ရေကန်ဖြစ်သွားသော မှန်လေးတစ်ချပ် (သို့မဟုတ်) ကန္တာရလယ်က အိုအေစစ်လေး

ရေကန်ဖြစ်သွားသော မှန်လေးတစ်ချပ် (သို့မဟုတ်) ကန္တာရလယ်က အိုအေစစ်လေး - Property News in Myanmar from iMyanmarHouse.com
21 Sep 2022 11:26 am တွင် တင်ခဲ့သည်
2067 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟာကာချိုင်းနား (Huacachina) သည် ပီရူးနိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိပြီး သဲတောင်ကုန်းများ ဝန်းပတ်နေသော သဲကန္တာရအလယ်မှ အိုအေစစ်ငယ်လေးတစ်ခုဘေး ဝန်းပတ်တည်ထောင်ထားသော ရွာလေးဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း ဗြိတိန်သတင်းစာ The Telegraph က Huacachina ကို ကမ္ဘာ့လည်ပတ်ရန်အကောင်းဆုံး ၂၁ နေရာစာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါစာရင်းတွင် ဖော်ပြခံရသည့် တောင်အမေရိကတိုက်မှ တစ်ခုတည်းသောနေရာလည်း ဖြစ်သည်။ ပီရူးနိုင်ငံ၊ Ica ပြည်နယ်၊ Ica ခရိုင်၊ Ica မြို့လေးမှ ၅ ကီလိုမီတာခန့် ဝေးကွာသောနေရာတွင် တည်ရှိသည်။

၁၉၉၁ ခုနှစ်တွင် ပီရူးနိုင်ငံသုံးငွေစက္ကူဖြစ်သော nuevo sol ငွေမှ ၅၀ တန်ငွေစက္ကူ၏ ကျောဘက်တွင် ရွာကလေး၏ ဓာတ်ပုံကို ပုံနှိပ်ကာ အသုံးပြုခြင်းခံရသည်။

ရွာလေးတွင် အမြဲအခြေချနေထိုင်သူ ၁၀၀ ဦးဝန်းကျင်ရှိပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ထောင်သောင်းချီကာ လာရောက်လည်ပတ်လေ့ရှိသည့်နေရာ ဖြစ်သည်။

ရွာကလေး၏ အမည်မှာ Quechua: wakachina မှ ဆင်းသက်လာပြီး “အစောင့်၊ ဖုုံးကွယ်ခြင်း”ဟူ၍ အဓိပ္ပာယ်ရပြီး ဖုံးကွယ်ထားသော ရေကန်ကြီးဟူသော စကားမှ အတိုချုပ်ထားခြင်း ဖြစ်တန်ရာချေ ရှိသည်။

(အိုအေစစ်နှင့် ရေကန်)

သဲကန္တာရအတွင်းရှိ ရေကန်ငယ်လေးတစ်ခုဘေး တည်ထောင်ထားသော Huacachina ရွာကလေးကို အမေရိက၏ အိုအေစစ်ဟု ညွှန်းဆိုကြသည်။ ဒေသခံတို့၏ ဒဏ္ဍာရီများအရ ဤဒေသ၏ ရေနှင့် ရွှံတို့မှာ ဆေးဘက်ဝင်သည်ဟု ဆိုသည်။

ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသည်တို့သည် ဤရွာလေးတွင် ရေချိုးခြင်း၊ မိမိကိုယ်ကို ရွှံ့ဖြင့် လိမ်းကျံခြင်းများ ပြုလုပ်ကြကာ အရိုးအဆစ်ရောင်ယမ်းနာ၊ ဒူလာ၊ ပန်းနာနှင့် ချောင်းဆိုးရင်ကြပ်ရောဂါများ ကုသရန် ကြိုးပမ်းကြသည်။

(ဒဏ္ဍာရီ)

ဒဏ္ဍာရီအရဆိုလျှင် သဲကန္တာရအလယ်မှ ဤရေကန်လေးကို လှပသော မင်းသမီးလေးတစ်ပါးက ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်ဟု ဆို၏။ မင်းသမီးလေးက တစ်နေ့တွင် ရေချိုးရန်အတွက် အဝတ်အစားများ ချွတ်လိုက်၏။ ထို့နောက် မှန်ထဲကိုကြည့်ရာ နောက်ဘက်ဆီတွင် သူ့ထံချဉ်းကပ်လာနေသော မုဆိုးတစ်ဦးကို တွေ့လိုက်၏။ မင်းသမီးလေးလည်း ကြောက်အားပိုကာ ထွက်ပြေးသွားခဲ့ပြီး မှန်ကလေးကျန်ရစ်ခဲ့သည်။ ထိုမှန်ကလေးသည် နောင်အခါတွင် ရေကန်ကြီးတစ်ခု ဖြစ်လာသည်ဟု ဆိုသည်။

