ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် ပတဲကောရဲ့ ကျန်းမာရေးကောင်းကျိုးမျာ........  

ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် ပတဲကောရဲ့ ကျန်းမာရေးကောင်းကျိုးမျာ........   - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2022 11:29 am တွင် တင်ခဲ့သည်
2138 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

အင်္ဂလိပ်အမည် - Galangal

သိပ္ပံအမည် - Alpinia officinarum

ပတဲကောဟာ ဆေးဖက်ဝင်တဲ့ နှစ်ရှည်ပင်တစ်မျိုး ဖြစ်ပါတယ်။ အနံ့အရသာအားဖြင့် အတော်အသင့် ပြင်းပြီး ပူ၊ စပ်၊ ခါး အရသာရှိတာကြောင့် ဟင်းခတ်အမွှေးအကြိုင် အနေနဲ့လည်း အသုံးပြုကြတာ ဖြစ်ပါတယ်။ ပတဲကော အမြစ်ဟာ ဥပုံသဏ္ဍာန်ရှိပြီး ဂျင်းတက်၊ နနွင်းတက် စတာတွေနဲ့ ဆင်တူပါတယ်။ ဥရဲ့ အပေါ်ယံမျက်နှာပြင်ကိုတော့ အမြှေးဖတ်တွေနဲ့ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။ ပတဲကောမှာ ပတဲကောကြီးနဲ့ ပတဲကောလေးဆိုပြီး နှစ်မျိုးရှိပါတယ်။

သူ့ရဲ့ မူရင်းဒေသကတော့ အာရှတောင်ဘက်ပိုင်းဒေသတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာတော့ ပတဲကောကို ရိုးရာသဘာဝဆေးအနေနဲ့ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုနဲ့ အသက်ရှုလမ်းကြောင်းရောဂါတွေ ကုသရာမှာ အသုံးပြုကြတာ ဖြစ်ပါတယ်။ ပတဲကောရဲ့ အာနိသင်တွေဟာ နာကျဥ်ကိုက်ခဲမှုတွေကို ပျောက်စေနိုင်ပြီး အအေးမိခြင်းကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

ပတဲကောဥ အတက်အနုကလေးတွေကို ဓားနဲ့ပါးပါးစဉ်းပြီး အခြားသောဟင်းခတ် အမွှေးကြိုင်များနဲ့ အတူ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ပါက စပ်ပြင်းတဲ့ ဟင်းအရသာကို ရရှိမှာ ဖြစ်ပါတယ်။ ပတဲကောကို ဆိတ်ဖူး၊ စပါးလင်၊ ရှောက်ရွက်၊ ငါး၊ ကြက်သား စတာတွေနဲ့ ရောစပ်ပြီး မုန့်တီဟင်းရည် ပြုလုပ်ရာမှာလည်း ထည့်သွင်းအသုံးပြုကြလေ့ ရှိပါတယ်။ ဒါ့အပြင် ထိုင်းဟင်းလျာ အုန်းနို့ကြက်သားဟင်းရည်၊ ပုဇွန် ချဉ်စပ်ဟင်းရည် စတဲ့ ဟင်းလျာတွေထဲမှာလည်း ပတဲကောကို ထည့်သွင်း အသုံးပြုကြတာ ဖြစ်ပါတယ်။ ပတဲကောကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ ဟင်းလျာတွေ ချက်ပြုတ်ရာမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ ယခုဆောင်းပါးမှာတော့ ပတဲကောရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ခြင်း

ပတဲကောမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် ရောဂါဘယတွေကို တိုက်ထုတ်ပေးနိုင်ပြီး ခန္ဓာကိုယ်တွင်း ဆဲလ်တွေမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ပတဲကော ၁၀၀ ဂရမ်မှာ ကယ်လိုရီ ၇၁၊ ပရိုတင်း ၆ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၈၅ ရာခိုင်နှုန်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် အေ၊ ဗီတာမင် စီ၊ ပိုတက်စီယမ်၊ အိုင်းယွန်းနဲ့ မဂ္ဂနီစီယမ်ဓာတ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပိုလီဖီနော (polyphenols) လို့ခေါ်တဲ့ ဓာတ်တွေပါဝင်နေတာကြောင့် မှတ်ဥာဏ်ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်တွေ လျော့နည်းအောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုလီဖီနောဓာတ်တွေဟာ စိတ်ကျရောဂါ၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ပတဲကော ကဲ့သို့ ဂျင်းနဲ့ နနွင်းမှာလည်း ပိုလီဖီနောဓာတ်တွေ ပါဝင်နေတာကြောင့် ၎င်းတို့ကိုအသုံးပြုခြင်းဖြင့်လည်း ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း

