တန်ဇန်းနီးယားက တစ္ဆေမိုးရွာသွန်းသော သေမင်းတမန်ရေကန်ကြီး၊ ကြိုးကြာတို့ဌာနေ

တန်ဇန်းနီးယားက တစ္ဆေမိုးရွာသွန်းသော သေမင်းတမန်ရေကန်ကြီး၊ ကြိုးကြာတို့ဌာနေ - Property News in Myanmar from iMyanmarHouse.com
11 Oct 2022 9:47 am တွင် တင်ခဲ့သည်
1000 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာရိကတိုက်အရှေ့ပိုင်း တန်ဇန်းနီးယားနိုင်ငံ၊ Arusha ဒေသ၊ Ngorongoro ခရိုင်၏ မြောက်ဘက်တွင် နာထရွန်အမည်ရှိ ရေကန်ကြီးတစ်ခုတည်ရှိပြီး ဆားကန် (သို့မဟုတ်) alkaline ရေကန် ဖြစ်သည်။

ရေကန်၏ အလျားမှာ ၅၇ ကီလိုမီတာ (၃၅ မိုင်) ရှိပြီး အကျယ်မှာ ၂၂ ကီလိုမီတာ (၁၄ မိုင်) ရှိသည်။

ပုံမှန်မဟုတ်သော ရာသီမိုးများသာ ရွာလေ့ရှိပြီး အများအားဖြင့် ဒီဇင်ဘာမှ မေလအကြားဖြစ်ကာ နှစ်စဉ်မိုးရေချိန် ၈၀၀ မီလီမီတာခန့်သာရသည်။ ရေကန်တွင် အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် (၁၀၄ ဖာရင်ဟ်ိုက်) အထက်သာ အမြဲရှိသည်။

နာထရွန်ကန်ကြီးသည် အာဖရိကနှင့် အိန္ဒိယနိုင်ငံအနောက်ပိုင်းတို့တွင် ကျက်စားလေ့ရှိသော ကြိုးကြာငှက်မျိုးစိတ် ၂ ဒသမ ၅ သန်းအတွက် ပုံမှန်သားပေါက်ရာ တစ်ခုတည်းသောနေရာလည်း ဖြစ်သည်။

အဆိုပါ ကြိုးကြာတို့သည် အရှေ့အာဖရိကရှိ ဆားရေကန်များတွင် စပီရူလိုင်းနားကို စားသောက်ကြသည်။

နာထရွန်ရေကန်ကြီးအကြောင်းကို Disneynature ရုပ်သံလိုင်းတွင် The Crimson Wing: Mystery of the Flamingos ဟူသောအမည်ဖြင့် Documentary ထုတ်လွှင့်ပြသဖူးသည်။

ကမ္ဘာ့ အာဖရိက၊ အိန္ဒိယကြိုးကြာမျိုးများ၏ ၇၅ ရာခိုင်နှုန်းမှာ နာထရွန်ရေကန်ကြီးတွင် ပေါက်ဖွားခြင်း ဖြစ်သည်။

ရေကန်ကြီးမှာ တခါတရံအနီရောင်သို့ ပြောင်းလဲသွားရခြင်းများ၏ အကြောင်းများအနက် တစ်ခုသော အကြောင်းရင်းမှာ အနီးရှိ သက်ဝင်လှုပ်ရှားနေသော မီးတောင်မှ ကော့စတစ် (Alkaline) ကြောင့် ဖြစ်သည်။

ယင်းမှာ တိရ စ္ဆာန်အများစုအတွက် အဆိပ်ဖြစ်၏။

ရေကန်ထဲနှင့် ရေကန်ဝန်းကျင်တွင် တိရ စ္ဆာန်နှင့် ငှက်အသေကောင်များကို အမြဲတွေ့ရနိုင်သည်။

သို့အတွက်ပင် နာထရွန်ကန်ကြီးကို တန်ဇန်းနီးယား၏ လှပသည့် မရဏရေနီကန်ဟု ညွှန်းဆိုကြခြင်း ဖြစ်သည်။

 

(နာထရွန်ရေကန်ကြီးကို ၂၀၁၇ ခုနှစ်၊ မတ်လ ၃ ရက်တွင် ကောင်းကင်မှ ရိုက်ကူးထားသောဓာတ်ပုံ။ ဓာတ်ပုံ-NASA)

 

(နာထရွန်ရေကန်ကြီး၏ တည်နေရာ)

နာထရွန်ရေကန်ကြီးသည် တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်းတွင် တည်ရှိပြီး Arusha မြို့၏ အနောက်မြောက်ဘက် ၁၀၀ ကီလိုမီတာအကွာတွင် ရှိသည်။ ရေကန်ကြီးသည် မြောက်မှတောင်သို့ ၅၆ ကီလိုမီတာ ရှည်လျားပြီး အကျယ်မှာ ၂၄ ကီလိုမီတာ ရှိသည်။

