၚရွိ ခရီးသည္တို႔ထင္သလို ကိုယ့္ႏိုင္ငံသား ကူးစက္ေလယာဥ္ကို ျပည္သူတို႔က ဆင္းသက္ခြင့္မျပဳခဲ့ေပ။

ထိုအေျခအေနတြင္ ေမွ်ာ္လင့္ခ်က္မဲ့သြားေသာခရီးသည္တို႔မွာ ယူႀကဳံးမရျဖစ္ကုန္ၾကသည္။ ရင္နင့္စရာ ေကာင္းလွသည္။ကိုယ္ အားကိုးဖက္တြယ္ရာ၊ေမွ်ာ္လင့္ရာတို႔က ကိုယ့္အတြက္ ဘာမွမရွိေတာ့သည့္အေျခအေန ေရာက္လာသည္။

ေနာက္ပိုင္းတြင္ နာသူမ်ားကပဲ ဆက္ၿပီးအနာခံဖို႔၊ေျမျပင္ကို မဆင္းဖို႔ ဆုံးျဖတ္ခ်က္ကို ခ်လိုက္ၾကေတာ့ သည္။သူတို႔ေၾကာင့္ သူတို႔ႏိုင္ငံရွိျပည္သူတို႔ ကူစက္ေရာဂါဆိုးႀကီးမခံစားရပါေစႏွင့္ဆိုသည့္ ျပကြက္သည္ ရင္ထဲမွာနင့္လွသည္။

ထို႔ထက္ပိုဆိုးသည္က ေလယာဥ္ကိုကူေမာင္းေနရေသာလီေျဗာင္ဟြန္းထံ သူသမီးေလးေရာက္လာၿပီး သားအဖႏွစ္ဦးေျပာၾကသည့္အခန္းက မ်က္ရာတို႔လည္ခဲ့ ထြက္က်ခဲ့ရသည္။ႏွင္းခူေရာဂါေၾကာင့္ အားငယ္ေန ရေသာသမီးေလးက သူ႔ေရာဂါႏွင့္သူ႔အေဖလက္တြင္ ျဖစ္ေပၚေနေသာကူးစက္ေရာဂါကိုၾကည့္ၿပီး

“ေဖေဖလည္းကူးစက္ေနၿပီမို႔လား၊သမီးတို႔ေလယာဥ္ မဆင္းပဲေနရေအာင္ေနာ္ေဖေဖ၊ သူငယ္ခ်င္းေတြလည္း ကူးစက္မခံရေတာ့ဘူးေပါ့”တဲ့။

ဒီအခန္းေလးကိုၾကည့္ရင္း ရင္မွာနင့္ကနဲျဖစ္ကာ မ်က္ရည္တို႔ ပါးျပင္မွာ စီးဆင္းသြားသည္။စီးဆင္းပါေစ။ မ်က္ရည္က်ရမွာ မရွက္ေတာ့ပါ။ စိတ္ဓာတ္ေလးေတြအေပၚ ႏွစ္သက္ၾကည္ႏူးမႈႏွင့္ ကၽြန္ေတာ္မ်က္ရည္က် သည္။သူက ႏိုင္ငံအတြက္ ႀကီးႀကီးက်ယ္က်ယ္ မေတြးတတ္။သူနဲ႔အနီးဆုံး ေက်ာင္းေနဖက္ေတြ အတြက္သာ သူေတြးႏိုင္သည္။

ႏိုင္ငံက ကိုယ့္ႏိုင္ငံေလယာဥ္ကို ဆင္းသက္ခြင့္မျပဳသည့္ေနာက္ ေျမျပင္အေျခကလည္း ပရိပကၡအသြင္ျဖစ္ ေနသည္။

အၾကမ္းဖက္သမားပါသျဖင့္ ေလယာဥ္ကိုျပန္ဆင္းခိုင္းဖို႔ေျပာသည့္ ရဲအရာရွိသည္ ႏိုင္ငံေတာ္က ေလယာဥ္ကို ဆင္းသက္ခြင့္ မျပဳသျဖင့္ မိမိကိုယ္တြင္း ကူးစက္ေရာဂါပိုးကို ထိုးသြင္းစမ္းသပ္မႈ ျပဳလုပ္လိုက္သည္။ ေရာဂါကို ခုခံႏိုင္လွ်င္ ေလယာဥ္ဆင္းသက္ခြင့္ရမည္။ေျမျပင္တြင္ ေရာဂါကူစက္မႈခံရသည့္ သူ႔ကို မျဖစ္မေနေဆးတို႔ ေပးရေတာ့သည္။ေရာဂါပိုးခုခံႏိုင္သည့္ ပ႗ိပစၥည္း ရရွိေအာင္ သူရည္ရြယ္ၿပီးလုပ္ခဲ့သည္။ သူ႕ကိုေဆးမ်ား ထိုးသြင္းကုသမႈ အႀကိမ္ႀကိမ္လုပ္ရာေနာက္ဆုံး ျပန္ၿပီးစကားေျပာႏိုင္သည့္ အေျခအေနသို႔ေရာက္လာသည္။

