ချားလ်စ်ဘုရင် ပိုင်သောစံအိမ်တော်များကို တစ်ညလျှင် ပေါင် ၁၀၀ မျှဖြင့် တည်းခိုနိုင်

ချားလ်စ်ဘုရင် ပိုင်သောစံအိမ်တော်များကို တစ်ညလျှင် ပေါင် ၁၀၀ မျှဖြင့် တည်းခိုနိုင် - Property News in Myanmar from iMyanmarHouse.com
5 Oct 2022 11:09 am တွင် တင်ခဲ့သည်
1154 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ယခုဖော်ပြမည့် အပန်းဖြေအိမ်များတွင် ကြီးမားလှသော အိပ်ရာကြီးများနှင့် မဟာဆန်သော ကော်ဇောကြီးများ ရှိနေခြင်းတွင် အကြောင်းရင်းတစ်ခုရှိသည်။

အဆိုပါအပန်းဖြေအိမ်များကို အင်္ဂလန်ပြည့်ရှင်သစ် ချားလ်စ်ဘုရင် ပိုင်ဆိုင်သောအိမ်များ ဖြစ်သောကြောင့်ပင်။

ချားလ်စ်ဘုရင် III တွင် တော်ဝင်အပန်းဖြေစံအိမ်ပေါင်း ၆ လုံးရှိပြီး ကမ္ဘာလှည့်ခရီးသည်များကို တစ်ညလျှင် ပေါင် ၁၀၀ ဖြင့် တည်းခိုခွင့်ပေးထားပြီး ရက်သတ္တပတ်တာ တည်းခိုလိုလျှင်မူ ပေါင် ၅၀၀၀ ဖြစ်သည်။

 

(ချားလ်စ်ဘုရင်သည် မေရဲတိုက်- Castle of Mey တွင် နှစ်တိုင်း နေထိုင်အပန်းဖြေခဲ့ဖူးကာ သင်လည်း တည်းခိုအပန်းဖြေနိုင်သည်။ ဓာတ်ပုံ- Getty)

 

(မင်းသားဝီလျံနှင့် ကြင်ယာတော် ကိတ်တို့စုံတွဲလည်း ချားလ်စ်ဘုရင်ပိုင်ဆိုင်သော စစ္စလီကျွန်းမှ စံအိမ်တွင် အပန်းဖြေခဲ့ဖူးသည်။ ဓာတ်ပုံ Credit: Tresco.co.uk)

ဖြူလွလွသဲသောင်ပြင်များဆီ မျက်နှာမူသော စံအိမ်၊ စကော့တလန်ကမ်းရိုးတန်းမှ ရှေးဟောင်းရဲတိုက်ကြီး၊ ထရန်ဆယ်လ်ဗေးနီးယားမှ သွေးစုပ်ဖုတ်ကောင်စံအိမ် အစရှိသည်တို့ ပါဝင်သည်။

ချားလ်ဘုရင်က ရိုးရာဗိသုကာဟန်များကို နှစ်သက်တော်မူရာ နေအိမ်များရှိ အခန်းများတွင် ထိုအချက်ကို တွေ့နိုင်သည်။

အောက်ဖော်ပြပါတို့မှာ ချားလ်စ်ဘုရင်၏ အပန်းဖြေစံအိမ်များဖြစ်သည်။

 

(ထရန်ဆယ်ဗေးနီးယား၊ ရိုမေးနီးယားနိုင်ငံ)

(ချားလ်စ်ဘုရင်၏ ရိုမေးနီးယား အပန်းဖြေစံအိမ်မှ အိပ်ခန်းတစ်ခု။ ဓာတ်ပုံ Credit: Count Kalnoky)

ချားလ်စ်ဘုရင်သည် ရိုမေးနီးယားနိုင်ငံ၊ ထရန်ဆယ်ဗေးနီးယားအရပ်သို့ သွားရောက်အပန်းဖြေခဲ့ဖူးသည်။