ရေကန်ကြီး၏ မြောက်ဖျားပိုင်းမှာ ကင်ညာနိုင်ငံပိုင်နက်အတွင်း တည်ရှိသည်။

(နာထရွန်ရေကန်ကြီး၏ အံ့ဖွယ် ၆ ပါး)

၁။ တစ္ဆေမိုး

နာထရွန်ကန်ကြီးသည် နှစ်စဉ်မိုးရေချိန် ၄၀၀ မီလီမီတာသာရရှိပြီး အများစုမှာ တစ္ဆေမိုး (Phantom rain) ဖြစ်သည်။ တစ္ဆေမိုးဟူသည်ကား မိုးစက်များသည် မြေပြင်သို့ မရောက်မီ လေထုထဲတွင်ပင် အငွေ့ပျံပျောက်ကွယ်သွားသော မိုးဖြစ်၏။ ရေကန်ကြီးမှာ သဲကန္တာရအတွင်းတည်ရှိသောကြောင့် ထိုသို့ဖြစ်ရခြင်း ဖြစ်၏။

(၂) မီးတောင်မှ စီးဝင်ရာကန်

ရေကန်ကြီးတွင် ထွက်ပေါက်များမရှိချေ။ ရေအရင်းအမြစ်အများစုမှာ စမ်းချောင်းများနှင့် တခါတရံဖြစ်ပေါ်သော ရေစီးကြောင်းများမှသာ ဖြစ်သည်။ ရေကန်ကြီးအတွင်းသို့ စီးဝင်သော ရေများတွင် အနီးရှိ Ol Doinyo Lengai မီးတောင်ကြီးမှ ဓာတ်ပစ္စည်းများ ပျော်ဝင်စီးဆင်းသွားခြင်းဖြစ်ရာ ကန်ကြီး၏ ရေမှာ အယ်လ်ကာလိုင်းဖြစ်သွားရခြင်း ဖြစ်သည်။

(၃) ရေကန်၏ရေမှာ အဆိပ်ပြင်းသည်

နာထရွန်က်ကြီး၏ ရေတွင် များပြားလှသော ဆား၊ ဆိုဒါနှင့် မဂ္ဂနီဆီယမ် ကာဗွန်နိတ်ဓာတ်များ အလွန်များပြားစွာ ပါဝင်နေသည်။ ထို့ကြောင့် အဆိုပါ ရေထဲတွင် သောက်သုံးမိသော သက်ရှိတို့၏ ကလီစာများကို ထိခိုက်ပျက်စီးစေသည့် ဘက်တီးရီးယားတစ်မျိုး ရှင်သန်ပေါက်ဖွားရန် အကောင်းဆုံး နေရာဖြစ်နေသည်။

(၄) အခြားသတ္တဝါများ သေကြေပျက်စီးသောနေရာတွင် ကြိုးကြာငှက်များ ရှင်သန်ကြသည်။

အခြားသောငှက် အများစုအတွက် ဘေးဆိုးဖြစ်သည့် နာထရွန်ကန်ကြီးထဲမှ ဘက်တီးရီးယားများသည် ကြိုးကြာငှက်တို့အတွက်မူ အန္တရာယ် မဟုတ်ချေ။ အန္တရာယ်မဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် ကြိုးကြာငှက်မျိုးစိတ်တစ်ခု (lesser flamingoes) အကြီးမားဆုံး ပေါက်ဖွားရာ နေရာတစ်ခု ဖြစ်နေသည်။

(၅) ရေပြင်မှာ တစ်ခါတစ်ရံတွင် အနီရောင်သို့ ပြောင်းသွားသည်။

နာထရွန်ကန်ကြီး၏ ရေပြင်မှာ တစ်ခါတစ်ရံတွင် အနီရောင်(သို့မဟုတ်) လိမ္မော်နီရောင်သို့ ပြောင်းသွားလေ့ရှိသည်။

ဆားဓာတ်လွန်စွာလွန်ကဲသော ပတ်ဝန်းကျင်တွေ့ရလေ့ရှိသည့် အယ်လ်ဂျေးတို့ကြောင့် ဖြစ်သည်။

ရေပြင်ကြီး အနီရောင်သန်းနေမှုကို ကောင်းကင်မှာပင် မြင်ရနိုင်သည်။

(၆) ရေမှာ အလွန်ပူသည်။

ရေကန်ကြီး၏ အပူချိန်မှာ နွေရာသီဆိုလျှင် ၆၀ ဒီဂရီ စင်တီဂရိတ် (၁၄၀ ဒီဂရီဖာရင်ဟိုက်) အထိ အလွန်ပူသည်။

