“သီတင်းကျွတ်ပြီ ဒီဆုကိုသာပေးတော့မည်”

“သီတင်းကျွတ်ပြီ ဒီဆုကိုသာပေးတော့မည်” - Property Knowledge in Myanmar from iMyanmarHouse.com
8 Oct 2022 11:05 am တွင် တင်ခဲ့သည်
3010 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ဘာလိုလိုနှင့် မိမိကိုယ်တိုင် အကန်တော့ခံခုံမှာ ထိုင်ခဲ့ရသည်။ဘဝ၏ သုံးချိုးနှစ်ချိုးက ကုန်ခဲ့ပြီ။ကန်တော့ ကြသူများကို စိတ်ထဲကမေတ္တာပို့ပြီး ဩဝါဒစကားလေး တိုတိုပဲပြောဖြစ်သည်။

မိမိအရင် လုပ်ငန်းရှင်က ဩဝါဒစကားပြောသည်။သူပြောသည်က လူ့ဘဝမှာ အရေးကြီးဆုံး အချက်ကြီးသုံးခု အကြောင်းပြောသွားသည်။ ကျန်းမာရေး၊ ပညာရေးနှင့်စီးပွားရေးတို့ အကြောင်းဖြစ်သည်။

မိမိကတော့ကျန်းမာရေးအကြောင်းပဲ ပြောဖြစ်သည်။လုပ်ငန်းခွင်ဝင်နေကြပြီဖြစ်သည့် အရွယ်တွေဖြစ်၍ ထိုက်သင့်သော ပညာရေးလည်းရခဲ့ကြပြီဖြစ်သည်။ထိုပညာဖြင့် ကောင်းစွာအသက်မွေးနေကြပြီဖြစ်သည်။ ယခုအချိန်မှာ သူ့ဝန်ကိုထမ်းနေကြသော်လည်း တိုးတတ်မှုကိုရှာဖွေနေကြသည့်ခေတ်ဖြစ်၍ သူ့တို့ဘဝတွေက တစ်ချိန်မှာပြောင်းလဲကြဦးမည်ဖြစ်သည်။ထို့အတွက် ပညာရေးနှင့်စီပွားရေးအကြောင်းထက် မိမိက ကျန်းမာရေး ကိုပဲပြောဖြစ်လိုက်သည်။

အရွယ်သုံးပါးစလုံးမှာ အရေးကြီးဆုံးက ကျန်းမာရေးပါ။(အာရောဂျံ ပရမံလာဘံ) ကျန်းမာကြီးသည် လာဘ်တစ်ပါးဖြစ်သည်။လူတွေဟာ မကျန်းမာဘူးဆိုမှဖြင့် ကျန်သောအမှုကိစ္စတို့ကို စွမ်းဆောင်နိုင်ဖို့ လမ်းအခွင့်တို့ နည်းပါးသွားသည်။

လုပ်ဖော်ကိုင်ဖက်များထဲတွင် အချို့ငယ်ရွယ်ကသူများမှာ အရွယ်နှင့်မလိုက်အောင် လူးဆေးသောက်ဆေးများ ဆောင်ထားသုံးစွဲနေကြသည်ကိုတွေ့ရသည်။ခေါင်းမကြည်လို့၊ကိုယ်လက်နာကျင်လို့ စသဖြင့် ညည်းညူနေကြ သည်ကို နေ့စဉ်တွေ့နေရသည်။

ယောက်ျားလေးအတော်များ ကွမ်းစားခြင်း၊ဆေးလိပ်သောက်ခြင်း၊ယမကာမှီဝဲခြင်းတို့ကို ရံဖန်ရံခါထက် ခပ်စိတ်စိတ်ကလေးမှီဝဲလာသည့်အခါ၊အလွန်အကျူးသုံးစွဲမိသည့်အခါ ခံနိုင်ရည်ကောင်းသည့် အရွယ်ပင်ဖြစ်လင့်ကစား ရုပ်တို့ပြိုဆင်း သွားသည်ကိုတွေ့ရသည်။

