ဒီစားစရာတွေကို ဘယ်တော့မှ အတူမထားပါနဲ့.....

ဒီစားစရာတွေကို ဘယ်တော့မှ အတူမထားပါနဲ့..... - Property Knowledge in Myanmar from iMyanmarHouse.com
8 Oct 2022 2:21 pm တွင် တင်ခဲ့သည်
573 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အလုပ်တစ်ဖက်နဲ့အိမ်ရှင်မတွေ တစ်ပတ်စာဈေးဝယ်ကြတဲ့အခါ ကြုံရတဲ့ပြဿနာက အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ တာရှည်မခံတာပါပဲ။ ဝယ်ကာစတော့ လတ်ဆတ်နေပေမယ့် ခံသင့်သလောက်တောင် မခံဘဲ စွန့်ပစ်လိုက်ရတာတွေ သိပ်နှမျောဖို့ကောင်းပါတယ်။ ဒီလိုမဖြစ်ရအောင် ဘာတွေမှားနေလဲ ဆက်ပြီးဖတ်ကြည့်နော်။ အတူတွဲမထားသင့်တဲ့ အရာတွေကို အတူသိမ်းဆည်းထားမိလို့ပါ။

သခွားသီးကို သီးသန့်ထားပါ

ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ဖရဲသီး တို့လို အသီးတွေက ရင့်မှည့်စေတဲ့ သတ္တိရှိတဲ့ethylene gas ကိုထုတ်ပေးလို့ အမှည့်လွန်ရင်ပုပ်လွယ်ပါတယ်။ သခွားသီးက အဲဒီethylene gas ကို လုံးဝမခံနိုင်လို့ သီးသန့်ပဲသိမ်းဆည်းသင့်ပါတယ်။ရေခဲသေတ္တာထဲထည့်မယ်ဆို တခြားအသီးအနှံတွေနဲ့ မရောဘဲ အိတ် သို့မဟုတ် ဘူးနဲ့ ခွဲပြီးထည့်ထားပါ။

ရွှေဖရုံသီးတွေကို ပန်းသီးနဲ့အတူမထားပါနဲ့

ရွှေဖရုံသီးက အထားခံတာမှန်ပေမယ့် ပန်းသီး(သစ်တော်သီး၊ပန်းသစ်တော်) နဲ့ အတူမထားသင့်ပါဘူး။ အဲဒီအသီးတွေက ဖရုံသီးကိုမြန်မြန်ဝါမှည့်စေပြီး ပုပ်လွယ်စေပါတယ်။

ဥ မှန်သမျှကို အိတ်နဲ့ထည့်ပါ

မုန်လာဥနီ၊ကြက်သွန်နီတို့လိုမြေကြီးထဲမှာပါဥတဲ့ ဟင်းသီးဟင်းရွက်တွေကို အာဟာရဓါတ်တွေမဆုံးရှုံးအောင် သိမ်းဆည်းသင့်ပါတယ်။ ဒီလိုမဆုံးရှုံးအောင်ဆိုရင် သူတို့ကိုအေးပြီး စိုထိုင်းတဲ့ အရိပ်ထဲမှာပဲ သိမ်းဆည်းသင့်ပါတယ်။ အကောင်းဆုံးက စက္ကူအိတ် သို့မဟုတ် စက္ကူနဲ့ပတ်ပြီး သိမ်းဖို့ပါ။ ရေခဲသေတ္တာထဲထည့်မယ်ဆို ပလတ်စတစ်အိတ်နဲ့လုံအောင် ထည့်ဖို့လိုပါတယ်။

ဘယ်ရီသီးတွေဆို ဆေးကြောပါ

စတော်ဘယ်ရီသီးတွေဝယ်လာရင် ဒီအတိုင်းထားတတ်ကြတယ်လား။ အပြင်မှာပဲဖြစ်ဖြစ်ရေခဲသေတ္တာထဲဖြစ်ဖြစ် ဝယ်လာတဲ့ပါကင်အတိုင်း ထားတတ်ကြပါတယ်။ ဒါပေမယ့် ဘယ်ရီသီးတွေက မှိုတက်လွယ်တာ၊ပုပ်လွယ်တာမို့ရေဆေးထားလို့လည်းမဖြစ်ဘူးလေ။ စားခါနီးမှရေဆေးသင့်ပါတယ်။ တခါတည်းလည်းအကုန်မစားနိုင်ဘူး၊ မဆေးဘဲထားလည်း မဖြစ်၊ဆေးလည်းမှိုတက်မယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ။ နည်းလမ်းရှိပါတယ်။ ဗီနီဂါပန်းကန်လုံးတစ်လုံးစာကိုရေပန်းကန်လုံးသုံးလုံးနဲ့ရောပြီး အသီးတွေအမြန်ထည့်ဆေးပါ။ ချက်ချင်းဆယ်ပြီး ဇကာနဲ့စစ်ပါ။ပြီးရင် တစ်ရှူးနည်းနည်းခင်းပြီး တင်ပါ၊ တတ်နိုင်သလောက်ရေကိုစုပ်အောင် တို့သုတ်ပါ။ အသီးတွေစိုမနေတော့ဘူးဆိုရင်လေပေါက်ရှိတဲ့ ဘူးတစ်ခုထဲ ထည့်ထား ဒါမှမဟုတ် ဘူးကို အဖုံးဟထားပါ။