ရေကန်ကြီး၏ အရှေ့ဘက်ကမ်းတွင် ရေပူစမ်းများလည်း ရှိသည်။

 

(နာထရွန်ရေကန်ကြီးပေါ် မားမားစွင့်စွင့်ရှိနေသည့် Ol Doinyo Lengai မီးတောင်ကြီးနှင့် မရေမတွက်နိုင်သော ငှက်များ)

(နာထရွန်ကန်ကြီး ဘာကြောင့်အန္တရာယ်များတာလဲ)

နာထရွန်ကန်ကြီး၏ ရေတွင် စိမ်းပြာအယ်လ်ဂျေး (သို့မဟုတ်) ဆိုင်ယာနို ဘက်တီးရီးယားတို့ အလွန်မြင့်မားစွာ ပါဝင်နေသည်။

အဆိုပါ အယ်လ်ဂျေးသည် စားသုံးမိသော သက်ရှိတို့၏ ဆဲလ်များ၊ အာရုံကြောစနစ်နှင့် အသည်းများကို ထိခိုက်ပျက်စီးစေသော ဓာတုပစ္စည်းတစ်မျိုး ထုတ်လွှတ်သည်။

နာထရွန်ကန်ကြီးမှ ရေသောက်မိသော ငှက်များနှင့်တိရ စ္ဆာန်များမှာ သေမင်းနှင့်ရင်ဆိုင်ကြရသည်။

ရေကန်အတွင်း သေဆုံးကြသော တိရ စ္ဆာန်များ၊ ငှက်များနှင့် လင်းနို့များမှာ ထုံးဓာတ်ကြောင့် ကျောက်ဖြစ်သွားကြရာ ရှေးခေတ် မံမီရုပ်အလောင်းများသဖွယ်ဖြစ်သွားသည်။

 

(နာထရွန်ရေကန်ကြီး၏ တောင်ဘက်ဖျားမြင်ကွင်း။ဓာတ်ပုံ-Clem23) (တခါတရံ ပန်းရောင်….)

သဲကန္တာရသို့ တခါဖူးမှ မရောက်ဖူးသူတို့အနေဖြင့် ကန္တာရဟူသည် ခြောက်သွေ့ကာ အညိုရောင်မြင်ကွင်းသာ ရှိမည်ဟု တွေးထင်ကြသည်။ စင်စစ်ကား သဲကန္တာရအားလုံးနီးပါးမှာ အရောင်အသွေးများစွာ စုံလင်လှသည်။

နာထရွန်ရေကန်ကြီးနှင့် ဝန်းကျင်မှာ အနီရောင်၊ ပန်းရောင်တို့ဖြင့် တောက်ပသည့်နေရာ ဖြစ်၏။

နာထရွန်ကန်ကြီးတွင် အနီရောင်အယ်လ်ဂျေးများအပြင် အောက်ပါတို့ကိုလည်း တွေ့ရနိုင်သည်။

-ကြက်သွေးရောင်ဝတ်ရုံများ ဝတ်ဆင်ကြသော ဒေသခံ Maasai မျိုးနွှယ်စုများ

-ဤဒေသတွင်ရှိသည့် ဒေသမျိုးရင်း ကန္တာရနှင်းဆီပင်များသည် ပန်းရင့်ရောင် ရွှန်းစိုလှပသော ပန်းပွင့်များ ဖူးပွင့်ကြသည် (မြန်မာနိုင်ငံတွင် မလေးရှားစံကားဟုခေါ်ကြသည်)

-ပန်းရောင်နှင့်အဖြူရောယှက်သော အလွန်များပြားလှသော ကြိုးကြာငှက်များ

-နွေအခါများတွင် ရေမျက်နှာပြင်ပေါ် မာတင်းအက်ကွဲနေသည့်နေရာများတွင် ပန်းဖြူရောင် ဆိုဒါပုံဆောင်ခဲများ ဖွဲ့စည်းနေလေ့ရှိ

-သဲကန္တာရများတွင်သာ တွေ့ရသော ပန်းရောင်နှင့်အနီရောင် ဆည်းဆာချိန်များ

(ကန္တာရနှင်းဆီပင်တစ်ပင်ကို Ol Doinyo Lengai မီးတောင်ကြီးနောက်ခံဖြင့် တွေ့ရပုံ)

 

(ဒေသခံတို့၏ တဲကလေးများနှင့် မီးတောင်ကြီးကို တွေ့ရပုံ)

 

(မီးတောင်ခြေအနီး တောင်ကုန်းငယ်တစ်ခုတွင် တွေ့ရသော အာဖရိကတောဆိတ်တစ်ကောင်)