ထိုဒေသသည် တချိန်က သွေးဆာသော ဘုရင်ခံ Vlad the Impaler အုပ်စိုးခဲ့ဖူးသည်။

Bram Stoker ၏ ဒရာကူလာဝတ္ထုကို သဘောကျသော ချားလ်စ်မင်းသားက ၂၀၀၆ နှင့် ၂၀၁၀ ပြည့်နှစ်များတွင် ဤဒေသ၌ အပန်းဖြေစံအိမ်များ ဝယ်ယူခဲ့သည်။

Zalan တောင်ကြားရှိ ဘုရင်မင်းမြတ်၏ စံအိမ်များမှ အခန်းများတွင် ရှေးဟောင်းပစ္စည်းအစစ်များ၊ ထရန်ဆယ်ဗေးနီးယားထွက် အထည်အလိပ်များဖြင့် မွမ်းမံထားကာ တစ်ညလျှင် ပေါင် ၁၀၀ မျှဖြင့် တည်းခိုနိုင်သည်။

တည်းခိုရန် ရောက်ရှိလာသည့် ဧည့်သည်များကို ထရန်ဆယ်ဗေးနီးယား ဘရန်ဒီအရက်ဖြင့် ကြိုဆိုကြောင်း စံအိမ်၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

(Dolphin အိမ်တော်၊ စစ္စလီကျွန်း)

(အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှ Tresco ကျွန်းရှိ စံအိမ်- ဓာတ်ပုံ Getty)

ဘီလျံနာတို့သည် ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ပိုင်ဆိုင်လေ့ရှိကြပြီး ချားလ်စ်ဘုရင်၏ ကျွန်းမှာမူ အလွန်ထူးခြားကောင်းမွန်လှသည်။

ဖြူလွလွသဲသောင်ကမ်းခြေများ၊ မုတ်သုန်ရာသီတွင်ပေါက်ရောက်သော အပင်များရှိသည် Tresco ကျွန်းသည် Cornwall မြို့ ကမ်းလွန်တွင် တည်ရှိကာ ဗြိတိန်၏ အခမ်းနားဆုံးနေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ကျွန်းပေါ်ရှိစံအိမ်မှာ Dolphin အိမ်တော်ဟု အမည်ပေးထားပြီး အိပ်ခန်း ၆ ခန်းပါဝင်ကာ ငှားရမ်းတည်းခို အပန်းဖြေနိုင်သည်။

တော်ဝင်မင်းသား ဝီလျံနှင့် ကြင်ယာတော်ကိတ်တို့သည် လွန်ခဲ့သော ၃ နှစ်က အုန်းပင်များ ဝန်းပတ်ထားသော အဆိုပါအိမ်တော်တွင် နွေရာသီ အပန်းဖြေခဲ့ဖူးသည်။

အပန်းဖြေတည်းခိုမည့် ဧည့်သည်တော်များအနေဖြင့် ကျယ်ဝန်းလှသော ပန်းဥယျာဉ်များထဲတွင် ညစာထွက်စားနိုင်သည်။ အဆိုပါ ပန်းဥယျာဉ်နေရာမှတဆင့် ပြာလဲ့လဲ့ အတ္တလန္တိတ်သမုဒ္ဒရာရေပြင်ကို လှမ်းမျှော်တွေ့မြင်နိုင်သည်။

(Tamarisk အိမ်တော်၊ စစ္စလီကျွန်း)

(ပြန်လည်ပြင်ဆင်ထားသော ဘန်ဂလိုအိမ်အတွင်းမှ ရေချိုးခန်း။ ဓာတ်ပုံ Credit: Duchy of Cornwall)