ပန်းသီးနဲ့ လိမ္မော်သီး ခွဲသိမ်းပါ

 

အသီးအနှံတွေကethylene လို့ခေါ်တဲ့ ရင့်မှည့်စေတဲ့ဂက်စ်တစ်မျိုးကိုထုတ်ပေးပြီး သူ့နားတဝိုက်တခြားအသီးတွေကို မြန်မြန်မှည့်စေ၊ ပျက်စီးစေတတ်ပါတယ်။ ပန်းသီးကို တာရှည်ခံစေချင်ရင်ရေခဲသေတ္တာထဲ ထည့်ထားတာကောင်းပါတယ်။ ဒါပေမယ့် လိမ္မော်သီးကို ပန်းသီးနဲ့ခွဲပြီးထည့်ပါ။လေဝင်နိုင်တဲ့ဇကာပေါက် အိတ်လေးတွေနဲ့ထည့်ပါ။ ပလတ်စတစ်နဲ့ထည့်ရင် မှိုပါတက်စေနိုင်ပါတယ်။

ငှက်ပျောသီးကိုလည်း သီးသန့်ခွဲထားပါ

ငှက်ပျောသီးဆိုတာက မှည့်ပြီးဆို တပြိုင်တည်း တစ်ဖီးလုံးမှည့်တတ်တာမို့ တဝက်လောက်ပဲစားလိုက်ရပြီး ကျန်တာပစ်လိုက်ရတာမျိုး ကြုံရဖူးမှာပါ။ ဒီပြဿနာကိုဖြေရှင်းဖို့က ငှက်ပျောသီးတွေကို စားနိုင်သလောက်ပဲအပြင်မှာထား အမှည့်ခံပြီး ကျန်တာကိုရေခဲသေတ္တာထဲ သိမ်းဆည်းသင့်ပါတယ်။ သိမ်းတဲ့အခါ အညှာကိုတိပ်နဲ့အထပ်ထပ်ပတ်ပြီး ကပ်ထားမယ်ဆို ပိုခံပါတယ်တဲ့။ဆေးမထိထားတဲ့ အသီးတော့ဖြစ်ရပါမယ်နော်။

ကြက်သွန်နီနဲ့ အာလူးကို ရောမထားပါနဲ့

 

မီးဖိုချောင်မှာ သိမ်းဆည်းကြတဲ့အခါ ကြက်သွန်ခြင်းထဲ အာလူးထည့်တာမျိုး မလုပ်ပါနဲ့။ ကြက်သွန်ကြောင့် အာလူးတွေကို ပျက်စီးစေနိုင်ပါတယ်။

 

ထောပတ်သီးအမှည့်နဲ့ ငှက်ပျောသီး အတူမထားပါနဲ့

ထောပတ်သီးက အစိမ်းဆိုရင် ငှက်ပျောသီးနဲ့အတူထားလို့ရပါတယ်။ ငှက်ပျောသီးဆီကထွက်တဲ့ ဂက်စ်တွေကြောင့် အသီးကိုပိုမှည့်စေတာဖြစ်ပါတယ်။ ဒါ့ကြောင့်ထောပတ်သီးက မှည့်နေပြီဆိုရင် ငှက်ပျောသီးနားမှာထားတဲ့အခါ ပိုပြီးပုပ်လွယ်နိုင်ပါတယ်။

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်ပါနဲ့

 

 

ခရမ်းချဉ်သီးကိုရေခဲသေတ္တာထဲမှာ ၂ ရက်၊၃ရက်လောက် ထားလို့ရပေမယ့် အပြင်မှာပဲ ဒီတိုင်းသိမ်းဆည်းတာပိုကောင်းပါတယ်။ ကြာကြာထည့်ထားရင် ခရမ်းချဉ်သီးရဲ့အာနိသင်၊ အရသာတွေကို ပျက်စီးစေနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ဒီစားစရာေတြကို ဘယ္ေတာ့မွ အတူမထားပါနဲ႔.....