 

(Ol Doinyo Lengai မီးတောင်ကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရပုံ။ ဓာတ်ပုံ-A Backer)

 

(နာထရွန်ကန်ကြီးမှ ကြိုးကြာများ)

နာထရွန်ကန်ကြီး၏ ဆိုင်ယာနို ဘက်တီးရီးယားများ အန္တရာယ်မပေးနိုင်သည့် ငှက်အနည်းငယ်တွင် ကြိုးကြာများလည်း ပါဝင်သည်။

ကြိုးကြာငှက်များက ဆိုင်ယာနို ဘက်တီးရီးယားများကို စားသောက်ခြင်းကြောင့် ခံစားရသည့် ဘေးထွက်ဆိုးကျိုးကား ငှက်တို့၏အရောင်မှာ ပန်းရောင်စွက်သွားခြင်း ဖြစ်သည်။

ရေကန်ကြီး၏ ဆိုင်ယာနိုဘက်တီးရီးယားက အန္တရာယ်မပေးနိုင်သည့်ငှက်များတွင် ချည်ခင်စွပ်ငှက်များလည်း ပါဝင်သည်။

(ကြိုးကြာငှက်တို့သည် ပျံသန်းချိန်တွင် တဝုန်းဝုန်းဖြင့် ကွဲအက်အက်မြည်သံများ ပြုလေ့ရှိ)

(တိရ စ္ဆာန်အများစု ဘေးသင့်ကြသော အယ်လ်ကာလိုင်းရေတွင် ကြိုးကြာတို့ ရှင်သန်နိုင်ကြသည်)

နာထရွန်ကန်ကြီး ဝန်းကျင်တွင် ကြိုးကြာငှက်များအပြင် မြင်းကျားများ၊ သစ်ကုလားအုတ်များ၊ အာဖရိကဆိတ်များ၊ သမင်နှင့်တူသော ဂဇဲလ်ဆိတ်များ၊ ခွေးအများ၊ အာဖရိကဆိတ်သမင်များ၊ အာဖရိက တောဆိတ်များ၊ အာဖရိက လည်ရှည်တောဆိတ်များ၊ ဘို့တစ်လုံး ကုလားအုတ်များကိုလည်း တွေ့ရနိုင်သည်။

(နာထရွန်ကန်ကြီးနံဘေး ကျက်စားနေသော မြင်းကျားတစ်ကောင်)

 

(နာထရွန်ကန်ကြီးတွင် ရေသောက်ဆင်းနေသော ကုလားအုတ်များ။ ဓာတ်ပုံ- R.Mortel)

(ပြာများဖုံးလွှမ်းသော တောင်စောင်းတွင် လမ်းလျှောက်နေသည့် ဒေသခံတစ်ဦး)

 

(ဒေသစီးပွားရေးကို အထောက်အကူပေးခြင်း)

နာထရွန်ကန်ကြီးနှင့် မီးတောင်ရှိရာသို့ သွားရောက်လည်ပတ်မည်ဆိုလျှင် ဒေသခံလမ်းညွှန်တစ်ဦးကို ငှားရမ်းနိုင်သည်။

လမ်းညွှန်ဖြစ်သူက သင့်အား ရေကန်ဝန်းကျင်လိုက်ပါပို့ဆောင်ခြင်း၊ Ngare Sero ရေတံခွန်သို့သွားခြင်း၊ မီးတောင်ကို ညတွင်းချင်းတက်ခြင်းများအတွက် လမ်းညွှန်ပို့ဆောင်ပေးလိမ့်မည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lake Natron: Tanzania’s beautiful and deadly red lake (followalice.com, Wikipedia, explorersweb.com , livescience)

 

 

 

[Zawgyi]

 

တန္ဇန္းနီးယားက တေစၦမိုးရြာသြန္းေသာ ေသမင္းတမန္ေရကန္ၾကီး၊ ၾကိဳးၾကာတို႔ဌာေန

 

အာရိကတိုက္အေရွ႕ပိုင္း တန္ဇန္းနီးယားႏိုင္ငံ၊ Arusha ေဒသ၊ Ngorongoro ခရိုင္၏ ေျမာက္ဘက္တြင္ နာထရြန္အမည္ရွိ ေရကန္ၾကီးတစ္ခုတည္ရွိျပီး ဆားကန္ (သို႔မဟုတ္) alkaline ေရကန္ ျဖစ္သည္။

ေရကန္၏ အလ်ားမွာ ၅၇ ကီလိုမီတာ (၃၅ မိုင္) ရွိျပီး အက်ယ္မွာ ၂၂ ကီလိုမီတာ (၁၄ မိုင္) ရွိသည္။