အချို့ကပြောသော ဒဏ္ဍာရီတွင်မူ မင်းသမီးလေး ရေချိုးမည့် ရေကန်ကလေးသည် နောင်အခါတွင် ဤကန်ကြီးဖြစ်လာခဲ့သည်ဟု ဆို၏။

ထိုမင်းသမီးကလေးသည် ဤအိုအေစစ်ကလေးတွင် ရေသူမအဖြစ် ရှင်သန်နေဆဲဖြစ်သည်ဟူသော ကောလာဟလများလည်း ရှိသည်။

(အခြားဒဏ္ဍာရီ မူကွဲ)

ဟွာကာချိုင်းနားရွာလေးသို့ ရောက်လျှင် ဗဟိုလျှောက်လမ်းတွင် ရေသူမရုပ်တုတစ်ခု တွေ့ရလိမ့်မည်။ ထိုရေသူမ ရုပ်တုသည် ဤရေကန်ကြီး စတင်ပေါ်ပေါက်ရာ ဒဏ္ဍာရီကို ကိုယ်စားပြုသည်။ အင်ကာ မင်းသမီးလေးတစ်ပါးသည် သဲကန္တာရထဲတွင် လမ်းလျှောက်နေရင်း မှန်ကြည့်ကာ ခေါင်းဖြီးနေ၏။

ထိုသို့ ခေါင်းဖြီးနေစဉ် မှန်ထဲတွင် မြင်ရသည်မှာ နောက်ဘက်၌ မုဆိုးတစ်ဦးက သူ့အားစိုက်ကြည့်နေသည်ကို တွေ့ခဲ့သည်ဟု ဆိုသည်။

မင်းသမီးလေးလည်း ကြောက်လန့်ကာ မှန်ကလေးကို လွှတ်ချလိုက်မိရာ မှန်လေးမှာ တစစီကွဲကာ ရေကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မင်းသမီးလေးလည်း ရေထဲသို့ ခုန်ချကာ ပုန်း၏။ ရေထဲမှ ပြန်ထွက်လာချိန်တွင်ကား မိမိမှာ ရေသူမတစ်ဦးဘဝသို့ ရောက်ရှိသွားသည်ကို မင်းသမီးလေး သိလိုက်ရသည်။ မင်းသမီးလေး ကျကျန်ရစ်သည့် သင်တိုင်းကလေးမှာ ယနေ့အခါတွင် ရေကန်ဝန်းကျင်ရှိ သဲတောင်ကုန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်ဟု ဆို၏။

ဒဏ္ဍာရီအရဆိုလျှင် လပြည့်ညများတွင် မင်းသမီးလေး သီချင်းဆိုသံကို ကြားရနိုင်သည်ဟု ဆိုသည်။

(မြေအောက်စိမ့်ကြော)

ရေကန်ကြီးကို မြေအောက် ရေအောင်းလွှာများ၏ စိမ့်ကြောတစ်ခုမှ ဖန်တီးထားခြင်းဖြစ်သည်။ သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များအတွင်း အဆိုပါစိမ့်ကြောနေရာတွင် ရေတွင်းတူးဖော်မှုများ မြင့်တက်ခဲ့မှုကြောင့် မြေအောက်ရေ ထိခိုက်စေရန်ဖြစ်လာသည်။

ထိုသို့ ထိခိုက်မှုအပေါ် ပြန်လည်လျော်ကြေးပေးသည့်အနေဖြင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာအဖြစ် ဆွဲဆောင်နိုင်ရန်လည်းကောင်း ဒေသခံ စီးပွားရေးသမားတို့က ၂၀၁၅ ခုနှစ်တွင် ရေကန်ကလေးအတွင်း ရေများ ပို့လွှတ်ခဲ့ကြသည်။

