တတမိ ၃ ချပ်အခန်းများ (သို့မဟုတ်) ဖိနပ်ပုံးထဲက ဂျပန်လူငယ်များ

တတမိ ၃ ချပ်အခန်းများ (သို့မဟုတ်) ဖိနပ်ပုံးထဲက ဂျပန်လူငယ်များ - Property News in Myanmar from iMyanmarHouse.com
13 Oct 2022 10:33 am တွင် တင်ခဲ့သည်
1122 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(အဆုမိ ဖူဂျိဝဒ တိုကျိုရှိ သူမ၏ တိုက်ခန်းအတွင်း ယောဂလေ့ကျင့်နေပုံ။ သြဂုတ်လ ၃၁ ရက်။ ဂျပန်တွင် သေးငယ်သော အခန်းကလေးများမှာ ပုံမှန်လူနေမှုဘဝတစ်ခုဖြစ်လာသည်။ ဓာတ်ပုံ-နို့ဒိကို့ ဟယရှိ-နယူးယောက်တိုင်းမ်)

ဂျပန်မှ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောအသင်းတစ်ခု၏ ရုံးတွင် တစ်နေကုန်အလုပ်လုပ်ကိုင်ခဲ့အပြီး အဆုမိ ဖူဂျိဝဒသည် သူမ၏ တိုက်ခန်းကလေးသို့ ပြန်လာကာ ညဝတ်ဘောင်းဘီလဲလိုက်၏။ အိပ်ယာမဝင်ခင် အဆုမိက အပေါ့စားလေ့ကျင့်ခန်းတစ်ခု လုပ်ချင်သည်။ သို့ကြောင့် အိမ်သာရှေ့ ကြမ်းပြင်ပေါ် ဗီနိုင်းဖြင့် ပြုလုပ်ထားသည့် ယောဂဖျာတစ်ချပ် ချလိုက်၏။

တစ်အိုးတည် မီးဖို၊ တစ်ပေါက်သာပါသော ပေါင်မုန့်မီးကင်စက်တို့ကို ဖြတ်သန်းကာ သူ၏ စားပွဲခြေရင်းနေရာအထိ ဖြန့်ချလိုက်သည်။

အနည်းငယ် အကြောလျှော့လိုက်ပြီးသောအခါ အဆုမိက ယောဂဖျာပေါ်တွင် Warrior ယောဂကိုယ်နေဟန် (ဒူးတစ်ချောင်းကွေး၊ပေါင်ကားလက်မြှောက်) ရပ်လိုက်၏။

ယင်းနောက် လက်များကို တဆုံးဆန့်ထုတ်ရမည်ဖြစ်သော်လည်း အဆုမိက တံတောင်ဆစ်ကို ကွေးထားရသည်။

“ကျွန်မ ဒီလေ့ကျင့်ခန်းရဲ့ ကိုယ်နေဟန်ထားကို ပြောင်းထားရတယ်။ ဒါမှမဟုတ်ရင် လက်တွေက အကုန်တိုက်မိကုန်ပါလိမ့်မယ်”ဟု အသက် ၂၉ နှစ်အရွယ်ရှိ အဆုမိ ဖူဂျိဝဒက ပြောသည်။

ဤသည်ကား စတုရန်း ၉ မီတာ (၉၅ စတုရန်းပေ) သာရှိသော တိုကျိုလူနေခန်းလေးတွင် နေထိုင်ရသည့် ဘဝပုံစံပင်။

ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့ပြတစ်ခုဖြစ်သော တိုကျိုသည် အိမ်ခြံမြေဈေးနှုန်းများ မြင့်မားလှကာ နေရာထိုင်ခင်း ကျဉ်းမြောင်းမှုဖြင့် နာမည်ကျော်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့သော် “တတမိ ၃ ချပ်အခန်းများ”ဟု လူသိများသော ယခုကဲ့သို့ အခန်းသစ်များမှာ ဂျပန်ခေတ်သစ်လူနေမှု ဘဝပုံစံတစ်ခုသဖွယ် ဖြစ်လာသည်။

တတမိ ၃ ချပ်ခန်းဟူသည်မှာ ဂျပန်ကြမ်းခင်းဖျာ အချပ်ရေမည်မျှခင်းနိုင်သည်ဟူသောအချက်ပေါ်မူတည်ကာ သုံးနှုန်းသည့်စကားဖြစ်သည်။

