ချားလ်စ်ဘုရင်က သားတော် မင်းသားဝီလျံအား အိမ်ငှားခ ပေးရ

ချားလ်စ်ဘုရင်က သားတော် မင်းသားဝီလျံအား အိမ်ငှားခ ပေးရ - Property News in Myanmar from iMyanmarHouse.com
6 Oct 2022 11:04 am တွင် တင်ခဲ့သည်
996 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တော်ဝင်မင်းသား ဝီလျံသည် ဗြိတိန်၏ ချားလ်စ်ဘုရင် III ၏ အရိုက်အရာဆက်ဆံမည့်သူ ဖြစ်ရုံမျှမက ချားလ်စ်ဘုရင်၏ အိမ်ရှင်လည်း ဖြစ်လာသည်။

အသက် ၄၀ အရွယ်ရှိ ဝေလမင်းသား ဝီလျံသည် ဖခင်ထံမှ အိမ်ငှားခ ဒေါ်လာ ၇၈၅၈၀၀ ရရှိမည်ဖြစ်သည်။

အင်္ဂလန်နိုင်ငံ၊ Cornwall တွင် ဝီလျံအမွေရခဲ့သော စံအိမ်တစ်လုံးရှိသည်။ အဆိုပါစံအိမ်သည် ချားလ်စ်ဘုရင် အပန်းဖြေရန် အနှစ်သက်ဆုံးနေရာများတွင် တစ်ခုဖြစ်ကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သော စက်တင်ဘာလ ၈ ရက်တွင် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံသောအခါ အသက် ၇၃ နှစ်ရှိ ချားလ်စ်မင်းသားမှာ အင်္ဂလန်ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပြီး မင်းသားဝီလျံမှာ ကန်ဒေါ်လာ ၃၈၇ သန်း တန်ကြေးရှိ Cornwall မြို့စား၏ ပိုင်ဆိုင်မှု အရပ်ရပ်ကို အမွေဆက်ခံရရှိခဲ့ရာ အဆိုပါစံအိမ်လည်း ပါဝင်သည်။

မြို့စား၏ ပိုင်နက်တွင် ချားလ်စ်ဘုရင်အနှစ်သက်ဆုံးမှာ ဂလော်ဆက်စ်တာရှိုင်းယားရှိ Highgrove အိမ်တော် ဖြစ်သည်။

ချားလ်စ်ဘုရင်က အဆိုပါစံအိမ်ကို ၁၉၈၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ ချားလ်စ်ဘုရင်အနဖြင့် အဆိုပါစံအိမ်တော်တွင် နေထိုင်လိုပါက ပိုင်ရှင်သစ်ဖြစ်သော သားဖြစ်သူ ဝီလျံအား အိမ်ငှားခပေးရတော့မည် ဖြစ်သည်။

Cornwall မြို့စားပိုင်နက်မှာ မြေဧကပေါင်း ၁၂၈၀၀၀ ခန့်ရှိပြီး ချားလ်စ်ဘုရင်က ယခုအခါ နှစ်စဉ်အိမ်ငှားခ ဒေါ်လာ ၇၈၅၀၀၀ ကျော် ပေးဆောင်ရတော့မည် ဖြစ်သည်။

သတင်းရင်းမြစ်တစ်ခုက ပြောသည်မှာ “ဘုရင်မင်းမြတ်က Highgrove စံအိမ်တော်နဲ့ ဝန်းကျင်မြေနေရာကို ကာလရှည် ငှားရမ်းပြီး ငှားခပေးထားပါတယ်”ဟု ဆိုသည်။ Highgrove အိမ်တော်သည် ချားလ်စ်ဘုရင် မကြာခဏ အပန်းဖြေနေထိုင်လေ့ရှိသည့်နေရာတစ်ခု ဖြစ်သည်။

မယ်တော် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံချိန်ကလည်း ချားလ်စ်မင်းသားမှာ ယခုအိမ်တော်တွင် ရှိနေခဲ့သည်။

(မင်းသားဝီလျံနှင့် ချားလ်စ်ဘုရင်တို့ကို Highgrove စံအိမ်တော်တွင် တွေ့ရပုံ။ ဓာတ်ပုံ Tim Graham Photo Library via Getty)