 

အလုပ္တစ္ဖက္နဲ႔အိမ္႐ွင္မေတြ တစ္ပတ္စာေဈးဝယ္ၾကတဲ့အခါ ၾကဳံရတဲ့ျပႆနာက အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္ေတြ တာ႐ွည္မခံတာပါပဲ။ ဝယ္ကာစေတာ့ လတ္ဆတ္ေနေပမယ့္ ခံသင့္သေလာက္ေတာင္ မခံဘဲ စြန္႔ပစ္လိုက္ရတာေတြ သိပ္ႏွေမ်ာဖို႔ေကာင္းပါတယ္။ ဒီလိုမျဖစ္ရေအာင္ ဘာေတြမွားေနလဲ ဆက္ၿပီးဖတ္ၾကည့္ေနာ္။ အတူတြဲမထားသင့္တဲ့ အရာေတြကို အတူသိမ္းဆည္းထားမိလို႔ပါ။

သခြားသီးကို သီးသန္႔ထားပါ

ခရမ္းခ်ဥ္သီး၊ ငွက္ေပ်ာသီး၊ ဖရဲသီး တို႔လို အသီးေတြက ရင့္မွည့္ေစတဲ့ သတၱိ႐ွိတဲ့ethylene gas ကိုထုတ္ေပးလို႔ အမွည့္လြန္ရင္ပုပ္လြယ္ပါတယ္။ သခြားသီးက အဲဒီethylene gas ကို လုံးဝမခံႏိုင္လို႔ သီးသန္႔ပဲသိမ္းဆည္းသင့္ပါတယ္။ေရခဲေသတၱာထဲထည့္မယ္ဆို တျခားအသီးအႏွံေတြနဲ႔ မေရာဘဲ အိတ္ သို႔မဟုတ္ ဘူးနဲ႔ ခြဲၿပီးထည့္ထားပါ။

ေ႐ႊဖ႐ုံသီးေတြကို ပန္းသီးနဲ႔အတူမထားပါနဲ႔

ေ႐ႊဖ႐ုံသီးက အထားခံတာမွန္ေပမယ့္ ပန္းသီး(သစ္ေတာ္သီး၊ပန္းသစ္ေတာ္) နဲ႔ အတူမထားသင့္ပါဘူး။ အဲဒီအသီးေတြက ဖ႐ုံသီးကိုျမန္ျမန္ဝါမွည့္ေစၿပီး ပုပ္လြယ္ေစပါတယ္။

ဥ မွန္သမွ်ကို အိတ္နဲ႔ထည့္ပါ

မုန္လာဥနီ၊ၾကက္သြန္နီတို႔လိုေျမႀကီးထဲမွာပါဥတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို အာဟာရဓါတ္ေတြမဆုံး႐ႈံးေအာင္ သိမ္းဆည္းသင့္ပါတယ္။ ဒီလိုမဆုံး႐ႈံးေအာင္ဆိုရင္ သူတို႔ကိုေအးၿပီး စိုထိုင္းတဲ့ အရိပ္ထဲမွာပဲ သိမ္းဆည္းသင့္ပါတယ္။ အေကာင္းဆုံးက စကၠဴအိတ္ သို႔မဟုတ္ စကၠဴနဲ႔ပတ္ၿပီး သိမ္းဖို႔ပါ။ ေရခဲေသတၱာထဲထည့္မယ္ဆို ပလတ္စတစ္အိတ္နဲ႔လုံေအာင္ ထည့္ဖို႔လိုပါတယ္။

ဘယ္ရီသီးေတြဆို ေဆးေၾကာပါ

စေတာ္ဘယ္ရီသီးေတြဝယ္လာရင္ ဒီအတိုင္းထားတတ္ၾကတယ္လား။ အျပင္မွာပဲျဖစ္ျဖစ္ေရခဲေသတၱာထဲျဖစ္ျဖစ္ ဝယ္လာတဲ့ပါကင္အတိုင္း ထားတတ္ၾကပါတယ္။ ဒါေပမယ့္ ဘယ္ရီသီးေတြက မိႈတက္လြယ္တာ၊ပုပ္လြယ္တာမို႔ေရေဆးထားလို႔လည္းမျဖစ္ဘူးေလ။ စားခါနီးမွေရေဆးသင့္ပါတယ္။ တခါတည္းလည္းအကုန္မစားႏိုင္ဘူး၊ မေဆးဘဲထားလည္း မျဖစ္၊ေဆးလည္းမိႈတက္မယ္ဆိုေတာ့ ဘယ္လိုလုပ္ရမလဲ။ နည္းလမ္း႐ွိပါတယ္။ ဗီနီဂါပန္းကန္လုံးတစ္လုံးစာကိုေရပန္းကန္လုံးသုံးလုံးနဲ႔ေရာၿပီး အသီးေတြအျမန္ထည့္ေဆးပါ။ ခ်က္ခ်င္းဆယ္ၿပီး ဇကာနဲ႔စစ္ပါ။ၿပီးရင္ တစ္႐ွဴးနည္းနည္းခင္းၿပီး တင္ပါ၊ တတ္ႏိုင္သေလာက္ေရကိုစုပ္ေအာင္ တို႔သုတ္ပါ။ အသီးေတြစိုမေနေတာ့ဘူးဆိုရင္ေလေပါက္႐ွိတဲ့ ဘူးတစ္ခုထဲ ထည့္ထား ဒါမွမဟုတ္ ဘူးကို အဖုံးဟထားပါ။