ဂျပန်အိမ်ခြံမြေ Developer ဖြစ်သော Spilytus သည် သေးငယ်သောအခန်းကျဉ်းကလေးများ ဆောက်လုပ်လျက်ရှိသည့် ထိပ်တန်းကုမ္ပဏီကြီး ဖြစ်သည်။

Spilytus ကုမ္ပဏီသည် “ဖိနပ်ပုံးလူနေခန်း” ဟုခေါ်ဝေါ်ကြသော အခန်းကျဉ်းလေးများကို ၂၀၁၅ ခုနှစ် ကတည်းက စတင်ဆောက်လုပ်လျက်ရှိခြင်းဖြစ်ပြီး ၎င်းတို့ဆောက်လုပ်ခဲ့သော အဆောက်အအုံ ၁၀၀ တွင် နေထိုင်သူ ၁၅၀၀ ဦးကျော်ရှိနေပြီဖြစ်ကာ demand မှာ ဆက်လက်အားကောင်းနေသည်။

အဆိုပါအခန်းများမှာ တိုကျိုရှိ ပုံမှန်စတူဒီယိုခန်း၏ ထက်ဝက်ခန့်သာ အကျယ်ရှိသည်။

စတူဒီယိုခန်းများမှာ မျက်နှာကြက်အမြင့် ၄ မီတာ (၁၂ ပေ) မြင့်ပြီး အိပ်ရန်အတွက် အမိုးအောက်ထပ်ခိုးကဲ့သို့ အခန်းတစ်ခန်းပါသည်။

ယင်းအခန်းတို့သည် သန့်ပြန့်သော အဖြူရောင်ကြမ်းပြင်များ၊ နံရံများဖြင့် များစွာစတိုင်ကျသည်။ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ ဆိုဖာတစ်ခုနှင့် အလုပ်စားပွဲတစ်ခုထားနိုင်သည့်နေရာကား ရှိသည်။

ထိုအခန်းများသည် ဘတ်ဂျက်အကန့်အသတ်ရှိသူများအတွက်ကား မဟုတ်ချေ။

ဈေးသက်သာသည့်အခန်းများရှိသော်လည်း ဆယ်စုနှစ်များစွာ အိုမင်းနေပြီဖြစ်သည့်အခန်းများ ဖြစ်သည်။

အလွန်ကျဉ်းမြောင်းလှသောအခန်းလေးများ (microapartment) များ၏ အိမ်လခမှာ တစ်လလျှင် ဒေါ်လာ ၃၄၀ မှ ၆၃၀ ကြားရှိရာ စတူဒီယိုခန်းများ၏ ဈေးနှုန်းအောက် ဒေါ်လာ ၂၀၀ ခန့်သက်သာသည်။

အခန်းများသည် လူကြိုက်များသည့်နေရာများဖြစ်သော တိုကျိုမြို့လယ် ဟဒဂျုကု၊ နကမီဂုဒို့နှင့် ရှိဘုယဒေသများတွင် တည်ရှိကာ ဖက်ရှင်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များ ပေါများသည်။

အဆောက်အအုံအများစုမှာ မြေအောက်ဘူတာရုံများနှင့် နီးသည်။ ထိုအချက်မှာ ဂျပန်လူငယ်များစွာအတွက် အဓိကဦးစားပေးအချက်ဖြစ်သည်။

(တိုကျိုရှိ အခန်းကျဉ်းကလေးများရှိရာ အဆောက်အအုံတစ်ခုကို သြဂုတ်လ ၂၄ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ- နို့ဒိကို့ ဟယရှိ- နယူးယောက်တိုင်းမ်သတင်းစာ)

ထိုအဆောက်အအုံများတွင် နေထိုင်သူများ၏ ၃ ပုံ ၂ ပုံမှာ အသက် ၂၀ ကျော်အရွယ်လူငယ်များဖြစ်ကြပြီး ၎င်းတို့၏ ဝင်ငွေမှာ တစ်နှစ်လျှင် ဒေါ်လာ ၁၇၀၀၀ မှ ၂၀၀၀၀ ကြားရှိကြောင်း အစိုးရထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။

(ဂျပန်တွင် လုပ်ခလစာ မြင့်မားသည်)