မင်းသားဝီလျံသို့ လွှဲပြောင်းပေးလိုက်သော Cornwall မြို့စားပိုင်ဆိုင်မှုများတွင် HM Prison Dartmoor အကျဉ်းထောင်ကြီးနှင့် လန်ဒန်မြို့တောင်ပိုင်းရှိ Oval ခရစ်ကက်ကွင်းလည်း ပါဝင်သည်။

(Highgrove စံအိမ်တော်ဝန်းအတွင်း ချားလ်စ်ဘုရင် လမ်းလျှောက်နေပုံ)

ဘက်ကင်ဟမ်နန်းတော်က ချားလ်စ်ဘုရင်နှင့် ကြင်ယာတော် ဘုရင်မ ကမီလာ၊ မင်းသားဝီလျံနှင့် ကြင်ယာတော် ကိတ် မစ်ဒယ်လ်တန်တို့၏ ပုံတူတစ်ခုကို ပြီးခဲ့သော စနေနေ့က ချိတ်ဆွဲခဲ့သည်။

အဆိုပါပုံမှာ ဘုရင်မကြီး၏ ဈာပနမတိုင်မီတစ်ရက် စက်တင်ဘာလ ၁၈ ရက်နေ့က ရိုက်ကူးခဲ့သည့် ဓာတ်ပုံတစ်ခု ဖြစ်သည်။

(ချားလ်ဘုရင်၊ ဘုရင်မ ကမီလာ၊ ကိတ်မစ်ဒယ်လ်တန်နှင့် မင်းသားဝီလျံတို့၏ တရားဝင်ပုံတူ။ ဓာတ်ပုံ Getty Images)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why Charles must now pay rent to Prince William since becoming king (nypost)

[Zawgyi]

ခ်ားလ္စ္ဘုရင္က သားေတာ္ မင္းသားဝီလ်ံအား အိမ္ငွားခ ေပးရ

ျဗိတိန္ေတာ္ဝင္မင္းသား ဝီလ်ံသည္ ျဗိတိန္၏ ခ်ားလ္စ္ဘုရင္ III ၏ အရိုက္အရာဆက္ဆံမည့္သူ ျဖစ္ရံုမွ်မက ခ်ားလ္စ္ဘုရင္၏ အိမ္ရွင္လည္း ျဖစ္လာသည္။

အသက္ ၄၀ အရြယ္ရွိ ေဝလမင္းသား ဝီလ်ံသည္ ဖခင္ထံမွ အိမ္ငွားခ ေဒၚလာ ၇၈၅၈၀၀ ရရွိမည္ျဖစ္သည္။

အဂၤလန္ႏိုင္ငံ၊ Cornwall တြင္ ဝီလ်ံအေမြရခဲ့ေသာ စံအိမ္တစ္လံုးရွိသည္။ အဆိုပါစံအိမ္သည္ ခ်ားလ္စ္ဘုရင္ အပန္းေျဖရန္ အႏွစ္သက္ဆံုးေနရာမ်ားတြင္ တစ္ခုျဖစ္ေၾကာင္း The Sun သတင္းဌာနက ေဖာ္ျပသည္။

ျပီးခဲ့ေသာ စက္တင္ဘာလ ၈ ရက္တြင္ အဲလစ္ဇဘက္ ဘုရင္မၾကီး နတ္ရြာစံေသာအခါ အသက္ ၇၃ ႏွစ္ရွိ ခ်ားလ္စ္မင္းသားမွာ အဂၤလန္ထီးနန္းအရိုက္အရာကို ဆက္ခံခဲ့ျပီး မင္းသားဝီလ်ံမွာ ကန္ေဒၚလာ ၃၈၇ သန္း တန္ေၾကးရွိ Cornwall ျမိဳ႕စား၏ ပိုင္ဆိုင္မႈ အရပ္ရပ္ကို အေမြဆက္ခံရရွိခဲ့ရာ အဆိုပါစံအိမ္လည္း ပါဝင္သည္။

ျမိဳ႕စား၏ ပိုင္နက္တြင္ ခ်ားလ္စ္ဘုရင္အႏွစ္သက္ဆံုးမွာ ဂေလာ္ဆက္စ္တာရႈိင္းယားရွိ Highgrove အိမ္ေတာ္ ျဖစ္သည္။

