ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ချည်ခင်စွပ်ငှက်/ငှက်ကျား/ငဟစ်ငှက်ကို သင်သိပါသလော။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ ပထူးလူ (Petulu) အမည်ရှိ ရွာကလေးတွင် ချည်ခင်စွပ် ငှက်ကျားများ အလုံးအရင်း ပျော်စံလျက်ရှိကာ ကမ္ဘာလှည့်ခရီးသည်တို့အကြား များစွာနာမည်ကျော်သည်။
ဘာလီကျွန်း ဘာသာစကားအရမူ ကိုကိုကန်ငှက် (Kokokan bird) ဟု ခေါ်ကြပြီး ပထူးလူရွာကလေး၏ သစ်ကြီးဝါးကြီးပင်များပေါ်တွင် အလုံးအရင်း ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ကျက်စားကြသည်။
ပထူးလူရွာကလေးသို့ ဦးတည်သည့် လမ်းတစ်လျှောက်မှ စပါးခင်းများတွင်လည်း ရွာသူရွာသားများ နေထိုင်ကြသည်။
ရွာကလေးတွင် ချည်ခင်စွပ်ငှက်တို့ ကျက်စားနေထိုင်မှုမှာ လွန်ခဲ့သော ဆယ်စုနှစ်နှင့် နှိုင်းယှဉ်လျှင် ပိုမို၍ပင် များပြားလာသည်။
(ပထူးလူရွာလေးမှာ ကိုကိုကန်ငှက်တွေ ဘယ်လိုရောက်လာလဲ)
ကိုကိုကန်ငှက်တို့သည် ပထူးလူရွာကလေးတွင် ၁၉၆၅ ခုနှစ်မှ စတင်ကာ အသိုက်ဖွဲ့နေထိုင်ခဲ့ကြခြင်း ဖြစ်၏။
ကနဦးတွင်မူ ကိုကိုကန်ငှက်များကို ရွာသားတို့ ဖမ်းကာ စားသောက်မှုများရှိသည်။
နောက်ပိုင်းတွင် ဆန်းကြယ်သည့်ဖြစ်ရပ်များ ကြုံလာရ၏။ နောက်ပိုင်း၌ ကိုကိုကန်ငှက်များကို ဖမ်းကာ ရွာသို့ ယူလာသည့် ရွာသားများသည် ငှက်များကို ပြန်လွှတ်ပေးခဲ့သည်ချည်းသာ။
ငှက်များကို ထပ်မံ မဖမ်းဆီးလိုတော့ကြောင်း ၎င်းတို့က ပြောလေ့ရှိ၏။ အဘယ်ကြောင့်နည်း။
ကိုကိုကန်ငှက် ဖမ်းဆီးသွားသော ရွာသားများ၏ အိမ်သို့ ဆန်းကြယ်သည့် သတ္တဝါကြီးများရောက်လာလေ့ရှိသည်ဟု ဆိုသည်။
ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါကြီးများ ရောက်လာခြင်းမှာ အိပ်မက်ထဲတွင် လည်းကောင်း၊ ပြင်ပဘဝတွင်လည်းကောင်း အမျိုးမျိုးကြုံရသည်ဟု ဆိုသည်။
ထိုသို့ ကြုံရသူများမှာ ထင်ယောင်ထင်မှားဖြစ်ခြင်း (hallucination) မဟုတ်။ အဘယ်ကြောင့်ဆိုလျှင် လူပေါင်း ၅၀ နှင့်အထက် ကြုံတွေ့ကြရခြင်းကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် ဘုန်းတော်ကြီးတစ်ပါးနှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ကာ ရွာကျောင်းတွင် ဆိုင်ရာပိုင်ရာများအား ပူဇော်ပသ တောင်းပန်သည့် ပွဲလမ်းတစ်ခုပြုလုပ်ခဲ့ရသည်။
