တတိယဇနီးနှင့် အင်ဒီယာနာဂျုန်းသရုပ်ဆောင် အသက် ၈၀ အရွယ်ဟယ်ရီဆင်ဖို့ဒ်၏ စံအိမ်

တတိယဇနီးနှင့် အင်ဒီယာနာဂျုန်းသရုပ်ဆောင် အသက် ၈၀ အရွယ်ဟယ်ရီဆင်ဖို့ဒ်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
16 Sep 2022 10:01 am တွင် တင်ခဲ့သည်
1845 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟယ်ရီဆင်ဖို့ဒ်သည် သူ၏သရုပ်ဆောင်ဘဝသက်တမ်းတစ်လျှောက် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ Star Wars နှင့် အင်ဒီယာနာဂျုန်းစ်ဇာတ်လမ်းတွဲများကဲ့သို့ လျှမ်းလျှမ်းတောက် အောင်မြင်သည့် ဇာတ်ကားများလည်း ပါဝင်သည်။

လက်ရှိအချိန်တွင် ဟယ်ရီဆင်ဖို့ဒ်သည် တတိယမြောက်ဇနီး ကလစ်စတာ ဖလော့ဟာ့ထ်နှင့်အတူ တိတ်ဆိတ်သောဘဝကို ဖြတ်သန်းလျက်ရှိသည်။

Celebrity Net Worth ၏ ဖော်ပြချက်အရ ဟယ်ရီဆင်ဖို့ဒ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၀၀ ခန့်ရှိသည်ဟု ဆိုသည်။ သို့ကြောင့် ဟယ်ရီဆင်ဖို့ဒ်သည် ကမ္ဘာတစ်လွှားရှိ အံ့မခန်းစံအိမ်ကြီးများတွင် နေထိုင်ခဲ့ခြင်းမှာ အံ့သြဖွယ်မရှိချေ။

ဟယ်ရီဆင်ဖို့ဒ်သည် မူလလက်ဟောင်း Star Wars ဇာတ်လမ်းတွဲများတွင် Han Solo အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူတိုင်း၏ အသည်းစွဲဖြစ်ကာ ကမ္ဘာကျော်ခဲ့ခြင်း ဖြစ်သည်။

Star War ဇာတ်လမ်းတွဲများဖြင့် အကြီးအကျယ်အောင်မြင်ခဲ့အပြီး နှစ်အနည်းငယ်အကြာတွင် ဒါရိုက်တာကြီး စတီဗင် စပီးဘတ်က ဟယ်ရီဖို့ဒ်အား ၁၉၈၁ ခုနှစ်တွင် Raider of the Lost Ark ရုပ်ရှင်ကား၌ အင်ဒီယာနာဂျုန်းစ်အဖြစ် ပါဝင်သရုပ်ဆောင်ခိုင်းရာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြန်သည်။

အသက် ၈၀ ရှိပြီဖြစ်သော ဟယ်ရီဆင်ဖို့ဒ်၏ အခြားထင်ရှားသော ရုပ်ရှင်များမှာ The Fugitive (၁၉၉၃), Blade Runner (၁၉၈၂) နှင့် Air Force One (၁၉၉၇) တို့ ဖြစ်သည်။

(ကလေးဘဝက နေထိုင်ခဲ့သောအိမ်၊ ချီကာဂို)

အင်ဒီယာနာဂျုန်းသရုပ်ဆောင်၏ ကလေးဘဝနေအိမ်သည် မကြာသေးမီက ကန်ဒေါ်လာ ၇၄၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာခဲ့သည်။

နေအိမ်အတွင်း အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၁ ခန်းပါသည်။

နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့၏ ဆင်ခြေဖုံးဒေသတစ်ခု ဖြစ်သော Park Ridge တွင်ဖြစ်ကာ ၁၉၂၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဟယ်ရီဆင်ဖို့ဒ်သည် ယခုအိမ်တွင် အသက် ၁၀ နှစ်သားအရွယ် ၁၉၅၀ ပြည့်လွန်ကာလများအထိ နေထိုင်ခဲ့သည်ဟု ယုံကြည်ရသည်။

စံအိမ်ကို ပြန်လည်ပြုပြင်မွမ်းမံမှု များစွာပြုလုပ်ခဲ့သော်လည်း နေအိမ်ပြင်ပကိုမူ ၁၉၂၀ ပြည့်လွန်ကာလများက လက်ရာအတိုင်း မူရင်းမပျက် ထိန်းသိမ်းထားသည်။