လုပ်ဆောင်ဖွယ်များ

Huacachina သည် မူလက အနီးရှိ Ica မြို့မှ ဒေသခံမိသားစုများ လာရောက်အပန်းဖြေလေ့ရှိသည့်နေရာလေး တစ်ခု အဖြစ်သာရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသည်တို့အကြား တစထက်တစ ကျော်ကြားလာသည်။

Huacachina သို့ရောက်လျှင် လုပ်ဆောင်နိုင်မည့်အရာမှာ ပေ ၁၆၀၀ အထက် မြင့်မားသော သဲတောင်ကုန်းများပေါ်မှ သဲလျှောစီးခြင်း အားကစားလုပ်ဆောင်နိုင်သည်။ ထို့အပြင် areneros ဟု ဒေသတွင်းတွင် ခေါ်ကြသော ယာဉ်တစ်မျိုးကိုလည်း သဲတောင်ကုန်းများပေါ် စီးနင်းကြည့်နိုင်သည်။

Huacachina သည် မိသားစု အပန်းဖြေရာနေရာအဖြစ် နာမည်ကျော်ခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိခဲ့ပြီဖြစ်ပြီး ၁၉၆၀ ပြည့်လွန်ကာလများတွင် ကမ္ဘာတစ်ဝန်းမှ ကမ္ဘာလှည့်ခရီးသည်တို့ နွေရာသီအပန်းဖြေလေ့ရှိသည့် နာမည်ကျော်နေရာတစ်ခု ဖြစ်ခဲ့သည်။

(လည်ပတ်ရန် အကောင်းဆုံးအချိန်)

Huacachina ၏ ရာသီဥတုမှာ အမြဲပူအိုက်ကာ နေပြင်းသည်။ ခြောက်သွေ့သော သဲကန္တာရ ဖြစ်သောကြောင့် မိုးအလွန်နည်းသည်။

ထိုသို့ ရာသီဥတု အမြဲသာယာသောကြောင့် Huacachina သို့ တစ်နှစ်ပတ်လုံး သွားရောက်လည်ပတ်နိုင်သည်။

ပီရူးနိုင်ငံသို့ လည်ပတ်ရန် အစီအစဉ်ရှိသည်ဆိုပါက ပီရူးသို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်ကို လေ့လာသင့်သည်။

Huacachina မှာ တစ်နှစ်လုံး လည်ပတ်နိုင်သော်လည်း ပီရူး၏ အခြားဒေသများ၏ ရာသီဥတုမှာမူ ခန့်မှန်းရခက်သောကြောင့် ဖြစ်၏။

(ဘယ်လိုသွားမလဲ)

Huacachina သည် Ica မြို့မှ ၁၀ မိနစ်ခရီးသာရှီသည်။ Ica မြို့သည် ပီရူးနိုင်ငံ၏ မြို့တော် Lima ၏ တောင်ဘက်တွင် တည်ရှိပြီး ၅ နာရီခရီးခန့် ကွာဝေးသည်။

ဧည့်လမ်းညွှန်ပါ tour package ဖြင့် ပီရူးတွင် လည်ပတ်မည်ဆိုလျှင် သင်၏ ခရီးစဉ်တွင် ……ကို ထည့်ထားရန်သာ လိုသည်။

အကယ်၍ မိမိအစီအစဉ်ဖြင့် ခရီးသွားမည်ဆိုပါက Huacachina သို့သွားရန် အကောင်းဆုံးနည်းလမ်းမှာ မြို့တော် Lima မှ Ica မြို့သို့ ဘတ်စ်ကားစီး၍ သွားခြင်း ဖြစ်သည်။ Ica သို့ရောက်လျှင် Huacachina သို့ တက္ကစီငှားရမ်းကာ သွားမည်ဆိုပါက ၁၀ မိနစ်မျှဖြင့် ရောက်နိုင်မည် ဖြစ်သည်။

အကယ်၍ ကားတစ်စီးငှားရမ်းကာ ကိုယ်တိုင်မောင်းနှင်သွားမည်ဆိုပါက Ica မြို့နှင့် Huacachina သို့ ဆက်သွယ်ထားသောလမ်းကို GPS စနစ်ဖြင့် လွယ်ကူစွာ ရှာဖွေနိုင်ပါသည်။

(ယူဆောင်သွားရမည့်အရာများ)

(Huacachina သို့ သွားမည်ဆိုလျှင် အောက်ဖော်ပြပါပစ္စည်းများကို မဖြစ်မနေ ယူဆောင်သွားရန်လိုပါသည်။)