ထိုပူဇော်ပွဲကျင်းပသောအခါ ရွာကလေး၏ ဘုရားကျောင်းမှ ကျောင်းထိုင်ပုဂ္ဂိုလ်မှာ အိပ်မွေ့ချခံရသကဲ့သို့ မိန်းမောသွားခဲ့ပြီး ကိုကိုကန်ငှက်များမှာ အမှန်တကယ်ပင် အစောင့်အရှောက်များဖြစ်ကြောင်း ပြောလေသည်။
ကိုကိုကန်တို့သည် ရွာကလေး၏ စိုက်ခင်းများကို ကျရောက်မည့် ရောဂါဘယနှင့် ပိုးမွှားအန္တရာယ်များမှ အကာအကွယ်ပေးမည့် အစောင့်အရှောက်အင်အားစုများ ဖြစ်ကြသည်။
ရွာသူရွာသားတို့သည် ရွာကလေး၏ ဘုရားကျောင်းတွင် အထိမ်းအမှတ်ရုပ်တုတစ်ခု ပြုလုပ်ကာ ကိုကိုကန်ငှက်များကို ကိုးကွယ်မှုပြလုပ်ခဲ့ပြီးနောက်ပိုင်း ရွာကလေးမှာ ကောက်ပဲသီးနှံများ အလျှံအပယ် ပေါကြွယ်ဝလာခဲ့ကာ ယနေ့တိုင် ဘေးဥပဒ်အန္တရာယ် တစုံတရာ မကျရောက်တော့သည်မှာ ထင်ရှားသည့် သက်သေတစ်ခုလည်း ဖြစ်သည်။
ပထူးလူရွာကလေးတွင် ကျက်စားသော ကိုကိုကန်ငှက်တို့မှာ ကိုယ်လုံး အဖြူရောင်၊ ကျောနှင့် ခေါင်း အညိုရောင် ဖြစ်သည်။
ရွာထဲလမ်းမတစ်လျှောက်ရှိ သစ်ပင်များပေါ်တွင် ကိုကိုကန်များကို အလုံးအရင်း တွေ့နိုင်သည်။
ကံကောင်းလျှင် အမည်းရောင် ကိုကိုကန်ငှက်ကို တွေ့ရနိုင်သည်။
အမည်းရောင်ငှက်တွင် အမြီး ၂ ခုသာရှိပြီး ပထူးလူရွာကလေးရှိ ထောင်ပေါင်းများစွာသော ကိုကိုကန်တို့၏ ငှက်ခေါင်းဆောင်များ ဖြစ်ကြသည်။
ပထူးလူရွာတွင် ကိုကိုကန်ငှက်များကို အောက်တိုဘာလမှ မတ်လအကြား တွေ့ရနိုင်သည်။
ဤကာလအတွင်း ထောင်ပေါင်းများစွာသော ကိုကိုကန်ငှက်များသည် အသိုက်ဖွဲ့ခြင်း၊ ဥဥခြင်း၊ ဥဝပ်ခြင်း၊ အကောင်ပေါက်ခြင်းများ ပြုလုပ်ကြသည်။
မတ်လသို့ရောက်လျှင် ကိုကိုကန် အကောင်ပေါက်ကလေးများ အပျံသင်စပြုလာသည်။
ဧပြီလမှ စက်တင်ဘာလအကြား နေ့ဘက်တွင် ကိုကိုကန်ငှက်တို့ကို များစွာမတွေ့နိုင်ချေ။
အခြားဒေသများသို့ ပျံသန်းကာ အစာရေစာရှာခြင်း ဖြစ်နိုင်သည်။ ညနေ ၅ နာရီခွဲခန့်တွင်မူ ပထူးလူရွာကလေးသို့ အားလုံးပြန်ရောက်လာကြသည်။
ပထူးလူရွာကလေးတွင် ကိုကိုကန်ငှက်များကို ကြည့်လိုပါက အကောင်းဆုံးကာလမှာ အောက်တိုဘာမှ မတ်လအကြား ဖြစ်သည်။
ပထူးလူသို့ ရောက်လျှင် ရွာထဲတွင် ထားရှိသော အလှူခံပုံး၌ လှူဒါန်းမှုများ ပြုလုပ်ရန် မမေ့ပါနှင့်။
(ကိုကိုကန်၊ သို့မဟုတ် ငဟစ်တို့ ရောက်လာကြခြင်း၏ ဒဏ္ဍာရီတစ်ခု)
၁၉၆၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပြီး ဆူဟာတို အာဏာရလာခဲ့သည်။
ယင်းနောက်ပိုင်း ၁၉၆၅ မှ ၁၉၆၆ ခုနှစ်များအကြား အင်ဒိုနီးရှား ကွန်မြူနစ်ပါတီဝင်များနှင့် ကွန်မြူနစ်ဟု သံသယဖြစ်ခံရသူများ အလုံးအရင်းသတ်ဖြတ်ခံခဲ့ရသည်။