ထီးနန်းလျာတစ်ဦးသည်ပင်လျှင် အိမ်ခြံမြေပိုင်ဆိုင်မှုလှေကားကို အောက်ခြေမှတက်ရသည်။

ချားလ်စ်ဘုရင်သည်လည်း အိမ်ခြံမြေများကို တဖြည်းဖြည်းချင်း အောက်ခြေမှ စတင်စုဆောင်းဝယ်ယူခဲ့ခြင်း ဖြစ်ရာ စိန့်မေရီကျွန်းရှိ အိပ်ခန်း ၄ ခန်းပါ ယခုဘန်ဂလိုအိမ်မှ စတင်ခဲ့သည်။

ဘန်ဂလိုအိမ်၏ အမည်မှာ ဘန်ဂလိုကို ဝန်းပတ်ထားသော ရှားပါး ခြုံနွယ်ပင်များကို အစွဲပြုကာ အမည်ပေးထားခြင်း ဖြစ်သည်။

မင်းသားဝီလျံက ယခုဘန်ဂလိုကို ၁၉၆၉ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၂၀ အရွယ်သာ ရှိသေးသည်။

ယင်းဘန်ဂလိုတွင် ရက်သတ္တပတ်လျှင် ပေါင် ၁၃၀၀ မှ ပေါင် ၄၈၀၀ ကြားပေးကာ တည်းခိုအပန်းဖြေနိုင်သည်။

 

(Llwynywermod စံအိမ်၊ ဝေလပြည်၊ အင်္ဂလန်)

 

(ချားလ်စ်ဘုရင် အငှားချထားလျက်ရှိသော ဝေလပြည် ကျေးလက်ဒေသမှ စံအိမ်များ။ ဓာတ်ပုံ Credit: Duchy of Cornwall)

ဝေလမင်းသားဘဝက ချားလ်စ်သည် ၁၉၂ ဧကကျယ်ဝန်းသော ယခုစံအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ပေါင် ၁ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အပြောကျယ်လှသော ခြံဝန်းကြီးအတွင်း ပင်မယာတောအိမ်၊ တစ်ထပ်အိမ် ၃ လုံးနှင့် သမိုင်းဝင်အမွေအနှစ် အဖြစ် သတ်မှတ်ခံရသော စပါးကျီတစ်လုံးတို့ပါဝင်ပြီး ဝေလပြည်၊ ကာမာသန်ရှိုင်းယားအရပ်၊ Llandovery မြို့အနီးကျေးလက်ဒေသတွင် တည်ရှိသည်။

အပန်းဖြေလိုသူများအနေဖြင့် တစ်ထပ်အိမ် ၂ လုံးတွင် ငှားရမ်းနေထိုင်နိုင်ပြီး အိမ်တစ်လုံးမှာ လူ ၆ ဦး အိပ်စက်နိုင်ကာ အခြားတစ်လုံးမှာ ၄ ဦး အိပ်စက်နိုင်သည်။

ရက်သတ္တပတ်တာ ငှားရမ်းခမှာ လူသူရှင်းသော ကာလများတွင် ၉၉၅ ပေါင် ဖြစ်သည်။

 

(Dumfries အိမ်တော်၊ စကော့တလန်)

 

(အဲလစ်ဇဘက်ဘုရင်မကြီး နတ်ရွာစံချိန်တွင် ချားလ်စ်မင်းသား (ယခုဘုရင်) မှာ Dumfries အိမ်တော်တွင် ရောက်ရှိနေသည်။ ဓာတ်ပုံ Credit- PA)

ချားလ်စ်ဘုရင်သည် ၁၈ ရာစုအတွင်းက ဆောက်လုပ်ခဲ့သော ခန့်ညားထည်ဝါသည့် စကော့တလန်စံအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မယ်တော် အဲလစ်ဇဘက်ဘုရင်မကြီး နတ်ရွာစံကြောင်း သတင်းထွက်ပေါ်လာချိန်တွင် ချားလ်စ်မင်းသားမှာ ယခုစံအိမ်တွင် ရောက်ရှိနေသည်။