စပေါ်ငွေမပေးရခြင်းကြောင့် အများစုက စိတ်ဝင်စားကြပြီး အငှားအများစုမှာ ၃ လစာပေးထားရသည်။

နေရာကျဉ်းမြောင်းခြင်းမှာ ဂျပန်လူငယ်အများစု၏ ဘဝနေထိုင်မှုဟန်ပန်နှင့်လည်း တမျိုးတဖုံ သဟဇာတ ဖြစ်နေသည်။

ဂျပန်တွင် ဧည့်သည်များကို အိမ်တွင် ဧည့်ခံလေ့ထုံးစံမရှိ။ Growth From Knowledge မှ ကောက်ယူသော စစ်တမ်းတစ်ရပ်အရ ဂျပန်လူငယ်များ၏ ၃ ပုံ ၁ ပုံက ၎င်းတို့တွင် မိတ်ဆွေသူငယ်ချင်းလုံးဝမရှိဟု ဆိုသည်။

ဖူဂျိဝဒသည် သူ၏လူနေခန်းလေးတွင် နေထိုင်ခဲ့သည့် ၂ နှစ်နီးပါးကာလအတွင်း လက်တွဲဖော်မရှိခဲ့။

“ဒီနေရာက ကျွန်မအတွက်ပါ”ဟု ဖူဂျိဝဒက ပြောသည်။

ဂျပန်တွင် လူကြီး၊ လူငယ်အများစုမှာ အလုပ်ချိန်ရှည်ကြာစွာ လုပ်ကိုင်ကြရာ အိမ်တွင်နေထိုင်ရန် အချိန်နည်းပါးသည်။

တိုကျိုတွင် လူဦးရေအမြဲမြင့်တက်လျက်ရှိရာ ကျဉ်းမြောင်းသောနေရာများမှာ ပိုမိုအပ်စပ်လာသည်။

တိုကျိုတွင် ထိုသို့နေထိုင်သူများမှာ အများအားဖြင့် အပြင်ထွက်၍သာ စားသောက်ခြင်း (သို့မဟုတ်) အသင့်စား အစားအစာများကို ကုန်တိုက်များ၊ ကုန်စုံဆိုင်များမှ ဝယ်ယူ၍သာ စားသောက်ခြင်းပြုလုပ်ကြရာ တခမ်းတနား မီးဖိုဆောင် မလိုအပ်လှချေ။

အသက် ၁၉ နှစ်အရွယ်ရှိ ကောလိပ်ကျောင်းသား ယုဂို့ ကိနို့ရှိတသည် စားသောက်ဆိုင်တစ်ခုတွင် အချိန်ပိုင်း လုပ်ကိုင်သူ ဖြစ်သည်။ သူတို့အတွက် လူနေခန်းမှာ အိပ်ရန်သက်သက်အတွက်သာ ဖြစ်သည်။

သူ၏ အလုပ်ဆိုင်း ပြီးဆုံးချိန်တွင် ညဉ့်သန်းခေါင်ရောက်ရန် တစ်နာရီခန့်သာ လိုတော့ပြီး ပင်ပန်းနေပြီ ဖြစ်သည်။

ထိုနောက် ကိနို့ရှိတက က ဝန်ထမ်းများအတွက် ပေးအပ်ထားသော အခမဲ့စားနိုင်သည့် ညစာကို စားသောက်၏။ ယင်းနောက် အများသုံး ရေချိုးခန်းသို့သွားပြီးလျှင် သူ့အခန်းသို့ ပြန်တော့သည်။

နေ့ဘက်အချိန်များတွင်လည်း အာဟာရဗေဒဘွဲ့အတွက် တက်ရောက်နေရသော ကျောင်းစာများ သင်ယူလေ့လာခြင်း၊ သူငယ်ချင်းများနှင့် တွေ့ဆုံခြင်းတို့ဖြင့် အချိန်ကုန်သည်။

နေအိမ်ခန်းတွင် ရှိနေချိန်မျိုးဆိုလျှင် ရုပ်မြင်သံကြားစက်တင်ရန် အသုံးပြုသော သေတ္တာမှာ စာရေးစားပွဲဖြစ်သွားပြီး စားသောက်ချိန်ဆိုလျှင် မီးဖိုဆောင်ခုံဖြစ်ရပြန်သည်။