လူပေါင်း သိန်းချီသတ်ဖြတ်ခံခဲ့ရပြီး အချက်အလက်များအရ နိုင်ငံလူဦးရေ၏ ၅ ရာခိုင်နှုန်းခန့် အသတ်ခံခဲ့ရသည်ဟု ဆိုသည်။
ဘာလီကျွန်းတစ်ခုတည်းတွင်ပင်လျှင် လူပေါင်း တစ်သိန်းခန့် (အချို့ကဆိုသည်မှာမူ ၅၀၀,၀၀၀ ခန့်ဟုဆို) သတ်ဖြတ်ခံခဲ့ရကာ ပထူးလူကျေးရွာဘေး လယ်ကွင်းများမှာ လူများအလုံးအရင်း သတ်ဖြတ်ခံခဲ့ရသည့် နေရာ ဖြစ်ခဲ့သည်။
များစွာသောသူတို့၏ အလောင်းများမှာ ရှာမရတော့သည့်အပြင် သင့်လျော်သည့် ဈာပနအခမ်းအနားလည်း ပြုလုပ်ပေးခြင်းမခံကြရချေ။
သို့အတွက် ဝိဉာဉ်များမှာ မကျွတ်မလွတ်ဘဲရှိနေခဲ့ကြသည်။ Ubud မြို့လေး၏ မြောက်ဘက်ရှိ ရွာငယ်လေးတစ်ခုကမူ မကျွတ်မလွတ်သူတို့အတွက် အလှူအတန်းအခမ်းအနားတစ်ခု ပြုလုပ်ပေးခဲ့သည်။
ထိုသို့ ပြုလုပ်ပေးပြီး ရက်သတ္တပတ်ခန့်အကြာတွင် ပထူးလူရွာလေးသို့ ကိုကိုကန်ငှက်များ အလုံးအရင်း ရောက်ရှိ အသိုက်ဖွဲ့နေထိုင်ခဲ့ကြရာ ယနေ့တိုင်အောင် ဖြစ်လေသည်။
ရွာသူရွာသားတို့၏ ယုံကြည်မှုအရ ကိုကိုကန်ငှက်တို့သည် သတ်ဖြတ်ခံခဲ့ရသူတို့ ငှက်အဖြစ် ပြန်လည်ဝင်စား ကာ ဝိဉာဉ်ဘဝမှ ကျွတ်လွတ်စေရန် အလှူအတန်းလုပ်ပေးခဲ့ခြင်းကို ကျေးဇူးဆပ်သည့် အနေဖြင့် ရွာကလေး အား ရောဂါဘယဆိုးများမှ ကင်းဝေးစေရန် ထာဝရစောင့်ရှောက်ပေးနေခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။
ညနေ ၅း၃၀ ရောက်ပြီဆိုလျှင် ကိုကိုကန်ငှက်များသည် ရွာထဲရှိသစ်ပင်ကြီးများသို့ အိပ်တန်းတက်ရန် အလုံးအရင်းပြန်လာကြသည်။ ငှက်တို့အိပ်တန်းတက် ဆူညံနေမှုများမှာ ၂ နာရီမှ ၃ နာရီကြား ကြာမြင့်သည်။
စုစုပေါင်း ငှက်ကောင်ရေအနေဖြင့် ငဟစ်ငှက်ပေါင်း ၄၅၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။
(ပထူးလူရွာကို ဘယ်လိုသွားမလဲ)
ပထူးလူရွာသို့ သွားမည်ဆိုလျှင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ Ubud မြို့ကလေးမှ ပထူးလူသို့ လမ်းတစ်လျှောက်မှာ အလွန်လှပသာယာသောကြောင့် မော်တော်ဆိုင်ကယ်ငှားကာ စီးနင်းသွားရန် အကြံပြုလိုပါသည်။
ထိုသို့ မသွားလိုပါက Ubud မြို့လယ်မှတဆင့် ယာဉ်မောင်းတစ်ဦးငှားရမ်းကာ သွားနိုင်ပါသည်။
လက်ဖြင့်ရေးထားသော ပထူးလူရွာ ဆိုင်းဘုတ်တွေ့သည်အထိသာသွားပါ။ လမ်းလွဲစရာ အကြောင်းမရှိပါ။
ကျေးရွာတစ်ခုလုံးမှာ ရှည်လျားသောလမ်းတစ်ခုပေါ်တွင်သာ တည်ရှိပြီး ဘေးတစ်ဘက်တစ်ချက်စီတွင် စပါးခင်းများ ဝန်းပတ်ထားသည်။
ရွာ၏ ထိပ်နှစ်ဘက်တွင် ကင်းတဲငယ်ကလေးများရှိပြီး တစ်နေကုန် လူစောင့်ရှိသည်။