(ဝိုင်ယောမင်းပြည်နယ်မှ မွေးမြူရေးခြံ)

ဟယ်ရီဆင်ဖို့ဒ်နှင့် သူ၏တတိယဇနီး ကလစ်စတာတို့သည် အမေရိကန်ပြည်ထောင်စု၊ ဝိုင်ယောမင်းပြည်နယ်၊ Jackson Hole မြို့တွင် မွေးမြူရေးခြံကြီးတစ်ခု ပိုင်ဆိုင်ထားသည်ဟူသော သတင်းများ ရှိသည်။

ခြံဝန်းကြီး၏ အကျယ်မှာ ဧက ၈၀၀ ခန့်ရှိပြီး Snake မြစ်ရိုးတစ်လျှောက်တွင် တည်ရှိသည်။

ဟယ်ရီဆင်ဖို့ဒ်သည် ထိုခြံကြီးတွင် နေထိုင်ခဲ့သည်မှာ ၃၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သူကိုယ်တိုင်ပြောဖူးသည်။

“ဝိုင်ယောမင်းကိုရောက်ရင် ကျွန်တော်က အိမ်ပြင်ထွက်ပြီး လမ်းလျှောက်တော့တာပဲ”ဟု ဟယ်ရီဆင်ဖို့ဒ်က ပြောသည်။

(ဘရန့်ဝုဒ်မြို့ စံအိမ်၊ ကယ်လီဖိုးနီးယားပြည်နယ်)

၂၀၁၂ ခုနှစ်တွင် ဟယ်ရီဆင်ဖို့ဒ်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဘရန့်ဝုဒ်မြို့မှ စံအိမ်ကို ကန်ဒေါ်လာ ၈၂၉၅၀၀၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။ ဟယ်ရီဆင်ဖို့ဒ်က အဆိုပါစံအိမ်ကို နှစ်ပေါင်း ၃၀ ခန့် ပိုင်ဆိုင်ခဲ့သည်။

(အသက် ၈၀ ရှိပြီဖြစ်သူ ဟယ်ရီဆင်ဖို့ဒ်၏ အသက်ချင်းကွာသော အချစ်ရေး)

ဟယ်ရီဆင်ဖို့ဒ်သည် ဟောလိဝုဒ်၏ ဂန္ထဝင်ကြယ်ပွင့်ကြီးများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး အသက် ၈၀ ပြည့်ခဲ့ပြီလည်း ဖြစ်သည်။

ဟယ်ရီဆင်ဖို့ဒ်သည် တတိယဇနီး ကလစ်စတာ ဖလော့ဟာ့ထ်နှင့် လက်ထပ်ခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ၂ ဦးတွဲကာ ပွဲလမ်းသဘင်သွားလာမှု နည်းပါးသည်။

((ဟယ်ရီဆင်ဖို့ဒ်နဲ့ ကလစ်စတာတို့ အသက်ဘယ်လောက်ကွာလဲ))

(ဟယ်ရီဆင်ဖို့ဒ်နှင့် ကလစ်စတာ ဖလော့ဟာ့ထ်တို့ ၂၀၁၀ ပြည့်နှစ်တွင် လက်ထပ်ခဲ့ကြ)

ဟယ်ရီဆင်ဖို့ဒ်သည် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်တွင် မွေးဖွားသဖြင့် အသက် ၈၀ ရှိပြီဖြစ်ကာ သူ၏ တတိယဇနီး ကလစ်စတာမှာ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် မွေးဖွားသူဖြစ်ရာ အသက် ၅၇ နှစ်ဖြစ်သောကြောင့် ၎င်းတို့ ၂ ဦးအကြား အသက်ကွာဟမှုမှာ ၂၃ နှစ်ဖြစ်သည်။

(ဟယ်ရီဆင်ဖို့ဒ်နဲ့ ကလစ်စတာတို့ ဘယ်တုန်းကတွေ့တာလဲ)

၎င်းတို့ နှစ်ဦးသည် ၂၀၀၂ ခုနှစ်တွင် စတင်ချစ်ကြိုက်ခဲ့ကြပြီး နောင် ၈ နှစ်အကြာ ၂၀၁၀ ပြည့်နှစ်တွင် လက်ထပ်ခဲ့ကြသည်။

