ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား....

ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား.... - Property Knowledge in Myanmar from iMyanmarHouse.com
8 Oct 2022 1:29 pm တွင် တင်ခဲ့သည်
2198 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ခန္ဓာကိုယ်မှာ ထိခိုက်မိတဲ့ ဒဏ်တွေ၊ အားကစားလုပ်တာကြောင့် အဆစ်တွေ၊ ကြွက်သားတွေနာတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ ရေနွေးအိတ် ကပ်ရမလား၊ ရေခဲဝတ် ပဲ ကပ်ရမလားဆိုပြီး ဇဝေဇဝါဖြစ်ဖူးကြလား။ ဒီတစ်ခါတော့ လုံးဝဇဝေဇဝါ မဖြစ်စေဖို့ Hello ဆရာဝန်ပရိသတ်ကြီးကို ရေခဲအိတ် ကပ်ရမယ့် အခြေအနေတွေနဲ့ ရေနွေးအိတ် ကပ်ရမယ့်အခြေအနေကို ပြောပြပေးချင်ပါတယ်နော်။

ရေခဲသုံးမလား၊ ရေနွေးအိတ် ကပ်မလား

 

နာကျင်မှုနဲ့အတူ နီရဲရောင်ရမ်းမှုတွေ ဖြစ်နေမယ်ဆိုရင် ရေနွေးအိတ် မကပ်သင့်ပါဘူး။ ရေခဲဝတ် ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ရေခဲက အရောင်ကျစေနိုင်သလို အဆစ်တွေ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။

ရေနွေးအိတ်က ကြွက်သားတွေကို ပြေလျော့စေတာကြောင့် ကြွက်သားနာကျင်တဲ့အခါ အသုံးဝင်ပါတယ်။

ဘယ်လိုနာကျင်မှုတွေကို ဘာကပ်ရမလဲဆိုတာကို ဥပမာပေးရမယ်ဆိုရင်

ဂေါက်ရောဂါကြောင့် အဆစ်တွေ ရုတ်တရက် နာလာပြီဆိုရင် ရေခဲဝတ်ကို ကပ်ပေးပါ။ အရောင်ကျစေသလို အေးတာကြောင့် နာတာတွေ ထုံသွားနိုင်ပါတယ်။

ခေါင်းကိုက်တယ်ဆိုရင်တော့ နဖူး၊ နားထင်ကြောတွေကို ရေခဲဝတ်လေး တင်ထားပေးပါ။ တကယ်လို့ ဇက်ကြောတွေ တက်တာကြောင့်ဆိုရင်တော့ ပုခုံးမှာ ရေနွေးဝတ်လေး ကပ်ထားပေးပါ။

ပေါင်၊ ခြေသလုံး နဲ့ ခါးက ကြွက်သားတွေ တောင့်တင်းနေမယ်။ အရွတ်တွေမှာ ထိခိုက်မိမယ်၊ လှုပ်ရှားမှုမရှိလို့ ညောင်းညာကိုက်ခဲတာမျိုးဖြစ်ဖြစ် လှုပ်ရှားမှုနည်းလို့ တောင့်တင်းနေရင်ဖြစ်ဖြစ် ရေနွေးအိတ် လေးကပ်ပေးတာက သက်သာစေမှာပါ။

ဒူး၊ တံတောင်ဆစ်၊ ခြေချင်းဝတ်တို့မှာ ပြင်းထန်စွာ ထိခိုက်မိတာကြောင့် အရွတ်စုတ်တာမျိုးဖြစ်မယ်ဆိုရင်တော့ အရောင်မကျခင်မှာ ရေခဲဝတ်ကပ်ပေးနိုင်ပါတယ်။ အရောင်ကျသွားပြီ ဒဏ်ဖြစ်လို့ နာနေတာဆိုရင်တော့ ရေနွေးဝတ်ကပ်ပေးနိုင်ပါတယ်။

လူကြီးတွေမှာ ဒူးနာနေတယ်။ ရောင်နေတယ်ဆိုရင် အရင်ဆုံး ရေခဲဝတ်ကပ်ပေးပါ။ အရောင်ကျသွားမှ ရေနွေးအိတ်ကပ်ပေးပါ။

 

ရေခဲဝတ်နဲ့ ရေနွေးအိတ်တို့ရဲ့ အားသာချက်

ရေခဲဝတ်ကပ်တာက သွေးကြောတွေကို ကျုံ့သွားစေပြီး ရောင်ရမ်းမှုကို လျော့ပါးစေတာကြောင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ရေနွေးအိတ်ကတော့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ကြွက်သားတွေကို ပြေလျော့စေတယ်။ အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်တယ်။

သတိထားရမယ့် အချက်လေးတွေက

ပူလွန်းရင်ပဲဖြစ်ဖြစ်၊ အေးလွန်းရင်ပဲဖြစ်ဖြစ် အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်ကပ်ရင်ဖြစ်ဖြစ်၊ ရေခဲဝတ်ကပ်ရင်ဖြစ်ဖြစ် သတိထားဖို့ လိုမှာ အသေအချာပါ။

 