ပတဲကောဟာ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုလာကြပါတယ်။ လေ့လာမှုတွေအရ ပတဲကောအမြစ်မှာ ဂယ်လန်ဂျင် (Galangin) လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေပါဝင်ပြီး ၎င်းတို့ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး ပြန့်ပွားမှုတွေကိုလည်း လျော့နည်းစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အူမကြီး ကင်ဆာဖစ်စေတဲ့ ဆဲလ်တွေကို ထိရောက်စွာကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အချို့သော လေ့လာမှုတွေမှာတော့ ရင်သားကင်ဆာ၊ အရေပြားကင်ဆာနဲ့ အသည်းကင်ဆာတွေကိုပါ ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် ပတဲကောနဲ့ ကင်ဆာရောဂါ ဆက်စပ်မှုတွေကို ပိုပြီးတိတိကျကျ သိရှိနိုင်ဖို့အတွက် သုတေသနတွေကို ထပ်လုပ်ဖို့ လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။

ကိုယ်ခံအား ကောင်းစေခြင်း

ပတဲကောကို ဟင်းလျာတွေထဲမှာ မကြာခဏထည့်သွင်း စားသုံးခြင်းဖြင့် နေ့စဥ်လိုအပ်တဲ့ ဗီတာမင် စီ ဓာတ်ကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဗီတာမင်စီဟာ သံဓာတ်စုပ်ယူမှုကို အားကောင်းစေရုံသာမက သွေးလည်ပတ်မှုကို ကောင်းစေပြီး ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီဟာ ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေအားလုံး ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်ပြီး အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက်လည်း အဓိကကျတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းစေခြင်း

ပတဲကောမှာ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်နေခြင်းဟာ သွေးဖိအားကို ပုံမှန်အတိုင်းရှိနေစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်ဓာတ်တွေဟာ နှလုံးကြွက်သားတွေရဲ့ လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်သလို မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပတဲကောကို ပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကြွက်သားများ ကြွက်တက်ခြင်းကို ပြေလျော့စေခြင်း

ပတဲကောမှာ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်နေခြင်းဟာ ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကျန်းမာမှုကို အထောက်အပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ မဂ္ဂနီစီယမ်ဓာတ်တွေဟာ ကြွက်သား ကြွက်တက်တာကို ကာကွယ်ပေးနိုင်တဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီးတဲ့နောက် လက်မောင်းနဲ့ ခြေထောက်မှာရှိတဲ့ ကြွက်သားတွေ တင်းမာတာမျိုးဖြစ်တဲ့အခါ ပတဲကောအမှုန့်ကို ရေနွေးအနည်းငယ်ရောပြီး လိမ်းပေးမယ်ဆိုရင် နာကျင်ကိုက်ခဲမှုတွေ ကြွက်သားတင်းတာမျိုးတွေကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

အရေပြားရောင်ရမ်းမှုများကို လျော့ချပေးနိုင်ခြင်း

ပတဲကောမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရေပြားဆဲလ်တွေ တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ဓာတ်တွေ ပါဝင်နေတာကြောင့် ကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်တတ်တဲ့ အရေပြား နီမြန်းခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖလေဗိုနွိုက် (flavonoid) မြင့်မားစွာ ပါဝင်နေခြင်းဟာ အရေပြားပေါ်မှာ ဝက်ခြံ၊ အမာရွတ်များနဲ့ အမည်းစက်များကို လျော့ပါးစေပြီး အရေပြားယားယံမှုများကိုလည်း မဖြစ်ပွားစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

 

[Zawgyi]

ေဆးဖက္ဝင္ ဟင္းခတ္အေမႊးအႀကိဳင္ ပတဲေကာရဲ႕ က်န္းမာေရးေကာင္းက်ိဳးမ်ာ........