၂၀၀၃ ခုနှစ်အတွင်း ဟယ်ရီဆင်ဖို့ဒ်သည် Hello! မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ကလစ်စတာနှင့် ချစ်ကြိုက်နေကြောင်း ထုတ်ပြောခဲ့သည်။

ဟယ်ရီဆင်ဖို့ဒ်သည် ဒုတိယဇနီး Melissa Mathison နှင့် ကွာရှင်းပြတ်စဲရေးကိစ္စများ လုပ်ဆောင်နေချိန် ကာလအတွင်း ကလစ်စတာနှင့် ဆုံစည်းခဲ့ခြင်းဖြစ်သည်။

ဟယ်ရီဆင်ဖို့ဒ်သည် ဒုတိယဇနီး Melissa နှင့် ၁၉၈၃ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး သားသမီး ၂ ဦး ထွန်းကားသည်။

ဟယ်ရီဆင်ဖို့ဒ်၏ ပထမဇနီးမှာ Mary Marquardt ဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ အိမ်ထောင်ရေးမှာ ၁၉၆၄ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိဖြစ်ပြီး သားသမီး ၂ ဦးထွန်းကားခဲ့သည်။

ယခု တတိယဇနီး ကလစ်စတာသည် သားကလေးတစ်ဦး မွေးစားထားပြီး လီယမ် ဖလော့ဟာ့ထ်ဟု အမည်ပေးထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Harrison Ford’s quiet life with third wife Calista Flockhart in Wyoming and California (express)

[Zawgyi]

တတိယဇနီးႏွင့္ အင္ဒီယာနာဂ်ဳန္းသရုပ္ေဆာင္ အသက္ ၈၀ အရြယ္ဟယ္ရီဆင္ဖုိ႔ဒ္၏ စံအိမ္

ဟယ္ရီဆင္ဖို႔ဒ္သည္ သူ၏သရုပ္ေဆာင္ဘဝသက္တမ္းတစ္ေလွ်ာက္ ရုပ္ရွင္ဇာတ္ကားမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ရာ Star Wars ႏွင့္ အင္ဒီယာနာဂ်ဳန္းစ္ဇာတ္လမ္းတြဲမ်ားကဲ့သို႔ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္သည့္ ဇာတ္ကားမ်ားလည္း ပါဝင္သည္။

လက္ရွိအခ်ိန္တြင္ ဟယ္ရီဆင္ဖို႔ဒ္သည္ တတိယေျမာက္ဇနီး ကလစ္စတာ ဖေလာ့ဟာ့ထ္ႏွင့္အတူ တိတ္ဆိတ္ေသာဘဝကို ျဖတ္သန္းလ်က္ရွိသည္။

Celebrity Net Worth ၏ ေဖာ္ျပခ်က္အရ ဟယ္ရီဆင္ဖို႔ဒ္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၃၀၀ ခန္႔ရွိသည္ဟု ဆိုသည္။ သို႔ေၾကာင့္ ဟယ္ရီဆင္ဖို႔ဒ္သည္ ကမၻာတစ္လႊားရွိ အံ့မခန္းစံအိမ္ၾကီးမ်ားတြင္ ေနထုိင္ခဲ့ျခင္းမွာ အံ့ၾသဖြယ္မရွိေခ်။

ဟယ္ရီဆင္ဖို႔ဒ္သည္ မူလလက္ေဟာင္း Star Wars ဇာတ္လမ္းတြဲမ်ားတြင္ Han Solo အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ လူတိုင္း၏ အသည္းစြဲျဖစ္ကာ ကမၻာေက်ာ္ခဲ့ျခင္း ျဖစ္သည္။

Star War ဇာတ္လမ္းတြဲမ်ားျဖင့္ အၾကီးအက်ယ္ေအာင္ျမင္ခဲ့အျပီး ႏွစ္အနည္းငယ္အၾကာတြင္ ဒါရိုက္တာၾကီး စတီဗင္ စပီးဘတ္က ဟယ္ရီဖို႔ဒ္အား ၁၉၈၁ ခုႏွစ္တြင္ Raider of the Lost Ark ရုပ္ရွင္ကား၌ အင္ဒီယာနာဂ်ဳန္းစ္အျဖစ္ ပါဝင္သရုပ္ေဆာင္ခိုင္းရာ ဝက္ဝက္ကြဲေအာင္ျမင္ခဲ့ျပန္သည္။