(ယုဂို့ ကိနို့ရှိတ။ အချိန်ပိုင်းအလုပ်တစ်ခုလုပ်ကိုင်သော အသက် ၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသား။ နေအိမ်တွင် ရုပ်မြင်သံကြားကြည့်နေပုံ။ ဓာတ်ပုံ- နို့ဒိကို့ ဟယရှိ- နယူးယောက်တိုင်းမ်သတင်းစာ)

(အသက် ၂၆ နှစ်အရွယ် ကန ကို့မတ်ဆုဘဒ။ စက်တင်ဘာလ ၂၄ ရက်တွင် တိုကျိုရှိ သူမ၏ အခန်းတွင် တွေ့ရပုံ။ ဂျပန်တွင် သေးငယ်သောလူနေခန်းလေးများမှာ ပုံမှန်ဘဝနေထိုင်မှု ဖြစ်သည်။ ဓာတ်ပုံ-နို့ဒိကို့ ဟယရှိ= နယူးယောက်တိုင်းမ်သတင်းစာ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A tiny Tokyo apartment: ‘I wouldn’t live anywhere else (japantimes)

[Zawgyi]

တတမိ ၃ ခ်ပ္အခန္းမ်ား (သုိ႔မဟုတ္) ဖိနပ္ပံုးထဲက ဂ်ပန္လူငယ္မ်ား

(အဆုမိ ဖူဂ်ိဝဒ တိုက်ဳိရွိ သူမ၏ တိုက္ခန္းအတြင္း ေယာဂေလ့က်င့္ေနပံု။ ၾသဂုတ္လ ၃၁ ရက္။ ဂ်ပန္တြင္ ေသးငယ္ေသာ အခန္းကေလးမ်ားမွာ ပံုမွန္လူေနမႈဘဝတစ္ခုျဖစ္လာသည္။ ဓာတ္ပံု-ႏို႔ဒိကို႔ ဟယရွိ-နယူးေယာက္တိုင္းမ္)

ဂ်ပန္မွ ပေရာ္ဖက္ရွင္နယ္ ေဘ့စ္ေဘာအသင္းတစ္ခု၏ ရံုးတြင္ တစ္ေနကုန္အလုပ္လုပ္ကိုင္ခဲ့အျပီး အဆုမိ ဖူဂ်ိဝဒသည္ သူမ၏ တိုက္ခန္းကေလးသို႔ ျပန္လာကာ ညဝတ္ေဘာင္းဘီလဲလိုက္၏။ အိပ္ယာမဝင္ခင္ အဆုမိက အေပါ့စားေလ့က်င့္ခန္းတစ္ခု လုပ္ခ်င္သည္။ သို႔ေၾကာင့္ အိမ္သာေရွ႕ ၾကမ္းျပင္ေပၚ ဗီႏိုင္းျဖင့္ ျပဳလုပ္ထားသည့္ ေယာဂဖ်ာတစ္ခ်ပ္ ခ်လိုက္၏။

တစ္အိုးတည္ မီးဖို၊ တစ္ေပါက္သာပါေသာ ေပါင္မုန္႔မီးကင္စက္တို႔ကို ျဖတ္သန္းကာ သူ၏ စားပြဲေျခရင္းေနရာအထိ ျဖန္႔ခ်လိုက္သည္။

အနည္းငယ္ အေၾကာေလွ်ာ့လိုက္ျပီးေသာအခါ အဆုမိက ေယာဂဖ်ာေပၚတြင္ Warrior ေယာဂကိုယ္ေနဟန္ (ဒူးတစ္ေခ်ာင္းေကြး၊ေပါင္ကားလက္ေျမွာက္) ရပ္လိုက္၏။

ယင္းေနာက္ လက္မ်ားကို တဆံုးဆန္႔ထုတ္ရမည္ျဖစ္ေသာ္လည္း အဆုမိက တံေတာင္ဆစ္ကို ေကြးထားရသည္။

“ကၽြန္မ ဒီေလ့က်င့္ခန္းရဲ႕ ကိုယ္ေနဟန္ထားကို ေျပာင္းထားရတယ္။ ဒါမွမဟုတ္ရင္ လက္ေတြက အကုန္တိုက္မိကုန္ပါလိမ့္မယ္”ဟု အသက္ ၂၉ ႏွစ္အရြယ္ရွိ အဆုမိ ဖူဂ်ိဝဒက ေျပာသည္။