(က) ပီရူးနိုင်ငံသုံး ငွေစက္ကူ

(ခ) ဦးထုပ် (သို့မဟုတ်) နေကာဦးထုပ်

(ဂ) နေကာမျက်မှန်

(ဃ) နေပူခံလိမ်းဆေး (အရေပြားမလောင်စေရန်)

(င) သောက်ရေ များများ

(စ) ပေါ့ပါးသော အဝတ်အစား

(ဆ) ကြိုးသိုင်းဖိနပ်

(ဇ) တင်းနစ်ရှုးဖိနပ် (သို့မဟုတ်) sneakers (သဲလျှောစီးရာတွင် မဖြစ်မနေလိုအပ်သည်)

(ဈ) ညအိပ်ညနေ တည်းခိုမည်ဆိုပါက အနွေးထည် (သို့မဟုတ်) ဂျာကင်

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Huacachina: oasis in the middle of the desert (theculturetrip, tripadvisor)

 

 

[Zawgyi]

ေရကန္ျဖစ္သြားေသာ မွန္ေလးတစ္ခ်ပ္ (သို႔မဟုတ္) ကႏၱာရလယ္က အိုေအစစ္ေလး

 

ဟာကာခ်ဳိင္းနား (Huacachina) သည္ ပီရူးႏိုင္ငံ အေနာက္ေတာင္ပိုင္းတြင္ တည္ရွိျပီး သဲေတာင္ကုန္းမ်ား ဝန္းပတ္ေနေသာ သဲကႏၱာရအလယ္မွ အိုေအစစ္ငယ္ေလးတစ္ခုေဘး ဝန္းပတ္တည္ေထာင္ထားေသာ ရြာေလးျဖစ္သည္။

၂၀၁၇ ခုႏွစ္အတြင္း ျဗိတိန္သတင္းစာ The Telegraph က Huacachina ကို ကမၻာ့လည္ပတ္ရန္အေကာင္းဆံုး ၂၁ ေနရာစာရင္းတြင္ ထည့္သြင္းေဖာ္ျပခဲ့သည္။ အဆိုပါစာရင္းတြင္ ေဖာ္ျပခံရသည့္ ေတာင္အေမရိကတိုက္မွ တစ္ခုတည္းေသာေနရာလည္း ျဖစ္သည္။ ပီရူးႏိုင္ငံ၊ Ica ျပည္နယ္၊ Ica ခရိုင္၊ Ica ျမိဳ႕ေလးမွ ၅ ကီလိုမီတာခန္႔ ေဝးကြာေသာေနရာတြင္ တည္ရွိသည္။

၁၉၉၁ ခုႏွစ္တြင္ ပီရူးႏိုင္ငံသံုးေငြစကၠဴျဖစ္ေသာ nuevo sol ေငြမွ ၅၀ တန္ေငြစကၠဴ၏ ေက်ာဘက္တြင္ ရြာကေလး၏ ဓာတ္ပံုကို ပံုႏွိပ္ကာ အသံုးျပဳျခင္းခံရသည္။

ရြာေလးတြင္ အျမဲအေျခခ်ေနထုိင္သူ ၁၀၀ ဦးဝန္းက်င္ရွိျပီး ႏွစ္စဥ္ ကမၻာလွည့္ခရီးသည္ ေထာင္ေသာင္းခ်ီကာ လာေရာက္လည္ပတ္ေလ့ရွိသည့္ေနရာ ျဖစ္သည္။

ရြာကေလး၏ အမည္မွာ Quechua: wakachina မွ ဆင္းသက္လာျပီး “အေစာင့္၊ ဖုံုးကြယ္ျခင္း”ဟူ၍ အဓိပၸာယ္ရျပီး ဖံုးကြယ္ထားေသာ ေရကန္ၾကီးဟူေသာ စကားမွ အတိုခ်ဳပ္ထားျခင္း ျဖစ္တန္ရာေခ် ရွိသည္။

(အိုေအစစ္ႏွင့္ ေရကန္)