ထိုအခ်ိန္ မတိုင္မီ ေကာင္းကင္ရွိ ေလယာဥ္ကိုတာဝန္ယူေမာင္းႏွင္ေနေသာ လီေျဗာင္ဟြန္းက ေျမျပင္ရွိ သက္ဆိုင္သူတို႔ထံသို႔ သူတို႔ေလယာဥ္သည္ ေျမျပင္ကို ဆင္းသက္ေတာ့မည္မဟုတ္ေၾကာင္း၊ေလယာဥ္ေပၚရွိ ခရီးသည္မ်ားက ေျမျပင္ေပၚရွိျပည္သူတို႔ကို သူတို႔လိုကူးစက္ေရာဂါဆိုးႀကီး မခံစားရေအာင္ တသေဘာတည္း ဆုံးျဖတ္လိုက္ေၾကာင္း၊ဆက္သြယ္မႈအားလုံးကိုလည္း ယခုပင္ရပ္လိုက္ေတာ့မည္ျဖစ္ေၾကာင္း ေျပာၿပီး ဆက္သြယ္မႈအားလုံးကိုျဖတ္ကာ ေလယာဥ္ကို ဆီကုန္သည္အထိ ေကာင္းကင္တြင္ ဝဲပ်ံသြားဖို႔ လုပ္လိုက္ေတာ့သည္။

ေျမျပင္ရဲအရာရွိ စကားျပန္ေျပာႏိုင္လာေသာအခါ ကူးစက္သူမ်ားအတြက္ ေဆးေပးႏိုင္ေတာမည္ျဖစ္ရာ ေလယာဥ္ကိုျပန္ေခၚဖို႔ လုပ္ၾကေတာ့သည္။သို႔ေသာ္ေလယာဥ္က အဆုံးသက္အေနျဖင့္ ဆက္သြယ္မႈတို႔ကို ပိတ္ထားခဲ့ၿပီျဖစ္သည္။

ေျမျပင္ရွိလူမ်ားမွာ ေလယာဥ္ခရီးသည္တို႔အတြက္ ေမွ်ာ္လင့္ခ်က္ရွိရာမွ လက္မႈိင္ခ်ရမလို ျပန္ျဖစ္သြားသည္။ ဖုန္းေခၚမရေသာ္လည္း ေနာက္ပိုင္း မက္စင္ဂ်ာကေနထင္သည္ ဆက္သြယ္မႈျပဳလုပ္၍ ရသြားရာမွ ေလယာဥ္ကိုျပန္ဆင္းသက္ခြင့္ရခဲ့သည္။ဒီထက္ပိုမညႊန္းလိုေတာ့ေပ။ဇာတ္လမ္းကိုသာရွာၾကည့္ပါေတာ့ဟုသာဆိုပါရေစ။

ေယာက်္ားပဲျဖစ္ျဖစ္ မိန္းမပဲျဖစ္ျဖစ္ ဒီလိုအခန္းေတြေရာက္ရင္ ခံစားမႈနဲ႔မ်က္ရည္တို႔က်ရသည္။ ရင္လည္းမနင့္၊ မ်က္ရည္လည္းမက်ေသာသူကေတာ့ ဘယ္လိုႏွလုံးသားရွိသည့္သူျဖစ္၍လည္းေတာ့မသိပါ။ကၽြန္ေတာ့္မွာ ထိန္းထားရင္းႏွင့္ပင္ ျပကြက္မ်ား၏အသက္ဝင္မႈေၾကာင့္ မ်က္ရည္တို႔က်ခဲ့ရပါေၾကာင္း၊ ဇာတ္လမ္းေကာင္း ႀကိဳက္သူမ်ားအတြက္ အသိေပးလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit to Photo

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service