အဂၤလိပ္အမည္ - Galangal

သိပၸံအမည္ - Alpinia officinarum

ပတဲေကာဟာ ေဆးဖက္ဝင္တဲ့ ႏွစ္႐ွည္ပင္တစ္မ်ိဳး ျဖစ္ပါတယ္။ အနံ႔အရသာအားျဖင့္ အေတာ္အသင့္ ျပင္းၿပီး ပူ၊ စပ္၊ ခါး အရသာ႐ွိတာေၾကာင့္ ဟင္းခတ္အေမႊးအႀကိဳင္ အေနနဲ႔လည္း အသုံးျပဳၾကတာ ျဖစ္ပါတယ္။ ပတဲေကာ အျမစ္ဟာ ဥပုံသ႑ာန္႐ွိၿပီး ဂ်င္းတက္၊ နႏြင္းတက္ စတာေတြနဲ႔ ဆင္တူပါတယ္။ ဥရဲ႕ အေပၚယံမ်က္ႏွာျပင္ကိုေတာ့ အေျမႇးဖတ္ေတြနဲ႔ ဖုံးအုပ္ထားတာ ျဖစ္ပါတယ္။ ပတဲေကာမွာ ပတဲေကာႀကီးနဲ႔ ပတဲေကာေလးဆိုၿပီး ႏွစ္မ်ိဳး႐ွိပါတယ္။

သူ႕ရဲ႕ မူရင္းေဒသကေတာ့ အာ႐ွေတာင္ဘက္ပိုင္းေဒသေတြ ျဖစ္ပါတယ္။ အာ႐ွႏိုင္ငံေတြမွာေတာ့ ပတဲေကာကို ႐ိုးရာသဘာဝေဆးအေနနဲ႔ ခႏၶာကိုယ္အတြင္း ေရာင္ရမ္းမႈနဲ႔ အသက္႐ႈလမ္းေၾကာင္းေရာဂါေတြ ကုသရာမွာ အသုံးျပဳၾကတာ ျဖစ္ပါတယ္။ ပတဲေကာရဲ႕ အာနိသင္ေတြဟာ နာက်ဥ္ကိုက္ခဲမႈေတြကို ေပ်ာက္ေစႏိုင္ၿပီး အေအးမိျခင္းကိုလည္း ကာကြယ္ေပးႏိုင္တာ ျဖစ္ပါတယ္။

ပတဲေကာဥ အတက္အႏုကေလးေတြကို ဓားနဲ႔ပါးပါးစဥ္းၿပီး အျခားေသာဟင္းခတ္ အေမႊးႀကိဳင္မ်ားနဲ႔ အတူ ဟင္းလ်ာေတြထဲမွာ ထည့္သြင္းခ်က္ျပဳတ္ပါက စပ္ျပင္းတဲ့ ဟင္းအရသာကို ရ႐ွိမွာ ျဖစ္ပါတယ္။ ပတဲေကာကို ဆိတ္ဖူး၊ စပါးလင္၊ ေ႐ွာက္႐ြက္၊ ငါး၊ ၾကက္သား စတာေတြနဲ႔ ေရာစပ္ၿပီး မုန္႔တီဟင္းရည္ ျပဳလုပ္ရာမွာလည္း ထည့္သြင္းအသုံးျပဳၾကေလ့ ႐ွိပါတယ္။ ဒါ့အျပင္ ထိုင္းဟင္းလ်ာ အုန္းႏို႔ၾကက္သားဟင္းရည္၊ ပုဇြန္ ခ်ဥ္စပ္ဟင္းရည္ စတဲ့ ဟင္းလ်ာေတြထဲမွာလည္း ပတဲေကာကို ထည့္သြင္း အသုံးျပဳၾကတာ ျဖစ္ပါတယ္။ ပတဲေကာကို တ႐ုတ္၊ မေလး႐ွား၊ အင္ဒိုနီး႐ွားႏိုင္ငံတို႔ရဲ႕ ဟင္းလ်ာေတြ ခ်က္ျပဳတ္ရာမွာလည္း ထည့္သြင္းအသုံးျပဳၾကပါတယ္။ ယခုေဆာင္းပါးမွာေတာ့ ပတဲေကာရဲ႕ က်န္းမာေရးဆိုင္ရာ ေကာင္းက်ိဳးေတြကို မွ်ေဝေပးသြားမွာ ျဖစ္ပါတယ္။

ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား ႂကြယ္ဝစြာပါဝင္ျခင္း

ပတဲေကာမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ေရာဂါဘယေတြကို တိုက္ထုတ္ေပးႏိုင္ၿပီး ခႏၶာကိုယ္တြင္း ဆဲလ္ေတြမပ်က္စီးေအာင္လည္း ကာကြယ္ေပးႏိုင္တာ ျဖစ္ပါတယ္။ ပတဲေကာ ၁၀၀ ဂရမ္မွာ ကယ္လိုရီ ၇၁၊ ပ႐ိုတင္း ၆ ရာခိုင္ႏႈန္း၊ ကာဗိုဟိုက္ဒရိတ္ ၈၅ ရာခိုင္ႏႈန္း ပါဝင္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဗီတာမင္ ေအ၊ ဗီတာမင္ စီ၊ ပိုတက္စီယမ္၊ အိုင္းယြန္းနဲ႔ မဂၢနီစီယမ္ဓာတ္ေတြလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။ အထူးသျဖင့္ ပိုလီဖီေနာ (polyphenols) လို႔ေခၚတဲ့ ဓာတ္ေတြပါဝင္ေနတာေၾကာင့္ မွတ္ဥာဏ္ေကာင္းမြန္ေစၿပီး ေသြးတြင္းသၾကားဓာတ္ေတြ ေလ်ာ့နည္းေအာင္ ကူညီေပးႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ပိုလီဖီေနာဓာတ္ေတြဟာ စိတ္က်ေရာဂါ၊ ဆီးခ်ိဳနဲ႔ ႏွလုံးေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုၾကပါတယ္။ ပတဲေကာ ကဲ့သို႔ ဂ်င္းနဲ႔ နႏြင္းမွာလည္း ပိုလီဖီေနာဓာတ္ေတြ ပါဝင္ေနတာေၾကာင့္ ၎တို႔ကိုအသုံးျပဳျခင္းျဖင့္လည္း က်န္းမာေရးဆိုင္ရာ ေကာင္းက်ိဳးေတြကို ရ႐ွိႏိုင္မွာ ျဖစ္ပါတယ္။

ကင္ဆာ ကာကြယ္ေပးႏိုင္ျခင္း

ပတဲေကာဟာ ကင္ဆာေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုလာၾကပါတယ္။ ေလ့လာမႈေတြအရ ပတဲေကာအျမစ္မွာ ဂယ္လန္ဂ်င္ (Galangin) လို႔ေခၚတဲ့ ျဒပ္ေပါင္းေတြပါဝင္ၿပီး ၎တို႔ဟာ ကင္ဆာဆဲလ္ေတြကို ေသေစႏိုင္ၿပီး ျပန္႔ပြားမႈေတြကိုလည္း ေလ်ာ့နည္းေစတာ ျဖစ္ပါတယ္။ အထူးသျဖင့္ အူမႀကီး ကင္ဆာဖစ္ေစတဲ့ ဆဲလ္ေတြကို ထိေရာက္စြာကာကြယ္ေပးႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အခ်ိဳ႕ေသာ ေလ့လာမႈေတြမွာေတာ့ ရင္သားကင္ဆာ၊ အေရျပားကင္ဆာနဲ႔ အသည္းကင္ဆာေတြကိုပါ ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုၾကပါတယ္။ သို႔ေပမယ့္ ပတဲေကာနဲ႔ ကင္ဆာေရာဂါ ဆက္စပ္မႈေတြကို ပိုၿပီးတိတိက်က် သိ႐ွိႏိုင္ဖို႔အတြက္ သုေတသနေတြကို ထပ္လုပ္ဖို႔ လိုအပ္ေနေသးတာလည္း ျဖစ္ပါတယ္။