ခြံဝန်းအကျယ်မှာ ဧကပေါင်း ၂၀၀၀ ခန့်ရှိပြီး တစ်ထပ်အိမ်ကလေးများနှင့် တောလယ်အိမ်တို့ ပါဝင်ကာ တည်းခိုခမှာ တစ်ညလျှင် ပေါင် ၁၄၀ မှ ပေါင် ၄၆၀ ကြားရှိသည်။

 

(မေရဲတိုက်၊ စကော့တလန်)

 

(စကော့တလန်ရှိ မေရဲတိုက်တွင် ချားလ်စ်မင်းသားကို တွေ့ရပုံ။ ဓာတ်ပုံ Credit- PA)

မေရဲတိုက်သည် စကော့တလန်နိုင်ငံ မြောက်ဖျားတွင် တည်ရှိပြီး နတ်ရွာစံသွားသော အဲလစ်ဇဘက်ဘုရင်မကြီး၏ နွေရာသီ စံနန်းတော်လည်း ဖြစ်သည်။

စွန့်ပစ်ခံထားရသော ရဲတိုက်ကြီးကို ဘုရင်မကြီးက ၁၉၅၂ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

၁၆ ရာစုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သော ရဲတိုက်ကြီးကို ဘုရင်မကြီးက မူလအတိုင်း ခမ်းနားထည်ဝါမှုများ ပြန်လည်ရရှိစေရန် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ချားလ်စ်မင်းသား (ယခုဘုရင်) နှင့် ကြင်ယာတော် ကမီလာတို့လည်း ဤရဲတိုက်ကြီးတွင် နှစ်စဉ် အပန်းဖြေလေ့ရှိသည်။

ရဲတိုက်ကြီးကို ချားလ်စ်မင်းသား ဥက္ကဌအဖြစ် ဦးစီးသော ပရဟိတအဖွဲ့က ကြီးကြပ်ထိန်းသိမ်းသည်။

ရဲတိုက်ဝန်းကြီးအတွင်းရှိ Granary တောလယ်အိမ်တွင် တည်းခိုမည်ဆိုပါက ၂ ညလျှင် ပေါင် ၃၃၀ ပေးရမည် ဖြစ်သည်။

အိပ်ခန်း ၃ ခန်းပါသော Captain’s House အိမ်တော်တွင် တည်းခိုမည်ဆိုလျှင်မူ ရက်သတ္တပတ်လျှင် ပေါင် တစ်ထောင်ခန့် ကျသင့်မည် ဖြစ်သည်။

 

(ချားလ်စ်ဘုရင်၏ ပထမဆုံးအိမ်ခြံမြေဖြစ်သော စစ္စလီကျွန်းမှ ဘန်ဂလို။ ဓာတ်ပုံ Credit: Duchy of Cornwall)

(Viscri ကျေးရွာရှိ ချားလ်စ်ဘုရင်၏ အိမ်တော်ကို ကမ္ဘာလှည့်ခရီးသည်များ လေ့လာကြည့်ရှုနေပုံ။ ဓာတ်ပုံ Credit: Getty)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside King Charles’ luxury secret royal retreats where YOU can stay for as little as £100 a night – including a castle (thesun)

 

 

 

 

[Zawgyi]

ခ်ားလ္စ္ဘုရင္ ပိုင္ေသာစံအိမ္ေတာ္မ်ားကို တစ္ညလွ်င္ ေပါင္ ၁၀၀ မွ်ျဖင့္ တည္းခိုႏိုင္

 

ယခုေဖာ္ျပမည့္ အပန္းေျဖအိမ္မ်ားတြင္ ၾကီးမားလွေသာ အိပ္ရာၾကီးမ်ားႏွင့္ မဟာဆန္ေသာ ေကာ္ေဇာၾကီးမ်ား ရွိေနျခင္းတြင္ အေၾကာင္းရင္းတစ္ခုရွိသည္။