ရေနွေးအိတ်ကပ်မယ်ဆိုရင်

အပူချိန်အရမ်းပြင်းမနေစေဖို့ သတိထားပါ။ အသားအရေကို အပူလောင်တာမျိုးမဖြစ်စေဖို့ပါ။

ရေနွေးအိတ်ကို တဘက်နဲ့ ထုပ်ပြီးမှာ အသားမှာကပ်ပေးပါ။

ထိခိုက်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာတွေကို ရေနွေးအိတ်မကပ်ပါနဲ့။

ရေနွေးအိတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။

 

ရေခဲဝတ်ကပ်မယ်ဆိုရင်

ရေခဲက အေးလွန်းတာကြောင့် အသားအရေ ကျိန်းစပ်တာမျိုးမဖြစ်စေဖို့ ရေခဲတွေကို တဘက်နဲ့ သေချာထုတ်ပြီးမှ ကပ်ပေးပါ။

သွေးလည်ပတ်မှု မကောင်းတဲ့သူတွေအနေနဲ့ ရေခဲဝတ်မကပ်သင့်ပါဘူး။ အရေပြားကို အရမ်းအေးတဲ့အထိ မကပ်ပါနဲ့။

ရေခဲဝတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။

ရေခဲဝတ်ကပ်တဲ့အချိန်မှာ ထုံလာရင်၊ အရေပြားနီလာရင်၊ အရည်ကြည်ဖုလေးတွေဖြစ်လာမယ်ဆိုရင် ဆက်မကပ်ပါနဲ့။

ကိုယ်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုအလိုက် ရေနွေးအိတ်နဲ့ ရေခဲဝတ်ကို သင့်တော်သလို ကပ်ကြပါနော်။ နေ့ရက်တိုင်းမှာ နာကျင်ကိုက်ခဲမှုကင်းကြပါစေကြောင်း……………

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

ေရေႏြးအိတ္ ကပ္မလား၊ ေရခဲကပ္မလား....

 

ခႏၶာကိုယ္မွာ ထိခိုက္မိတဲ့ ဒဏ္ေတြ၊ အားကစားလုပ္တာေၾကာင့္ အဆစ္ေတြ၊ ႂကြက္သားေတြနာတဲ့အခါ နာက်င္မႈကို သက္သာေစဖို႔ ေရေႏြးအိတ္ ကပ္ရမလား၊ ေရခဲဝတ္ ပဲ ကပ္ရမလားဆိုၿပီး ဇေဝဇဝါျဖစ္ဖူးၾကလား။ ဒီတစ္ခါေတာ့ လုံးဝဇေဝဇဝါ မျဖစ္ေစဖို႔ Hello ဆရာဝန္ပရိသတ္ႀကီးကို ေရခဲအိတ္ ကပ္ရမယ့္ အေျခအေနေတြနဲ႔ ေရေႏြးအိတ္ ကပ္ရမယ့္အေျခအေနကို ေျပာျပေပးခ်င္ပါတယ္ေနာ္။

ေရခဲသုံးမလား၊ ေရေႏြးအိတ္ ကပ္မလား

နာက်င္မႈနဲ႔အတူ နီရဲေရာင္ရမ္းမႈေတြ ျဖစ္ေနမယ္ဆိုရင္ ေရေႏြးအိတ္ မကပ္သင့္ပါဘူး။ ေရခဲဝတ္ ကပ္ေပးတာက အဆင္ေျပဆုံးျဖစ္မွာပါ။ ေရခဲက အေရာင္က်ေစႏိုင္သလို အဆစ္ေတြ နာက်င္မႈကိုလည္း သက္သာေစႏိုင္ပါတယ္။

ေရေႏြးအိတ္က ႂကြက္သားေတြကို ေျပေလ်ာ့ေစတာေၾကာင့္ ႂကြက္သားနာက်င္တဲ့အခါ အသုံးဝင္ပါတယ္။

ဘယ္လိုနာက်င္မႈေတြကို ဘာကပ္ရမလဲဆိုတာကို ဥပမာေပးရမယ္ဆိုရင္

ေဂါက္ေရာဂါေၾကာင့္ အဆစ္ေတြ ႐ုတ္တရက္ နာလာၿပီဆိုရင္ ေရခဲဝတ္ကို ကပ္ေပးပါ။ အေရာင္က်ေစသလို ေအးတာေၾကာင့္ နာတာေတြ ထုံသြားႏိုင္ပါတယ္။

ေခါင္းကိုက္တယ္ဆိုရင္ေတာ့ နဖူး၊ နားထင္ေၾကာေတြကို ေရခဲဝတ္ေလး တင္ထားေပးပါ။ တကယ္လို႔ ဇက္ေၾကာေတြ တက္တာေၾကာင့္ဆိုရင္ေတာ့ ပုခုံးမွာ ေရေႏြးဝတ္ေလး ကပ္ထားေပးပါ။