ကင်းတဲကို ဖြတ်မည်ဆိုလျှင် ဖြတ်သန်းခ ရူပီး ၂၀၀၀၀ တောင်းခံလိမ့်မည် ဖြစ်သည်။
(လှေကားထစ်တောင်ယာကို လေ့လာခြင်း)
ပထူးလူရွာလယ်မှ အရှေ့တောင်ဘက်သို့ မိန်းလမ်းမကြီးတွေ့သည်အထိ မောင်းနှင်သွားပြီး မြောက်ဘက်သို့ ကွေ့ကာ ဆက်မောင်းပါ။
၁၅ မိနစ်ခန့် မောင်းနှင်ပြီးလျှင် တီဂါလာလန်းကျေးရွာ (Tegalalang village) သို့ ရောက်မည် ဖြစ်သည်။
ရွာသို့ အဝင် ညာဘက်တွင် လှေကားထစ်တောင်ယာစနစ်ဖြင့် စိုက်ပျိုးထားသော ဘာလီစပါးခင်းများကို စတင်တွေ့လာရမည် ဖြစ်သည်။
ယင်းနောက် ဆက်မောင်းလျှင် မြောက်ဘက်လမ်းအဆုံး၌ စားသောက်ဆိုင်တစ်ခု တွေ့ပါလိမ့်မည်။
အစားအသောက်မှာ အလွန်ညံ့ဖျင်းပြီး ဈေးအလွန်ကြီးသည်။ ဘီယာဈေးနှုန်းမှာလည်း အခြားမည်သည့်နေရာထက်မဆို ၂ ဆခန့် ဈေးကြီး၏။
သို့သော် ဝန်ထမ်းများမှာ ဖော်ဖော်ရွေရွေရှိကြပြီး နေရာထိုင်ခင်းနှင့် ရှုခင်းတို့ကား နတ်ဘုံနတ်နန်းတမျှပင်။
လှေကားထစ်တောင်ယာခင်းများအတွင်းသို့ လှည့်ပတ်သွားလာကြည့်ရှုနိုင်ပါသည်။ သို့သော် မိုးတွင်းကာလများတွင်မူ ဘွတ်ဖိနပ်ကောင်းကောင်း ယူသွားပါ။
(ပထူးလူ)
ပထူးလူသို့ ညနေစောင်းတွင် ပြန်လာမည်ဆိုပါက မိုးကုတ်စက်ဝိုင်းဆီ နေလုံးငုတ်လျှိုးဆင်းနေသော နေဝင်ဆည်းဆာကို အပြေးလိုက်ဖမ်းကာ ခံစားနိုင်မည် ဖြစ်၏။
ပထူးလူရွာစပ်သို့ ရောက်သည်နှင့်တပြိုင်နက် လေးညှင်းစီးကရက်၊ အမွှေးတိုင်နှင့် ကောက်ရိုးခြောက် အမှိုက်ခြောက်များ မီးရှို့နေသည့် အနံများက ဆီးကြိုနေမည် ဖြစ်သည်။
ရနံ့များမှာ ပြင်းထန်သော်လည်း တမျိုးတဖုံ နှစ်လိုဖွယ် စိတ်အာရုံကို နှိုးဆော်မှု ပေးသည်။
ရွာထဲသို့ ဝင်သွားလျှင် အင်္ကျီဗလာဖြင့် ရွာသားအုပ်စုမှာ ကြက်တိုက်ပွဲတွင် လက်ပန်းပေါက်ခတ်ကာ တက်ကြွစွာ အော်ဟစ်နေကြသည်ကို တွေ့ရနိုင်သည်။
ငဟစ်ငှက်များနည်းတူ ကြက်တိုက်ပွဲသည်လည်း ဤဒေသ၏ ရိုးရာယုံကြည်မှုတွင် အရေးပါသည့်အရာတစ်ခု ဖြစ်သည်။
ဘာလီကျွန်းတွင် ကြက်တိုက်ခြင်းများကို တရားဝင်ခွင့်ပြုမထားသည့်တိုင် တစ်ကျွန်းလုံးတွင် ကြက်ပွဲများတွေ့နိုင်သည်။
ဟိန္ဒူတို့၏ ယုံကြည်မှုအရ ရှုံးသောကြက်မှ ထွက်လာသော သွေးများသည် မကောင်းဆိုးရွားများကိုနှင်ရန် ယစ်ပူဇော်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။
အပြန်ခရီးတွင် နေလုံးသည် ဂေါယာကျွန်းသို့ ယွန်းခဲ့လေပြီ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: HERON HEAVEN IN THE TINY VILLAGE OF PETULU (inbali)