ပံုမွန္မဟုတ္ေသာ ရာသီမိုးမ်ားသာ ရြာေလ့ရွိျပီး အမ်ားအားျဖင့္ ဒီဇင္ဘာမွ ေမလအၾကားျဖစ္ကာ ႏွစ္စဥ္မိုးေရခ်ိန္ ၈၀၀ မီလီမီတာခန္႔သာရသည္။ ေရကန္တြင္ အပူခ်ိန္မွာ ၄၀ ဒီဂရီ စင္တီဂရိတ္ (၁၀၄ ဖာရင္ဟို္က္) အထက္သာ အျမဲရွိသည္။

နာထရြန္ကန္ၾကီးသည္ အာဖရိကႏွင့္ အိႏိၵယႏိုင္ငံအေနာက္ပိုင္းတို႔တြင္ က်က္စားေလ့ရွိေသာ ၾကိဳးၾကာငွက္မ်ဳိးစိတ္ ၂ ဒသမ ၅ သန္းအတြက္ ပံုမွန္သားေပါက္ရာ တစ္ခုတည္းေသာေနရာလည္း ျဖစ္သည္။

အဆိုပါ ၾကိဳးၾကာတို႔သည္ အေရွ႕အာဖရိကရွိ ဆားေရကန္မ်ားတြင္ စပီရူလိုင္းနားကို စားေသာက္ၾကသည္။

နာထရြန္ေရကန္ၾကီးအေၾကာင္းကို Disneynature ရုပ္သံလိုင္းတြင္ The Crimson Wing: Mystery of the Flamingos ဟူေသာအမည္ျဖင့္ Documentary ထုတ္လႊင့္ျပသဖူးသည္။

ကမၻာ့ အာဖရိက၊ အိႏိၵယၾကိဳးၾကာမ်ဳိးမ်ား၏ ၇၅ ရာခိုင္ႏႈန္းမွာ နာထရြန္ေရကန္ၾကီးတြင္ ေပါက္ဖြားျခင္း ျဖစ္သည္။

ေရကန္ၾကီးမွာ တခါတရံအနီေရာင္သို႔ ေျပာင္းလဲသြားရျခင္းမ်ား၏ အေၾကာင္းမ်ားအနက္ တစ္ခုေသာ အေၾကာင္းရင္းမွာ အနီးရွိ သက္ဝင္လႈပ္ရွားေနေသာ မီးေတာင္မွ ေကာ့စတစ္ (Alkaline) ေၾကာင့္ ျဖစ္သည္။

ယင္းမွာ တိရ စၦာန္အမ်ားစုအတြက္ အဆိပ္ျဖစ္၏။

ေရကန္ထဲႏွင့္ ေရကန္ဝန္းက်င္တြင္ တိရ စၦာန္ႏွင့္ ငွက္အေသေကာင္မ်ားကို အျမဲေတြ႔ရႏိုင္သည္။

သို႔အတြက္ပင္ နာထရြန္ကန္ၾကီးကို တန္ဇန္းနီးယား၏ လွပသည့္ မရဏေရနီကန္ဟု ညႊန္းဆိုၾကျခင္း ျဖစ္သည္။

(နာထရြန္ေရကန္ၾကီးကို ၂၀၁၇ ခုႏွစ္၊ မတ္လ ၃ ရက္တြင္ ေကာင္းကင္မွ ရိုက္ကူးထားေသာဓာတ္ပံု။ ဓာတ္ပံု-NASA)

(နာထရြန္ေရကန္ၾကီး၏ တည္ေနရာ)

နာထရြန္ေရကန္ၾကီးသည္ တန္ဇန္းနီးယားႏိုင္ငံေျမာက္ပိုင္းတြင္ တည္ရွိျပီး Arusha ျမိဳ႕၏ အေနာက္ေျမာက္ဘက္ ၁၀၀ ကီလိုမီတာအကြာတြင္ ရွိသည္။ ေရကန္ၾကီးသည္ ေျမာက္မွေတာင္သို႔ ၅၆ ကီလိုမီတာ ရွည္လ်ားျပီး အက်ယ္မွာ ၂၄ ကီလိုမီတာ ရွိသည္။

ေရကန္ၾကီး၏ ေျမာက္ဖ်ားပိုင္းမွာ ကင္ညာႏိုင္ငံပိုင္နက္အတြင္း တည္ရွိသည္။

(နာထရြန္ေရကန္ၾကီး၏ အံ့ဖြယ္ ၆ ပါး)