သဲကႏၱာရအတြင္းရွိ ေရကန္ငယ္ေလးတစ္ခုေဘး တည္ေထာင္ထားေသာ Huacachina ရြာကေလးကို အေမရိက၏ အိုေအစစ္ဟု ညႊန္းဆိုၾကသည္။ ေဒသခံတို႔၏ ဒ႑ာရီမ်ားအရ ဤေဒသ၏ ေရႏွင့္ ရႊံတို႔မွာ ေဆးဘက္ဝင္သည္ဟု ဆိုသည္။

ေဒသခံမ်ားႏွင့္ ကမၻာလွည့္ခရီးသည္တို႔သည္ ဤရြာေလးတြင္ ေရခ်ဳိးျခင္း၊ မိမိကိုယ္ကို ရႊံ႕ျဖင့္ လိမ္းက်ံျခင္းမ်ား ျပဳလုပ္ၾကကာ အရိုးအဆစ္ေရာင္ယမ္းနာ၊ ဒူလာ၊ ပန္းနာႏွင့္ ေခ်ာင္းဆုိးရင္ၾကပ္ေရာဂါမ်ား ကုသရန္ ၾကိဳးပမ္းၾကသည္။

(ဒ႑ာရီ)

ဒ႑ာရီအရဆိုလွ်င္ သဲကႏၱာရအလယ္မွ ဤေရကန္ေလးကို လွပေသာ မင္းသမီးေလးတစ္ပါးက ဖန္ဆင္းခဲ့ျခင္း ျဖစ္သည္ဟု ဆို၏။ မင္းသမီးေလးက တစ္ေန႔တြင္ ေရခ်ဳိးရန္အတြက္ အဝတ္အစားမ်ား ခၽြတ္လိုက္၏။ ထို႔ေနာက္ မွန္ထဲကိုၾကည့္ရာ ေနာက္ဘက္ဆီတြင္ သူ႔ထံခ်ဥ္းကပ္လာေနေသာ မုဆိုးတစ္ဦးကို ေတြ႔လိုက္၏။ မင္းသမီးေလးလည္း ေၾကာက္အားပိုကာ ထြက္ေျပးသြားခဲ့ျပီး မွန္ကေလးက်န္ရစ္ခဲ့သည္။ ထုိမွန္ကေလးသည္ ေနာင္အခါတြင္ ေရကန္ၾကီးတစ္ခု ျဖစ္လာသည္ဟု ဆိုသည္။

အခ်ဳိ႕ကေျပာေသာ ဒ႑ာရီတြင္မူ မင္းသမီးေလး ေရခ်ဳိးမည့္ ေရကန္ကေလးသည္ ေနာင္အခါတြင္ ဤကန္ၾကီးျဖစ္လာခဲ့သည္ဟု ဆို၏။

ထိုမင္းသမီးကေလးသည္ ဤအိုေအစစ္ကေလးတြင္ ေရသူမအျဖစ္ ရွင္သန္ေနဆဲျဖစ္သည္ဟူေသာ ေကာလာဟလမ်ားလည္း ရွိသည္။

(အျခားဒ႑ာရီ မူကြဲ)

ဟြာကာခ်ဳိင္းနားရြာေလးသို႔ ေရာက္လွ်င္ ဗဟိုေလွ်ာက္လမ္းတြင္ ေရသူမရုပ္တုတစ္ခု ေတြ႔ရလိမ့္မည္။ ထုိေရသူမ ရုပ္တုသည္ ဤေရကန္ၾကီး စတင္ေပၚေပါက္ရာ ဒ႑ာရီကို ကိုယ္စားျပဳသည္။ အင္ကာ မင္းသမီးေလးတစ္ပါးသည္ သဲကႏၱာရထဲတြင္ လမ္းေလွ်ာက္ေနရင္း မွန္ၾကည့္ကာ ေခါင္းျဖီးေန၏။

ထိုသို႔ ေခါင္းျဖီးေနစဥ္ မွန္ထဲတြင္ ျမင္ရသည္မွာ ေနာက္ဘက္၌ မုဆိုးတစ္ဦးက သူ႔အားစိုက္ၾကည့္ေနသည္ကို ေတြ႔ခဲ့သည္ဟု ဆိုသည္။

မင္းသမီးေလးလည္း ေၾကာက္လန္႔ကာ မွန္ကေလးကို လႊတ္ခ်လိုက္မိရာ မွန္ေလးမွာ တစစီကြဲကာ ေရကန္ၾကီးတစ္ခုအျဖစ္ ေျပာင္းလဲသြားသည္။