ခ်ားလ္စ္ဘုရင္က အဆိုပါစံအိမ္ကို ၁၉၈၀ ျပည့္ႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ယခုအခါ ခ်ားလ္စ္ဘုရင္အနျဖင့္ အဆိုပါစံအိမ္ေတာ္တြင္ ေနထိုင္လိုပါက ပိုင္ရွင္သစ္ျဖစ္ေသာ သားျဖစ္သူ ဝီလ်ံအား အိမ္ငွားခေပးရေတာ့မည္ ျဖစ္သည္။

Cornwall ျမိဳ႕စားပိုင္နက္မွာ ေျမဧကေပါင္း ၁၂၈၀၀၀ ခန္႔ရွိျပီး ခ်ားလ္စ္ဘုရင္က ယခုအခါ ႏွစ္စဥ္အိမ္ငွားခ ေဒၚလာ ၇၈၅၀၀၀ ေက်ာ္ ေပးေဆာင္ရေတာ့မည္ ျဖစ္သည္။

သတင္းရင္းျမစ္တစ္ခုက ေျပာသည္မွာ “ဘုရင္မင္းျမတ္က Highgrove စံအိမ္ေတာ္နဲ႔ ဝန္းက်င္ေျမေနရာကို ကာလရွည္ ငွားရမ္းျပီး ငွားခေပးထားပါတယ္”ဟု ဆိုသည္။ Highgrove အိမ္ေတာ္သည္ ခ်ားလ္စ္ဘုရင္ မၾကာခဏ အပန္းေျဖေနထိုင္ေလ့ရွိသည့္ေနရာတစ္ခု ျဖစ္သည္။

မယ္ေတာ္ အဲလစ္ဇဘက္ ဘုရင္မၾကီး နတ္ရြာစံခ်ိန္ကလည္း ခ်ားလ္စ္မင္းသားမွာ ယခုအိမ္ေတာ္တြင္ ရွိေနခဲ့သည္။

(မင္းသားဝီလ်ံႏွင့္ ခ်ားလ္စ္ဘုရင္တို႔ကို Highgrove စံအိမ္ေတာ္တြင္ ေတြ႔ရပံု။ ဓာတ္ပံု Tim Graham Photo Library via Getty)

မင္းသားဝီလ်ံသို႔ လႊဲေျပာင္းေပးလိုက္ေသာ Cornwall ျမိဳ႕စားပိုင္ဆိုင္မႈမ်ားတြင္ HM Prison Dartmoor အက်ဥ္းေထာင္ၾကီးႏွင့္ လန္ဒန္ျမိဳ႕ေတာင္ပိုင္းရွိ Oval ခရစ္ကက္ကြင္းလည္း ပါဝင္သည္။

(Highgrove စံအိမ္ေတာ္ဝန္းအတြင္း ခ်ားလ္စ္ဘုရင္ လမ္းေလွ်ာက္ေနပံု)

ဘက္ကင္ဟမ္နန္းေတာ္က ခ်ားလ္စ္ဘုရင္ႏွင့္ ၾကင္ယာေတာ္ ဘုရင္မ ကမီလာ၊ မင္းသားဝီလ်ံႏွင့္ ၾကင္ယာေတာ္ ကိတ္ မစ္ဒယ္လ္တန္တို႔၏ ပံုတူတစ္ခုကို ျပီးခဲ့ေသာ စေနေန႔က ခ်ိတ္ဆြဲခဲ့သည္။

အဆိုပါပံုမွာ ဘုရင္မၾကီး၏ စ်ာပနမတိုင္မီတစ္ရက္ စက္တင္ဘာလ ၁၈ ရက္ေန႔က ရိုက္ကူးခဲ့သည့္ ဓာတ္ပံုတစ္ခု ျဖစ္သည္။

(ခ်ားလ္ဘုရင္၊ ဘုရင္မ ကမီလာ၊ ကိတ္မစ္ဒယ္လ္တန္ႏွင့္ မင္းသားဝီလ်ံတို႔၏ တရားဝင္ပံုတူ။ ဓာတ္ပံု Getty Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Why Charles must now pay rent to Prince William since becoming king (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service