၁။ တေစၦမိုး

နာထရြန္ကန္ၾကီးသည္ ႏွစ္စဥ္မိုးေရခ်ိန္ ၄၀၀ မီလီမီတာသာရရွိျပီး အမ်ားစုမွာ တေစၦမိုး (Phantom rain) ျဖစ္သည္။ တေစၦမိုးဟူသည္ကား မိုးစက္မ်ားသည္ ေျမျပင္သို႔ မေရာက္မီ ေလထုထဲတြင္ပင္ အေငြ႔ပ်ံေပ်ာက္ကြယ္သြားေသာ မိုးျဖစ္၏။ ေရကန္ၾကီးမွာ သဲကႏၱာရအတြင္းတည္ရွိေသာေၾကာင့္ ထိုသို႔ျဖစ္ရျခင္း ျဖစ္၏။

(၂) မီးေတာင္မွ စီးဝင္ရာကန္

ေရကန္ၾကီးတြင္ ထြက္ေပါက္မ်ားမရွိေခ်။ ေရအရင္းအျမစ္အမ်ားစုမွာ စမ္းေခ်ာင္းမ်ားႏွင့္ တခါတရံျဖစ္ေပၚေသာ ေရစီးေၾကာင္းမ်ားမွသာ ျဖစ္သည္။ ေရကန္ၾကီးအတြင္းသို႔ စီးဝင္ေသာ ေရမ်ားတြင္ အနီးရွိ Ol Doinyo Lengai မီးေတာင္ၾကီးမွ ဓာတ္ပစၥည္းမ်ား ေပ်ာ္ဝင္စီးဆင္းသြားျခင္းျဖစ္ရာ ကန္ၾကီး၏ ေရမွာ အယ္လ္ကာလိုင္းျဖစ္သြားရျခင္း ျဖစ္သည္။

(၃) ေရကန္၏ေရမွာ အဆိပ္ျပင္းသည္

နာထရြန္က္ၾကီး၏ ေရတြင္ မ်ားျပားလွေသာ ဆား၊ ဆိုဒါႏွင့္ မဂၢနီဆီယမ္ ကာဗြန္နိတ္ဓာတ္မ်ား အလြန္မ်ားျပားစြာ ပါဝင္ေနသည္။ ထို႔ေၾကာင့္ အဆိုပါ ေရထဲတြင္ ေသာက္သံုးမိေသာ သက္ရွိတို႔၏ ကလီစာမ်ားကို ထိခုိက္ပ်က္စီးေစသည့္ ဘက္တီးရီးယားတစ္မ်ဳိး ရွင္သန္ေပါက္ဖြားရန္ အေကာင္းဆံုး ေနရာျဖစ္ေနသည္။

(၄) အျခားသတၱဝါမ်ား ေသေၾကပ်က္စီးေသာေနရာတြင္ ၾကိဳးၾကာငွက္မ်ား ရွင္သန္ၾကသည္။

အျခားေသာငွက္ အမ်ားစုအတြက္ ေဘးဆိုးျဖစ္သည့္ နာထရြန္ကန္ၾကီးထဲမွ ဘက္တီးရီးယားမ်ားသည္ ၾကိဳးၾကာငွက္တို႔အတြက္မူ အႏၱရာယ္ မဟုတ္ေခ်။ အႏၱရာယ္မျဖစ္သည့္အျပင္ ကမၻာေပၚတြင္ ၾကိဳးၾကာငွက္မ်ိဳးစိတ္တစ္ခု (lesser flamingoes) အၾကီးမားဆံုး ေပါက္ဖြားရာ ေနရာတစ္ခု ျဖစ္ေနသည္။

(၅) ေရျပင္မွာ တစ္ခါတစ္ရံတြင္ အနီေရာင္သို႔ ေျပာင္းသြားသည္။

နာထရြန္ကန္ၾကီး၏ ေရျပင္မွာ တစ္ခါတစ္ရံတြင္ အနီေရာင္(သို႔မဟုတ္) လိေမၼာ္နီေရာင္သို႔ ေျပာင္းသြားေလ့ရိွသည္။

ဆားဓာတ္လြန္စြာလြန္ကဲေသာ ပတ္ဝန္းက်င္ေတြ႔ရေလ့ရွိသည့္ အယ္လ္ေဂ်းတို႔ေၾကာင့္ ျဖစ္သည္။

ေရျပင္ၾကီး အနီေရာင္သန္းေနမႈကို ေကာင္းကင္မွာပင္ ျမင္ရႏိုင္သည္။

(၆) ေရမွာ အလြန္ပူသည္။

ေရကန္ၾကီး၏ အပူခ်ိန္မွာ ေႏြရာသီဆိုလွ်င္ ၆၀ ဒီဂရီ စင္တီဂရိတ္ (၁၄၀ ဒီဂရီဖာရင္ဟိုက္) အထိ အလြန္ပူသည္။