အဆိုပါအပန္းေျဖအိမ္မ်ားကို အဂၤလန္ျပည့္ရွင္သစ္ ခ်ားလ္စ္ဘုရင္ ပိုင္ဆိုင္ေသာအိမ္မ်ား ျဖစ္ေသာေၾကာင့္ပင္။

ခ်ားလ္စ္ဘုရင္ III တြင္ ေတာ္ဝင္အပန္းေျဖစံအိမ္ေပါင္း ၆ လံုးရွိျပီး ကမၻာလွည့္ခရီးသည္မ်ားကို တစ္ညလွ်င္ ေပါင္ ၁၀၀ ျဖင့္ တည္းခိုခြင့္ေပးထားျပီး ရက္သတၱပတ္တာ တည္းခိုလိုလွ်င္မူ ေပါင္ ၅၀၀၀ ျဖစ္သည္။

(ခ်ားလ္စ္ဘုရင္သည္ ေမရဲတိုက္- Castle of Mey တြင္ ႏွစ္တိုင္း ေနထိုင္အပန္းေျဖခဲ့ဖူးကာ သင္လည္း တည္းခိုအပန္းေျဖႏိုင္သည္။ ဓာတ္ပံု- Getty)

(မင္းသားဝီလ်ံႏွင့္ ၾကင္ယာေတာ္ ကိတ္တို႔စံုတြဲလည္း ခ်ားလ္စ္ဘုရင္ပိုင္ဆိုင္ေသာ စစၥလီကၽြန္းမွ စံအိမ္တြင္ အပန္းေျဖခဲ့ဖူးသည္။ ဓာတ္ပံု Credit: Tresco.co.uk)

ျဖဴလြလြသဲေသာင္ျပင္မ်ားဆီ မ်က္ႏွာမူေသာ စံအိမ္၊ စေကာ့တလန္ကမ္းရိုးတန္းမွ ေရွးေဟာင္းရဲတိုက္ၾကီး၊ ထရန္ဆယ္လ္ေဗးနီးယားမွ ေသြးစုပ္ဖုတ္ေကာင္စံအိမ္ အစရွိသည္တို႔ ပါဝင္သည္။

ခ်ားလ္ဘုရင္က ရိုးရာဗိသုကာဟန္မ်ားကို ႏွစ္သက္ေတာ္မူရာ ေနအိမ္မ်ားရွိ အခန္းမ်ားတြင္ ထိုအခ်က္ကို ေတြ႔ႏိုင္သည္။ ေအာက္ေဖာ္ျပပါတို႔မွာ ခ်ားလ္စ္ဘုရင္၏ အပန္းေျဖစံအိမ္မ်ားျဖစ္သည္။

(ထရန္ဆယ္ေဗးနီးယား၊ ရိုေမးနီးယားႏိုင္ငံ)

(ခ်ားလ္စ္ဘုရင္၏ ရိုေမးနီးယား အပန္းေျဖစံအိမ္မွ အိပ္ခန္းတစ္ခု။ ဓာတ္ပံု Credit: Count Kalnoky)

ခ်ားလ္စ္ဘုရင္သည္ ရိုေမးနီးယားႏိုင္ငံ၊ ထရန္ဆယ္ေဗးနီးယားအရပ္သို႔ သြားေရာက္အပန္းေျဖခဲ့ဖူးသည္။

ထိုေဒသသည္ တခ်ိန္က ေသြးဆာေသာ ဘုရင္ခံ Vlad the Impaler အုပ္စိုးခဲ့ဖူးသည္။

Bram Stoker ၏ ဒရာကူလာဝတၳဳကို သေဘာက်ေသာ ခ်ားလ္စ္မင္းသားက ၂၀၀၆ ႏွင့္ ၂၀၁၀ ျပည့္ႏွစ္မ်ားတြင္ ဤေဒသ၌ အပန္းေျဖစံအိမ္မ်ား ဝယ္ယူခဲ့သည္။