ဤသည္ကား စတုရန္း ၉ မီတာ (၉၅ စတုရန္းေပ) သာရွိေသာ တိုက်ဳိလူေနခန္းေလးတြင္ ေနထုိင္ရသည့္ ဘဝပံုစံပင္။

ကမၻာ့လူဦးေရအထူထပ္ဆံုးျမိဳ႕ျပတစ္ခုျဖစ္ေသာ တိုက်ဳိသည္ အိမ္ျခံေျမေစ်းႏႈန္းမ်ား ျမင့္မားလွကာ ေနရာထုိင္ခင္း က်ဥ္းေျမာင္းမႈျဖင့္ နာမည္ေက်ာ္သည္မွာ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္။

သို႔ေသာ္ “တတမိ ၃ ခ်ပ္အခန္းမ်ား”ဟု လူသိမ်ားေသာ ယခုကဲ့သို႔ အခန္းသစ္မ်ားမွာ ဂ်ပန္ေခတ္သစ္လူေနမႈ ဘဝပံုစံတစ္ခုသဖြယ္ ျဖစ္လာသည္။

တတမိ ၃ ခ်ပ္ခန္းဟူသည္မွာ ဂ်ပန္ၾကမ္းခင္းဖ်ာ အခ်ပ္ေရမည္မွ်ခင္းႏိုင္သည္ဟူေသာအခ်က္ေပၚမူတည္ကာ သံုးႏႈန္းသည့္စကားျဖစ္သည္။

ဂ်ပန္အိမ္ျခံေျမ Developer ျဖစ္ေသာ Spilytus သည္ ေသးငယ္ေသာအခန္းက်ဥ္းကေလးမ်ား ေဆာက္လုပ္လ်က္ရွိသည့္ ထိပ္တန္းကုမၸဏီၾကီး ျဖစ္သည္။

Spilytus ကုမၸဏီသည္ “ဖိနပ္ပံုးလူေနခန္း” ဟုေခၚေဝၚၾကေသာ အခန္းက်ဥ္းေလးမ်ားကို ၂၀၁၅ ခုႏွစ္ ကတည္းက စတင္ေဆာက္လုပ္လ်က္ရွိျခင္းျဖစ္ျပီး ၎တို႔ေဆာက္လုပ္ခဲ့ေသာ အေဆာက္အအံု ၁၀၀ တြင္ ေနထိုင္သူ ၁၅၀၀ ဦးေက်ာ္ရွိေနျပီျဖစ္ကာ demand မွာ ဆက္လက္အားေကာင္းေနသည္။

အဆိုပါအခန္းမ်ားမွာ တိုက်ဳိရွိ ပံုမွန္စတူဒီယိုခန္း၏ ထက္ဝက္ခန္႔သာ အက်ယ္ရွိသည္။

စတူဒီယိုခန္းမ်ားမွာ မ်က္ႏွာၾကက္အျမင့္ ၄ မီတာ (၁၂ ေပ) ျမင့္ျပီး အိပ္ရန္အတြက္ အမိုးေအာက္ထပ္ခိုးကဲ့သို႔ အခန္းတစ္ခန္းပါသည္။ ယင္းအခန္းတို႔သည္ သန္႔ျပန္႔ေသာ အျဖဴေရာင္ၾကမ္းျပင္မ်ား၊ နံရံမ်ားျဖင့္ မ်ားစြာစတုိင္က်သည္။ အဝတ္ေလွ်ာ္စက္၊ ေရခဲေသတၱာ၊ ဆိုဖာတစ္ခုႏွင့္ အလုပ္စားပြဲတစ္ခုထားႏိုင္သည့္ေနရာကား ရွိသည္။

ထိုအခန္းမ်ားသည္ ဘတ္ဂ်က္အကန္႔အသတ္ရွိသူမ်ားအတြက္ကား မဟုတ္ေခ်။

ေစ်းသက္သာသည့္အခန္းမ်ားရွိေသာ္လည္း ဆယ္စုႏွစ္မ်ားစြာ အိုမင္းေနျပီျဖစ္သည့္အခန္းမ်ား ျဖစ္သည္။