ကိုယ္ခံအား ေကာင္းေစျခင္း

ပတဲေကာကို ဟင္းလ်ာေတြထဲမွာ မၾကာခဏထည့္သြင္း စားသုံးျခင္းျဖင့္ ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ စီ ဓာတ္ကို ေထာက္ပံ့ေပးႏိုင္မွာ ျဖစ္ပါတယ္။ ဗီတာမင္စီဟာ သံဓာတ္စုပ္ယူမႈကို အားေကာင္းေစ႐ုံသာမက ေသြးလည္ပတ္မႈကို ေကာင္းေစၿပီး ကိုယ္ခံစြမ္းအားကိုလည္း တိုးျမႇင့္ေပးႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဗီတာမင္စီဟာ ခႏၶာကိုယ္မွာ႐ွိတဲ့ တစ္႐ွဴးေတြအားလုံး ႀကီးထြားဖြံ႕ၿဖိဳးဖို႔အတြက္ မ႐ွိမျဖစ္လိုအပ္ၿပီး အဆိပ္အေတာက္ေတြ ဖယ္႐ွားဖို႔အတြက္လည္း အဓိကက်တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္ခု ျဖစ္ပါတယ္။

ႏွလုံးက်န္းမာေရး ေကာင္းေစျခင္း

ပတဲေကာမွာ ပိုတက္စီယမ္ဓာတ္ေတြ ပါဝင္ေနျခင္းဟာ ေသြးဖိအားကို ပုံမွန္အတိုင္း႐ွိေနေစဖို႔ ကူညီေပးႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ပိုတက္စီယမ္ဓာတ္ေတြဟာ ႏွလုံးႂကြက္သားေတြရဲ႕ လႈပ္႐ွားမႈကို ျမႇင့္တင္ေပးႏိုင္သလို မေကာင္းတဲ့ ကိုလက္စထေရာေတြကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ပတဲေကာကို ပုံမွန္စားသုံးေပးျခင္းျဖင့္ ႏွလုံးတိုက္ခိုက္ခံရျခင္းနဲ႔ ေလျဖတ္ျခင္းေတြကိုလည္း ကာကြယ္ေပးႏိုင္မွာ ျဖစ္ပါတယ္။

ႂကြက္သားမ်ား ႂကြက္တက္ျခင္းကို ေျပေလ်ာ့ေစျခင္း

ပတဲေကာမွာ မဂၢနီစီယမ္ဓာတ္ေတြ ပါဝင္ေနျခင္းဟာ ႂကြက္သားေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ က်န္းမာမႈကို အေထာက္အပံ့ေပးႏိုင္တာ ျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ မဂၢနီစီယမ္ဓာတ္ေတြဟာ ႂကြက္သား ႂကြက္တက္တာကို ကာကြယ္ေပးႏိုင္တဲ့ သတၱဳဓာတ္တစ္မ်ိဳး ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ျပင္းထန္တဲ့ ေလ့က်င့္ခန္းေတြ ျပဳလုပ္ၿပီးတဲ့ေနာက္ လက္ေမာင္းနဲ႔ ေျခေထာက္မွာ႐ွိတဲ့ ႂကြက္သားေတြ တင္းမာတာမ်ိဳးျဖစ္တဲ့အခါ ပတဲေကာအမႈန္႔ကို ေရေႏြးအနည္းငယ္ေရာၿပီး လိမ္းေပးမယ္ဆိုရင္ နာက်င္ကိုက္ခဲမႈေတြ ႂကြက္သားတင္းတာမ်ိဳးေတြကို သက္သာေစႏိုင္မွာ ျဖစ္ပါတယ္။

အေရျပားေရာင္ရမ္းမႈမ်ားကို ေလ်ာ့ခ်ေပးႏိုင္ျခင္း

ပတဲေကာမွာ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး အေရျပားဆဲလ္ေတြ တည္ေဆာက္ဖို႔အတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ အမိုင္ႏိုအက္စစ္ဓာတ္ေတြ ပါဝင္ေနတာေၾကာင့္ ၾကမ္းတမ္းတဲ့ ရာသီဥတုနဲ႔ ပတ္ဝန္းက်င္မွာ ျဖစ္ေပၚတတ္တဲ့ အေရျပား နီျမန္းျခင္းနဲ႔ ေရာင္ရမ္းျခင္းတို႔ကို ကာကြယ္ေပးႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဖေလဗိုႏြိဳက္ (flavonoid) ျမင့္မားစြာ ပါဝင္ေနျခင္းဟာ အေရျပားေပၚမွာ ဝက္ျခံ၊ အမာ႐ြတ္မ်ားနဲ႔ အမည္းစက္မ်ားကို ေလ်ာ့ပါးေစၿပီး အေရျပားယားယံမႈမ်ားကိုလည္း မျဖစ္ပြားေစဖို႔ ကူညီေပးမွာ ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service