Septic Tank (မိလ္လာ ပိုးစားကန်) မှန်ကန်စွာ တည်ဆောက်နိုင်ဖို့အတွက်......
Septic Tank (မိလ္လာ ပိုးစားကန်) မှန်ကန်စွာ တည်ဆောက်နိုင်ဖို့အတွက်...... - Property Knowledge in Myanmar from iMyanmarHouse.com
17 Sep 2022 11:36 am တွင် တင်ခဲ့သည်
5140 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အရပ်ခေါ် ဆားဗစ်ကျင်း ဟု ခေါ်နေကြသော septic tank ကို မှန်ကန်စွာ တည်ဆောက်နိုင်ဖို့ အတွက် သူ့ရဲ့ function နဲ့ အခြေခံသဘောတရားလေးတွေကို နားလည်ဖို့လိုပါတယ်။
နားလည်လွယ်အောင် ပြောရရင် သဘာဝတရားရဲ့ အားသာချက်ကိုအခြေခံထားတာပါ ။ အပင်ပေါ်က သစ်ရွက်တွေကြွေကျပြီးတဲ့အခါ တဖြည်းဖြည်း ဆွေးမြေ့ပြီး မြေဆွေးဖြစ်သွားတာကို တွေ့ဖူးကြမှာပါ။ ထိုနည်းတူ တိရစ္ဆာန်တွေ သေကြေပြီးတဲ့ အခါ တဖြည်းဖြည်း ပျက်စီးပြီး နောက်ဆုံး အရိုးပဲ ကျန်ခဲ့တာကို တွေ့ဖူးကြမှာပါ။ အဲ့လို ဘာကြောင့်ဖြစ်ရတာလဲဆိုရင် bacteria ပိုးတွေ စားသွားလို့ ဖြစ်ပါတယ်။ လုံးဝ ကုန်သွားတာတော့မဟုတ်ဘူး bacteria တွေက စားသောက်ချေဖျက်ပီးမှ ပြန်စွန့်ပစ်တာဆိုတော့ ပမာဏ နည်းသွားတာပေါ့။ ဒီတော့ အဲ့သဘာဝဖြစ်စဉ်ကို ယူသုံးပြီး septic tank တွေကို design ပြုလုပ်ထားတာဖြစ်တယ်။ ပိုးစားပျက်စီးပြိုကွဲခြင်း septic action ကို အခြေခံထားတာပါ။
septic tank ရဲ့ အဓိက function က လူတွေက စွန့်ထုတ်တဲ့ အညစ်အကြေးတွေကို ပိုးစားပျက်စီးစေပြီး နေရာကျဉ်းကျဉ်းလေးမှာပဲ နှစ်ကာလအတိုင်းအတာ တစ်ခုထိ အသုံးပြုနိုင်စေဖို့ ဖြစ်တယ်။ အဲ့တော့ဆိုလိုတာက ပိုးစားပျက်စီးခြင်း function မလည်ပတ်ရင် အလကားပဲ။
ဒီနေရာမှာ bacteria တွေကို အဓိကအားဖြင့် နှစ်မျိုးခွဲနိုင်တယ်။ anaerobic bacteria(လေ နဲ့ အလင်း မရှိတဲ့နေရာမှာ ပေါက်ဖွားတဲ့ ပိုးမွှား) နဲ့ aerobic bacteria(လေ oxygen ရတဲ့နေရာမှာ ပေါက်တဲ့ ပိုးမွှား) ဆိုပြီး ရှိတယ်။ ဒီနေရာမှာ anaerobic က ပိုးစားချေဖျက်တဲ့နှုန်း ပိုကောင်းတယ်။ ဒါကြောင့် septic action ရဲ့ အဓိကအပိုင်း အနေနဲ့ သုံးကြတယ်။
ဒီလို အကြောင်းတရားတွေကို အခြေခံပြီး septic tank တွေကို တည်ဆောက်ရတာ ဖြစ်တယ်။ septic tank တစ်ခုမှာ အခန်း သုံးခု အခြေခံအားဖြင့် ပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ anaerobic chamber ရယ် aerobic chamber ရယ် နောက်တစ်ခုက soak pit တ်ို့ ဖြစ်တယ်။ ပထမ chamber နှစ်ခုက အပေါ်မှာ ရှင်းပြခဲ့တဲ့ သက်ဆိုင်ရာ ပိုးစားကန်တွေဖြစ်တယ်။ soak pit ကတော့ ပိုးစားကန်တွေမှာ ပိုးစားပြိုကွဲ အနည်ကျပြီး ကျတဲ့ အရည်တွေကို မြေကြီးထဲ စွန့်ပစ်လို့ရနိုင်တဲ့ အနေအထားရောက်အောင် filteration လုပ်ပေးတဲ့ ကန် ဖြစ်ပါတယ် ။ နေရာကန့်သတ်ချက် နဲ့ design ပေါ် မူတည်ပီးတော့ soak pit ကို သီးခြားခွဲထုတ်ထားလည်းရပါတယ် ။ ကျွန်တော်ပြထားတဲ့ design မှာတော့ သုံးကန့်တွဲထားတာပါ။ ဒီနေရာမှာ သတိထားရမှာကတော့ soak pit ရဲ့ အောက်ခြေကြမ်းခင်းက open ထားရတာပါ concrete မခင်းပါဘူး ကျောက်ဖြည့်ထားတာပါ။ ပိုးစားကန် နှစ်ကန်ကတော့ အောက်ခြေ ကွန်ကရစ်ခင်းထားသလို အတွင်းပိုင်း နံရံအားလုံး အချောကိုင်ထားရပါတယ်။