ေရကန္ၾကီး၏ အေရွ႕ဘက္ကမ္းတြင္ ေရပူစမ္းမ်ားလည္း ရွိသည္။

(နာထရြန္ေရကန္ၾကီးေပၚ မားမားစြင့္စြင့္ရွိေနသည့္ Ol Doinyo Lengai မီးေတာင္ၾကီးႏွင့္ မေရမတြက္ႏိုင္ေသာ ငွက္မ်ား)

(နာထရြန္ကန္ၾကီး ဘာေၾကာင့္အႏၱရာယ္မ်ားတာလဲ)

နာထရြန္ကန္ၾကီး၏ ေရတြင္ စိမ္းျပာအယ္လ္ေဂ်း (သို႔မဟုတ္) ဆိုင္ယာႏို ဘက္တီးရီးယားတို႔ အလြန္ျမင့္မားစြာ ပါဝင္ေနသည္။

အဆိုပါ အယ္လ္ေဂ်းသည္ စားသံုးမိေသာ သက္ရွိတို႔၏ ဆဲလ္မ်ား၊ အာရံုေၾကာစနစ္ႏွင့္ အသည္းမ်ားကို ထိခိုက္ပ်က္စီးေစေသာ ဓာတုပစၥည္းတစ္မ်ဳိး ထုတ္လႊတ္သည္။

နာထရြန္ကန္ၾကီးမွ ေရေသာက္မိေသာ ငွက္မ်ားႏွင့္တိရ စၦာန္မ်ားမွာ ေသမင္းႏွင့္ရင္ဆိုင္ၾကရသည္။

ေရကန္အတြင္း ေသဆံုးၾကေသာ တိရ စၦာန္မ်ား၊ ငွက္မ်ားႏွင့္ လင္းနို႔မ်ားမွာ ထံုးဓာတ္ေၾကာင့္ ေက်ာက္ျဖစ္သြားၾကရာ ေရွးေခတ္ မံမီရုပ္အေလာင္းမ်ားသဖြယ္ျဖစ္သြားသည္။

(နာထရြန္ေရကန္ၾကီး၏ ေတာင္ဘက္ဖ်ားျမင္ကြင္း။ဓာတ္ပံု-Clem23) (တခါတရံ ပန္းေရာင္….)

သဲကႏၱာရသို႔ တခါဖူးမွ မေရာက္ဖူးသူတို႔အေနျဖင့္ ကႏၱာရဟူသည္ ေျခာက္ေသြ႔ကာ အညိဳေရာင္ျမင္ကြင္းသာ ရွိမည္ဟု ေတြးထင္ၾကသည္။ စင္စစ္ကား သဲကႏၱာရအားလံုးနီးပါးမွာ အေရာင္အေသြးမ်ားစြာ စံုလင္လွသည္။

နာထရြန္ေရကန္ၾကီးႏွင့္ ဝန္းက်င္မွာ အနီေရာင္၊ ပန္းေရာင္တို႔ျဖင့္ ေတာက္ပသည့္ေနရာ ျဖစ္၏။

နာထရြန္ကန္ၾကီးတြင္ အနီေရာင္အယ္လ္ေဂ်းမ်ားအျပင္ ေအာက္ပါတို႔ကိုလည္း ေတြ႔ရႏိုင္သည္။

-ၾကက္ေသြးေရာင္ဝတ္ရံုမ်ား ဝတ္ဆင္ၾကေသာ ေဒသခံ Maasai မ်ဳိးႏႊယ္စုမ်ား

-ဤေဒသတြင္ရွိသည့္ ေဒသမ်ဳိးရင္း ကႏၱာရႏွင္းဆီပင္မ်ားသည္ ပန္းရင့္ေရာင္ ရႊန္းစိုလွပေသာ ပန္းပြင့္မ်ား ဖူးပြင့္ၾကသည္ (ျမန္မာႏိုင္ငံတြင္ မေလးရွားစံကားဟုေခၚၾကသည္)

-ပန္းေရာင္ႏွင့္အျဖဴေရာယွက္ေသာ အလြန္မ်ားျပားလွေသာ ၾကိဳးၾကာငွက္မ်ား

-ေႏြအခါမ်ားတြင္ ေရမ်က္ႏွာျပင္ေပၚ မာတင္းအက္ကြဲေနသည့္ေနရာမ်ားတြင္ ပန္းျဖဴေရာင္ ဆိုဒါပံုေဆာင္ခဲမ်ား ဖြဲ႔စည္းေနေလ့ရွိ

-သဲကႏၱာရမ်ားတြင္သာ ေတြ႔ရေသာ ပန္းေရာင္ႏွင့္အနီေရာင္ ဆည္းဆာခ်ိန္မ်ား

(ကႏၱာရႏွင္းဆီပင္တစ္ပင္ကို Ol Doinyo Lengai မီးေတာင္ၾကီးေနာက္ခံျဖင့္ ေတြ႔ရပံု)