[Zawgyi]
ဘာလီကၽြန္းမွ ငဟစ္ငွက္တို႔ နိဗၺာန္ဘံု (သို႔) ပထူးလူေက်းရြာပံုျပင္
ခ်ည္ခင္စြပ္ငွက္/ငွက္က်ား/ငဟစ္ငွက္ကို သင္သိပါသေလာ။
အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကၽြန္းရွိ ပထူးလူ (Petulu) အမည္ရွိ ရြာကေလးတြင္ ခ်ည္ခင္စြပ္ ငွက္က်ားမ်ား အလံုးအရင္း ေပ်ာ္စံလ်က္ရွိကာ ကမၻာလွည့္ခရီးသည္တို႔အၾကား မ်ားစြာနာမည္ေက်ာ္သည္။
ဘာလီကၽြန္း ဘာသာစကားအရမူ ကိုကိုကန္ငွက္ (Kokokan bird) ဟု ေခၚၾကျပီး ပထူးလူရြာကေလး၏ သစ္ၾကီးဝါးၾကီးပင္မ်ားေပၚတြင္ အလံုးအရင္း ျငိမ္းခ်မ္းလံုျခံဳစြာ ေနထုိင္က်က္စားၾကသည္။
ပထူးလူရြာကေလးသို႔ ဦးတည္သည့္ လမ္းတစ္ေလွ်ာက္မွ စပါးခင္းမ်ားတြင္လည္း ရြာသူရြာသားမ်ား ေနထုိင္ၾကသည္။
ရြာကေလးတြင္ ခ်ည္ခင္စြပ္ငွက္တို႔ က်က္စားေနထုိင္မႈမွာ လြန္ခဲ့ေသာ ဆယ္စုႏွစ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ ပိုမို၍ပင္ မ်ားျပားလာသည္။
(ပထူးလူရြာေလးမွာ ကိုကိုကန္ငွက္ေတြ ဘယ္လိုေရာက္လာလဲ)
ကိုကိုကန္ငွက္တို႔သည္ ပထူးလူရြာကေလးတြင္ ၁၉၆၅ ခုႏွစ္မွ စတင္ကာ အသိုက္ဖြဲ႔ေနထုိင္ခဲ့ၾကျခင္း ျဖစ္၏။
ကနဦးတြင္မူ ကိုကိုကန္ငွက္မ်ားကို ရြာသားတို႔ ဖမ္းကာ စားေသာက္မႈမ်ားရွိသည္။
ေနာက္ပိုင္းတြင္ ဆန္းၾကယ္သည့္ျဖစ္ရပ္မ်ား ၾကံဳလာရ၏။ ေနာက္ပိုင္း၌ ကိုကိုကန္ငွက္မ်ားကို ဖမ္းကာ ရြာသို႔ ယူလာသည့္ ရြာသားမ်ားသည္ ငွက္မ်ားကို ျပန္လႊတ္ေပးခဲ့သည္ခ်ည္းသာ။ ငွက္မ်ားကို ထပ္မံ မဖမ္းဆီးလိုေတာ့ေၾကာင္း ၎တို႔က ေျပာေလ့ရွိ၏။ အဘယ္ေၾကာင့္နည္း။
ကိုကိုကန္ငွက္ ဖမ္းဆီးသြားေသာ ရြာသားမ်ား၏ အိမ္သို႔ ဆန္းၾကယ္သည့္ သတၱဝါၾကီးမ်ားေရာက္လာေလ့ရွိသည္ဟု ဆိုသည္။
ၾကီးမားကာ ေၾကာက္မက္ဖြယ္ေကာင္းသည့္ သတၱဝါၾကီးမ်ား ေရာက္လာျခင္းမွာ အိပ္မက္ထဲတြင္ လည္းေကာင္း၊ ျပင္ပဘဝတြင္လည္းေကာင္း အမ်ဳိးမ်ဳိးၾကံဳရသည္ဟု ဆိုသည္။
ထိုသို႔ ၾကံဳရသူမ်ားမွာ ထင္ေယာင္ထင္မွားျဖစ္ျခင္း (hallucination) မဟုတ္။ အဘယ္ေၾကာင့္ဆိုလွ်င္ လူေပါင္း ၅၀ ႏွင့္အထက္ ၾကံဳေတြ႔ၾကရျခင္းေၾကာင့္ ျဖစ္သည္။
ေနာက္ဆံုးတြင္ ဘုန္းေတာ္ၾကီးတစ္ပါးႏွင့္ တိုင္ပင္ေဆြးေႏြးမႈမ်ားျပဳလုပ္ကာ ရြာေက်ာင္းတြင္ ဆိုင္ရာပိုင္ရာမ်ားအား ပူေဇာ္ပသ ေတာင္းပန္သည့္ ပြဲလမ္းတစ္ခုျပဳလုပ္ခဲ့ရသည္။