Zalan ေတာင္ၾကားရွိ ဘုရင္မင္းျမတ္၏ စံအိမ္မ်ားမွ အခန္းမ်ားတြင္ ေရွးေဟာင္းပစၥည္းအစစ္မ်ား၊ ထရန္ဆယ္ေဗးနီးယားထြက္ အထည္အလိပ္မ်ားျဖင့္ မြမ္းမံထားကာ တစ္ညလွ်င္ ေပါင္ ၁၀၀ မွ်ျဖင့္ တည္းခိုႏိုင္သည္။

တည္းခိုရန္ ေရာက္ရွိလာသည့္ ဧည့္သည္မ်ားကို ထရန္ဆယ္ေဗးနီးယား ဘရန္ဒီအရက္ျဖင့္ ၾကိဳဆိုေၾကာင္း စံအိမ္၏ ဝက္ဘ္ဆိုက္တြင္ ေရးသားေဖာ္ျပထားသည္။

(Dolphin အိမ္ေတာ္၊ စစၥလီကၽြန္း)

(အတၱလႏၱိတ္သမုဒၵရာအတြင္းမွ Tresco ကၽြန္းရွိ စံအိမ္- ဓာတ္ပံု Getty)

ဘီလ်ံနာတို႔သည္ ကိုယ္ပိုင္ကၽြန္းတစ္ကၽြန္း ပိုင္ဆိုင္ေလ့ရွိၾကျပီး ခ်ားလ္စ္ဘုရင္၏ ကၽြန္းမွာမူ အလြန္ထူးျခားေကာင္းမြန္လွသည္။

ျဖဴလြလြသဲေသာင္ကမ္းေျခမ်ား၊ မုတ္သုန္ရာသီတြင္ေပါက္ေရာက္ေသာ အပင္မ်ားရွိသည္ Tresco ကၽြန္းသည္ Cornwall ျမိဳ႕ ကမ္းလြန္တြင္ တည္ရွိကာ ျဗိတိန္၏ အခမ္းနားဆံုးေနရာမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။

ကၽြန္းေပၚရွိစံအိမ္မွာ Dolphin အိမ္ေတာ္ဟု အမည္ေပးထားျပီး အိပ္ခန္း ၆ ခန္းပါဝင္ကာ ငွားရမ္းတည္းခို အပန္းေျဖႏိုင္သည္။ ေတာ္ဝင္မင္းသား ဝီလ်ံႏွင့္ ၾကင္ယာေတာ္ကိတ္တို႔သည္ လြန္ခဲ့ေသာ ၃ ႏွစ္က အုန္းပင္မ်ား ဝန္းပတ္ထားေသာ အဆိုပါအိမ္ေတာ္တြင္ ေႏြရာသီ အပန္းေျဖခဲ့ဖူးသည္။

အပန္းေျဖတည္းခိုမည့္ ဧည့္သည္ေတာ္မ်ားအေနျဖင့္ က်ယ္ဝန္းလွေသာ ပန္းဥယ်ာဥ္မ်ားထဲတြင္ ညစာထြက္စားႏိုင္သည္။ အဆိုပါ ပန္းဥယ်ာဥ္ေနရာမွတဆင့္ ျပာလဲ့လဲ့ အတၱလႏၱိတ္သမုဒၵရာေရျပင္ကို လွမ္းေမွ်ာ္ေတြ႔ျမင္ႏိုင္သည္။

(Tamarisk အိမ္ေတာ္၊ စစၥလီကၽြန္း)

(ျပန္လည္ျပင္ဆင္ထားေသာ ဘန္ဂလိုအိမ္အတြင္းမွ ေရခ်ဳိးခန္း။ ဓာတ္ပံု Credit: Duchy of Cornwall)