ေပါင္၊ ေျခသလုံး နဲ႔ ခါးက ႂကြက္သားေတြ ေတာင့္တင္းေနမယ္။ အ႐ြတ္ေတြမွာ ထိခိုက္မိမယ္၊ လႈပ္႐ွားမႈမ႐ွိလို႔ ေညာင္းညာကိုက္ခဲတာမ်ိဳးျဖစ္ျဖစ္ လႈပ္႐ွားမႈနည္းလို႔ ေတာင့္တင္းေနရင္ျဖစ္ျဖစ္ ေရေႏြးအိတ္ ေလးကပ္ေပးတာက သက္သာေစမွာပါ။

ဒူး၊ တံေတာင္ဆစ္၊ ေျခခ်င္းဝတ္တို႔မွာ ျပင္းထန္စြာ ထိခိုက္မိတာေၾကာင့္ အ႐ြတ္စုတ္တာမ်ိဳးျဖစ္မယ္ဆိုရင္ေတာ့ အေရာင္မက်ခင္မွာ ေရခဲဝတ္ကပ္ေပးႏိုင္ပါတယ္။ အေရာင္က်သြားၿပီ ဒဏ္ျဖစ္လို႔ နာေနတာဆိုရင္ေတာ့ ေရေႏြးဝတ္ကပ္ေပးႏိုင္ပါတယ္။

လူႀကီးေတြမွာ ဒူးနာေနတယ္။ ေရာင္ေနတယ္ဆိုရင္ အရင္ဆုံး ေရခဲဝတ္ကပ္ေပးပါ။ အေရာင္က်သြားမွ ေရေႏြးအိတ္ကပ္ေပးပါ။

 

ေရခဲဝတ္နဲ႔ ေရေႏြးအိတ္တို႔ရဲ႕ အားသာခ်က္

ေရခဲဝတ္ကပ္တာက ေသြးေၾကာေတြကို က်ံဳ႕သြားေစၿပီး ေရာင္ရမ္းမႈကို ေလ်ာ့ပါးေစတာေၾကာင့္ နာက်င္မႈကို သက္သာေစႏိုင္ပါတယ္။

ေရေႏြးအိတ္ကေတာ့ ေသြးစီးဆင္းမႈကို ေကာင္းမြန္ေစၿပီး ႂကြက္သားေတြကို ေျပေလ်ာ့ေစတယ္။ အဆစ္ေတြ နာက်င္မႈကို သက္သာေစႏိုင္တယ္။

သတိထားရမယ့္ အခ်က္ေလးေတြက

ပူလြန္းရင္ပဲျဖစ္ျဖစ္၊ ေအးလြန္းရင္ပဲျဖစ္ျဖစ္ အသားအေရကို ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေရေႏြးအိတ္ကပ္ရင္ျဖစ္ျဖစ္၊ ေရခဲဝတ္ကပ္ရင္ျဖစ္ျဖစ္ သတိထားဖို႔ လိုမွာ အေသအခ်ာပါ။

 

ေရေႏြးအိတ္ကပ္မယ္ဆိုရင္

အပူခ်ိန္အရမ္းျပင္းမေနေစဖို႔ သတိထားပါ။ အသားအေရကို အပူေလာင္တာမ်ိဳးမျဖစ္ေစဖို႔ပါ။

ေရေႏြးအိတ္ကို တဘက္နဲ႔ ထုပ္ၿပီးမွာ အသားမွာကပ္ေပးပါ။

ထိခိုက္ဒဏ္ရာ၊ ျပတ္႐ွဒဏ္ရာေတြကို ေရေႏြးအိတ္မကပ္ပါနဲ႔။

ေရေႏြးအိတ္ကို တစ္ခါကပ္ရင္ မိနစ္ ၂၀ ပဲကပ္ေပးပါ။

 

ေရခဲဝတ္ကပ္မယ္ဆိုရင္

ေရခဲက ေအးလြန္းတာေၾကာင့္ အသားအေရ က်ိန္းစပ္တာမ်ိဳးမျဖစ္ေစဖို႔ ေရခဲေတြကို တဘက္နဲ႔ ေသခ်ာထုတ္ၿပီးမွ ကပ္ေပးပါ။

ေသြးလည္ပတ္မႈ မေကာင္းတဲ့သူေတြအေနနဲ႔ ေရခဲဝတ္မကပ္သင့္ပါဘူး။ အေရျပားကို အရမ္းေအးတဲ့အထိ မကပ္ပါနဲ႔။

ေရခဲဝတ္ကို တစ္ခါကပ္ရင္ မိနစ္ ၂၀ ပဲကပ္ေပးပါ။

ေရခဲဝတ္ကပ္တဲ့အခ်ိန္မွာ ထုံလာရင္၊ အေရျပားနီလာရင္၊ အရည္ၾကည္ဖုေလးေတြျဖစ္လာမယ္ဆိုရင္ ဆက္မကပ္ပါနဲ႔။

ကိုယ္ျဖစ္တဲ့ နာက်င္ကိုက္ခဲမႈအလိုက္ ေရေႏြးအိတ္နဲ႔ ေရခဲဝတ္ကို သင့္ေတာ္သလို ကပ္ၾကပါေနာ္။ ေန႔ရက္တိုင္းမွာ နာက်င္ကိုက္ခဲမႈကင္းၾကပါေစေၾကာင္း……………

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service