မင္းသမီးေလးလည္း ေရထဲသုိ႔ ခုန္ခ်ကာ ပုန္း၏။ ေရထဲမွ ျပန္ထြက္လာခ်ိန္တြင္ကား မိမိမွာ ေရသူမတစ္ဦးဘဝသို႔ ေရာက္ရွိသြားသည္ကို မင္းသမီးေလး သိလိုက္ရသည္။ မင္းသမီးေလး က်က်န္ရစ္သည့္ သင္တိုင္းကေလးမွာ ယေန႔အခါတြင္ ေရကန္ဝန္းက်င္ရွိ သဲေတာင္ကုန္းမ်ားအျဖစ္ ေျပာင္းလဲသြားခဲ့သည္ဟု ဆို၏။

ဒ႑ာရီအရဆိုလွ်င္ လျပည့္ညမ်ားတြင္ မင္းသမီးေလး သီခ်င္းဆိုသံကို ၾကားရႏိုင္သည္ဟု ဆိုသည္။

(ေျမေအာက္စိမ့္ေၾကာ)

ေရကန္ၾကီးကို ေျမေအာက္ ေရေအာင္းလႊာမ်ား၏ စိမ့္ေၾကာတစ္ခုမွ ဖန္တီးထားျခင္းျဖစ္သည္။ သို႔ေသာ္ ၂၀၀၀ ျပည့္လြန္ႏွစ္မ်ားအတြင္း အဆိုပါစိမ့္ေၾကာေနရာတြင္ ေရတြင္းတူးေဖာ္မႈမ်ား ျမင့္တက္ခဲ့မႈေၾကာင့္ ေျမေအာက္ေရ ထိခိုက္ေစရန္ျဖစ္လာသည္။

ထိုသို႔ ထိခိုက္မႈအေပၚ ျပန္လည္ေလ်ာ္ေၾကးေပးသည့္အေနျဖင့္လည္းေကာင္း၊ ကမၻာလွည့္ခရီးသြားမ်ား လာေရာက္လည္ပတ္ရာအျဖစ္ ဆြဲေဆာင္ႏိုင္ရန္လည္းေကာင္း ေဒသခံ စီးပြားေရးသမားတို႔က ၂၀၁၅ ခုႏွစ္တြင္ ေရကန္ကေလးအတြင္း ေရမ်ား ပို႔လႊတ္ခဲ့ၾကသည္။

လုပ္ေဆာင္ဖြယ္မ်ား

Huacachina သည္ မူလက အနီးရွိ Ica ျမိဳ႕မွ ေဒသခံမိသားစုမ်ား လာေရာက္အပန္းေျဖေလ့ရွိသည့္ေနရာေလး တစ္ခု အျဖစ္သာရွိခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ကမၻာလွည့္ခရီးသည္တို႔အၾကား တစထက္တစ ေက်ာ္ၾကားလာသည္။

Huacachina သုိ႔ေရာက္လွ်င္ လုပ္ေဆာင္ႏိုင္မည့္အရာမွာ ေပ ၁၆၀၀ အထက္ ျမင့္မားေသာ သဲေတာင္ကုန္းမ်ားေပၚမွ သဲေလွ်ာစီးျခင္း အားကစားလုပ္ေဆာင္ႏိုင္သည္။ ထို႔အျပင္ areneros ဟု ေဒသတြင္းတြင္ ေခၚၾကေသာ ယာဥ္တစ္မ်ဳိးကိုလည္း သဲေတာင္ကုန္းမ်ားေပၚ စီးနင္းၾကည့္ႏိုင္သည္။

Huacachina သည္ မိသားစု အပန္းေျဖရာေနရာအျဖစ္ နာမည္ေက်ာ္ခဲ့သည္မွာ ဆယ္စုႏွစ္မ်ားစြာရွိခဲ့ျပီျဖစ္ျပီး ၁၉၆၀ ျပည့္လြန္ကာလမ်ားတြင္ ကမၻာတစ္ဝန္းမွ ကမၻာလွည့္ခရီးသည္တို႔ ေႏြရာသီအပန္းေျဖေလ့ရွိသည့္ နာမည္ေက်ာ္ေနရာတစ္ခု ျဖစ္ခဲ့သည္။

(လည္ပတ္ရန္ အေကာင္းဆံုးအခ်ိန္)

