အမေရိကန်က ဇနီးမောင်နှံ ၂ ဦးတည်းနေသောမြို့ကလေး
အမေရိကန်က ဇနီးမောင်နှံ ၂ ဦးတည်းနေသောမြို့ကလေး - Property News in Myanmar from iMyanmarHouse.com
12 Oct 2022 9:58 am တွင် တင်ခဲ့သည်
482 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စုတွင် လူ ၁ ဦးတည်းသာနေသော မိုနိုဝီမြို့ကလေးအကြောင်း နီဘရာစကာပြည်နယ်တွင် နေထိုင်သူ အများစုသိကြသည်။
(မှတ်ချက်။ မိုနိုဝီမြို့ကလေးအကြောင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)
မိုနိုဝီမြို့ကလေးနှင့် များစွာမဝေးလှသောနေရာတွင် လူ ၂ ဦးတည်းသာနေသော ဂရော့စ် (Gross) အမည်ရှိ အခြားမြို့ကလေးတစ်မြို့ ရှိနေသည်။
ဂရော့စ်မြို့ကလေးသည် နီဘရာစကာပြည်နယ်၊ Boyd ခရိုင်တွင် တည်ရှိပြီး နီဘရာစကာပြည်နယ်၏ မြောက်ပိုင်းနယ်စပ်နေရာတွင် တည်ရှိကာ Niobrara မြစ်နှင့် Missouri မြစ်များအကြား တည်ရှိခြင်း ဖြစ်သည်။
ဂရော့စ်မြို့ကလေးကို ၁၈၉၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဒေသခံဈေးဆိုင်ရှင်တစ်ဦးကို အစွဲပြုကာ မြို့အမည်ပေးခဲ့ခြင်း ဖြစ်၏။
မြို့နေရာဝန်းကျင်တွင် မီးရထားလမ်းဖောက်မည်ဟု ယူဆကာ လူအများရောက်ရှိအခြေချ နေထိုင်ခဲ့ကြရာမှ မြို့ဖြစ်လာခြင်း ဖြစ်သည်။
မြို့ကလေးသည်သာ ရထားလမ်းကြောင်းပေါ်တွင် တည်ရှိမည်ဆိုပါက ရထားများက စီးပွားရေးလုပ်ငန်းများ၊ ဖောက်သည်များ၊ အခြေချနေထိုင်သူများနှင့် လာရောက်လည်ပတ်သူများကို ဆောင်ကြဉ်းပေးမည် ဖြစ်သည်။ မြို့လေး၏ ရွှေရောင်ကာလများက လူဦးရေ ၆၀၀ ခန့်ရှိခဲ့သည်။
မြို့လေးတွင် စီးပွားရေးလုပ်ငန်းများ၊ ဘုရားကျောင်းများရှိကာ မြို့သူမြို့သားများအတွက် အလုပ်အကိုင်များ များစွာရှိခဲ့သည်။
၂၀ ရာစုအစောပိုင်းတွင် မြို့ခံများမျှော်လင့်ထားသကဲ့သို့ ဖောက်လုပ်နေသော ရထားလမ်းမှာ မြို့ကလေးရှိရာသို့ ရောက်မလာခဲ့။
သို့ကြောင့် မကြာမီတွင်ပင် မြို့သူမြို့သားတို့သည် မြို့လေးကိုကျောခိုင်းကာ ရထားဘူတာရှိသည့် အနီးရှိမြို့များသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။
မြို့ကလေးကို မီးဘေး ၂ ခါသင့်ဖူးရာ ပထမတစ်ကြိမ်မှာ ၁၉၀၉ ခုနှစ်တွင်ဖြစ်ပြီး နောက်တစ်ကြိမ်မှာ နောင် ဆယ်စုနှစ်တစ်ခုအကြာတွင် ဖြစ်သည်။
အဆိုပါမီးဘေး ၂ ကြိမ်ကြောင့် မြို့ကလေး၏ နေအိမ်များနှင့်စီးပွားရေးလုပ်ငန်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကာ မြို့တွင်ကျန်ရှိနေသော လက်ကျန်မြို့သူမြို့သားများ ထပ်မံပြောင်းရွှေ့သွားကြပြန်သည်။
၂၀ ရာစု၏ ဒုတိယတစ်ဝက်တွင် ဂရော့စ်မြို့ကလေးတွင် နေထိုင်သူ လက်တစ်ဆုပ်စာခန့်သာ ရှိတော့သည်။