အလြန္က်ဥ္းေျမာင္းလွေသာအခန္းေလးမ်ား (microapartment) မ်ား၏ အိမ္လခမွာ တစ္လလွ်င္ ေဒၚလာ ၃၄၀ မွ ၆၃၀ ၾကားရွိရာ စတူဒီယိုခန္းမ်ား၏ ေစ်းႏႈန္းေအာက္ ေဒၚလာ ၂၀၀ ခန္႔သက္သာသည္။

အခန္းမ်ားသည္ လူၾကိဳက္မ်ားသည့္ေနရာမ်ားျဖစ္ေသာ တိုက်ဳိျမိဳ႕လယ္ ဟဒဂ်ဳကု၊ နကမီဂုဒို႔ႏွင့္ ရွိဘုယေဒသမ်ားတြင္ တည္ရွိကာ ဖက္ရွင္ဆိုင္မ်ား၊ ေကာ္ဖီဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ား ေပါမ်ားသည္။

အေဆာက္အအံုအမ်ားစုမွာ ေျမေအာက္ဘူတာရံုမ်ားႏွင့္ နီးသည္။ ထိုအခ်က္မွာ ဂ်ပန္လူငယ္မ်ားစြာအတြက္ အဓိကဦးစားေပးအခ်က္ျဖစ္သည္။

(တိုက်ဳိရွိ အခန္းက်ဥ္းကေလးမ်ားရွိရာ အေဆာက္အအံုတစ္ခုကို ၾသဂုတ္လ ၂၄ ရက္က ရိုက္ကူးထားသည့္ ဓာတ္ပံုျဖစ္သည္။ ဓာတ္ပံု- ႏို႔ဒိကို႔ ဟယရွိ- နယူးေယာက္တုိင္းမ္သတင္းစာ)

ထိုအေဆာက္အအံုမ်ားတြင္ ေနထုိင္သူမ်ား၏ ၃ ပံု ၂ ပံုမွာ အသက္ ၂၀ ေက်ာ္အရြယ္လူငယ္မ်ားျဖစ္ၾကျပီး ၎တို႔၏ ဝင္ေငြမွာ တစ္ႏွစ္လွ်င္ ေဒၚလာ ၁၇၀၀၀ မွ ၂၀၀၀၀ ၾကားရွိေၾကာင္း အစိုးရထုတ္ျပန္သည့္ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

(ဂ်ပန္တြင္ လုပ္ခလစာ ျမင့္မားသည္)

စေပၚေငြမေပးရျခင္းေၾကာင့္ အမ်ားစုက စိတ္ဝင္စားၾကျပီး အငွားအမ်ားစုမွာ ၃ လစာေပးထားရသည္။

ေနရာက်ဥ္းေျမာင္းျခင္းမွာ ဂ်ပန္လူငယ္အမ်ားစု၏ ဘဝေနထိုင္မႈဟန္ပန္ႏွင့္လည္း တမ်ဳိးတဖံု သဟဇာတ ျဖစ္ေနသည္။

ဂ်ပန္တြင္ ဧည့္သည္မ်ားကို အိမ္တြင္ ဧည့္ခံေလ့ထံုးစံမရွိ။ Growth From Knowledge မွ ေကာက္ယူေသာ စစ္တမ္းတစ္ရပ္အရ ဂ်ပန္လူငယ္မ်ား၏ ၃ ပံု ၁ ပံုက ၎တို႔တြင္ မိတ္ေဆြသူငယ္ခ်င္းလံုးဝမရွိဟု ဆိုသည္။

ဖူဂ်ိဝဒသည္ သူ၏လူေနခန္းေလးတြင္ ေနထုိင္ခဲ့သည့္ ၂ ႏွစ္နီးပါးကာလအတြင္း လက္တြဲေဖာ္မရွိခဲ့။

“ဒီေနရာက ကၽြန္မအတြက္ပါ”ဟု ဖူဂ်ိဝဒက ေျပာသည္။

ဂ်ပန္တြင္ လူၾကီး၊ လူငယ္အမ်ားစုမွာ အလုပ္ခ်ိန္ရွည္ၾကာစြာ လုပ္ကိုင္ၾကရာ အိမ္တြင္ေနထိုင္ရန္ အခ်ိန္နည္းပါးသည္။

