ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
သင့်တစ်အိမ်လုံး၊သင့်အိမ်အခန်းတွင်းမှာအနံ့ဆိုးတစ်ခုခုသို့အပုပ်နံ့တွေရှိနေပါက ဒီလိုလွယ်ကူစွာဖြေရှင်းလိုက်ပါ....
အိမ်တစ်ခုလုံးမှာအနံ့အသက်ဆိုးထွက်နေပါကဘယ်လိုလုပ်ကြမလဲ .... မီးဖိုပေါ်ရှာလကာရည်အငွေ့တစ်ထောင်းထောင်းထွက်အောင်တည်ခြင်းဖြင့် အနံ့ဆိုးတွေကိုလွင့်ပြယ်စေနိုင်ပါတယ်
ယင်းအနံ့ဆိုးကိုပျက်ပြယ်စေနိုင်တဲ့အခြေအနေမျိုးဆိုရင်တော့ဖုံးဖိစရာမလိုအပ်ပါ မိမိအိမ်ကိုအပုပ်နံ့ထွက်စေတဲ့အနံ့ဆိုးတစ်ခုခုသို့မဟုတ်မနေ့ကတစ်စုံတစ်ခုကြော်လှော်ချက်ပြုတ်ရာမှာအနံ့တွေစွဲကျန်နေသည်ပဲဖြစ်ဖြစ် အဲဒီအနံ့ဆိုးကိုအမြန်ဆုံးထုတ်ပစ်ဖို့ရိုးရှင်းလွယ်ကူသောနည်းလမ်းတစ်ခုပါပဲ မီးဖိုပေါ်တင်ထားတဲ့အဖုံးဖွင့်လက်ကိုင်တပ်ဒယ်တစ်ခုထဲ...ရှာလကာရည်တစ်ခွက်လောက်လောင်းထည့်ပြီး တအုံနွေးနွေးဆူပွက်နေအောင်တည်ပါ ယင်းအငွေ့တထောင်းထောင်းထနေတဲ့ရှာလကာရည်ဟာ ပုပ်ဆော်နံ့တွေ ထွက်စေတဲ့အရာတွေလေထဲလွင့်ပြယ်စေမှာဖြစ်တယ်။
အဲဒီ့အတိုင်းခဏထားထားပါက သင့်အိမ်တစ်ခုလုံးအနံ့အသက်ဆိုးများ ပျောက်ကင်းသွားစေပါလိမ့်မယ်။ အစပိုင်းမှာတော့ ရှာလကာရည်အနံ့လေးအနည်းငယ်စွဲကျန်နေနိုင်ပေမယ့် ခဏကြာအပြီးမှာတော့ ဘယ်အနံ့အသက်မှကျန်ရစ်နေတော့မှာမဟုတ်ပါဘူး။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: eainshinma
[Zawgyi]
သင့်အိမ်တွင်းမှာအနံ့ဆိုးတစ်ခုခုသို့အပုပ်နံ့တွေရှိနေရင်....
Credit: eainshinma