ထီးနန္းလ်ာတစ္ဦးသည္ပင္လွ်င္ အိမ္ျခံေျမပိုင္ဆိုင္မႈေလွကားကို ေအာက္ေျခမွတက္ရသည္။

ခ်ားလ္စ္ဘုရင္သည္လည္း အိမ္ျခံေျမမ်ားကို တျဖည္းျဖည္းခ်င္း ေအာက္ေျခမွ စတင္စုေဆာင္းဝယ္ယူခဲ့ျခင္း ျဖစ္ရာ စိန္႔ေမရီကၽြန္းရွိ အိပ္ခန္း ၄ ခန္းပါ ယခုဘန္ဂလိုအိမ္မွ စတင္ခဲ့သည္။

ဘန္ဂလိုအိမ္၏ အမည္မွာ ဘန္ဂလိုကို ဝန္းပတ္ထားေသာ ရွားပါး ျခံဳႏြယ္ပင္ မ်ားကို အစြဲျပဳကာ အမည္ေပးထားျခင္း ျဖစ္သည္။

မင္းသားဝီလ်ံက ယခုဘန္ဂလိုကို ၁၉၆၉ ခုႏွစ္က ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ထိုစဥ္က အသက္ ၂၀ အရြယ္သာ ရွိေသးသည္။

ယင္းဘန္ဂလိုတြင္ ရက္သတၱပတ္လွ်င္ ေပါင္ ၁၃၀၀ မွ ေပါင္ ၄၈၀၀ ၾကားေပးကာ တည္းခိုအပန္းေျဖႏိုင္သည္။

(Llwynywermod စံအိမ္၊ ေဝလျပည္၊ အဂၤလန္)

(ခ်ားလ္စ္ဘုရင္ အငွားခ်ထားလ်က္ရွိေသာ ေဝလျပည္ ေက်းလက္ေဒသမွ စံအိမ္မ်ား။ ဓာတ္ပံု Credit: Duchy of Cornwall)

ေဝလမင္းသားဘဝက ခ်ားလ္စ္သည္ ၁၉၂ ဧကက်ယ္ဝန္းေသာ ယခုစံအိမ္ကို ၂၀၀၇ ခုႏွစ္အတြင္း ေပါင္ ၁ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အေျပာက်ယ္လွေသာ ျခံဝန္းၾကီးအတြင္း ပင္မယာေတာအိမ္၊ တစ္ထပ္အိမ္ ၃ လံုးႏွင့္ သမိုင္းဝင္အေမြအႏွစ္ အျဖစ္ သတ္မွတ္ခံရေသာ စပါးက်ီတစ္လံုးတို႔ပါဝင္ျပီး ေဝလျပည္၊ ကာမာသန္ရႈိင္းယားအရပ္၊ Llandovery ျမိဳ႕အနီးေက်းလက္ေဒသတြင္ တည္ရွိသည္။

အပန္းေျဖလိုသူမ်ားအေနျဖင့္ တစ္ထပ္အိမ္ ၂ လံုးတြင္ ငွားရမ္းေနထိုင္ႏိုင္ျပီး အိမ္တစ္လံုးမွာ လူ ၆ ဦး အိပ္စက္ႏိုင္ကာ အျခားတစ္လံုးမွာ ၄ ဦး အိပ္စက္ႏိုင္သည္။

ရက္သတၱပတ္တာ ငွားရမ္းခမွာ လူသူရွင္းေသာ ကာလမ်ားတြင္ ၉၉၅ ေပါင္ ျဖစ္သည္။

(Dumfries အိမ္ေတာ္၊ စေကာ့တလန္)

(အဲလစ္ဇဘက္ဘုရင္မၾကီး နတ္ရြာစံခ်ိန္တြင္ ခ်ားလ္စ္မင္းသား (ယခုဘုရင္) မွာ Dumfries အိမ္ေတာ္တြင္ ေရာက္ရွိေနသည္။ ဓာတ္ပံု Credit- PA)

ခ်ားလ္စ္ဘုရင္သည္ ၁၈ ရာစုအတြင္းက ေဆာက္လုပ္ခဲ့ေသာ ခန္႔ညားထည္ဝါသည့္ စေကာ့တလန္စံအိမ္ကို ၂၀၀၇ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္သည္။