Huacachina ၏ ရာသီဥတုမွာ အျမဲပူအိုက္ကာ ေနျပင္းသည္။ ေျခာက္ေသြ႔ေသာ သဲကႏၱာရ ျဖစ္ေသာေၾကာင့္ မိုးအလြန္နည္းသည္။

ထိုသို႔ ရာသီဥတု အျမဲသာယာေသာေၾကာင့္ Huacachina သို႔ တစ္ႏွစ္ပတ္လံုး သြားေရာက္လည္ပတ္ႏိုင္သည္။

ပီရူးႏိုင္ငံသို႔ လည္ပတ္ရန္ အစီအစဥ္ရွိသည္ဆိုပါက ပီရူးသို႔ သြားေရာက္လည္ပတ္ရန္ အေကာင္းဆံုးအခ်ိန္ကို ေလ့လာသင့္သည္။

Huacachina မွာ တစ္ႏွစ္လံုး လည္ပတ္ႏိုင္ေသာ္လည္း ပီရူး၏ အျခားေဒသမ်ား၏ ရာသီဥတုမွာမူ ခန္႔မွန္းရခက္ေသာေၾကာင့္ ျဖစ္၏။

(ဘယ္လိုသြားမလဲ)

Huacachina သည္ Ica ျမိဳ႕မွ ၁၀ မိနစ္ခရီးသာရွီသည္။ Ica ျမိဳ႕သည္ ပီရူးႏိုင္ငံ၏ ျမိဳ႕ေတာ္ Lima ၏ ေတာင္ဘက္တြင္ တည္ရွိျပီး ၅ နာရီခရီးခန္႔ ကြာေဝးသည္။

ဧည့္လမ္းညႊန္ပါ tour package ျဖင့္ ပီရူးတြင္ လည္ပတ္မည္ဆိုလွ်င္ သင္၏ ခရီးစဥ္တြင္ ……ကို ထည့္ထားရန္သာ လိုသည္။

အကယ္၍ မိမိအစီအစဥ္ျဖင့္ ခရီးသြားမည္ဆိုပါက Huacachina သို႔သြားရန္ အေကာင္းဆံုးနည္းလမ္းမွာ ျမိဳ႕ေတာ္ Lima မွ Ica ျမိဳ႕သို႔ ဘတ္စ္ကားစီး၍ သြားျခင္း ျဖစ္သည္။ Ica သို႔ေရာက္လွ်င္ Huacachina သို႔ တကၠစီငွားရမ္းကာ သြားမည္ဆိုပါက ၁၀ မိနစ္မွ်ျဖင့္ ေရာက္ႏိုင္မည္ ျဖစ္သည္။

အကယ္၍ ကားတစ္စီးငွားရမ္းကာ ကုိယ္တိုင္ေမာင္းႏွင္သြားမည္ဆိုပါက Ica ျမိဳ႕ႏွင့္ Huacachina သို႔ ဆက္သြယ္ထားေသာလမ္းကို GPS စနစ္ျဖင့္ လြယ္ကူစြာ ရွာေဖြႏိုင္ပါသည္။

(ယူေဆာင္သြားရမည့္အရာမ်ား)

(Huacachina သို႔ သြားမည္ဆိုလွ်င္ ေအာက္ေဖာ္ျပပါပစၥည္းမ်ားကို မျဖစ္မေန ယူေဆာင္သြားရန္လိုပါသည္။)

(က) ပီရူးႏိုင္ငံသံုး ေငြစကၠဴ

(ခ) ဦးထုပ္ (သို႔မဟုတ္) ေနကာဦးထုပ္

(ဂ) ေနကာမ်က္မွန္

(ဃ) ေနပူခံလိမ္းေဆး (အေရျပားမေလာင္ေစရန္)

(င) ေသာက္ေရ မ်ားမ်ား

(စ) ေပါ့ပါးေသာ အဝတ္အစား

(ဆ) ၾကိဳးသုိင္းဖိနပ္

(ဇ) တင္းနစ္ရႈးဖိနပ္ (သို႔မဟုတ္) sneakers (သဲေလွ်ာစီးရာတြင္ မျဖစ္မေနလိုအပ္သည္)

(စ်) ညအိပ္ညေန တည္းခိုမည္ဆိုပါက အေႏြးထည္ (သို႔မဟုတ္) ဂ်ာကင္

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Huacachina: oasis in the middle of the desert (theculturetrip, tripadvisor)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service