ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
29 Sep 2022 10:23 am တွင် တင်ခဲ့သည်
1168 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကျွန်မတို့ ငယ်ငယ်တည်းက အမျိုးတွေက ဈေးဝယ်ရင် ဆားဆိုလည်း အထုပ်ကြီး၊ နနွင်းမှုန့်ဆိုလည်း များများ၊ ငရုတ်သီးအကြမ်းမှုန့်ဆိုလည်း တလှေကြီးဝယ်ထားတတ်တယ်။ အထုပ်ကြီးတွေက အထုပ်သေးတွေ ဝယ်တာထက် ဈေးပိုသက်သာသလို ဈေးခဏခဏမသွားရလို့ အချိန်ကုန်လည်း သက်သာတယ်လေ။ ဒါပေမယ့် ဟင်းတစ်ခါချက်ဖို့ လိုတဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ အရသာတွေ ထည့်ပြီးရင် ကျန်တဲ့ ဟင်းခတ်မှုန့်တွေကို အစိုမပြန်အောင်နဲ့ တာရှည်ခံအောင်ထိန်းသိမ်းတတ်ဖို့တော့ လိုတယ်ကွယ့်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို တာရှည်ခံအောင် ဘယ်လို ထိန်းသိမ်းမလဲဆိုတဲ့အချက်လေးတွေပြောပြချင်တယ်။

ရနံ့မပြယ်၊ တာရှည်ခံအောင် ဘယ်လိုထားမလဲ

(၁) အရိုးဆုံးနဲ့ မြန်မာပြည်မှာ အသုံးအများဆုံးနည်းကတော့ ပလတ်စတစ်ဘူးတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ခနောကြက်သားမှုန့်လို ရသာမှုန့်တွေကို ပြောင်းထည့်တာပါပဲ။ ဒါပေမယ့် ပလတ်စတစ်ဘူးတွေဟာ ခြောက်သွေ့သန့်ရှင်းဖို့ လိုသလို လေလုံဖို့လည်း လိုပါတယ်နော်။ အထုတ်ကြီးထဲက အမှုန့်တွေကို ခြောက်သွေ့သန့်ရှင်းပြီး လေလုံတဲ့ ပလတ်စတစ်ဘူးတွေထဲ ပြောင်းထည့်ပြီး အပေါ်မှာ စာကပ်ကာ စနစ်တကျ သိမ်းဆည်းထားနိုင်ပါတယ်။

(၂) ဒီထက်ပိုပြီးကောင်းတဲ့ သိမ်းဆည်းနည်းကတော့ ဖန်ပုလင်းတွေနဲ့ သိမ်းဆည်းတာပါပဲ။ လေလုံပြီး သန့်ရှင်းတဲ့ ဖန်ပုလင်းတွေဟာ ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို အများဆုံး ၂နှစ်လောက်ထိ ရနံ့နဲ့ ရသာ မပြယ်အောင် ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

(၃) ဟင်းခတ်အမွှေးအကြိုင်တွေအမှုန့်တွေကို အနံ့အရသာ အဖျက်စီးဆီးနိုင်ဆုံးက လေ၊ အလင်းရောင်၊ အပူနဲ့ စိုထိုင်းဆပဲလို့ ဆိုကြပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်ဘူးတွေ၊ ပုလင်းတွေကို မီးဖိုပေါ်က စင်၊ မီးဖိုနားက စင်တွေမှာ မထားသင့်ဘဲ မီးဖိုနဲ့ ဝေးတဲ့နေရာမှာ သိမ်းဆည်းသင့်ပါတယ်။

(၄) ကျွန်မတို့ နောက်တစ်ခုသတိထားရမှာက နနွင်းမှုန့်၊ ဆားဘူးနဲ့ ခနောကြက်သားမှုန့်လို ဘူးတွေကို မီးဖိုခန်းပြတင်းပေါက်ဘောင်ဘေးမှာ စီစီရီရီထားတတ်ကြတာအချက်ပါပဲ။ ဒီအချက်ကလည်း အလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့ရင် အနံ့ပြယ်တတ်တဲ့ သဘာဝရှိတဲ့ဟင်းခတ်အမွှေးအကြိုင်မှုန့်တွေအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ဒီလို ရသာမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင်အမှုန့်တွေကို မှောင်တဲ့နေရာနဲ့ ကြောင်အိမ်၊ ဗီဒို အတွင်းဘက်စတဲ့နေရာတွေမှာ သိမ်းဆည်းသင့်ပါတယ်။

(၅) အမှုန့်မဟုတ်ဘဲ ခနောတုန်ယမ်းခဲလို အခဲ ပုံစံမျိုးဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး သိမ်းဆည်းနိုင်ပါတယ်။ ထည့်ချက်တော့မယ်ဆိုရင်တော့ ရေခဲသေတ္တာထဲက အချိန်အနည်းငယ် ကြိုထုတ်ထားပြီး ချက်ပြုတ်ပြင်ဆင်နိုင်တယ်လို့ ပြောပြပါရစေ။ အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေကတော့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ရသာမှုန့်တွေကို ကြာရှည်ခံပြီး အနံ့အရသာမပျက်အောင် ဘယ်လို ထိန်းသိမ်းသလဲဆိုတာကို မျှဝေပေးတာပါ။ တခြား ဟင်းခတ်အမွှေးအကြိုင်အမှုန့် သိမ်းနည်းတွေရှိရင်လည်း ပြောပြသွားနိုင်တယ်နော်။

ဟင်းခတ်အမွှေးအကြိုင်တွေကို ထားသိုရာမှာ ဘယ်လို အချက်တွေကို ထည့်သွင်းစဉ်းစားကြမလဲ။

ဟင်းခတ်အမွှေးအကြိုင်တွေကို ထားသိုရာမှာ စဉ်းစားသင့်တဲ့ အချက်(၃)ချက်

နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှု

ဟင်းခတ်အမွှေအကြိုင်နဲ့ ရသာမှုန့်တွေကို စင်တွေ၊ တန်းတွေလို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့စေတဲ့ နေရာမှာ ထားသိုတာဟာ အမွှေးအကြိုင်မှုန့်တွေမှာ ပါတဲ့ ဓာတ်သဘာဝတွေကို ပြိုကွဲခြောက်သွေ့စေပါတယ်။

အစိုပြန်မှု

အစိုပြန်မှုဟာ အမှုန့်တွေကို ကပ်ခဲစေနိုင်တဲ့အတွက် ဟင်းခတ်အမွှေးအကြိုင်တွေကို ထားသိုရာမှာ လေလုံဘူးတွေထဲ ထည့်ပြီး အေးမြပြီး မှောင်တဲ့ နေရာတွေမှာ ထားသိုသင့်ပါတယ်။

အပူ

အပူဟာ ဟင်းခတ်အမွှေအကြိုင်တွေရဲ့ အနံ့နဲ့ အရသာကို ဖြစ်ပေါ်စေတဲ့ ဓာတုဒြပ်ပေါင်းတွေကို ပြိုကွဲစေပြီး အနံ့အရသာအာနိသင်ကို လျော့ကျစေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: howtocook

[Zawgyi]













အစိုပြန်မှု


အပူ





Credit: howtocook

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
Innwa Pyae Sone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service