အသက္ ၈၀ ရွိျပီျဖစ္ေသာ ဟယ္ရီဆင္ဖုိ႔ဒ္၏ အျခားထင္ရွားေသာ ရုပ္ရွင္မ်ားမွာ The Fugitive (၁၉၉၃), Blade Runner (၁၉၈၂) ႏွင့္ Air Force One (၁၉၉၇) တို႔ ျဖစ္သည္။

(ကေလးဘဝက ေနထိုင္ခဲ့ေသာအိမ္၊ ခ်ီကာဂို)

အင္ဒီယာနာဂ်ဳန္းသရုပ္ေဆာင္၏ ကေလးဘဝေနအိမ္သည္ မၾကာေသးမီက ကန္ေဒၚလာ ၇၄၉၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာခဲ့သည္။

ေနအိမ္အတြင္း အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္းပါသည္။

ေနအိမ္တည္ေနရာမွာ အေမရိကန္ျပည္ေထာင္စု၊ အီလီႏြိဳက္စ္ျပည္နယ္၊ ခ်ီကာဂိုျမိဳ႕၏ ဆင္ေျခဖံုးေဒသတစ္ခု ျဖစ္ေသာ Park Ridge တြင္ျဖစ္ကာ ၁၉၂၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ဟယ္ရီဆင္ဖုိ႔ဒ္သည္ ယခုအိမ္တြင္ အသက္ ၁၀ ႏွစ္သားအရြယ္ ၁၉၅၀ ျပည့္လြန္ကာလမ်ားအထိ ေနထုိင္ခဲ့သည္ဟု ယံုၾကည္ရသည္။

စံအိမ္ကို ျပန္လည္ျပဳျပင္မြမ္းမံမႈ မ်ားစြာျပဳလုပ္ခဲ့ေသာ္လည္း ေနအိမ္ျပင္ပကိုမူ ၁၉၂၀ ျပည့္လြန္ကာလမ်ားက လက္ရာအတိုင္း မူရင္းမပ်က္ ထိန္းသိမ္းထားသည္။

(ဝိုင္ေယာမင္းျပည္နယ္မွ ေမြးျမဴေရးျခံ)

ဟယ္ရီဆင္ဖုိ႔ဒ္ႏွင့္ သူ၏တတိယဇနီး ကလစ္စတာတို႔သည္ အေမရိကန္ျပည္ေထာင္စု၊ ဝိုင္ေယာမင္းျပည္နယ္၊ Jackson Hole ျမိဳ႕တြင္ ေမြးျမဴေရးျခံၾကီးတစ္ခု ပိုင္ဆိုင္ထားသည္ဟူေသာ သတင္းမ်ား ရွိသည္။

ျခံဝန္းၾကီး၏ အက်ယ္မွာ ဧက ၈၀၀ ခန္႔ရွိျပီး Snake ျမစ္ရိုးတစ္ေလွ်ာက္တြင္ တည္ရွိသည္။

ဟယ္ရီဆင္ဖုိ႔ဒ္သည္ ထုိျခံၾကီးတြင္ ေနထိုင္ခဲ့သည္မွာ ၃၅ ႏွစ္ခန္႔ရွိျပီျဖစ္ေၾကာင္း သူကိုယ္တိုင္ေျပာဖူးသည္။

“ဝိုင္ေယာမင္းကိုေရာက္ရင္ ကၽြန္ေတာ္က အိမ္ျပင္ထြက္ျပီး လမ္းေလွ်ာက္ေတာ့တာပဲ”ဟု ဟယ္ရီဆင္ဖို႔ဒ္က ေျပာသည္။

(ဘရန္႔ဝုဒ္ျမိဳ႕ စံအိမ္၊ ကယ္လီဖုိးနီးယားျပည္နယ္)

၂၀၁၂ ခုႏွစ္တြင္ ဟယ္ရီဆင္ဖုိ႔ဒ္သည္ ကယ္လီဖုိးနီးယားျပည္နယ္၊ ဘရန္႔ဝုဒ္ျမိဳ႕မွ စံအိမ္ကို ကန္ေဒၚလာ ၈၂၉၅၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့သည္။ ဟယ္ရီဆင္ဖုိ႔ဒ္က အဆိုပါစံအိမ္ကို ႏွစ္ေပါင္း ၃၀ ခန္႔ ပိုင္ဆိုင္ခဲ့သည္။

(အသက္ ၈၀ ရွိျပီျဖစ္သူ ဟယ္ရီဆင္ဖုိ႔ဒ္၏ အသက္ခ်င္းကြာေသာ အခ်စ္ေရး)