ရုပ်ပျိုကိုနုစေဖို့နဲ့ကျန်းမာစေဖို့ အကောင်းဆုံးကတော့ ဘာဆေးမှမသောက်ဘဲ ကျွန်တော်တို့ လူ့ဘဝစကတည်းက ရှုခဲ့ရသည့် လေကို ဂရုတစိုက်ရှုဖို့ တိုက်တွန်းခဲ့ပါသည်။အရွယ်သုံးပါးလုံး ကျန်းမာနေမှ ကျန်သောအမှုကိစ္စတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်၍ ထိုသို့တိုက်တွန်းခဲ့ရခြင်းဖြစ်သည်။

လူ့ခန္ဓာကိုယ်က လေကို သဘာဝအရ အမှတ်မဲ့ရှုနေသည်။အမှတ်မဲ့ရှုသည့်အခါ လေကို တိုတိုတောင်းတောင်းသာ ရှုဖြစ်သည်။တိုတောင်းစွာရှုသည့်အတွက် အဆုပ်အတွင်း လေရောက်မှုနည်းသည်။တနည်းအားဖြင့် လူ့ခန္ဓာကိုယ်ကလိုအပ်သည့်ထက် အောက်စီဂျင်ပမာဏက နည်းရနေမည်။အောက်စီဂျင်နည်းတော့ ခေါင်းမကြည်မှုတွေဖြစ်လာသည်။အခြားသောချို့ယွင်းမှုတွေလည်း တဖြည်းဖြည်းနဲ့ ဖြစ်လာနိုင်သည်။

ကမ္မဋ္ဌာန်းထိုင်သလို ဝင်လေထွက်လေကို ထိသိသတိတွေနှင့် မရှုနိုင်တောင်မှ အဆုပ်၏ ပြန့်ကားနိုင်သည့် အနေအထားထိ သတိလေးထားပြီး လေကိုပြည့်ဝစွာ ဖြည်းဖြည်းမှန်မှန် ရှုသွင်းပေးခြင်းအားဖြင့် ထူးထူးခြား ကျန်းမာခြင်းကိုခံစားလာရပါလိမ့်မည်။ကျန်းမာခြင်းကို အလွန်အနှောင့်အယှက်ပေးသည့် အတွေးပူများကိုလည်း ရှောင်သင့် လျော့ချသင်သည်။

လေကိုရှုသည့်အခါ အရှိန်နှင့်ဆောင့်ပြီးမရှုရပါ။ကျင့်သားမရသေးခင် ထိုသို့ပြုလုပ်ပါက ချောင်းဆိုးခြင်း၊ နှလုံးအောင့်ခြင်းနှင့် မူးမော်ခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့မဖြစ်အောင် ဖြည်းဖြည်းမှန်မှန် ရှုသွင်းရှုထုတ် လုပ်ရန်လိုပါသည်။မထိုင်နိုင်လည်း ခန္ဓာကိုယ်ကိုယ် ဖြေလျော့ကာ လဲလျောင်းပြီးလည်း ပြုလုပ်နိုင်ပါသည်။

ဆိုချင်သည်က မည်သည့်အမှုကိစ္စတို့ကို လုပ်နေသည်ဖြစ်စေ သတိထားမိတိုင်း လေကိုအဆုပ်အတွင်း ပြည့်ဝစွာ ရှုသွင်းရှုထုတ်လုပ်နေဖို့ပါပဲ။ဒါကြောင့် ဆေးဝါးမှီဝဲမှုကင်းစွာ ကျန်းမာနုပျိုလာမည်ဟု ယုံကြည်သဖြင့် ထိုစကားကို ထိုနေ့က ဩဝါဒအနေနှင့် ဆိုခဲ့ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: original writer

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


 


















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း
လူ့ကိုယ်ခန္ဓာအတွင်းပိုင်းကို အသေးစိတ်လေ့လာနိုင်မယ့် Netherlands နိုင်ငံမှ Corpus ပြခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service