ပန္းသီးနဲ႔ လိေမၼာ္သီး ခြဲသိမ္းပါ

အသီးအႏွံေတြကethylene လို႔ေခၚတဲ့ ရင့္မွည့္ေစတဲ့ဂက္စ္တစ္မ်ိဳးကိုထုတ္ေပးၿပီး သူ႕နားတဝိုက္တျခားအသီးေတြကို ျမန္ျမန္မွည့္ေစ၊ ပ်က္စီးေစတတ္ပါတယ္။ ပန္းသီးကို တာ႐ွည္ခံေစခ်င္ရင္ေရခဲေသတၱာထဲ ထည့္ထားတာေကာင္းပါတယ္။ ဒါေပမယ့္ လိေမၼာ္သီးကို ပန္းသီးနဲ႔ခြဲၿပီးထည့္ပါ။ေလဝင္ႏိုင္တဲ့ဇကာေပါက္ အိတ္ေလးေတြနဲ႔ထည့္ပါ။ ပလတ္စတစ္နဲ႔ထည့္ရင္ မိႈပါတက္ေစႏိုင္ပါတယ္။

ငွက္ေပ်ာသီးကိုလည္း သီးသန္႔ခြဲထားပါ

ငွက္ေပ်ာသီးဆိုတာက မွည့္ၿပီးဆို တၿပိဳင္တည္း တစ္ဖီးလုံးမွည့္တတ္တာမို႔ တဝက္ေလာက္ပဲစားလိုက္ရၿပီး က်န္တာပစ္လိုက္ရတာမ်ိဳး ၾကဳံရဖူးမွာပါ။ ဒီျပႆနာကိုေျဖ႐ွင္းဖို႔က ငွက္ေပ်ာသီးေတြကို စားႏိုင္သေလာက္ပဲအျပင္မွာထား အမွည့္ခံၿပီး က်န္တာကိုေရခဲေသတၱာထဲ သိမ္းဆည္းသင့္ပါတယ္။ သိမ္းတဲ့အခါ အညႇာကိုတိပ္နဲ႔အထပ္ထပ္ပတ္ၿပီး ကပ္ထားမယ္ဆို ပိုခံပါတယ္တဲ့။ေဆးမထိထားတဲ့ အသီးေတာ့ျဖစ္ရပါမယ္ေနာ္။

ၾကက္သြန္နီနဲ႔ အာလူးကို ေရာမထားပါနဲ႔

မီးဖိုေခ်ာင္မွာ သိမ္းဆည္းၾကတဲ့အခါ ၾကက္သြန္ျခင္းထဲ အာလူးထည့္တာမ်ိဳး မလုပ္ပါနဲ႔။ ၾကက္သြန္ေၾကာင့္ အာလူးေတြကို ပ်က္စီးေစႏိုင္ပါတယ္။

ေထာပတ္သီးအမွည့္နဲ႔ ငွက္ေပ်ာသီး အတူမထားပါနဲ႔

ေထာပတ္သီးက အစိမ္းဆိုရင္ ငွက္ေပ်ာသီးနဲ႔အတူထားလို႔ရပါတယ္။ ငွက္ေပ်ာသီးဆီကထြက္တဲ့ ဂက္စ္ေတြေၾကာင့္ အသီးကိုပိုမွည့္ေစတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ေထာပတ္သီးက မွည့္ေနၿပီဆိုရင္ ငွက္ေပ်ာသီးနားမွာထားတဲ့အခါ ပိုၿပီးပုပ္လြယ္ႏိုင္ပါတယ္။

ခရမ္းခ်ဥ္သီးကို ေရခဲေသတၱာထဲ မထည့္ပါနဲ႔

ခရမ္းခ်ဥ္သီးကိုေရခဲေသတၱာထဲမွာ ၂ ရက္၊၃ရက္ေလာက္ ထားလို႔ရေပမယ့္ အျပင္မွာပဲ ဒီတိုင္းသိမ္းဆည္းတာပိုေကာင္းပါတယ္။ ၾကာၾကာထည့္ထားရင္ ခရမ္းခ်ဥ္သီးရဲ႕အာနိသင္၊ အရသာေတြကို ပ်က္စီးေစႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service