(ေဒသခံတို႔၏ တဲကေလးမ်ားႏွင့္ မီးေတာင္ၾကီးကို ေတြ႔ရပံု)

(မီးေတာင္ေျခအနီး ေတာင္ကုန္းငယ္တစ္ခုတြင္ ေတြ႔ရေသာ အာဖရိကေတာဆိတ္တစ္ေကာင္)

(Ol Doinyo Lengai မီးေတာင္ကို ၂၀၁၁ ခုႏွစ္၊ ဇန္နဝါရီလက ေတြ႔ရပံု။ ဓာတ္ပံု-A Backer)

(နာထရြန္ကန္ၾကီးမွ ၾကိဳးၾကာမ်ား)

နာထရြန္ကန္ၾကီး၏ ဆိုင္ယာႏို ဘက္တီးရီးယားမ်ား အႏၱရာယ္မေပးႏိုင္သည့္ ငွက္အနည္းငယ္တြင္ ၾကိဳးၾကာမ်ားလည္း ပါဝင္သည္။

ၾကိဳးၾကာငွက္မ်ားက ဆိုင္ယာႏို ဘက္တီးရီးယားမ်ားကို စားေသာက္ျခင္းေၾကာင့္ ခံစားရသည့္ ေဘးထြက္ဆိုးက်ဳိးကား ငွက္တို႔၏အေရာင္မွာ ပန္းေရာင္စြက္သြားျခင္း ျဖစ္သည္။

ေရကန္ၾကီး၏ ဆိုင္ယာႏိုဘက္တီးရီးယားက အႏၱရာယ္မေပးႏိုင္သည့္ငွက္မ်ားတြင္ ခ်ည္ခင္စြပ္ငွက္မ်ားလည္း ပါဝင္သည္။

(ၾကိဳးၾကာငွက္တို႔သည္ ပ်ံသန္းခ်ိန္တြင္ တဝုန္းဝုန္းျဖင့္ ကြဲအက္အက္ျမည္သံမ်ား ျပဳေလ့ရွိ)

(တိရ စၦာန္အမ်ားစု ေဘးသင့္ၾကေသာ အယ္လ္ကာလိုင္းေရတြင္ ၾကိဳးၾကာတို႔ ရွင္သန္ႏိုင္ၾကသည္)

နာထရြန္ကန္ၾကီး ဝန္းက်င္တြင္ ၾကိဳးၾကာငွက္မ်ားအျပင္ ျမင္းက်ားမ်ား၊ သစ္ကုလားအုတ္မ်ား၊ အာဖရိကဆိတ္မ်ား၊ သမင္ႏွင့္တူေသာ ဂဇဲလ္ဆိတ္မ်ား၊ ေခြးအမ်ား၊ အာဖရိကဆိတ္သမင္မ်ား၊ အာဖရိက ေတာဆိတ္မ်ား၊ အာဖရိက လည္ရွည္ေတာဆိတ္မ်ား၊ ဘို႔တစ္လံုး ကုလားအုတ္မ်ားကိုလည္း ေတြ႔ရႏိုင္သည္။

(နာထရြန္ကန္ၾကီးနံေဘး က်က္စားေနေသာ ျမင္းက်ားတစ္ေကာင္)

(နာထရြန္ကန္ၾကီးတြင္ ေရေသာက္ဆင္းေနေသာ ကုလားအုတ္မ်ား။ ဓာတ္ပံု- R.Mortel)

(ျပာမ်ားဖံုးလႊမ္းေသာ ေတာင္ေစာင္းတြင္ လမ္းေလွ်ာက္ေနသည့္ ေဒသခံတစ္ဦး)

(ေဒသစီးပြားေရးကို အေထာက္အကူေပးျခင္း)

နာထရြန္ကန္ၾကီးႏွင့္ မီးေတာင္ရွိရာသို႔ သြားေရာက္လည္ပတ္မည္ဆိုလွ်င္ ေဒသခံလမ္းညႊန္တစ္ဦးကို ငွားရမ္းႏိုင္သည္။

လမ္းညႊန္ျဖစ္သူက သင့္အား ေရကန္ဝန္းက်င္လိုက္ပါပို႔ေဆာင္ျခင္း၊ Ngare Sero ေရတံခြန္သို႔သြားျခင္း၊ မီးေတာင္ကို ညတြင္းခ်င္းတက္ျခင္းမ်ားအတြက္ လမ္းညႊန္ပို႔ေဆာင္ေပးလိမ့္မည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lake Natron: Tanzania’s beautiful and deadly red lake (followalice.com, Wikipedia, explorersweb.com , livescience)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service