မယ္ေတာ္ အဲလစ္ဇဘက္ဘုရင္မၾကီး နတ္ရြာစံေၾကာင္း သတင္းထြက္ေပၚလာခ်ိန္တြင္ ခ်ားလ္စ္မင္းသားမွာ ယခုစံအိမ္တြင္ ေရာက္ရွိေနသည္။

ျခံဝန္းအက်ယ္မွာ ဧကေပါင္း ၂၀၀၀ ခန္႔ရွိျပီး တစ္ထပ္အိမ္ကေလးမ်ားႏွင့္ ေတာလယ္အိမ္တို႔ ပါဝင္ကာ တည္းခိုခမွာ တစ္ညလွ်င္ ေပါင္ ၁၄၀ မွ ေပါင္ ၄၆၀ ၾကားရွိသည္။

(ေမရဲတိုက္၊ စေကာ့တလန္)

(စေကာ့တလန္ရွိ ေမရဲတိုက္တြင္ ခ်ားလ္စ္မင္းသားကို ေတြ႔ရပံု။ ဓာတ္ပံု Credit- PA)

ေမရဲတိုက္သည္ စေကာ့တလန္ႏိုင္ငံ ေျမာက္ဖ်ားတြင္ တည္ရွိျပီး နတ္ရြာစံသြားေသာ အဲလစ္ဇဘက္ဘုရင္မၾကီး၏ ေႏြရာသီ စံနန္းေတာ္လည္း ျဖစ္သည္။

စြန္႔ပစ္ခံထားရေသာ ရဲတိုက္ၾကီးကို ဘုရင္မၾကီးက ၁၉၅၂ ခုႏွစ္တြင္ ဝယ္ယူခဲ့သည္။

၁၆ ရာစုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေသာ ရဲတိုက္ၾကီးကို ဘုရင္မၾကီးက မူလအတိုင္း ခမ္းနားထည္ဝါမႈမ်ား ျပန္လည္ရရွိေစရန္ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ခ်ားလ္စ္မင္းသား (ယခုဘုရင္) ႏွင့္ ၾကင္ယာေတာ္ ကမီလာတုိ႔လည္း ဤရဲတိုက္ၾကီးတြင္ ႏွစ္စဥ္ အပန္းေျဖေလ့ရွိသည္။

ရဲတိုက္ၾကီးကို ခ်ားလ္စ္မင္းသား ဥကၠဌအျဖစ္ ဦးစီးေသာ ပရဟိတအဖြဲ႔က ၾကီးၾကပ္ထိန္းသိမ္းသည္။

ရဲတိုက္ဝန္းၾကီးအတြင္းရွိ Granary ေတာလယ္အိမ္တြင္ တည္းခိုမည္ဆိုပါက ၂ ညလွ်င္ ေပါင္ ၃၃၀ ေပးရမည္ ျဖစ္သည္။ အိပ္ခန္း ၃ ခန္းပါေသာ Captain’s House အိမ္ေတာ္တြင္ တည္းခိုမည္ဆိုလွ်င္မူ ရက္သတၱပတ္လွ်င္ ေပါင္ တစ္ေထာင္ခန္႔ က်သင့္မည္ ျဖစ္သည္။

(ခ်ားလ္စ္ဘုရင္၏ ပထမဆံုးအိမ္ျခံေျမျဖစ္ေသာ စစၥလီကၽြန္းမွ ဘန္ဂလို။ ဓာတ္ပံု Credit: Duchy of Cornwall)

(Viscri ေက်းရြာရွိ ခ်ားလ္စ္ဘုရင္၏ အိမ္ေတာ္ကို ကမၻာလွည့္ခရီးသည္မ်ား ေလ့လာၾကည့္ရႈေနပံု။ ဓာတ္ပံု Credit: Getty)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside King Charles’ luxury secret royal retreats where YOU can stay for as little as £100 a night – including a castle (thesun)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service