လက်ရှိတွင်မူ မြို့လေးတွင် နေထိုင်သူ ၂ ဦးတည်းသာကျန်တော့သည်။ မြို့လေးကို ဖြတ်သန်းသွားသူတိုင်း တွေ့မြင်ရမည့် အဆောက်အအုံတစ်ခုမှာ အကျဉ်းထောင်ဖြစ်သည်။
အခြားကြည့်ရှုရမည့် နေရာတစ်ခုမှာ Nebrask Inn အမည်ရှိ စားသောက်ဆိုင်တစ်ခုဖြစ်သည်။
မြို့လေးတွင် နေထိုင်လျက်ရှိသူ ၂ ဦးက ဖွင့်လှစ်ထားသည့် ဆိုင်ကလေးဖြစ်သည်။
စားသောက်ဆိုင်ကလေးတွင် အကောင်းဆုံး ဟမ်ဘာဂါများ ရရှိနိုင်သည်။ စားသောက်ဆိုင် ဖေ့ဘုတ်စာမျက်နှာ (Nebrask Inn-Gross) မှာ likes ၂၈၀၀ ရရှိထားရာ မြို့လူဦးရေ၏ အဆတစ်ထောင်ကျော် ပမာဏလည်းဖြစ်သည်။
ဖေ့ဘုတ်စ်စာမျက်နှာတွင် ဖော်ပြထားချက်အရ ဆိုင်၏ e-mail လိပ်စာမှာ mjfinnegan@nntc.net ဖြစ်သည်။
မြို့ကလေးတွင် လူသူမရှိသော်လည်း Nebrask Inn စားသောက်ဆိုင်ကလေးတွင်မူ အမြဲလူစည်ကားသည်။
ဧက ၈၀ ကျယ်ဝန်းသောမြို့လေးသည် ရာသီဥတု၏တိုက်စားမှုကြောင့် အများစုမှာ ပျက်စီးယိုယွင်းခဲ့ပြီ ဖြစ်သော်လည်း ဆွဲဆောင်နိုင်သည့်ညှို့ဓာတ်တစ်မျိုးကိုကား ထိန်းသိမ်းထားဆဲပင်။ ထိုအချက်ကား အခြေချနေထိုင်သူများ မရှိတော့သောကြောင့် ပျက်စီးကွယ်ပျောက်သွားခြင်း မရှိချေ။
(မြို့ကလေးတွင် နေထိုင်သူ ၂ ဦးနှင့် စားသောက်ဆိုင်ကလေး)
နီဘရာစကာပြည်နယ်၊ ဂရော့စ်မြို့ကလေးတွင် နေထိုင်သည့် ၂ ဦးတည်းသော မြို့သူမြို့သားမှာ မိုက်ခ် ဖင်နီဂန်နှင့် မေရီတို့ ဇနီးမောင်နှံဖြစ်ကာ နှစ်ဦးတည်းနေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီ ဖြစ်သည်။
မြို့ကလေး၏ စီးပွားရေးကျဆင်းမှုနှင့် စိတ်ပျက်ဖွယ်ရာ အခြေအနေအမျိုးမျိုးတို့ကြောင့် တခါက လူဦးရေ ၆၀၀ ရှိခဲ့သောမြို့လေး၏ မြို့သူမြို့သားများ မြို့မှစွန့်ခွာထွက်ပြေးသွားကြသည်။
မိုက်ခ်နှင့် မေရီတို့ စုံတွဲသည် Nebrask Inn အမည်ရှိ စားသောက်ဆိုင်ငယ်လေးကို လည်ပတ်ရင်း ဂရော့စ်မြို့ကလေး၏ ရှင်သန်မှုကို ထိန်းသိမ်းထားနိုင်ရန် နှစ်ဦးတည်း နှစ်ပေါင်း ၃၀ ကျော် ကြိုးစားခဲ့ကြသည်။
နွေးထွေးမှု၊ သက်တောင့်သက်သာရှိမှု၊ ဝန်းကျင်တစ်ခွင် အကောင်းဆုံးဟမ်ဘာဂါတို့ဖြင့် ခရီးသွားအားလုံးကို ကြိုဆိုလျက်ရှိကြသည်။
မြို့ကလေးမှာ လာရောက်လည်ပတ်သူများ၊ ဖြတ်သွားဖြတ်လာများဖြင့် လူပြတ်သည်မရှိစေကာမူ မိုက်ခ်နှင့် မေရီတို့က မြို့လေး၏ ရွှေရောင်အတိတ်နေ့စွဲများကို သတိရတမ်းတနေဆဲပင်။
(ဆက်စပ်သတင်း)
အရက်ဆိုင်ထဲက သော့တစ်ချောင်းနှင့် လူတစ်ဦးတည်းသာနေသော မြို့ကလေး
https://www.imyanmarhouse.com/news/read/1034037
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Most People Don’t Know The Story Behind The Nebraska Ghost Town That Never Died (multivu)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service