တိုက်ဳိတြင္ လူဦးေရအျမဲျမင့္တက္လ်က္ရွိရာ က်ဥ္းေျမာင္းေသာေနရာမ်ားမွာ ပိုမိုအပ္စပ္လာသည္။

တိုက်ဳိတြင္ ထုိသို႔ေနထိုင္သူမ်ားမွာ အမ်ားအားျဖင့္ အျပင္ထြက္၍သာ စားေသာက္ျခင္း (သို႔မဟုတ္) အသင့္စား အစားအစာမ်ားကို ကုန္တိုက္မ်ား၊ ကုန္စံုဆိုင္မ်ားမွ ဝယ္ယူ၍သာ စားေသာက္ျခင္းျပဳလုပ္ၾကရာ တခမ္းတနား မီးဖိုေဆာင္ မလိုအပ္လွေခ်။

အသက္ ၁၉ ႏွစ္အရြယ္ရွိ ေကာလိပ္ေက်ာင္းသား ယုဂို႔ ကိႏို႔ရွိတသည္ စားေသာက္ဆိုင္တစ္ခုတြင္ အခ်ိန္ပိုင္း လုပ္ကိုင္သူ ျဖစ္သည္။ သူတုိ႔အတြက္ လူေနခန္းမွာ အိပ္ရန္သက္သက္အတြက္သာ ျဖစ္သည္။

သူ၏ အလုပ္ဆိုင္း ျပီးဆံုးခ်ိန္တြင္ ညဥ့္သန္းေခါင္ေရာက္ရန္ တစ္နာရီခန္႔သာ လိုေတာ့ျပီး ပင္ပန္းေနျပီ ျဖစ္သည္။

ထိုေနာက္ ကိႏို႔ရွိတက က ဝန္ထမ္းမ်ားအတြက္ ေပးအပ္ထားေသာ အခမဲ့စားႏိုင္သည့္ ညစာကို စားေသာက္၏။ ယင္းေနာက္ အမ်ားသံုး ေရခ်ဳိးခန္းသို႔သြားျပီးလွ်င္ သူ႔အခန္းသို႔ ျပန္ေတာ့သည္။ ေန႔ဘက္အခ်ိန္မ်ားတြင္လည္း အာဟာရေဗဒဘြဲ႔အတြက္ တက္ေရာက္ေနရေသာ ေက်ာင္းစာမ်ား သင္ယူေလ့လာျခင္း၊ သူငယ္ခ်င္းမ်ားႏွင့္ ေတြ႔ဆံုျခင္းတို႔ျဖင့္ အခ်ိန္ကုန္သည္။

ေနအိမ္ခန္းတြင္ ရွိေနခ်ိန္မ်ဳိးဆိုလွ်င္ ရုပ္ျမင္သံၾကားစက္တင္ရန္ အသံုးျပဳေသာ ေသတၱာမွာ စာေရးစားပြဲျဖစ္သြားျပီး စားေသာက္ခ်ိန္ဆိုလွ်င္ မီးဖိုေဆာင္ခံုျဖစ္ရျပန္သည္။

(ယုဂို႔ ကိႏို႔ရွိတ။ အခ်ိန္ပိုင္းအလုပ္တစ္ခုလုပ္ကိုင္ေသာ အသက္ ၁၉ ႏွစ္အရြယ္ ေကာလိပ္ေက်ာင္းသား။ ေနအိမ္တြင္ ရုပ္ျမင္သံၾကားၾကည့္ေနပံု။ ဓာတ္ပံု- ႏို႔ဒိကို႔ ဟယရွိ- နယူးေယာက္တိုင္းမ္သတင္းစာ)

(အသက္ ၂၆ ႏွစ္အရြယ္ ကန ကို႔မတ္ဆုဘဒ။ စက္တင္ဘာလ ၂၄ ရက္တြင္ တိုက်ဳိရွိ သူမ၏ အခန္းတြင္ ေတြ႔ရပံု။ ဂ်ပန္တြင္ ေသးငယ္ေသာလူေနခန္းေလးမ်ားမွာ ပံုမွန္ဘဝေနထိုင္မႈ ျဖစ္သည္။ ဓာတ္ပံု-ႏို႔ဒိကို႔ ဟယရွိ= နယူးေယာက္တုိင္းမ္သတင္းစာ)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A tiny Tokyo apartment: ‘I wouldn’t live anywhere else (japantimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service