တည်ဆောက်ပုံအနေနဲ့ကတော့ မိလ္လာ အဝင်ပိုက်မှာ dip tee ခံပီး တပ်ဆင်ရမှာ ဖြစ်ပါတယ် ။ anaerobic action ကို အနှောက်အယှက် မဖြစ်စေရန် ဖြစ်ပါတယ်။ ပြီးရင်အသေးစိတ်ရှင်းပြပါမယ်။ anaerobic chamber နဲ့ aerobic chamber ကို ခြားထားတဲ့ ရင်တား နံရံကို baffle wall လို့ခေါ် ပါတယ်။ အဲ့ဒီ baffle wall ရဲ့ ထိပ် level ဟာ inlet pipe အဝင် dip tee ရဲ့ အောက်ခြေ level နဲ့ တစ်တန်းထဲ ရှိနေရပါမယ်။ baffle wall ရဲ့ အမြင့်ကတော့ anaerobic chamber ရဲ့ functional effective height ဖြစ်ပါတယ် အဲ့ဒါကိုရဖို့ က လိုအပ်ချက်ပေါ် မူတည်ပြီး ချေဖျက်နိုင်စွမ်း ကို စံယူထားတာကနေပြီး သူ့ရဲ့ size ကို design လုပ်ရတယ် (နောက်မှ design ပိုင်းကို သီးသန့် ဆွေးနွေးပါမည်)
aerobic chamber ကနေ soak pit ထဲသွားတဲ့ outlet tee က baffle wall ထက် နိမ့်တယ်ဒီမှာ အရေးအကြီးဆုံးက anaerobic action မှန်မှန်ကန်ကန် ရဖို့ပဲ။ oxygen နဲ့ မထိတွေ့တဲ့ နေရာမှာပေါက်ဖွားတဲ့ ပိုးမွှားတွေ က anaerobic action ဆိုတာ အပေါ်မှာ ပြောခဲ့ပြီ။ ဒါပေမယ့် ကျွန်တော်ပြထားတဲ့ design မှာ တစ်ချက်ကြည့်လိုက်ပါ baffle wall ရဲ့ အပေါ် တည့်တည့်မှာ vent pipe (လေဝင်ပေါက် ) အကွေးလေးတပ်ဆင်ထားတာတွေ့ရမှာပါ ။ အဲ့တော့ anaerobic ရော aerobic ရော နှစ်ခန်းလုံး လေဝင်တယ် လေထိတယ်ဆိုတာကို တွေ့မှာပါ။ အာ့ဆို anaerobic action က ဘယ်လိုဖြစ်တာလဲ။ ရှင်းပြပါမယ်။ လူတွေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေက ရေထဲကိုကျပြီး density ကြောင့် ပေါ်လာပါတယ် အဲ့လိုပေါ်လာတဲ့ အနှစ်တွေစု ပြီးတော့ scum လို့ခေါ်တဲ့ အလွာတစ်ခုဖြစ်ပြီး မျက်နှာပြင် တစ်ခုလုံးပိတ်သွားပါတယ်။
အဲ့ဒီမှာ oxygen ရော အလင်းရောမရတဲ့ အခြေအနေတစ်ခုဖြစ်လာပြီး anaerobic bacteria တွေ ပေါက်ဖွားစေပါတယ် ။(ဒါကြောင့် အပေါ်ကနေ ရေနဲ့လောင်းချပြီး အတူကျလာတဲ့ အညစ်အကြေးတွေက ကျလာတဲ့ အရှိန်ကြောင့် scum layer ပျက်စီးသွားရင် anaerobic action ကို အနှောက်အယှက်ဖြစ်မှမို့ dip tee ခံပေးရတာဖြစ်ပါတယ်) အဲ့ဒီ ပိုးမွားတွေကခြေဖျက်ပြီး အနည်ကျလာတဲ့ အနံ့မရှိတော့တဲ့ အနှစ်တွေကို sludge လို့ခေါ်ပါတယ်။ anaerobic ခန်းကနေ ကျော်ကျတဲ့ BOD(biochemical oxygen demand) မြင့်တက်နေတဲ့ ရေဆိုးရေညစ်တွေက aerobic chamber ထဲမှာ သူ့ ရဲ့ Aerobic actionနဲ့ထပ်မံသန့်စင်ပေးပါတယ် အဲ့ကမှတစ်ဆင့် soak pit မှာ စစ်ထုတ်သန့်စင်ပြီး မြေကြီးထဲကို စွန့်ပစ်တာပါ။သိသလောက်လေး ဆွေးနွေးခြင်းသာဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Ko Thant
[Zawgyi]
Credit: Ko Thant
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Neighbourhood
magical-world
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service