ထိုပူေဇာ္ပြဲက်င္းပေသာအခါ ရြာကေလး၏ ဘုရားေက်ာင္းမွ ေက်ာင္းထိုင္ပုဂၢိဳလ္မွာ အိပ္ေမြ႔ခ်ခံရသကဲ့သို႔ မိန္းေမာသြားခဲ့ျပီး ကိုကိုကန္ငွက္မ်ားမွာ အမွန္တကယ္ပင္ အေစာင့္အေရွာက္မ်ားျဖစ္ေၾကာင္း ေျပာေလသည္။
ကိုကိုကန္တို႔သည္ ရြာကေလး၏ စိုက္ခင္းမ်ားကို က်ေရာက္မည့္ ေရာဂါဘယႏွင့္ ပိုးမႊားအႏၱရာယ္မ်ားမွ အကာအကြယ္ေပးမည့္ အေစာင့္အေရွာက္အင္အားစုမ်ား ျဖစ္ၾကသည္။
ရြာသူရြာသားတုိ႔သည္ ရြာကေလး၏ ဘုရားေက်ာင္းတြင္ အထိမ္းအမွတ္ရုပ္တုတစ္ခု ျပဳလုပ္ကာ ကိုကိုကန္ငွက္မ်ားကို ကိုးကြယ္မႈျပလုပ္ခဲ့ျပီးေနာက္ပိုင္း ရြာကေလးမွာ ေကာက္ပဲသီးႏွံမ်ား အလွ်ံအပယ္ ေပါၾကြယ္ဝလာခဲ့ကာ ယေန႔တိုင္ ေဘးဥပဒ္အႏၱရာယ္ တစံုတရာ မက်ေရာက္ေတာ့သည္မွာ ထင္ရွားသည့္ သက္ေသတစ္ခုလည္း ျဖစ္သည္။
ပထူးလူရြာကေလးတြင္ က်က္စားေသာ ကိုကုိကန္ငွက္တို႔မွာ ကိုယ္လံုး အျဖဴေရာင္၊ ေက်ာႏွင့္ ေခါင္း အညိဳေရာင္ ျဖစ္သည္။ ရြာထဲလမ္းမတစ္ေလွ်ာက္ရွိ သစ္ပင္မ်ားေပၚတြင္ ကိုကိုကန္မ်ားကို အလံုးအရင္း ေတြ႔ႏိုင္သည္။
ကံေကာင္းလွ်င္ အမည္းေရာင္ ကိုကိုကန္ငွက္ကို ေတြ႔ရႏိုင္သည္။ အမည္းေရာင္ငွက္တြင္ အျမီး ၂ ခုသာရွိျပီး ပထူးလူရြာကေလးရွိ ေထာင္ေပါင္းမ်ားစြာေသာ ကိုကိုကန္တို႔၏ ငွက္ေခါင္းေဆာင္မ်ား ျဖစ္ၾကသည္။
ပထူးလူရြာတြင္ ကိုကိုကန္ငွက္မ်ားကို ေအာက္တိုဘာလမွ မတ္လအၾကား ေတြ႔ရႏိုင္သည္။
ဤကာလအတြင္း ေထာင္ေပါင္းမ်ားစြာေသာ ကိုကိုကန္ငွက္မ်ားသည္ အသိုက္ဖြဲ႔ျခင္း၊ ဥဥျခင္း၊ ဥဝပ္ျခင္း၊ အေကာင္ေပါက္ျခင္းမ်ား ျပဳလုပ္ၾကသည္။
မတ္လသို႔ေရာက္လွ်င္ ကိုကိုကန္ အေကာင္ေပါက္ကေလးမ်ား အပ်ံသင္စျပဳလာသည္။
ဧျပီလမွ စက္တင္ဘာလအၾကား ေန႔ဘက္တြင္ ကိုကိုကန္ငွက္တို႔ကို မ်ားစြာမေတြ႔ႏိုင္ေခ်။
အျခားေဒသမ်ားသို႔ ပ်ံသန္းကာ အစာေရစာရွာျခင္း ျဖစ္ႏိုင္သည္။ ညေန ၅ နာရီခြဲခန္႔တြင္မူ ပထူးလူရြာကေလးသို႔ အားလံုးျပန္ေရာက္လာၾကသည္။
ပထူးလူရြာကေလးတြင္ ကိုကိုကန္ငွက္မ်ားကို ၾကည့္လိုပါက အေကာင္းဆံုးကာလမွာ ေအာက္တိုဘာမွ မတ္လအၾကား ျဖစ္သည္။ ပထူးလူသို႔ ေရာက္လွ်င္ ရြာထဲတြင္ ထားရွိေသာ အလွဴခံပံုး၌ လွဴဒါန္းမႈမ်ား ျပဳလုပ္ရန္ မေမ့ပါႏွင့္။
(ကိုကိုကန္၊ သို႔မဟုတ္ ငဟစ္တို႔ ေရာက္လာၾကျခင္း၏ ဒ႑ာရီတစ္ခု)
၁၉၆၅ ခုႏွစ္တြင္ အင္ဒိုနီးရွားႏိုင္ငံ၌ အာဏာသိမ္းမႈျဖစ္ရပ္တစ္ခုေပၚေပါက္ခဲ့ျပီး ဆူဟာတို အာဏာရလာခဲ့သည္။
ယင္းေနာက္ပိုင္း ၁၉၆၅ မွ ၁၉၆၆ ခုႏွစ္မ်ားအၾကား အင္ဒိုနီးရွား ကြန္ျမဴနစ္ပါတီဝင္မ်ားႏွင့္ ကြန္ျမဴနစ္ဟု သံသယျဖစ္ခံရသူမ်ား အလံုးအရင္းသတ္ျဖတ္ခံခဲ့ရသည္။