ဟယ္ရီဆင္ဖို႔ဒ္သည္ ေဟာလိဝုဒ္၏ ဂႏၳဝင္ၾကယ္ပြင့္ၾကီးမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး အသက္ ၈၀ ျပည့္ခဲ့ျပီလည္း ျဖစ္သည္။

ဟယ္ရီဆင္ဖုိ႔ဒ္သည္ တတိယဇနီး ကလစ္စတာ ဖေလာ့ဟာ့ထ္ႏွင့္ လက္ထပ္ခဲ့သည္မွာ ႏွစ္အနည္းငယ္ ၾကာျမင့္ခဲ့ျပီျဖစ္ေသာ္လည္း ၂ ဦးတြဲကာ ပြဲလမ္းသဘင္သြားလာမႈ နည္းပါးသည္။

((ဟယ္ရီဆင္ဖို႔ဒ္နဲ႔ ကလစ္စတာတို႔ အသက္ဘယ္ေလာက္ကြာလဲ))

(ဟယ္ရီဆင္ဖုိ႔ဒ္ႏွင့္ ကလစ္စတာ ဖေလာ့ဟာ့ထ္တို႔ ၂၀၁၀ ျပည့္ႏွစ္တြင္ လက္ထပ္ခဲ့ၾက)

ဟယ္ရီဆင္ဖုိ႔ဒ္သည္ ၁၉၄၂ ခုႏွစ္၊ ဇူလိုင္လ ၁၃ ရက္တြင္ ေမြးဖြားသျဖင့္ အသက္ ၈၀ ရွိျပီျဖစ္ကာ သူ၏ တတိယဇနီး ကလစ္စတာမွာ ၁၉၆၄ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္တြင္ ေမြးဖြားသူျဖစ္ရာ အသက္ ၅၇ ႏွစ္ျဖစ္ေသာေၾကာင့္ ၎တို႔ ၂ ဦးအၾကား အသက္ကြာဟမႈမွာ ၂၃ ႏွစ္ျဖစ္သည္။

(ဟယ္ရီဆင္ဖို႔ဒ္နဲ႔ ကလစ္စတာတို႔ ဘယ္တုန္းကေတြ႔တာလဲ)

၎တို႔ ႏွစ္ဦးသည္ ၂၀၀၂ ခုႏွစ္တြင္ စတင္ခ်စ္ၾကိဳက္ခဲ့ၾကျပီး ေနာင္ ၈ ႏွစ္အၾကာ ၂၀၁၀ ျပည့္ႏွစ္တြင္ လက္ထပ္ခဲ့ၾကသည္။

၂၀၀၃ ခုႏွစ္အတြင္း ဟယ္ရီဆင္ဖုိ႔ဒ္သည္ Hello! မဂၢဇင္းႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ကလစ္စတာႏွင့္ ခ်စ္ၾကိဳက္ေနေၾကာင္း ထုတ္ေျပာခဲ့သည္။

ဟယ္ရီဆင္ဖို႔ဒ္သည္ ဒုတိယဇနီး Melissa Mathison ႏွင့္ ကြာရွင္းျပတ္စဲေရးကိစၥမ်ား လုပ္ေဆာင္ေနခ်ိန္ ကာလအတြင္း ကလစ္စတာႏွင့္ ဆံုစည္းခဲ့ျခင္းျဖစ္သည္။

ဟယ္ရီဆင္ဖုိ႔ဒ္သည္ ဒုတိယဇနီး Melissa ႏွင့္ ၁၉၈၃ ခုႏွစ္တြင္ လက္ထပ္ခဲ့ျခင္းျဖစ္ျပီး သားသမီး ၂ ဦး ထြန္းကားသည္။

ဟယ္ရီဆင္ဖုိ႔ဒ္၏ ပထမဇနီးမွာ Mary Marquardt ျဖစ္ျပီး ၎တို႔ႏွစ္ဦး၏ အိမ္ေထာင္ေရးမွာ ၁၉၆၄ ခုႏွစ္မွ ၁၉၇၉ ခုႏွစ္အထိျဖစ္ျပီး သားသမီး ၂ ဦးထြန္းကားခဲ့သည္။

ယခု တတိယဇနီး ကလစ္စတာသည္ သားကေလးတစ္ဦး ေမြးစားထားျပီး လီယမ္ ဖေလာ့ဟာ့ထ္ဟု အမည္ေပးထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Harrison Ford’s quiet life with third wife Calista Flockhart in Wyoming and California (express)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service