လူေပါင္း သိန္းခ်ီသတ္ျဖတ္ခံခဲ့ရျပီး အခ်က္အလက္မ်ားအရ ႏိုင္ငံလူဦးေရ၏ ၅ ရာခိုင္ႏႈန္းခန္႔ အသတ္ခံခဲ့ရသည္ဟု ဆိုသည္။
ဘာလီကၽြန္းတစ္ခုတည္းတြင္ပင္လွ်င္ လူေပါင္း တစ္သိန္းခန္႔ (အခ်ဳိ႕ကဆိုသည္မွာမူ ၅၀၀,၀၀၀ ခန္႔ဟုဆို) သတ္ျဖတ္ခံခဲ့ရကာ ပထူးလူေက်းရြာေဘး လယ္ကြင္းမ်ားမွာ လူမ်ားအလံုးအရင္း သတ္ျဖတ္ခံခဲ့ရသည့္ ေနရာ ျဖစ္ခဲ့သည္။
မ်ားစြာေသာသူတို႔၏ အေလာင္းမ်ားမွာ ရွာမရေတာ့သည့္အျပင္ သင့္ေလ်ာ္သည့္ စ်ာပနအခမ္းအနားလည္း ျပဳလုပ္ေပးျခင္းမခံၾကရေခ်။
သို႔အတြက္ ဝိဥာဥ္မ်ားမွာ မကၽြတ္မလြတ္ဘဲရွိေနခဲ့ၾကသည္။ Ubud ျမိဳ႕ေလး၏ ေျမာက္ဘက္ရွိ ရြာငယ္ေလးတစ္ခုကမူ မကၽြတ္မလြတ္သူတို႔အတြက္ အလွဴအတန္းအခမ္းအနားတစ္ခု ျပဳလုပ္ေပးခဲ့သည္။
ထိုသို႔ ျပဳလုပ္ေပးျပီး ရက္သတၱပတ္ခန္႔အၾကာတြင္ ပထူးလူရြာေလးသို႔ ကိုကိုကန္ငွက္မ်ား အလံုးအရင္း ေရာက္ရွိ အသိုက္ဖြဲ႔ေနထိုင္ခဲ့ၾကရာ ယေန႔တုိင္ေအာင္ ျဖစ္ေလသည္။
ရြာသူရြာသားတို႔၏ ယံုၾကည္မႈအရ ကိုကိုကန္ငွက္တို႔သည္ သတ္ျဖတ္ခံခဲ့ရသူတို႔ ငွက္အျဖစ္ ျပန္လည္ဝင္စား ကာ ဝိဥာဥ္ဘဝမွ ကၽြတ္လြတ္ေစရန္ အလွဴအတန္းလုပ္ေပးခဲ့ျခင္းကို ေက်းဇူးဆပ္သည့္ အေနျဖင့္ ရြာကေလး အား ေရာဂါဘယဆိုးမ်ားမွ ကင္းေဝးေစရန္ ထာဝရေစာင့္ေရွာက္ေပးေနျခင္းျဖစ္သည္ဟု ယံုၾကည္ၾကသည္။ ညေန ၅း၃၀ ေရာက္ျပီဆိုလွ်င္ ကိုကိုကန္ငွက္မ်ားသည္ ရြာထဲရွိသစ္ပင္ၾကီးမ်ားသို႔ အိပ္တန္းတက္ရန္ အလံုးအရင္းျပန္လာၾကသည္။ ငွက္တို႔အိပ္တန္းတက္ ဆူညံေနမႈမ်ားမွာ ၂ နာရီမွ ၃ နာရီၾကား ၾကာျမင့္သည္။
စုစုေပါင္း ငွက္ေကာင္ေရအေနျဖင့္ ငဟစ္ငွက္ေပါင္း ၄၅၀၀၀ ခန္႔ရွိသည္ဟု ဆိုသည္။
(ပထူးလူရြာကို ဘယ္လိုသြားမလဲ)
ပထူးလူရြာသို႔ သြားမည္ဆိုလွ်င္ အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကၽြန္းရွိ Ubud ျမိဳ႕ကေလးမွ ပထူးလူသို႔ လမ္းတစ္ေလွ်ာက္မွာ အလြန္လွပသာယာေသာေၾကာင့္ ေမာ္ေတာ္ဆိုင္ကယ္ငွားကာ စီးနင္းသြားရန္ အၾကံျပဳလုိပါသည္။
ထိုသို႔ မသြားလိုပါက Ubud ျမိဳ႕လယ္မွတဆင့္ ယာဥ္ေမာင္းတစ္ဦးငွားရမ္းကာ သြားႏိုင္ပါသည္။
လက္ျဖင့္ေရးထားေသာ ပထူးလူရြာ ဆိုင္းဘုတ္ေတြ႔သည္အထိသာသြားပါ။ လမ္းလြဲစရာ အေၾကာင္းမရွိပါ။
ေက်းရြာတစ္ခုလံုးမွာ ရွည္လ်ားေသာလမ္းတစ္ခုေပၚတြင္သာ တည္ရွိျပီး ေဘးတစ္ဘက္တစ္ခ်က္စီတြင္ စပါးခင္းမ်ား ဝန္းပတ္ထားသည္။
ရြာ၏ ထိပ္ႏွစ္ဘက္တြင္ ကင္းတဲငယ္ကေလးမ်ားရွိျပီး တစ္ေနကုန္ လူေစာင့္ရွိသည္။
ကင္းတဲကို ျဖတ္မည္ဆိုလွ်င္ ျဖတ္သန္းခ ရူပီး ၂၀၀၀၀ ေတာင္းခံလိမ့္မည္ ျဖစ္သည္။
(ေလွကားထစ္ေတာင္ယာကို ေလ့လာျခင္း)
ပထူးလူရြာလယ္မွ အေရွ႕ေတာင္ဘက္သို႔ မိန္းလမ္းမၾကီးေတြ႔သည္အထိ ေမာင္းႏွင္သြားျပီး ေျမာက္ဘက္သို႔ ေကြ႔ကာ ဆက္ေမာင္းပါ။
၁၅ မိနစ္ခန္႔ ေမာင္းႏွင္ျပီးလွ်င္ တီဂါလာလန္းေက်းရြာ (Tegalalang village) သို႔ ေရာက္မည္ ျဖစ္သည္။
ရြာသို႔ အဝင္ ညာဘက္တြင္ ေလွကားထစ္ေတာင္ယာစနစ္ျဖင့္ စိုက္ပ်ဳိးထားေသာ ဘာလီစပါးခင္းမ်ားကို စတင္ေတြ႔လာရမည္ ျဖစ္သည္။
ယင္းေနာက္ ဆက္ေမာင္းလွ်င္ ေျမာက္ဘက္လမ္းအဆံုး၌ စားေသာက္ဆိုင္တစ္ခု ေတြ႔ပါလိမ့္မည္။
အစားအေသာက္မွာ အလြန္ညံ့ဖ်င္းျပီး ေစ်းအလြန္ၾကီးသည္။ ဘီယာေစ်းႏႈန္းမွာလည္း အျခားမည္သည့္ေနရာထက္မဆို ၂ ဆခန္႔ ေစ်းၾကီး၏။
သို႔ေသာ္ ဝန္ထမ္းမ်ားမွာ ေဖာ္ေဖာ္ေရြေရြရွိၾကျပီး ေနရာထိုင္ခင္းႏွင့္ ရႈခင္းတုိ႔ကား နတ္ဘံုနတ္နန္းတမွ်ပင္။
ေလွကားထစ္ေတာင္ယာခင္းမ်ားအတြင္းသို႔ လွည့္ပတ္သြားလာၾကည့္ရႈႏိုင္ပါသည္။ သို႔ေသာ္ မိုးတြင္းကာလမ်ားတြင္မူ ဘြတ္ဖိနပ္ေကာင္းေကာင္း ယူသြားပါ။
(ပထူးလူ)
ပထူးလူသို႔ ညေနေစာင္းတြင္ ျပန္လာမည္ဆိုပါက မိုးကုတ္စက္ဝိုင္းဆီ ေနလံုးငုတ္လွ်ိဳးဆင္းေနေသာ ေနဝင္ဆည္းဆာကို အေျပးလိုက္ဖမ္းကာ ခံစားႏိုင္မည္ ျဖစ္၏။
ပထူးလူရြာစပ္သို႔ ေရာက္သည္ႏွင့္တျပိဳင္နက္ ေလးညွင္းစီးကရက္၊ အေမႊးတိုင္ႏွင့္ ေကာက္ရိုးေျခာက္ အမႈိက္ေျခာက္မ်ား မီးရိႈ႕ေနသည့္ အနံမ်ားက ဆီးၾကိဳေနမည္ ျဖစ္သည္။
ရနံ႔မ်ားမွာ ျပင္းထန္ေသာ္လည္း တမ်ဳိးတဖံု ႏွစ္လိုဖြယ္ စိတ္အာရံုကို ႏႈိးေဆာ္မႈ ေပးသည္။
ရြာထဲသို႔ ဝင္သြားလွ်င္ အကၤ်ီဗလာျဖင့္ ရြာသားအုပ္စုမွာ ၾကက္တိုက္ပြဲတြင္ လက္ပန္းေပါက္ခတ္ကာ တက္ၾကြစြာ ေအာ္ဟစ္ေနၾကသည္ကို ေတြ႔ရႏိုင္သည္။
ငဟစ္ငွက္မ်ားနည္းတူ ၾကက္တိုက္ပြဲသည္လည္း ဤေဒသ၏ ရိုးရာယံုၾကည္မႈတြင္ အေရးပါသည့္အရာတစ္ခု ျဖစ္သည္။
ဘာလီကၽြန္းတြင္ ၾကက္တိုက္ျခင္းမ်ားကို တရားဝင္ခြင့္ျပဳမထားသည့္တိုင္ တစ္ကၽြန္းလံုးတြင္ ၾကက္ပြဲမ်ားေတြ႔ႏိုင္သည္။
ဟိႏၵဴတု႔ိ၏ ယံုၾကည္မႈအရ ရႈံးေသာၾကက္မွ ထြက္လာေသာ ေသြးမ်ားသည္ မေကာင္းဆိုးရြားမ်ားကိုႏွင္ရန္ ယစ္ပူေဇာ္ျခင္းျဖစ္သည္ဟု ယံုၾကည္ၾကသည္။
အျပန္ခရီးတြင္ ေနလံုးသည္ ေဂါယာကၽြန္းသို႔ ယြန္းခဲ့ေလျပီ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: HERON HEAVEN IN THE TINY VILLAGE OF PETULU (inbali)